[Zawgyi]

Rolex နာရီ အတုနဲ႔ အစစ္ကို ဘယ္လိုနည္းေတြနဲ႔ ခြဲျခားၾကမလဲ

Rolex လို႔ ဆုိလိုက္တာနဲ႔ ဆြစ္ဇိမ္ခံနာရီကုမၸဏီက ထုတ္လုပ္တဲ့ နာရီေလးေတြကို ေျပးျမင္မိၾကမွာပါ။ ၁၉၀၅ ခုႏွစ္မွာ Hans Wilsdorf နဲ႔ Alfred Davis တို႔က အဂၤလန္ႏုိင္ငံ ၊ လန္ဒန္ျမိဳ႕မွာ စတင္တည္ေထာင္ခဲ့ျပီး ၁၉၁၉ ခုႏွစ္မွာေတာ့ ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာျမိဳ႕ကို ေျပာင္းေရႊ႕အေျခစိုက္ခဲ့ပါတယ္။

Rolex နာရီေတြ ဘာလို႔ ကမာၻေက်ာ္ရပါသလဲ၊ လူၾကိဳက္မ်ားရပါသလဲဆိုရင္ ေရလံုတယ္၊ တီထြင္ဆန္းသစ္မႈအျပည့္ရွိတယ္၊ Brand Name က မွတ္မိလြယ္တယ္၊ အႏုစိတ္ျပီး တိက်တယ္၊ အရည္အေသြးပိုင္း အျမဲထိန္းသိမ္းထားတယ္ဆိုတဲ့ အရည္အေသြးေတြေၾကာင့္ ျဖစ္ပါတယ္။

ဒီလို နာမည္ၾကီးလွတဲ့ Rolex နာရီကို ေစ်းၾကီးေပးဝယ္ျပီး အတုမိရင္ ရင္နာစရာပါ။ ဒါေၾကာင့္ Rolex နာရီ အတုနဲ႔ အစစ္ကို ဘယ္လို ခြဲျခားၾကမလဲ။ ကိုယ္ေတြက နာရီပညာရွင္လည္း မဟုတ္တဲ့အတြက္ Rolex နာရီ အတုနဲ႔ အစစ္ကို လြယ္ကူရိုးရွင္းတဲ့နည္းလမ္းေတြနဲ႔ ခြဲျခားႏုိ္င္တဲ့ အခ်က္ေလးေတြကို ခုလို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အေလးခ်ိန္နဲ႔ သပ္ရပ္မႈ

Rolex နာရီအစစ္ေတြဟာ အေကာင္းဆံုး ပစၥည္းေတြနဲ႔ ထုတ္လုပ္ထားတဲ့အတြက္ အတုထက္ အေလးခ်ိန္အေနနဲ႔ ပိုစီး၊ ပိုေလးပါတယ္။ အနားေစာင္းေတြဟာလည္း အစစ္မွာ သိသိသာသာ ပိုသပ္ရပ္ပါတယ္။

၂။ နာရီစက္ျမည္သံ

အနားနားကပ္ျပီး နားေထာင္လို႔ နာရီစက္ျမည္သံ အက်ယ္ၾကီး ၾကားေနရရင္ ဒါဟာ Rolex အတု ျဖစ္ဖို႔ မ်ားပါျပီ။ Rolex နာရီအစစ္ေတြရဲ႕ စက္သံဟာ မၾကားရသေလာက္ ညက္ေညာပါတယ္။ မိနစ္နဲ႔ စကၠန္႔လက္တံလႈပ္ရွားပံုေတြဟာ တစ္ တစ္နဲ႔ သြားတာမ်ိဳးထက္ လက္တံေတြ လည္ပတ္ျပီး သြားတဲ့ ပံုစံက ပိုမ်ားပါတယ္။

၃။ Serial & Model Number

Serial Number ကို ေခတ္သစ္ Rolex နာရီအစစ္ေတြရဲ႕ ဒိုင္ခြက္အထဲ ေအာက္ေျခမွာ ထြင္းထားေလ့ရွိျပီး Serial Number ဟာ နာရီ တစ္လံုးနဲ႔ တစ္လံုး မတူကြဲျပားပါလိမ့္မယ္။ Replica နာရီေတြဆုိရင္ေတာ့ ေစ်းသက္သာေအာင္ Serial Number ေတြကို နာရီတုိင္း ဆင္တူနီးပါးရိုက္ထားပါတယ္။ Rolex နာရီအစစ္ေတြမွာေတာ့ ထြင္းထားတာကိုက အရမ္းကို သပ္ရပ္ပါတယ္။

၄။ Rolex Logo သရဖူေလးပါမပါ

Rolex နာရီ Replica ေတာ္ေတာ္မ်ားမ်ားက Rolex လို႔ ျပဴးတူးျပဲတဲ ေရးတတ္ၾကေပမယ့္ Logo Crown ပံုေလးကို ထည့္ေပးဖို႔ တြန္႔တုိတတ္ၾကပါတယ္။ Rolex နာရီ အစစ္ေတြမွာေတာ့ Rolex စာသားေရာ၊ Crown ပုံပါ ထည့္သြင္းထားပါတယ္။

၄။ ေန႔စြဲျပအကြက္

Rolex နာရီအစစ္ရဲ႕ ေန႔စြႊဲ အကြက္မွာရွိတဲ့ မွန္ဘီလူးခံုးျဖစ္ျပီး ေန႔စြဲရဲ႕ ျမင္ႏုိင္စြမ္းအားကို ၂.၅ ဆထိ ခ်ဲ႕ေပးပါတယ္။ Rolex လို႔ ေျပာထားတဲ့ နာရီတစ္လံုးရဲ႕ ေန႔စြဲကို ၾကည့္လို႔ ေန႔စြဲဟာ ထင္ထင္ရွားရွား မျမင္ရဘူးဆိုရင္ ဒါဟာ အတုျဖစ္ဖို႔ မ်ားေနပါျပီ။

၅။ ရိုးရွင္းတဲ့ နာရီအိမ္

Rolex ရဲ႕ ေနာက္ပိုင္းထုတ္တဲ့ နာရီေတြရဲ႕ ေနာက္ဘက္ဟာ ရုိးရုိးရွင္းရွင္း ဘာစာမွ မပါဘူး။ ဥပမာ နာရီဒိုင္ခြက္အိမ္ရဲ႕ ေနာက္ဘက္မွာ နာရီစက္ကို တိုးလွ်ိဳေပါက္ျမင္ရတဲ့ ဒီဇုိင္းေတြနဲ႔ဆုိရင္ အတုျဖစ္ဖို႔ မ်ားပါတယ္။ ျခြင္းခ်က္အေနနဲ႔ Rolex ရဲ႕ ၁၉၃၀ ခုႏွစ္ထုတ္ ရွားပါးအမ်ိဳးအစားတခ်ိဳ႕မွာပဲ ဒီိလို တိုးလွ်ိဳေပါက္ျမင္ရတဲ့ ဒီဇုိင္းမ်ိဳး ထုတ္ခဲ့ဖူးပါတယ္။ ေခတ္သစ္နာရီမွာ ဒီလို လုပ္ထားရင္ေတာ့ Rolex နာရီအတုပါပဲ။နာရီအိမ္ရဲ႕ ေနာက္ဘက္မွာ စာသားေတြ၊ Logo ေတြနဲ႔ ပံုေတြကိုလည္း Rolex အစစ္မွာ ေရးထိုးေလ့မရွိပါဘူး။ ျခႊင္းခ်က္အေနနဲ႔ Rolex 6917 ၊ 69173 နဲ႔ 69174 ေမာ္ဒယ္လ္ေတြမွာေတာ့ ‘Stainless Steel’ နဲ႔ ‘Registered Design’ ကို ေနာက္မွာ ေရးထိုးထားတာ ျဖစ္ပါတယ္။

Branded ပစၥည္းေတြ အတုေတြ ဝယ္မိျပီး ဂ်င္းၾကီးၾကီး မိျခင္းမွ ကင္းေဝးၾကပါေစ။

Yoe Lu (Akhayar)

www.akhayar.com

Source : https://www.1stdibs.com/,https://www.bobswatches.com
[Unicode]

Rolex နာရီ အတုနဲ့ အစစ်ကို ဘယ်လိုနည်းတွေနဲ့ ခွဲခြားကြမလဲ

Rolex လို့ ဆိုလိုက်တာနဲ့ ဆွစ်ဇိမ်ခံနာရီကုမ္ပဏီက ထုတ်လုပ်တဲ့ နာရီလေးတွေကို ပြေးမြင်မိကြမှာပါ။ ၁၉၀၅ ခုနှစ်မှာ Hans Wilsdorf နဲ့ Alfred Davis တို့က အင်္ဂလန်နိုင်ငံ ၊ လန်ဒန်မြို့မှာ စတင်တည်ထောင်ခဲ့ပြီး ၁၉၁၉ ခုနှစ်မှာတော့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ကို ပြောင်းရွှေ့အခြေစိုက်ခဲ့ပါတယ်။

Rolex နာရီတွေ ဘာလို့ ကမ္ဘာကျော်ရပါသလဲ၊ လူကြိုက်များရပါသလဲဆိုရင် ရေလုံတယ်၊ တီထွင်ဆန်းသစ်မှုအပြည့်ရှိတယ်၊ Brand Name က မှတ်မိလွယ်တယ်၊ အနုစိတ်ပြီး တိကျတယ်၊ အရည်အသွေးပိုင်း အမြဲထိန်းသိမ်းထားတယ်ဆိုတဲ့ အရည်အသွေးတွေကြောင့် ဖြစ်ပါတယ်။

ဒီလို နာမည်ကြီးလှတဲ့ Rolex နာရီကို ဈေးကြီးပေးဝယ်ပြီး အတုမိရင် ရင်နာစရာပါ။ ဒါကြောင့် Rolex နာရီ အတုနဲ့ အစစ်ကို ဘယ်လို ခွဲခြားကြမလဲ။ ကိုယ်တွေက နာရီပညာရှင်လည်း မဟုတ်တဲ့အတွက် Rolex နာရီ အတုနဲ့ အစစ်ကို လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတွေနဲ့ ခွဲခြားနိုင်တဲ့ အချက်လေးတွေကို ခုလို ဖော်ပြပေးလိုက်ပါတယ်။

၁။ အလေးချိန်နဲ့ သပ်ရပ်မှု

Rolex နာရီအစစ်တွေဟာ အကောင်းဆုံး ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့အတွက် အတုထက် အလေးချိန်အနေနဲ့ ပိုစီး၊ ပိုလေးပါတယ်။ အနားစောင်းတွေဟာလည်း အစစ်မှာ သိသိသာသာ ပိုသပ်ရပ်ပါတယ်။

၂။ နာရီစက်မြည်သံ

အနားနားကပ်ပြီး နားထောင်လို့ နာရီစက်မြည်သံ အကျယ်ကြီး ကြားနေရရင် ဒါဟာ Rolex အတု ဖြစ်ဖို့ များပါပြီ။ Rolex နာရီအစစ်တွေရဲ့ စက်သံဟာ မကြားရသလောက် ညက်ညောပါတယ်။ မိနစ်နဲ့ စက္ကန့်လက်တံလှုပ်ရှားပုံတွေဟာ တစ် တစ်နဲ့ သွားတာမျိုးထက် လက်တံတွေ လည်ပတ်ပြီး သွားတဲ့ ပုံစံက ပိုများပါတယ်။

၃။ Serial & Model Number

Serial Number ကို ခေတ်သစ် Rolex နာရီအစစ်တွေရဲ့ ဒိုင်ခွက်အထဲ အောက်ခြေမှာ ထွင်းထားလေ့ရှိပြီး Serial Number ဟာ နာရီ တစ်လုံးနဲ့ တစ်လုံး မတူကွဲပြားပါလိမ့်မယ်။ Replica နာရီတွေဆိုရင်တော့ ဈေးသက်သာအောင် Serial Number တွေကို နာရီတိုင်း ဆင်တူနီးပါးရိုက်ထားပါတယ်။ Rolex နာရီအစစ်တွေမှာတော့ ထွင်းထားတာကိုက အရမ်းကို သပ်ရပ်ပါတယ်။

၄။ Rolex Logo သရဖူလေးပါမပါ

Rolex နာရီ Replica တော်တော်များများက Rolex လို့ ပြူးတူးပြဲတဲ ရေးတတ်ကြပေမယ့် Logo Crown ပုံလေးကို ထည့်ပေးဖို့ တွန့်တိုတတ်ကြပါတယ်။ Rolex နာရီ အစစ်တွေမှာတော့ Rolex စာသားရော၊ Crown ပုံပါ ထည့်သွင်းထားပါတယ်။

၄။ နေ့စွဲပြအကွက်

Rolex နာရီအစစ်ရဲ့ နေ့စွှဲ အကွက်မှာရှိတဲ့ မှန်ဘီလူးခုံးဖြစ်ပြီး နေ့စွဲရဲ့ မြင်နိုင်စွမ်းအားကို ၂.၅ ဆထိ ချဲ့ပေးပါတယ်။ Rolex လို့ ပြောထားတဲ့ နာရီတစ်လုံးရဲ့ နေ့စွဲကို ကြည့်လို့ နေ့စွဲဟာ ထင်ထင်ရှားရှား မမြင်ရဘူးဆိုရင် ဒါဟာ အတုဖြစ်ဖို့ များနေပါပြီ။

၅။ ရိုးရှင်းတဲ့ နာရီအိမ်

Rolex ရဲ့ နောက်ပိုင်းထုတ်တဲ့ နာရီတွေရဲ့ နောက်ဘက်ဟာ ရိုးရိုးရှင်းရှင်း ဘာစာမှ မပါဘူး။ ဥပမာ နာရီဒိုင်ခွက်အိမ်ရဲ့ နောက်ဘက်မှာ နာရီစက်ကို တိုးလျှိုပေါက်မြင်ရတဲ့ ဒီဇိုင်းတွေနဲ့ဆိုရင် အတုဖြစ်ဖို့ များပါတယ်။ ခြွင်းချက်အနေနဲ့ Rolex ရဲ့ ၁၉၃၀ ခုနှစ်ထုတ် ရှားပါးအမျိုးအစားတချို့မှာပဲ ဒီလို တိုးလျှိုပေါက်မြင်ရတဲ့ ဒီဇိုင်းမျိုး ထုတ်ခဲ့ဖူးပါတယ်။ ခေတ်သစ်နာရီမှာ ဒီလို လုပ်ထားရင်တော့ Rolex နာရီအတုပါပဲ။နာရီအိမ်ရဲ့ နောက်ဘက်မှာ စာသားတွေ၊ Logo တွေနဲ့ ပုံတွေကိုလည်း Rolex အစစ်မှာ ရေးထိုးလေ့မရှိပါဘူး။ ခြွှင်းချက်အနေနဲ့ Rolex 6917 ၊ 69173 နဲ့ 69174 မော်ဒယ်လ်တွေမှာတော့ ‘Stainless Steel’ နဲ့ ‘Registered Design’ ကို နောက်မှာ ရေးထိုးထားတာ ဖြစ်ပါတယ်။

Branded ပစ္စည်းတွေ အတုတွေ ဝယ်မိပြီး ဂျင်းကြီးကြီး မိခြင်းမှ ကင်းဝေးကြပါစေ။

Yoe Lu (Akhayar)

www.akhayar.com

Source : https://www.1stdibs.com/,https://www.bobswatches.com