[Zawgyi]

ဝက္ျခံေပါက္ေနတဲ႔ အခ်ိန္မ်ဳိးမွာ ဘယ္လိုမုတ္ဆိတ္ရိတ္ၾကမလဲ

မုတ္ဆိတ္ရိတ္တာဟာ အမ်ဳိးသားေတြအတြက္ ရုိးရွင္းတဲ႔ တစ္ကိုယ္ရည္သန္႔ရွင္းေရး လုပ္ရုိးလုပ္စဥ္ ေန႔တဓူဝ ကိစၥျဖစ္ေပမယ့္လည္း အသားအေရမွာ ျပႆနာတစ္စံုတစ္ရာရွိေနခဲ႔ရင္ နာက်င္ပင္ပန္းခက္ခဲတဲ႔ ကိစၥမ်ဳိးျဖစ္သြားတတ္ပါတယ္။ အေရးအေၾကာင္းကိစၥမရွိဘူးဆိုရင္ မုတ္ဆိတ္မရိတ္တာက အေရးမႀကီးေပမယ့္ အလုပ္အင္တာဗ်ဴးေျဖရမွာမ်ဳိး၊ လူႀကီးမိဘေတြနဲ႔ ေတြ႔ဆံုရမွာမ်ဳိးဆိုရင္ေတာ့ မုတ္ဆိတ္ဗလပြနဲ႔ သြားေတြ႔ဖို႔က အဆင္မျပလွပါဘူး။ အဲဒီအခ်ိန္မ်ဳိးၾကမွ မုတ္ဆိတ္ရိတ္မယ့္ေနရာမ်ဳိးမွာ ဝက္ျခံေတြက လာထြက္ေနရင္ အရမ္းကိုစိတ္ညစ္ၿပီး နာက်င္ခံရခက္ပါတယ္။ အဲဒီလိုမ်ဳိး မုတ္ဆိတ္ရိတ္ရမယ္႔ေနရာမွာ ဝက္ျခံထြက္ေနခဲ့ရင္ အခုေဖာ္ျပေပးမယ္႔ ဒီနည္းလမ္းေလးေတြကို စမ္းၿပီး ျပဳလုပ္ၾကည့္ပါ။

(၁) အသားအေရကိုသန္႔စင္ေအာင္အရင္ျပဳလုပ္ပါ

မုတ္ဆိတ္မရိတ္ခင္ လုပ္ရုိးလုပ္စဥ္အတုိင္း မ်က္ႏွာကို အရင္သန္႔စင္ေအာင္ ေဆးေၾကာပါ။ ေဆးေၾကာၿပီးတဲ႔ေနာက္မွာေတာ့ ေရေႏြးစိမ္ထားတဲ့ ပဝါေလးနဲ႔ မ်က္ႏွာေပၚမွာ အခ်ိန္အနည္းငယ္ၾကာေအာင္ ကပ္ထားေပးပါ။ အဲဒီလို ကပ္ထားလိုက္တဲ႔အခါ အသားအေရက ႏူးညံလာၿပီး ေမြးညင္းေပါက္ေလးေတြ ပြင့္လာပါလိမ့္မယ္။ ေမြးညင္းေပါက္ေလးေတြ ပြင့္လာတဲ႔အခါ ရိတ္ရတာ ပိုမိုလြယ္ကူေခ်ာေမြလာပါတယ္။

(၂) Shaving Oil လိမ္းေပးပါ

ေရေႏြးစိမ္ထားတဲ႔ ပဝါေလးနဲ႔ကပ္ၿပီးတဲ႔ေနာက္မွာ Shaving Cream မလိမ္းခင္ Shaving Oil ေလး လိမ္းေပးပါ။ အဲဒီလို လိမ္းေပးထားတဲ႔အခါ မုတ္ဆိတ္ရိတ္ရတာ ပိုမိုေခ်ာေမြ႔ၿပီး မုတ္ဆိတ္ရိတ္တဲ႔ဓားနဲ႔ ထိခိုက္မႈ တစ္စံုတစ္ရာမရွိဘဲ အလြယ္တကူရိတ္ႏိုင္ပါတယ္။ Shaving Oil လိမ္းတဲ႔အခါမွာလည္း တစ္စက္ ႏွစ္စက္ေလာက္သာ လိမ္းေပးသင္႔ပါတယ္။ မုတ္ဆိတ္ေမႊးအႏုေလးေတြကိုသာ ရွိတယ္ဆုိရင္ေတာ့ ရိတ္မယ္႔ေနရာကို Shaving Oil ေလးလိမ္းေပးၿပီး ညင္သာစြာႏွိပ္နယ္ေပးပါ။

(၃) Alcohol-free Shaving Cream ကို ေရြးခ်ယ္ပါ

ဝက္ျခံရွိတဲ႔ အေရျပားျဖစ္ေနခဲ႔ရင္ Shaving Cream ေရြးခ်ယ္တဲ႔အခါမ်ဳိးမွာ Alcohol-free Shaving Cream မ်ဳိး(သို႔) အေမႊးနံ႔မပါတာမ်ဳိး ေရြးခ်ယ္ေပးပါ။ ဓာတုပစၥည္းမ်ားစြာနဲ႔ ဖဲြ႕စည္းထားတဲ႔ Cream မ်ဳိးကိုလည္း ေရွာင္ရွားသင္႔ပါတယ္။ ဘာေၾကာင္႔လဲဆိုတာ ဓာတုပစၥည္းေတြက ဝက္ျခံနဲ႔ မေတာ္တဆ ထိေတြ႔မိတဲ့အခါ အသားအေရ ေရာင္ရမ္းလာတာမ်ဳိး ျဖစ္ေစႏိုင္လို႔ပါ။ သဘာဝအဆီအႏွစ္ေတြပါဝင္တဲ႔ Cream မ်ဳိးကို တတ္ႏိုင္သမွ် ရွာေဖြသံုးစဲြေပးပါ။

(၄) ဘရိတ္ဓားေကာင္းေကာင္းေရြးသံုးပါ

ဝက္ျခံထြက္လြယ္ၿပီး အထိခုိက္မခံတဲ႔ အသားအေရမ်ဳိးဆိုရင္ ဘရိတ္ဓားေရြးတဲ႔ေနရာမွာ သတိထားသင့္ပါတယ္။ Single Blade ျဖစ္တဲ႔ ဘရိတ္ဓားမ်ဳိးကို ေရြးခ်ယ္ပါ။ Multiple Blade ျဖစ္တဲ့ ဘရိတ္ဓားမ်ဳိးနဲ႔ ရိတ္မိခဲ့ရင္ ဝက္ျခံ ပိုဆိုးလာေစၿပီး အသားအေရကို ထိခုိက္လာေစႏိုင္ပါတယ္။ ဘရိတ္ဓားအသံုးျပဳတဲ႔အခါမွာလည္း မသံုးခင္နဲ႔ သံုးၿပီးခ်ိန္မွာ Anti-Bacteria Lotion နဲ႔ သန္႔စင္ေပးဖို႔ မေမ့ပါနဲ႔။

(၅) မုတ္ဆိတ္ေမႊးရွိရာလမ္းေၾကာင္းအတုိင္းရိတ္ေပးပါ

မုတ္ဆိတ္ေမႊးရိတ္တဲ႔အခါ အေမႊးရွိရာလမ္းေၾကာင္းအတိုင္း ျဖည္းညင္းစြာရိတ္ေပးတာက မုတ္ဆိတ္ရိတ္ရတာ ပိုမုိ အဆင္ေခ်ာေမြ႔ ေစပါတယ္။ အဲဒီလိုရိတ္ေပးျခင္းက Breakout ျဖစ္ျခင္းကိုလည္း ေလ်ာ့က်ေစၿပီး ဝက္ျခံေတြကုိလည္း မထိခုိက္မိေစဘဲ ရိတ္ေပးႏိုင္တဲ့ နည္းလမ္းတစ္ခုလည္း ျဖစ္ပါတယ္။

(၆) ေသခ်ာျပန္ေဆးပါ

မုတ္ဆိတ္ရိတ္ၿပီးတဲ႔အခါတိုင္း ေသခ်ာေဆးေၾကာေပးသင္႔သလို ဝက္ျခံေပါက္ေနတဲ႔ အခ်ိန္မ်ုဳိးဆိုရင္ ပိုၿပီးေတာ့ေတာင္ သန္႔စင္ေပးဖို႔ မေမ႔သင္႔ပါဘူး။ သန္႔စင္တဲ့အခါမ်ဳိးမွာလည္း ေရေႏြးေႏြးေလးနဲ႔ တစ္ခါသန္႔စင္ေပးၿပီးေနာက္ ေရေအးေလးနဲ႔ ျပန္လည္ေဆးေၾကာေပးပါ။ ေစးကပ္ကပ္ျဖစ္တယ္လို႔ ခံစားရရင္ အေပ်ာ့စားမ်က္ႏွာသစ္ေဆးေလးနဲ႔ သစ္ေပးပါ။ အဲဒီေနာက္မွာေတာ့ ေရဓာတ္ျဖည္႔ Moisturiser (သို႔) After-Shave Lotion ေလး ျပန္လိမ္းေပးၿပီး အသားအေရကို ေရဓာတ္ျဖည္႔ေပးပါ။ After-Shave Lotion လိမ္းမယ္ဆိုရင္ ဝက္ျခံထြက္ေနတဲ႔ အသားအေရျဖစ္တဲ႔အတြက္ အေမႊးနံ႔မပါတဲ႔ Alcohol-Free Lotion မ်ဳိး လိမ္းဖို႔မေမ့ပါနဲ႔ေနာ္။

H.H(Akhayar)

www.akhayar.com

[Unicode]

ဝက်ခြံပေါက်နေတဲ့ အချိန်မျိုးမှာ ဘယ်လိုမုတ်ဆိတ်ရိတ်ကြမလဲ

မုတ်ဆိတ်ရိတ်တာဟာ အမျိုးသားတွေအတွက် ရိုးရှင်းတဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်ရိုးလုပ်စဉ် နေ့တဓူဝ ကိစ္စဖြစ်ပေမယ့်လည်း အသားအရေမှာ ပြဿနာတစ်စုံတစ်ရာရှိနေခဲ့ရင် နာကျင်ပင်ပန်းခက်ခဲတဲ့ ကိစ္စမျိုးဖြစ်သွားတတ်ပါတယ်။ အရေးအကြောင်းကိစ္စမရှိဘူးဆိုရင် မုတ်ဆိတ်မရိတ်တာက အရေးမကြီးပေမယ့် အလုပ်အင်တာဗျူးဖြေရမှာမျိုး၊ လူကြီးမိဘတွေနဲ့ တွေ့ဆုံရမှာမျိုးဆိုရင်တော့ မုတ်ဆိတ်ဗလပွနဲ့ သွားတွေ့ဖို့က အဆင်မပြလှပါဘူး။ အဲဒီအချိန်မျိုးကြမှ မုတ်ဆိတ်ရိတ်မယ့်နေရာမျိုးမှာ ဝက်ခြံတွေက လာထွက်နေရင် အရမ်းကိုစိတ်ညစ်ပြီး နာကျင်ခံရခက်ပါတယ်။ အဲဒီလိုမျိုး မုတ်ဆိတ်ရိတ်ရမယ့်နေရာမှာ ဝက်ခြံထွက်နေခဲ့ရင် အခုဖော်ပြပေးမယ့် ဒီနည်းလမ်းလေးတွေကို စမ်းပြီး ပြုလုပ်ကြည့်ပါ။

(၁) အသားအရေကိုသန့်စင်အောင်အရင်ပြုလုပ်ပါ

မုတ်ဆိတ်မရိတ်ခင် လုပ်ရိုးလုပ်စဉ်အတိုင်း မျက်နှာကို အရင်သန့်စင်အောင် ဆေးကြောပါ။ ဆေးကြောပြီးတဲ့နောက်မှာတော့ ရေနွေးစိမ်ထားတဲ့ ပဝါလေးနဲ့ မျက်နှာပေါ်မှာ အချိန်အနည်းငယ်ကြာအောင် ကပ်ထားပေးပါ။ အဲဒီလို ကပ်ထားလိုက်တဲ့အခါ အသားအရေက နူးညံလာပြီး မွေးညင်းပေါက်လေးတွေ ပွင့်လာပါလိမ့်မယ်။ မွေးညင်းပေါက်လေးတွေ ပွင့်လာတဲ့အခါ ရိတ်ရတာ ပိုမိုလွယ်ကူချောမွေလာပါတယ်။

(၂) Shaving Oil လိမ်းပေးပါ

ရေနွေးစိမ်ထားတဲ့ ပဝါလေးနဲ့ကပ်ပြီးတဲ့နောက်မှာ Shaving Cream မလိမ်းခင် Shaving Oil လေး လိမ်းပေးပါ။ အဲဒီလို လိမ်းပေးထားတဲ့အခါ မုတ်ဆိတ်ရိတ်ရတာ ပိုမိုချောမွေ့ပြီး မုတ်ဆိတ်ရိတ်တဲ့ဓားနဲ့ ထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ အလွယ်တကူရိတ်နိုင်ပါတယ်။ Shaving Oil လိမ်းတဲ့အခါမှာလည်း တစ်စက် နှစ်စက်လောက်သာ လိမ်းပေးသင့်ပါတယ်။ မုတ်ဆိတ်မွှေးအနုလေးတွေကိုသာ ရှိတယ်ဆိုရင်တော့ ရိတ်မယ့်နေရာကို Shaving Oil လေးလိမ်းပေးပြီး ညင်သာစွာနှိပ်နယ်ပေးပါ။

(၃) Alcohol-free Shaving Cream ကို ရွေးချယ်ပါ

ဝက်ခြံရှိတဲ့ အရေပြားဖြစ်နေခဲ့ရင် Shaving Cream ရွေးချယ်တဲ့အခါမျိုးမှာ Alcohol-free Shaving Cream မျိုး(သို့) အမွှေးနံ့မပါတာမျိုး ရွေးချယ်ပေးပါ။ ဓာတုပစ္စည်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ Cream မျိုးကိုလည်း ရှောင်ရှားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတာ ဓာတုပစ္စည်းတွေက ဝက်ခြံနဲ့ မတော်တဆ ထိတွေ့မိတဲ့အခါ အသားအရေ ရောင်ရမ်းလာတာမျိုး ဖြစ်စေနိုင်လို့ပါ။ သဘာဝအဆီအနှစ်တွေပါဝင်တဲ့ Cream မျိုးကို တတ်နိုင်သမျှ ရှာဖွေသုံးစွဲပေးပါ။

(၄) ဘရိတ်ဓားကောင်းကောင်းရွေးသုံးပါ

ဝက်ခြံထွက်လွယ်ပြီး အထိခိုက်မခံတဲ့ အသားအရေမျိုးဆိုရင် ဘရိတ်ဓားရွေးတဲ့နေရာမှာ သတိထားသင့်ပါတယ်။ Single Blade ဖြစ်တဲ့ ဘရိတ်ဓားမျိုးကို ရွေးချယ်ပါ။ Multiple Blade ဖြစ်တဲ့ ဘရိတ်ဓားမျိုးနဲ့ ရိတ်မိခဲ့ရင် ဝက်ခြံ ပိုဆိုးလာစေပြီး အသားအရေကို ထိခိုက်လာစေနိုင်ပါတယ်။ ဘရိတ်ဓားအသုံးပြုတဲ့အခါမှာလည်း မသုံးခင်နဲ့ သုံးပြီးချိန်မှာ Anti-Bacteria Lotion နဲ့ သန့်စင်ပေးဖို့ မမေ့ပါနဲ့။

(၅) မုတ်ဆိတ်မွှေးရှိရာလမ်းကြောင်းအတိုင်းရိတ်ပေးပါ

မုတ်ဆိတ်မွှေးရိတ်တဲ့အခါ အမွှေးရှိရာလမ်းကြောင်းအတိုင်း ဖြည်းညင်းစွာရိတ်ပေးတာက မုတ်ဆိတ်ရိတ်ရတာ ပိုမို အဆင်ချောမွေ့ စေပါတယ်။ အဲဒီလိုရိတ်ပေးခြင်းက Breakout ဖြစ်ခြင်းကိုလည်း လျော့ကျစေပြီး ဝက်ခြံတွေကိုလည်း မထိခိုက်မိစေဘဲ ရိတ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

(၆) သေချာပြန်ဆေးပါ

မုတ်ဆိတ်ရိတ်ပြီးတဲ့အခါတိုင်း သေချာဆေးကြောပေးသင့်သလို ဝက်ခြံပေါက်နေတဲ့ အချိန်မျိုုးဆိုရင် ပိုပြီးတော့တောင် သန့်စင်ပေးဖို့ မမေ့သင့်ပါဘူး။ သန့်စင်တဲ့အခါမျိုးမှာလည်း ရေနွေးနွေးလေးနဲ့ တစ်ခါသန့်စင်ပေးပြီးနောက် ရေအေးလေးနဲ့ ပြန်လည်ဆေးကြောပေးပါ။ စေးကပ်ကပ်ဖြစ်တယ်လို့ ခံစားရရင် အပျော့စားမျက်နှာသစ်ဆေးလေးနဲ့ သစ်ပေးပါ။ အဲဒီနောက်မှာတော့ ရေဓာတ်ဖြည့် Moisturiser (သို့) After-Shave Lotion လေး ပြန်လိမ်းပေးပြီး အသားအရေကို ရေဓာတ်ဖြည့်ပေးပါ။ After-Shave Lotion လိမ်းမယ်ဆိုရင် ဝက်ခြံထွက်နေတဲ့ အသားအရေဖြစ်တဲ့အတွက် အမွှေးနံ့မပါတဲ့ Alcohol-Free Lotion မျိုး လိမ်းဖို့မမေ့ပါနဲ့နော်။

H.H(Akhayar)

www.akhayar.com