[Zawgyi]

Battery ကို ဘယ္လိုအားသြင္းတာ အေကာင္းဆုံးျဖစ္မလဲ

ဘက္ထရီအားသြင္းတာနဲ႔ ပတ္သက္လို႔ ၁၀၀ ရာခိုင္ႏႈန္း ျပည့္တဲ့အထိ အားသြင္းသင့္လား မသြင္းသင့္ဘူးလားဆိုတဲ့ ေမးခြန္းက အခုခ်ိန္မွာ ေျဖရွင္းရတဲ့ ပုစာၦတစ္ပုဒ္လို ျဖစ္ေနပါတယ္။ Website တခ်ိဳ႕မွာ အား ၁၀၀ အျပည့္သြင္းတာ မေကာင္းဘူးလို႔ ေျပာေနၾကသလို Battery Saver တခ်ိဳ႕နဲ႔ Website ေတြမွာ ၁၀၀ ရာခိုင္ႏႈန္းအထိ အားသြင္းေပးဖို႔ Recommend ေပးထားတာ ျမင္ဖူးၾကမွာပါ။

Galaxy S8 on Samsung Wireless Charger

ဒါဆိုရင္ မူကြဲေနတဲ့ Battery အားသြင္းစနစ္နဲ႔ ပတ္သက္လို႔ ရွင္းရွင္းလင္းလင္း ျဖစ္သြားေအာင္ ကြၽမ္းက်င္သူေတြ ေထာက္ျပထားတဲ့အတိုင္း တင္ျပသြားပါ့မယ္။ အခုခ်ိန္ စမတ္ဖုန္းေတြ၊ Tablet ေတြနဲ႔ Laptop ေတြမွာ Lithium-ion Battery ကို အဓိကထား အသုံးျပဳေနၾကတာ သိၿပီးသားျဖစ္ၾကမွာပါ။ ဘာလို႔လဲဆိုရင္ Lithium-ion Battery ေတြဟာ အထူးတလည္ ထိန္းသိမ္းစရာမလို၊ ျပဳျပင္ေပးစရာလဲ မလိုတဲ့ အခ်က္ေၾကာင့္ အသုံးမ်ားလာတာဆိုရင္ မမွားပါဘူး။

iPhone X with Wireless Charger

ဘာလို႔ဒီလို အားသာခ်က္ရွိေနသလဲဆိုတာကို နားလည္ေအာင္ ထပ္ေျပာရမယ္ဆိုရင္ Battery မွာ ဓာတ္မတိုင္ Anode နဲ႔ ဓာတ္ဖိုတိုင္ Cathode ႏွစ္မ်ိဳးပါဝင္သလို သူတို႔ႏွစ္ခုအၾကားမွာ လွ်ပ္ကူးႏိုင္တဲ့ Electrolyte ဆိုတဲ့ အလႊာတစ္ခု ရွိပါတယ္။ ဖုန္းသုံးေနတဲ့အခါ Anode ဆီက Electron ထြက္လာလို႔ ဓာတုသေဘာအရ လွ်ပ္စစ္စြမ္းအင္ရရွိလာမွာပါ၊ အဲ့ဒီလို ထြက္လာတဲ့ Electron ေလးေတြဟာ Electrolyte တစ္ေလွ်ာက္ စီးဆင္းသြားၿပီး တစ္ဖက္က Cathode ဆီသြားေျပးကပ္မွာပါ။ ဒီလိုပဲ အားသြင္းလိုက္တဲ့အခါက်ရင္လည္း Cathode ဆီမွာ တြယ္ကပ္ေနတဲ့ Electron ေလးေတြဟာ Anode ဆီမွာက်န္ေနခဲ့တဲ့ Electron Hole ေလးေတြ ျပန္ျဖည့္ေပးဖို႔ Electrolyte တေလွ်ာက္ျပန္စီးသြားမွာပါ။

Be Careful Charging your device

ဒီနည္းအားျဖင့္ ႐ိုး႐ိုး Battery ေတြထက္ သက္တမ္းၾကာၾကာ ပိုအသုံးခံလာေပမယ့္ နည္းလမ္းမမွန္တဲ့ Battery အားသြင္းစနစ္ေတြေၾကာင့္ Li-ion Battery ေတြမွာလည္း အားမခံေတာ့တဲ့ ျပႆနာ အခုေနာက္ပိုင္း ႀကဳံေတြ႕လာရတာပါ။ Battery အား ၾကာၾကာမခံေတာ့တဲ့ အဓိကအခ်က္ေတြထဲမွာ ပထမဆုံးပါဝင္ေနတာက အားသြင္းေနတုန္း ဖုန္းသုံးေနတဲ့ အက်င့္ဆိုးတစ္ခုပါ။

LG Smartphone on Wireless Charger

ဘာလို႔လဲဆိုရင္ Li-ion Battery ေတြမွာ Electron တစ္လုံး ထြက္သြားတိုင္း 0.1V နဲ႔ ညီမွ်တဲ့ လွ်ပ္စစ္စြမ္းအင္ ထြက္လာပါတယ္။ ေနာက္ၿပီး ႐ုပ္ရွင္နဲ႔ ဂိမ္းလို Activity မ်ိဳးေတြကလည္း Battery Power အစားမ်ားတာမလို႔ Volt အား လုံလုံေလာက္ေလာက္ ေထာက္ပံ့ထားဖို႔ လိုအပ္မွာပါ။ အဲ့ဒါကို Battery အားသြင္းေနရင္း သြားသုံးမိမယ္ဆိုရင္ေတာ့ Battery ကို ဝန္ပိေစတာနဲ႔ အတူတူပါပဲ။ ဆိုးက်ိဳးအေနနဲ႔ အားသြင္းတဲ့အခ်ိန္ ပိုၾကာလာမယ္၊ Volt မ်ားမ်ားထြက္လာရင္ အပူလဲ မ်ားမ်ားထြက္လာမယ္၊ အဲ့ဒီမွာ Battery နဲ႔ အပူ မတည့္အတူေနဆိုသလို အပူခ်ိန္ျမင့္လာရင္ Temperature Stress ျဖစ္လာမယ္၊ ေနာက္ဆုံးအေနနဲ႔ Battery Life ျမန္ျမန္ က်သြားမယ့္ ဆိုးက်ိဳး သက္ေရာက္ႏိုင္ပါတယ္။

Wired Charging Way

ေနာက္တစ္ခ်က္တစ္ခုက အား ၁၀၀ ရာခိုင္ႏႈန္းျပည့္ေအာင္ သြင္းဖို႔လိုသလား၊ မလိုဘူးလား ဆိုတဲ့ ေမးခြန္းပါ။ ဒီေမးခြန္းကို သီအိုရီအရ ေျပာရမယ္ဆိုရင္ တစ္လကို အနည္းဆုံး တစ္ႀကိမ္ေလာက္ သြင္းေပးဖို႔ လိုအပ္တယ္လို႔ ေျပာႏိုင္ပါတယ္။ Li-ion Battery ေတြမွာ Battery Memory နည္းပညာထည့္မသြင္းေပးထားလို႔ ဘယ္လိုပဲ အားသြင္းအားသြင္း အစဥ္ေျပတဲ့ အေနအထားမွာ ရွိပါတယ္။ ဒီေနရာမွာ အား ၁၀၀ ရာခိုင္ႏႈန္း အျပည့္သြင္းဖို႔ သုေတသီေတြ Recommend ေပးတဲ့အခ်က္က Anode ဆိုတဲ့ ဓာတ္မတိုင္မွာ က်န္ေနခဲ့တဲ့ Electron Hole ေတြကို Recovery လုပ္ဖို႔ အခ်ိန္ေပးတဲ့ သေဘာလို႔ ဆိုလိုခ်င္တာပါ။

Lithium-ion Battery Charging Status

ဒါဆိုရင္ အနည္းဆုံးတစ္ႀကိမ္ေတာ့ Full Cycle Charge (20-100%) အားသြင္းေပးဖို႔ လိုအပ္ၿပီး 20-80% ျဖစ္ေစ၊ 40-60% ျဖစ္ေစ အားသြင္းအသုံးျပဳတာမ်ိဳးက Battery Life ကို မထိခိုက္နိင္ဘူးလို႔ သိရပါတယ္။ ဒါေပမယ့္ 0-100% အားသြင္းတာမ်ိဳး ေရွာင္ရွားသင့္တယ္လို႔ သတိေပးထားသလို တညလုံး အားသြင္းထားတာမ်ိဳး မလုပ္သင့္ဘူးလို႔လည္း ေျပာၾကားထားပါတယ္။ အဲ့ဒါဘာလို႔လဲဆိုရင္ အားသြင္းေနတဲ့အခါ အေပၚမွာ ေျပာထားသလို Cell Voltage ထြက္လာတာမလို႔ မလိုအပ္ဘဲ အခ်ိန္ၾကာၾကာ အားသြင္းတာမ်ိဳးက Battery Cell သိုေလွာင္ႏိုင္တဲ့ Voltage ပမာဏ ေလ်ာ့က်သြားႏိုင္တယ္ဆိုတဲ့ အခ်က္ေၾကာင့္ပါ။

Dash Charging on OnePlus Smartphone

အႏွစ္ခ်ဳပ္အေနနဲ႔ အား ၁၀၀ အျပည့္သြင္းတာမ်ိဳး သုေတသီေတြ Recommend မေပးထားသလို အားသြင္းရင္း ဖုန္းသုံးေနတာမ်ိဳး၊ ညလုံးေပါက္ ပလပ္တပ္ထားတာမ်ိဳး မလုပ္ဖို႔ တိုက္တြန္းထားပါတယ္။ ရံဖန္ရံခါ 20-80% ၊ 40-80% အထိ အားသြင္းတာမ်ိဳး လုပ္ႏိုင္သလို အသုံးမျပဳဘဲ ၾကာၾကာသိမ္းထားခ်င္တယ္ဆိုရင္ေတာ့ အား 50% နဲ႔အထက္မွာ သိမ္းထားတာက အေကာင္းဆုံးျဖစ္တယ္လို႔ သိရပါတယ္။

2B (Akhayar)

www.akhayar.com

[Unicode]

Battery ကို ဘယ်လိုအားသွင်းတာ အကောင်းဆုံးဖြစ်မလဲ

ဘက်ထရီအားသွင်းတာနဲ့ ပတ်သက်လို့ ၁၀၀ ရာခိုင်နှုန်း ပြည့်တဲ့အထိ အားသွင်းသင့်လား မသွင်းသင့်ဘူးလားဆိုတဲ့ မေးခွန်းက အခုချိန်မှာ ဖြေရှင်းရတဲ့ ပုစ္ဆာတစ်ပုဒ်လို ဖြစ်နေပါတယ်။ Website တချို့မှာ အား ၁၀၀ အပြည့်သွင်းတာ မကောင်းဘူးလို့ ပြောနေကြသလို Battery Saver တချို့နဲ့ Website တွေမှာ ၁၀၀ ရာခိုင်နှုန်းအထိ အားသွင်းပေးဖို့ Recommend ပေးထားတာ မြင်ဖူးကြမှာပါ။

Galaxy S8 on Samsung Wireless Charger

ဒါဆိုရင် မူကွဲနေတဲ့ Battery အားသွင်းစနစ်နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် ကျွမ်းကျင်သူတွေ ထောက်ပြထားတဲ့အတိုင်း တင်ပြသွားပါ့မယ်။ အခုချိန် စမတ်ဖုန်းတွေ၊ Tablet တွေနဲ့ Laptop တွေမှာ Lithium-ion Battery ကို အဓိကထား အသုံးပြုနေကြတာ သိပြီးသားဖြစ်ကြမှာပါ။ ဘာလို့လဲဆိုရင် Lithium-ion Battery တွေဟာ အထူးတလည် ထိန်းသိမ်းစရာမလို၊ ပြုပြင်ပေးစရာလဲ မလိုတဲ့ အချက်ကြောင့် အသုံးများလာတာဆိုရင် မမှားပါဘူး။

iPhone X with Wireless Charger

ဘာလို့ဒီလို အားသာချက်ရှိနေသလဲဆိုတာကို နားလည်အောင် ထပ်ပြောရမယ်ဆိုရင် Battery မှာ ဓာတ်မတိုင် Anode နဲ့ ဓာတ်ဖိုတိုင် Cathode နှစ်မျိုးပါဝင်သလို သူတို့နှစ်ခုအကြားမှာ လျှပ်ကူးနိုင်တဲ့ Electrolyte ဆိုတဲ့ အလွှာတစ်ခု ရှိပါတယ်။ ဖုန်းသုံးနေတဲ့အခါ Anode ဆီက Electron ထွက်လာလို့ ဓာတုသဘောအရ လျှပ်စစ်စွမ်းအင်ရရှိလာမှာပါ၊ အဲ့ဒီလို ထွက်လာတဲ့ Electron လေးတွေဟာ Electrolyte တစ်လျှောက် စီးဆင်းသွားပြီး တစ်ဖက်က Cathode ဆီသွားပြေးကပ်မှာပါ။ ဒီလိုပဲ အားသွင်းလိုက်တဲ့အခါကျရင်လည်း Cathode ဆီမှာ တွယ်ကပ်နေတဲ့ Electron လေးတွေဟာ Anode ဆီမှာကျန်နေခဲ့တဲ့ Electron Hole လေးတွေ ပြန်ဖြည့်ပေးဖို့ Electrolyte တလျှောက်ပြန်စီးသွားမှာပါ။

Be Careful Charging your device

ဒီနည်းအားဖြင့် ရိုးရိုး Battery တွေထက် သက်တမ်းကြာကြာ ပိုအသုံးခံလာပေမယ့် နည်းလမ်းမမှန်တဲ့ Battery အားသွင်းစနစ်တွေကြောင့် Li-ion Battery တွေမှာလည်း အားမခံတော့တဲ့ ပြဿနာ အခုနောက်ပိုင်း ကြုံတွေ့လာရတာပါ။ Battery အား ကြာကြာမခံတော့တဲ့ အဓိကအချက်တွေထဲမှာ ပထမဆုံးပါဝင်နေတာက အားသွင်းနေတုန်း ဖုန်းသုံးနေတဲ့ အကျင့်ဆိုးတစ်ခုပါ။

LG Smartphone on Wireless Charger

ဘာလို့လဲဆိုရင် Li-ion Battery တွေမှာ Electron တစ်လုံး ထွက်သွားတိုင်း 0.1V နဲ့ ညီမျှတဲ့ လျှပ်စစ်စွမ်းအင် ထွက်လာပါတယ်။ နောက်ပြီး ရုပ်ရှင်နဲ့ ဂိမ်းလို Activity မျိုးတွေကလည်း Battery Power အစားများတာမလို့ Volt အား လုံလုံလောက်လောက် ထောက်ပံ့ထားဖို့ လိုအပ်မှာပါ။ အဲ့ဒါကို Battery အားသွင်းနေရင်း သွားသုံးမိမယ်ဆိုရင်တော့ Battery ကို ဝန်ပိစေတာနဲ့ အတူတူပါပဲ။ ဆိုးကျိုးအနေနဲ့ အားသွင်းတဲ့အချိန် ပိုကြာလာမယ်၊ Volt များများထွက်လာရင် အပူလဲ များများထွက်လာမယ်၊ အဲ့ဒီမှာ Battery နဲ့ အပူ မတည့်အတူနေဆိုသလို အပူချိန်မြင့်လာရင် Temperature Stress ဖြစ်လာမယ်၊ နောက်ဆုံးအနေနဲ့ Battery Life မြန်မြန် ကျသွားမယ့် ဆိုးကျိုး သက်ရောက်နိုင်ပါတယ်။

Wired Charging Way

နောက်တစ်ချက်တစ်ခုက အား ၁၀၀ ရာခိုင်နှုန်းပြည့်အောင် သွင်းဖို့လိုသလား၊ မလိုဘူးလား ဆိုတဲ့ မေးခွန်းပါ။ ဒီမေးခွန်းကို သီအိုရီအရ ပြောရမယ်ဆိုရင် တစ်လကို အနည်းဆုံး တစ်ကြိမ်လောက် သွင်းပေးဖို့ လိုအပ်တယ်လို့ ပြောနိုင်ပါတယ်။ Li-ion Battery တွေမှာ Battery Memory နည်းပညာထည့်မသွင်းပေးထားလို့ ဘယ်လိုပဲ အားသွင်းအားသွင်း အစဉ်ပြေတဲ့ အနေအထားမှာ ရှိပါတယ်။ ဒီနေရာမှာ အား ၁၀၀ ရာခိုင်နှုန်း အပြည့်သွင်းဖို့ သုတေသီတွေ Recommend ပေးတဲ့အချက်က Anode ဆိုတဲ့ ဓာတ်မတိုင်မှာ ကျန်နေခဲ့တဲ့ Electron Hole တွေကို Recovery လုပ်ဖို့ အချိန်ပေးတဲ့ သဘောလို့ ဆိုလိုချင်တာပါ။

Lithium-ion Battery Charging Status

ဒါဆိုရင် အနည်းဆုံးတစ်ကြိမ်တော့ Full Cycle Charge (20-100%) အားသွင်းပေးဖို့ လိုအပ်ပြီး 20-80% ဖြစ်စေ၊ 40-60% ဖြစ်စေ အားသွင်းအသုံးပြုတာမျိုးက Battery Life ကို မထိခိုက်နိင်ဘူးလို့ သိရပါတယ်။ ဒါပေမယ့် 0-100% အားသွင်းတာမျိုး ရှောင်ရှားသင့်တယ်လို့ သတိပေးထားသလို တညလုံး အားသွင်းထားတာမျိုး မလုပ်သင့်ဘူးလို့လည်း ပြောကြားထားပါတယ်။ အဲ့ဒါဘာလို့လဲဆိုရင် အားသွင်းနေတဲ့အခါ အပေါ်မှာ ပြောထားသလို Cell Voltage ထွက်လာတာမလို့ မလိုအပ်ဘဲ အချိန်ကြာကြာ အားသွင်းတာမျိုးက Battery Cell သိုလှောင်နိုင်တဲ့ Voltage ပမာဏ လျော့ကျသွားနိုင်တယ်ဆိုတဲ့ အချက်ကြောင့်ပါ။

Dash Charging on OnePlus Smartphone

အနှစ်ချုပ်အနေနဲ့ အား ၁၀၀ အပြည့်သွင်းတာမျိုး သုတေသီတွေ Recommend မပေးထားသလို အားသွင်းရင်း ဖုန်းသုံးနေတာမျိုး၊ ညလုံးပေါက် ပလပ်တပ်ထားတာမျိုး မလုပ်ဖို့ တိုက်တွန်းထားပါတယ်။ ရံဖန်ရံခါ 20-80% ၊ 40-80% အထိ အားသွင်းတာမျိုး လုပ်နိုင်သလို အသုံးမပြုဘဲ ကြာကြာသိမ်းထားချင်တယ်ဆိုရင်တော့ အား 50% နဲ့အထက်မှာ သိမ်းထားတာက အကောင်းဆုံးဖြစ်တယ်လို့ သိရပါတယ်။

2B (Akhayar)

www.akhayar.com