[Zawgyi]

ကားထဲက ေဆးလိပ္နံ႔နဲ႔ အျခားအနံ႔ဆိုးမ်ားကို ဖယ္ရွားသန္႔စင္နည္း

ေဆးလိပ္ေသာက္ျခင္းက က်န္းမာေရးကို ဆိုးရြားစြာထိခိုက္ႏုိင္ပါတယ္။ ေဆးလိပ္ေငြ႔က ေသာက္သံုးသူသာမက ရွဴရိႈက္မိတဲ့သူေတြကပါ ေရာဂါျဖစ္ေစႏုိင္တဲ့အတြက္ ေဆးလိပ္ျဖတ္တာ အေကာင္းဆံုးပါပဲ။ ေဆးလိပ္ေသာက္သံုးတဲ့သူေတြမွာလည္း ခႏၶာကိုယ္မွာ ေဆးလိပ္နံ႔စြဲတာ၊ အခန္းထဲမွာ ေဆးလိပ္နံ႔က်န္ေနခဲ့တာ၊ ကားေပၚမွာေဆးလိပ္ေသာက္မိၿပီး အနံ႔စြဲက်န္ေနခဲ့တာမ်ိဳး ျဖစ္တတ္ပါတယ္။ ကိုယ္ႀကိဳက္လို႔ ေသာက္လိုက္တယ္ဆိုေပမယ့္ တျခားသူေတြကို အေႏွာင့္အယွက္မျဖစ္ေစဖို႔ေတာ့ သတိထားသင့္ပါတယ္ေနာ္။ ဒီေတာ့… ကားေပၚမွာ၊ အိမ္ခန္းထဲမွာ ေဆးလိပ္ေသာက္မိတဲ့အခါ စြဲက်န္ခဲ့တဲ့ ေဆးလိပ္နံ႔ကို အလ်င္ျမန္ဆံုး ဖယ္ရွားႏိုင္မယ့္ နည္းလမ္းေကာင္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ေကာ္ဖီမႈန္႔

ေကာ္ဖီမႈန္႔က အနံ႔အသက္ေပ်ာက္ကင္းေစတယ္ဆိုတာကို သိၾကမွာပါေနာ္။ ေကာ္ဖီမႈန္႔ရဲ႕ စူးရွတဲ့ေမႊးရနံ႔က ေဆးလိပ္ေငြ႔ကို ဖံုးလႊမ္းသြားႏုိင္ပါတယ္။ ျပဳလုပ္ရမွာကေတာ့ ကားတံခါးေတြကိုပိတ္ၿပီး ေကာ္ဖီမႈန္႔ထည့္ထားတဲ့ခြက္ကို ကားထဲတစ္ေနရာရာေပၚ တင္ထားလိုက္ပါ။ နာရီအနည္းငယ္ေလာက္ ထားထားၿပီးရင္ ေဆးလိပ္ေငြ႔ေပ်ာက္သြားတာကို ေတြ႔ရမွာပါ။

(၂) ရွာလကာရည္

အနံ႔အသက္ေပ်ာက္ကင္းေစတဲ့ မီးဖိုေခ်ာင္တြင္းက သဘာဝအရာတစ္ခုကေတာ့ ရွာလကာရည္ပါပဲ။ အခန္းတြင္းက နံတဲ့အနံ႔အသက္ေတြကို ေပ်ာက္ကင္းေစဖို႔အတြက္ ေရွးလူႀကီးေတြ အသံုးျပဳခဲ့တဲ့ နည္းလမ္းတစ္ရပ္ပါပဲ။ ရွာလကာရည္ကို ေကာ္ဖီခြက္ထဲထည့္ၿပီး ကားထဲမွာ တစ္ညေလာက္ ထားထားလိုက္ပါ။ ေဆးလိပ္နံ႔အျပင္ တျခားအနံ႔အသက္ေတြကိုလည္း ေပ်ာက္ကင္းေစပါတယ္။

(၃) သစ္ႀကံပိုးေခါက္

ကားထဲမွာ ေဆးလိပ္နံ႔နဲ႔ မေကာင္းတဲ့အနံ႔အသက္ေတြ ထြက္ေနတယ္ဆုိရင္ ဖယ္ရွားသန္႔စင္ႏိုင္မယ့္ ေနာက္ထပ္နည္းလမ္းကေတာ့ သစ္ႀကံပိုးေခါက္ပါပဲ။ သစ္ႀကံပိုးေခါက္က အေခ်ာင္းလည္းရွိသလုိ၊ ႀကိတ္ၿပီးသားအမႈန္႔ကိုလည္း အသံုးျပဳလို႔ရပါတယ္။ ေရေႏြးကို ပြက္ပြက္ဆူေအာင္တည္ၿပီး သစ္ႀကံပိုးေခါက္ကို ထည့္လိုက္ပါ။ ခြက္ထဲထည့္ၿပီး ကားထဲမွာ နာရီအနည္းငယ္ၾကာထားလိုက္မယ္ဆုိရင္ ဆိုးရြားတဲ့အနံ႔အသက္ေတြ ေပ်ာက္ကင္းသြားတာကို ေတြ႔ရမွာပါ။

(၄) လိေမၼာ္ခြံ၊ေရွာက္သီးခံြ

လိေမၼာ္သီးအခြံ၊ ေရွာက္သီးအခြံေတြကလည္း အနံ႔အသက္ေပ်ာက္ကင္းေအာင္ ျပဳလုပ္ႏုိင္ပါတယ္။ ကားထဲက ေဆးလိပ္နံ႔ကို ေဖ်ာက္ဖုိ႔ဆိုရင္ လိေမၼာ္ခြံ ဒါမွမဟုတ္ ေရွာက္သီးခြံေတြကို ခြက္ထဲစုထည့္ထားၿပီး ကားထဲမွာထားမယ္ဆုိရင္ အနံ႔ဆိုးေတြ ေပ်ာက္ကင္းႏိုင္ပါတယ္။ အနံ႔ဆိုးေတြ စုပ္ယူႏုိင္တဲ့အျပင္ လိေမၼာ္ခြံ၊ ေရွာက္ခြံရဲ႕ ေမႊးရနံ႔ကိုလည္း ခံစားရရွိႏုိင္ပါတယ္။

(၅) မီးေသြး

ကားထဲက ေဆးလိပ္နံ႔ေတြကို ေပ်ာက္ကင္းေစမယ့္ ေနာက္ထပ္နည္းလမ္းတစ္ခုကေတာ့ ကားထဲမွာ မီးေသြးထားတာပါ။ မီးေသြးတံုးကို အမႈန္႔ႀကိတ္ၿပီးေတာ့ ခြက္တစ္ခြက္စာေလာက္ထည့္ထားပါ။ ၿပီးရင္ ကားေနာက္ခန္းတစ္ေနရာရာမွာ တစ္ညေလာက္ထားထားမယ္ဆိုရင္ ကားထဲကေဆးလိပ္နံ႔နဲ႔ တျခား အနံ႔အသက္ေတြ ေပ်ာက္ကင္းသြားတာကို ေတြ႔ရမွာပါ။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကားထဲက ဆေးလိပ်နံ့နဲ့ အခြားအနံ့ဆိုးများကို ဖယ်ရှားသန့်စင်နည်း

ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ပါတယ်။ ဆေးလိပ်ငွေ့က သောက်သုံးသူသာမက ရှူရှိုက်မိတဲ့သူတွေကပါ ရောဂါဖြစ်စေနိုင်တဲ့အတွက် ဆေးလိပ်ဖြတ်တာ အကောင်းဆုံးပါပဲ။ ဆေးလိပ်သောက်သုံးတဲ့သူတွေမှာလည်း ခန္ဓာကိုယ်မှာ ဆေးလိပ်နံ့စွဲတာ၊ အခန်းထဲမှာ ဆေးလိပ်နံ့ကျန်နေခဲ့တာ၊ ကားပေါ်မှာဆေးလိပ်သောက်မိပြီး အနံ့စွဲကျန်နေခဲ့တာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ်ကြိုက်လို့ သောက်လိုက်တယ်ဆိုပေမယ့် တခြားသူတွေကို အနှောင့်အယှက်မဖြစ်စေဖို့တော့ သတိထားသင့်ပါတယ်နော်။ ဒီတော့… ကားပေါ်မှာ၊ အိမ်ခန်းထဲမှာ ဆေးလိပ်သောက်မိတဲ့အခါ စွဲကျန်ခဲ့တဲ့ ဆေးလိပ်နံ့ကို အလျင်မြန်ဆုံး ဖယ်ရှားနိုင်မယ့် နည်းလမ်းကောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကော်ဖီမှုန့်

ကော်ဖီမှုန့်က အနံ့အသက်ပျောက်ကင်းစေတယ်ဆိုတာကို သိကြမှာပါနော်။ ကော်ဖီမှုန့်ရဲ့ စူးရှတဲ့မွှေးရနံ့က ဆေးလိပ်ငွေ့ကို ဖုံးလွှမ်းသွားနိုင်ပါတယ်။ ပြုလုပ်ရမှာကတော့ ကားတံခါးတွေကိုပိတ်ပြီး ကော်ဖီမှုန့်ထည့်ထားတဲ့ခွက်ကို ကားထဲတစ်နေရာရာပေါ် တင်ထားလိုက်ပါ။ နာရီအနည်းငယ်လောက် ထားထားပြီးရင် ဆေးလိပ်ငွေ့ပျောက်သွားတာကို တွေ့ရမှာပါ။

(၂) ရှာလကာရည်

အနံ့အသက်ပျောက်ကင်းစေတဲ့ မီးဖိုချောင်တွင်းက သဘာဝအရာတစ်ခုကတော့ ရှာလကာရည်ပါပဲ။ အခန်းတွင်းက နံတဲ့အနံ့အသက်တွေကို ပျောက်ကင်းစေဖို့အတွက် ရှေးလူကြီးတွေ အသုံးပြုခဲ့တဲ့ နည်းလမ်းတစ်ရပ်ပါပဲ။ ရှာလကာရည်ကို ကော်ဖီခွက်ထဲထည့်ပြီး ကားထဲမှာ တစ်ညလောက် ထားထားလိုက်ပါ။ ဆေးလိပ်နံ့အပြင် တခြားအနံ့အသက်တွေကိုလည်း ပျောက်ကင်းစေပါတယ်။

(၃) သစ်ကြံပိုးခေါက်

ကားထဲမှာ ဆေးလိပ်နံ့နဲ့ မကောင်းတဲ့အနံ့အသက်တွေ ထွက်နေတယ်ဆိုရင် ဖယ်ရှားသန့်စင်နိုင်မယ့် နောက်ထပ်နည်းလမ်းကတော့ သစ်ကြံပိုးခေါက်ပါပဲ။ သစ်ကြံပိုးခေါက်က အချောင်းလည်းရှိသလို၊ ကြိတ်ပြီးသားအမှုန့်ကိုလည်း အသုံးပြုလို့ရပါတယ်။ ရေနွေးကို ပွက်ပွက်ဆူအောင်တည်ပြီး သစ်ကြံပိုးခေါက်ကို ထည့်လိုက်ပါ။ ခွက်ထဲထည့်ပြီး ကားထဲမှာ နာရီအနည်းငယ်ကြာထားလိုက်မယ်ဆိုရင် ဆိုးရွားတဲ့အနံ့အသက်တွေ ပျောက်ကင်းသွားတာကို တွေ့ရမှာပါ။

(၄) လိမ္မော်ခွံ၊ရှောက်သီးခွံ

လိမ္မော်သီးအခွံ၊ ရှောက်သီးအခွံတွေကလည်း အနံ့အသက်ပျောက်ကင်းအောင် ပြုလုပ်နိုင်ပါတယ်။ ကားထဲက ဆေးလိပ်နံ့ကို ဖျောက်ဖို့ဆိုရင် လိမ္မော်ခွံ ဒါမှမဟုတ် ရှောက်သီးခွံတွေကို ခွက်ထဲစုထည့်ထားပြီး ကားထဲမှာထားမယ်ဆိုရင် အနံ့ဆိုးတွေ ပျောက်ကင်းနိုင်ပါတယ်။ အနံ့ဆိုးတွေ စုပ်ယူနိုင်တဲ့အပြင် လိမ္မော်ခွံ၊ ရှောက်ခွံရဲ့ မွှေးရနံ့ကိုလည်း ခံစားရရှိနိုင်ပါတယ်။

(၅) မီးသွေး

ကားထဲက ဆေးလိပ်နံ့တွေကို ပျောက်ကင်းစေမယ့် နောက်ထပ်နည်းလမ်းတစ်ခုကတော့ ကားထဲမှာ မီးသွေးထားတာပါ။ မီးသွေးတုံးကို အမှုန့်ကြိတ်ပြီးတော့ ခွက်တစ်ခွက်စာလောက်ထည့်ထားပါ။ ပြီးရင် ကားနောက်ခန်းတစ်နေရာရာမှာ တစ်ညလောက်ထားထားမယ်ဆိုရင် ကားထဲကဆေးလိပ်နံ့နဲ့ တခြား အနံ့အသက်တွေ ပျောက်ကင်းသွားတာကို တွေ့ရမှာပါ။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။