[Zawgyi]

ကြန္ပ်ဴတာၾကည့္ရင္း မ်က္လံုးေညာင္းျခင္းမွ ကင္းပသက္သာေစရန္

ခုေခတ္ ရံုးသမားေတြခမ်ာ သိပ္သနားစရာေကာင္းတာ။ ရံုးမွာဆုိလည္း Computer Screen ကို တခ်ိန္လံုးၾကည့္၊ မဟုတ္ရင္လည္း စာရြက္စာတမ္းကိုၾကည့္၊ Meeting ေတာင္မွ Projector နဲ႔ ထုိးျပထားတဲ့ Presentation ကို ၾကည့္ရနဲ႔ အၾကည့္တစ္လိုင္းၾကီးပါပဲ။ ဒီလိုေတြ ၾကည့္ေနရလို႔ ဘာမွ မၾကည့္ခ်င္ေတာ့ဘူးဆိုျပီး ျဖစ္မယ္မထင္နဲ႔။ အိမ္ေရာက္ရင္လည္း ဖုန္းေလးပြတ္ျပီး Facebook ေလးေတာ့ ၾကည့္လိုက္ရမွ။

ဒီေလာက္သံုးေနတဲ့ မ်က္လံုး ၾကာလာေတာ့ ေညာင္းျပီေပါ့ဗ်ာ၊ဒဏ္ျဖစ္ျပီေပါ့။ ဒီလို ဒဏ္ျဖစ္ေနတဲ့သူေတြေတြ႔ေတာ့ ကိုယ္ခ်င္းစာတယ္။ ဒီေတာ့ ဒီေဝဒနာကို ခ်က္ခ်င္းၾကီး မေပ်ာက္ေတာင္ ဘယ္လိုကာကြယ္မလဲ၊ ျဖစ္လာရင္ ဘယ္လို သက္သာေအာင္ လုပ္မလဲ ေဝမွ်ေပးလိုက္ပါတယ္။

၁) Eye Mask သံုးပါ

ဒါက အလုပ္ထဲမွာလည္း သံုးလို႔ရတယ္။ ပဝါစအေသးေလးကို ေရစြတ္ျပီး မ်က္လံုးေပၚမွာ ၇ မိနစ္ေလာက္ အုပ္ထားရုံပါပဲ။ ဒါကို အၾကိမ္ၾကိမ္အခါခါ လုပ္ေပးႏုိင္ပါတယ္။ ပဝါကို ေရမစြတ္ရင္လည္း ေရခဲ ဒါမွမဟုတ္ သံုးျပီးသားလက္ဖက္ေျခာက္ထုပ္ေလးေတြကိုလည္း မ်က္စိေပၚ ကပ္ေပးနုိင္ပါတယ္။ သခြားသီးကိုလည္း ကပ္ျပီး သံုးလို႔ရပါေသးတယ္။

၂) အလင္းေရာင္ကို ခ်ိန္ညွိပါ

မီးေခ်ာင္းအလင္းေရာင္စူးစူးျပင္္းျပင္းေတြဟာ မ်က္လံုးကို ထိခိုက္ေစပါတယ္။ အလင္းေရာင္စူးရင္ မ်က္လံုုးက ပိုအားစုိက္ရတဲ့အတြက္ အလင္းအားကို သင့္ေတာ္သေလာက္ပဲ ထားသင့္ပါတယ္။ ဒီေနရာမွာ တစ္ခုသတိထားရမွာက ျပင္ပသဘာဝအလင္းေရာင္ကလည္း ကြန္ပ်ဴတာမ်က္ႏွာျပင္ကို ထိရင္ အလင္းျပန္တတ္တဲ့အတြက္ Anit-reflective Screen ကို ကြန္ပ်ဴတာမွာ ကပ္ထားသင့္ပါတယ္။

၃) ကြန္ပ်ဴတာ Brightness ကို ခ်ိန္ညွိပါ

ဒါကေတာ့ သိျပီးသားျဖစ္မွာပါ။ ကြန္ပ်ဴတာေမာ္နီတာရဲ႕ Brightness နဲ႔ Contrast ကို ခ်ိန္ညွိဖို႔လိုသလို ေမာ္နီတာကို မ်က္လံုးနဲ႔ အရမ္းမနီးေစဖို႔လည္း ဂရုျပဳရပါမယ္။

၄) မ်က္လံုးေလ့က်င့္ခန္းလုပ္ေပးပါ

မ်က္လံုးဟာလည္း ခႏၶာကိုယ္ရဲ႕ တျခားအစိတ္အပိုင္းၾကြက္သားေတြလုိပဲ ေလ့က်င့္ေပးလို႔ ရပါတယ္။ ဒါေၾကာင့္မ်က္လံုးကို တစ္ဝက္မွိတ္ထားတဲ့ အေနအထားမွာ ရပ္ထားျပီး ၅စကၠန္႔ေလာက္ ျငိမ္ေနပါ။ ဒီလို မ်က္စိေမွးျပီး ၾကည့္တာဟာ မ်က္လံုးေညာင္းတာကို သက္သာေစျပီး မ်က္စိသူငယ္အိမ္အရြယ္အစားကို ခဏတာ ေလွ်ာ့ခ်ေပးပါတယ္။

၅) မ်က္လံုးမွိတ္ျပီး အသက္ရွဴပါ

ခုနလို မ်က္လံုးေမွးစင္းတဲ့ ေလ့က်င့္ခန္းျပီးတာနဲ႔ မ်က္လံုးမွိတ္ျပီး အသက္ျပင္းျပင္းရွဴပါ။ ရွဴလိုက္တဲ့အခါမွာ ေလေတြဟာ ႏွာေခါင္းကတဆင့္ မ်က္လံုးထဲကို ေရာက္ရွိသြားတယ္လို႔ စိတ္ကူးပါ၊ အသက္ျပန္ရွဴထုတ္ရင္ေတာ့ ပါးစပ္ကတစ္ဆင့္ ျပန္ထုတ္ပါ။ ဒီလို လုပ္ေပးတာဟာ မ်က္လံုးေညာင္းတာကို သက္သာေစျပီး မ်က္ခြံေတကို သန္မာေစပါတယ္။

၆) မ်က္စဥ္းသံုးပါ

ေန႔စဥ္သံုးလို႔ရတဲ့ မ်က္စဥ္းအမ်ိဳးအစားကို သံုးျပီး မ်က္လံုးေျခာက္ေသြ႔ယားယံျခင္းမွ ကာကြယ္ပါ။

၇) ေနကာမ်က္မွန္ ဒါမွမဟုတ္ ကြန္ပ်ဴတာၾကည့္မ်က္မွန္

မ်က္လံုးဟာလည္း တျခားခႏၶာကို္ယ္အစိတ္အပို္င္းေတြလိုပဲ ကာကြယ္ဖို႔လိုပါတယ္။ ေနပူထဲထြက္ရင္ ေနကာမ်က္မွန္တပ္ဖို႔ လိုသလို ကြန္ပ်ဴတာၾကည့္မ်က္မွန္သံုးေပးတာကလည္း မ်က္လံုးကို ေညာင္းညာျခင္းျဖစ္မလာေအာင္ ကာကြယ္ေပးႏုိင္ပါတယ္။

၈) မ်က္လံုးလိုတာထက္ပုိေညာင္းေနရင္ ဆရာဝန္နဲ႔ ျပဖို႔ သင့္ပါျပီ

အေပၚက ေျပာတဲ့ နည္းလမ္းေတြဟာ မ်က္စိေညာင္းညာတာကို သက္သာေစေပမယ့္ ဒီထက္ပိုဆိုးဝါးတဲ့ လကၡဏာေတြ ျပေနရင္ေတာ့ ေရတိုနည္းလမ္းေတြ မလုပ္ဘဲ ဆရာဝန္နဲ႔  ျပသင့္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com
[Unicode]

ကွန်ပျူတာကြည့်ရင်း မျက်လုံးညောင်းခြင်းမှ ကင်းပသက်သာစေရန်

ခုခေတ် ရုံးသမားတွေခမျာ သိပ်သနားစရာကောင်းတာ။ ရုံးမှာဆိုလည်း Computer Screen ကို တချိန်လုံးကြည့်၊ မဟုတ်ရင်လည်း စာရွက်စာတမ်းကိုကြည့်၊ Meeting တောင်မှ Projector နဲ့ ထိုးပြထားတဲ့ Presentation ကို ကြည့်ရနဲ့ အကြည့်တစ်လိုင်းကြီးပါပဲ။ ဒီလိုတွေ ကြည့်နေရလို့ ဘာမှ မကြည့်ချင်တော့ဘူးဆိုပြီး ဖြစ်မယ်မထင်နဲ့။ အိမ်ရောက်ရင်လည်း ဖုန်းလေးပွတ်ပြီး Facebook လေးတော့ ကြည့်လိုက်ရမှ။

ဒီလောက်သုံးနေတဲ့ မျက်လုံး ကြာလာတော့ ညောင်းပြီပေါ့ဗျာ၊ဒဏ်ဖြစ်ပြီပေါ့။ ဒီလို ဒဏ်ဖြစ်နေတဲ့သူတွေတွေ့တော့ ကိုယ်ချင်းစာတယ်။ ဒီတော့ ဒီဝေဒနာကို ချက်ချင်းကြီး မပျောက်တောင် ဘယ်လိုကာကွယ်မလဲ၊ ဖြစ်လာရင် ဘယ်လို သက်သာအောင် လုပ်မလဲ ဝေမျှပေးလိုက်ပါတယ်။

၁) Eye Mask သုံးပါ

ဒါက အလုပ်ထဲမှာလည်း သုံးလို့ရတယ်။ ပဝါစအသေးလေးကို ရေစွတ်ပြီး မျက်လုံးပေါ်မှာ ၇ မိနစ်လောက် အုပ်ထားရုံပါပဲ။ ဒါကို အကြိမ်ကြိမ်အခါခါ လုပ်ပေးနိုင်ပါတယ်။ ပဝါကို ရေမစွတ်ရင်လည်း ရေခဲ ဒါမှမဟုတ် သုံးပြီးသားလက်ဖက်ခြောက်ထုပ်လေးတွေကိုလည်း မျက်စိပေါ် ကပ်ပေးနိုင်ပါတယ်။ သခွားသီးကိုလည်း ကပ်ပြီး သုံးလို့ရပါသေးတယ်။

၂) အလင်းရောင်ကို ချိန်ညှိပါ

မီးချောင်းအလင်းရောင်စူးစူးပြင်းပြင်းတွေဟာ မျက်လုံးကို ထိခိုက်စေပါတယ်။ အလင်းရောင်စူးရင် မျက်လုံးက ပိုအားစိုက်ရတဲ့အတွက် အလင်းအားကို သင့်တော်သလောက်ပဲ ထားသင့်ပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက ပြင်ပသဘာဝအလင်းရောင်ကလည်း ကွန်ပျူတာမျက်နှာပြင်ကို ထိရင် အလင်းပြန်တတ်တဲ့အတွက် Anit-reflective Screen ကို ကွန်ပျူတာမှာ ကပ်ထားသင့်ပါတယ်။

၃) ကွန်ပျူတာ Brightness ကို ချိန်ညှိပါ

ဒါကတော့ သိပြီးသားဖြစ်မှာပါ။ ကွန်ပျူတာမော်နီတာရဲ့ Brightness နဲ့ Contrast ကို ချိန်ညှိဖို့လိုသလို မော်နီတာကို မျက်လုံးနဲ့ အရမ်းမနီးစေဖို့လည်း ဂရုပြုရပါမယ်။

၄) မျက်လုံးလေ့ကျင့်ခန်းလုပ်ပေးပါ

မျက်လုံးဟာလည်း ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းကြွက်သားတွေလိုပဲ လေ့ကျင့်ပေးလို့ ရပါတယ်။ ဒါကြောင့်မျက်လုံးကို တစ်ဝက်မှိတ်ထားတဲ့ အနေအထားမှာ ရပ်ထားပြီး ၅စက္ကန့်လောက် ငြိမ်နေပါ။ ဒီလို မျက်စိမှေးပြီး ကြည့်တာဟာ မျက်လုံးညောင်းတာကို သက်သာစေပြီး မျက်စိသူငယ်အိမ်အရွယ်အစားကို ခဏတာ လျှော့ချပေးပါတယ်။

၅) မျက်လုံးမှိတ်ပြီး အသက်ရှူပါ

ခုနလို မျက်လုံးမှေးစင်းတဲ့ လေ့ကျင့်ခန်းပြီးတာနဲ့ မျက်လုံးမှိတ်ပြီး အသက်ပြင်းပြင်းရှူပါ။ ရှူလိုက်တဲ့အခါမှာ လေတွေဟာ နှာခေါင်းကတဆင့် မျက်လုံးထဲကို ရောက်ရှိသွားတယ်လို့ စိတ်ကူးပါ၊ အသက်ပြန်ရှူထုတ်ရင်တော့ ပါးစပ်ကတစ်ဆင့် ပြန်ထုတ်ပါ။ ဒီလို လုပ်ပေးတာဟာ မျက်လုံးညောင်းတာကို သက်သာစေပြီး မျက်ခွံတေကို သန်မာစေပါတယ်။

၆) မျက်စဉ်းသုံးပါ

နေ့စဉ်သုံးလို့ရတဲ့ မျက်စဉ်းအမျိုးအစားကို သုံးပြီး မျက်လုံးခြောက်သွေ့ယားယံခြင်းမှ ကာကွယ်ပါ။

၇) နေကာမျက်မှန် ဒါမှမဟုတ် ကွန်ပျူတာကြည့်မျက်မှန်

မျက်လုံးဟာလည်း တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုပဲ ကာကွယ်ဖို့လိုပါတယ်။ နေပူထဲထွက်ရင် နေကာမျက်မှန်တပ်ဖို့ လိုသလို ကွန်ပျူတာကြည့်မျက်မှန်သုံးပေးတာကလည်း မျက်လုံးကို ညောင်းညာခြင်းဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။

၈) မျက်လုံးလိုတာထက်ပိုညောင်းနေရင် ဆရာဝန်နဲ့ ပြဖို့ သင့်ပါပြီ

အပေါ်က ပြောတဲ့ နည်းလမ်းတွေဟာ မျက်စိညောင်းညာတာကို သက်သာစေပေမယ့် ဒီထက်ပိုဆိုးဝါးတဲ့ လက္ခဏာတွေ ပြနေရင်တော့ ရေတိုနည်းလမ်းတွေ မလုပ်ဘဲ ဆရာဝန်နဲ့  ပြသင့်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com