မ်က္ဝန္းဆိုတာ စိတ္ရဲ႕ျပတင္းေပါက္တဲ႔ေနာ္။ အခုေခတ္မွာသာ ေဖ႔စ္ဘြတ္ခ္ မက္ဆင္ဂ်ာကေနတဆင္႔ ခ်စ္စကားေတြေျပာ အေျဖစကားေတြေပးျပီးသမီးရည္းစားေတြ ျဖစ္သြားၾကေပမယ္႔ ဟိုတုန္းကေတာ႔ မ်က္ဝန္းကေနတဆင္႔သာ ခ်စ္အေျဖကိုရွာရတာ မဟုတ္ပါလား။ အျမင္အာရံုအတြက္သာမက ကိုယ္႔ခံစားခ်က္ဓိပၸါယ္ကို အမ်ားၾကီးေဖာ္ေဆာင္ေပးတဲ႔ ဒီမ်က္ဝန္းေလးေတြဟာ တျခားေသာကိုယ္ခႏၶာအစိတ္အပို္င္းေတြထက္ပိုႏူးည႔ံသလို ပိုဂရုစိုက္ေပးဖို႔လည္းလိုပါတယ္။ ၾကာၾကာဝါးမယ္႔သြား အရိုးၾကည္႔ေရွာင္ဆိုသလိုပါပဲ။ ၾကာၾကာၾကည္႔မယ္႔မ်က္လံုးေတြကေတာ႔ ဒီအခ်က္ေတြကိုၾကည္႔ေရွာင္ရမွာပါေနာ္။ ေဆာင္သင္႔တာေတြလည္း ေဆာင္ေပါ႔ေနာ္။

၁။ အာဟာရရွိရွိစားပါ

မ်က္လံုးေလးေတြ က်န္းမာဖို႔ အာဟာရရွိတဲ့ အစားအေသာက္ေတြစားဖို႔လိုပါတယ္။ မ်က္လံုးနဲ႔ပတ္သက္တဲ႔ေရာဂါေတြကင္းေဝးဖို႔ ဟင္းႏုုနယ္ ၊ ကိုက္လန္လုိမ်ဳိး အစိမ္းေရာင္အရြက္ေတြ ၊ ေဆာ္လမြန္ငါး ၊ တူနာငါးလုိမ်ဳိး အဆီျပည့္ဝတဲ့ငါးေတြ ၊ ဥေတြ ၊ အခြံမာသီးေတြ ၊ ပဲနဲ႔ တျခားပရိုတိန္းပါတဲ့ အသီးအရြက္ေတြ ၊ လိေမၼာ္သီးလုိမ်ဳိး အရည္ရႊမ္းတဲ့အသီးေတြနဲ႔ကမာေကာင္ ၊ ဝက္သား စတာေတြကုိ စားသံုးေပးသင့္ပါတယ္။

၂။ ေဆးလိပ္မေသာက္ပါနဲ႔

ေဆးလိပ္ေသာက္တာဟာ အျမင္အာရံုကို ထိခိုက္ေစၿပီး မ်က္လံုးအတြင္းတိမ္ကို ျဖစ္ေစပါတယ္။ မ်က္လံုးအတြက္သာမက တစ္ကိုယ္လံုးက်န္းမာေရးအတြက္ ေဆးလိပ္မျဖစ္မေနျဖတ္သင္႔ပါတယ္။ တကယ္ေဆးလိပ္ျဖတ္ေတာ႔မယ္ဆိုရင္ေတာ႔ ဆရာဝန္အကူအညီယူႏိုင္ပါတယ္။

၃။ ေနကာမ်က္မွန္တပ္ပါ

ၾကာၾကာၾကည္႔မယ္႔မ်က္လံုး ေနေရာင္ၾကည္႔ေရွာင္လို႔ ဆုိရမွာပါေနာ္။ ေနကာမ်က္မွန္တပ္တာေၾကာင့္ မ်က္လံုးကို ခရမ္းလြန္ေရာင္ျခည္မထိေတြ႔ေအာင္ ကာကြယ္ေပးပါတယ္။
ခရမ္းလြန္ေရာင္ျခည္နဲ႔ထိေတြ႔မႈမ်ားလာရင္ေတာ့ မ်က္စိအားနည္းလာၿပီး အတြင္းတိမ္ျဖစ္ႏိုင္ေျခပိုမ်ားလာပါတယ္။ ဒါေၾကာင္႔ စတိုင္လ္လုပ္တယ္ပဲဆုိဆို ၊ မိုးအု႔ံမ်က္မွန္ၾကီးနဲ႔ ပဲမ်ားတယ္ပဲေျပာေျပာ ဂရုစိုက္မေနဘဲေနကာမ်က္မွန္ တပ္ျဖစ္ေအာင္တပ္ပါ။

၄။ မ်က္လံုးကို အကာအကြယ္ေပးတဲ့ အရာေတြ၀တ္ဆင္ပါ

အလုပ္မွာပဲျဖစ္ျဖစ္အိမ္မွာပဲျဖစ္ျဖစ္ မ်က္လံုးအတြက္ အႏၱရာယ္ရွိေစတဲ့ အရာ၀တၳဳေတြ ကိုင္တြယ္ရတဲ႔အခါ ၊ အားကစားလုပ္တဲ့အခါ လံုၿခံဳေရးမ်က္မွန္ဒါမွမဟုတ္ တစ္ျခားမ်က္လံုးကို အကာအကြယ္ေပးတဲ့ အရာေတြဝတ္ဆင္သင့္ပါတယ္။

၅။ ကြန္ျပဴတာမ်က္ႏွာျပင္ကေန အေ၀းကုိ ၾကည့္ေပးပါ

ဖုန္း ဒါမွမဟုတ္ ကြန္ျပဴတာကို အခ်ိန္ၾကာၾကာၾကည့္ရင္ မ်က္လံုးနာတာ၊ အျမင္ေဝဝါးတာ ၊ အေဝးမႈန္တာ၊ မ်က္လံုးေျခာက္ေသြ႕တာ ၊ ေခါင္းကိုက္တာ ၊ ဇက္ေၾကာထိုးတာေတြ ျဖစ္ႏုိင္ပါတယ္။

ဒါေၾကာင္႔ လုပ္သင္႔တာက

-သင့္မ်က္မွန္က ကြန္ျပဴတာၾကည့္ဖို႔ အဆင္ေျပမေျပ ဆန္းစစ္ပါ။ ကြန္ျပဴတာမ်က္ႏွာျပင္ကို သင့္မ်က္လံုးနဲ႔တစ္တန္းတည္းထားပါ။

-ေတာက္ပလြန္းတဲ့ အလင္းေရာင္ေတြမၾကည့္မိေအာင္ သတိထားပါ။

-မ်က္လံုးေျခာက္ေနရင္ မ်က္ေတာင္မ်ားမ်ားခတ္ေပးပါ။

-ကြန္ျပဴတာသံုးေနခ်ိန္ မိနစ္၂၀ အၾကာ တစ္ႀကိမ္ခန္႔ မ်က္လံုးကို အနားေပးပါ။ အနားေပးေနတဲ့အခ်ိန္
ကြန္ျပဴတာမ်က္ႏွာျပင္ကေန ေပ၂၀ ေလာက္အကြာအေ၀းကို စကၠန္႔ ၂၀ေလာက္ ၾကည့္ေပးပါ။

-ႏွစ္နာရီတစ္ႀကိမ္ ၁၅မိနစ္ခန္႔ အနားယူပါ။

ဒီလိုအေျခခံအခ်က္ေလးေတြကို သတိထားလုပ္ေဆာင္ႏိုင္ျပီဆိုရင္ေတာ႔   မ်က္လံုးက်န္းမာေရးအတြက္ တစ္စိတ္တစ္ပိုင္းစိတ္ခ်ရျပီျဖစ္ပါတယ္။

www.akhayar.com

Unicode

မျက်ဝန်းဆိုတာ စိတ်ရဲ့ပြတင်းပေါက်တဲ့နော်။ အခုခေတ်မှာသာ ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာကနေတဆင့် ချစ်စကားတွေပြော အဖြေစကားတွေပေးပြီးသမီးရည်းစားတွေ ဖြစ်သွားကြပေမယ့် ဟိုတုန်းကတော့ မျက်ဝန်းကနေတဆင့်သာ ချစ်အဖြေကိုရှာရတာ မဟုတ်ပါလား။ အမြင်အာရုံအတွက်သာမက ကိုယ့်ခံစားချက်ဓိပ္ပါယ်ကို အများကြီးဖော်ဆောင်ပေးတဲ့ ဒီမျက်ဝန်းလေးတွေဟာ တခြားသောကိုယ်ခန္ဓာအစိတ်အပိုင်းတွေထက်ပိုနူးညံ့သလို ပိုဂရုစိုက်ပေးဖို့လည်းလိုပါတယ်။ ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်ဆိုသလိုပါပဲ။ ကြာကြာကြည့်မယ့်မျက်လုံးတွေကတော့ ဒီအချက်တွေကိုကြည့်ရှောင်ရမှာပါနော်။ ဆောင်သင့်တာတွေလည်း ဆောင်ပေါ့နော်။

၁။ အာဟာရရှိရှိစားပါ

မျက်လုံးလေးတွေ ကျန်းမာဖို့ အာဟာရရှိတဲ့ အစားအသောက်တွေစားဖို့လိုပါတယ်။ မျက်လုံးနဲ့ပတ်သက်တဲ့ရောဂါတွေကင်းဝေးဖို့ ဟင်းနုုနယ် ၊ ကိုက်လန်လိုမျိုး အစိမ်းရောင်အရွက်တွေ ၊ ဆော်လမွန်ငါး ၊ တူနာငါးလိုမျိုး အဆီပြည့်ဝတဲ့ငါးတွေ ၊ ဥတွေ ၊ အခွံမာသီးတွေ ၊ ပဲနဲ့ တခြားပရိုတိန်းပါတဲ့ အသီးအရွက်တွေ ၊ လိမ္မော်သီးလိုမျိုး အရည်ရွှမ်းတဲ့အသီးတွေနဲ့ကမာကောင် ၊ ဝက်သား စတာတွေကို စားသုံးပေးသင့်ပါတယ်။

၂။ ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်တာဟာ အမြင်အာရုံကို ထိခိုက်စေပြီး မျက်လုံးအတွင်းတိမ်ကို ဖြစ်စေပါတယ်။ မျက်လုံးအတွက်သာမက တစ်ကိုယ်လုံးကျန်းမာရေးအတွက် ဆေးလိပ်မဖြစ်မနေဖြတ်သင့်ပါတယ်။ တကယ်ဆေးလိပ်ဖြတ်တော့မယ်ဆိုရင်တော့ ဆရာဝန်အကူအညီယူနိုင်ပါတယ်။

၃။ နေကာမျက်မှန်တပ်ပါ

ကြာကြာကြည့်မယ့်မျက်လုံး နေရောင်ကြည့်ရှောင်လို့ ဆိုရမှာပါနော်။ နေကာမျက်မှန်တပ်တာကြောင့် မျက်လုံးကို ခရမ်းလွန်ရောင်ခြည်မထိတွေ့အောင် ကာကွယ်ပေးပါတယ်။
ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မှုများလာရင်တော့ မျက်စိအားနည်းလာပြီး အတွင်းတိမ်ဖြစ်နိုင်ခြေပိုများလာပါတယ်။ ဒါကြောင့် စတိုင်လ်လုပ်တယ်ပဲဆိုဆို ၊ မိုးအုံ့မျက်မှန်ကြီးနဲ့ ပဲများတယ်ပဲပြောပြော ဂရုစိုက်မနေဘဲနေကာမျက်မှန် တပ်ဖြစ်အောင်တပ်ပါ။

၄။ မျက်လုံးကို အကာအကွယ်ပေးတဲ့ အရာတွေဝတ်ဆင်ပါ

အလုပ်မှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ် မျက်လုံးအတွက် အန္တရာယ်ရှိစေတဲ့ အရာဝတ္ထုတွေ ကိုင်တွယ်ရတဲ့အခါ ၊ အားကစားလုပ်တဲ့အခါ လုံခြုံရေးမျက်မှန်ဒါမှမဟုတ် တစ်ခြားမျက်လုံးကို အကာအကွယ်ပေးတဲ့ အရာတွေဝတ်ဆင်သင့်ပါတယ်။

၅။ ကွန်ပြူတာမျက်နှာပြင်ကနေ အဝေးကို ကြည့်ပေးပါ

ဖုန်း ဒါမှမဟုတ် ကွန်ပြူတာကို အချိန်ကြာကြာကြည့်ရင် မျက်လုံးနာတာ၊ အမြင်ဝေဝါးတာ ၊ အဝေးမှုန်တာ၊ မျက်လုံးခြောက်သွေ့တာ ၊ ခေါင်းကိုက်တာ ၊ ဇက်ကြောထိုးတာတွေ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် လုပ်သင့်တာက

-သင့်မျက်မှန်က ကွန်ပြူတာကြည့်ဖို့ အဆင်ပြေမပြေ ဆန်းစစ်ပါ။ ကွန်ပြူတာမျက်နှာပြင်ကို သင့်မျက်လုံးနဲ့တစ်တန်းတည်းထားပါ။

-တောက်ပလွန်းတဲ့ အလင်းရောင်တွေမကြည့်မိအောင် သတိထားပါ။

-မျက်လုံးခြောက်နေရင် မျက်တောင်များများခတ်ပေးပါ။

-ကွန်ပြူတာသုံးနေချိန် မိနစ်၂၀ အကြာ တစ်ကြိမ်ခန့် မျက်လုံးကို အနားပေးပါ။ အနားပေးနေတဲ့အချိန်
ကွန်ပြူတာမျက်နှာပြင်ကနေ ပေ၂၀ လောက်အကွာအဝေးကို စက္ကန့် ၂၀လောက် ကြည့်ပေးပါ။

-နှစ်နာရီတစ်ကြိမ် ၁၅မိနစ်ခန့် အနားယူပါ။

ဒီလိုအခြေခံအချက်လေးတွေကို သတိထားလုပ်ဆောင်နိုင်ပြီဆိုရင်တော့   မျက်လုံးကျန်းမာရေးအတွက် တစ်စိတ်တစ်ပိုင်းစိတ်ချရပြီဖြစ်ပါတယ်။

www.akhayar.com