[Zawgyi]




















2B (Akhayar)

www.akhayar.com

[Zawgyi]

iPhone Battery ကို စနစ်ကျကျ ဘယ်လို အားသွင်းအသုံးပြုမလဲ

အရင်တစ်ခါတုန်းက စမတ်ဖုန်း ဘက်ထရီ ဘယ်လိုအားသွင်းရမလဲဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ တင်ပြခဲ့ပြီးပြီဆိုတော့ ဒီတခါမှာ iPhone Battery ဘယ်လို စနစ်ကျကျ အသုံးပြုမလဲဆိုတာကို ဖော်ပြပေးသွားပါ့မယ်။

အသုံးမလိုတဲ့ App ကို ပိတ်လိုက်တာက Battery ပိုမခံပါဘူး

တစ်ခါတလေ အသုံးပြုပြီးသား App တွေကို Home Button နှစ်ချက်နှိပ် ပိတ်ထားလိုက်တာက Battery သက်တမ်း ပိုမတိုးလာဘူးလို့ Apple ဆိုထားပါတယ်။ နောက်ပြီး သုံးနေရင်း App Freeze ဖြစ်သွားလို့ Setting ထဲမှာ Disabled လုပ်ထားမိရင်လည်း ပြန်ဖွင့်တဲ့အခါ Battery အားပိုကုန်ပါတယ်။ ဒါက Apple ကိုယ်တိုင် ပြောထားတဲ့အချက်ပါ၊ သူ့ဆိုလိုရင်းက Disabled လုပ်ထားတဲ့ App ပြန်ဖွင့်တဲ့အခါ RAM ပေါ်တင်ဖို့ CPU Power  ပိုသုံးရသလို Battery အား ပိုကုန်တာမလို့ မလိုအပ်ဘဲ Disabled မလုပ်ထားဖို့ Apple တိုက်တွန်းထားပါတယ်။

Set Background App Refresh Correctly

Background App Refresh ထဲမှာ အသုံးမလိုတဲ့ App တွေ ဖယ်ရှားပေးထားပါ

ဒီ Setting က Wi-Fi ဒါမှမဟုတ် Cellular Network တခုခုနဲ့ App Content အသစ် Refresh လုပ်ဖို့ ရွေးချယ်နိုင်တဲ့ အချက်ပါ။ ဒီ Setting ထဲက မလိုအပ်တဲ့ App တွေ ဖယ်ရှားပေးလိုက်တာက အင်တာနက် သုံးစွဲမှုလျှော့ချနိုင်သလို ဘက်ထရီသုံးတာကိုလည်း ခြွေတာနိုင်မယ့် အချက်ပါ။

Charge your phone overnight?

တစ်ညလုံး အားသွင်းတာမျိုးက Battery ကို ထိခိုက်စေနိုင်သလား

Apple Battery တွေက Cycle Count နဲ့ သွားတာမလို့ သူ့သက်တမ်းအလိုက် ဘယ်နှစ်ခါ အားအသွင်းခံမလဲ ဆိုတဲ့အချက်နဲ့ပဲ စကားပြောမှာပါ။ ဒါကြောင့်မလို့ ခေတ်ပေါ် စမတ်ဖုန်းတွေမှာတောင် ဒီလိုမျိုး Advanced Power Management နည်းပညာသုံးလာပြီး အား ၁၀၀ အပြည့်သွင်းထားလို့ ပလပ်ဖြုတ်မထားမိရင်လဲ ဘက်ထရီ ထိခိုက်မှု မရှိပါဘူး။ ဒါမယ့် ဘက်ထရီ အားလုံးက သူ့သက်တမ်းနဲ့သူ လာတာမလို့ အားလဲမခံ၊ စွမ်းဆောင်ရည်လည်း ကျလာခဲ့ရင် ဘက်ထရီ အသစ်အစားထိုးဖို့ Apple တိုက်တွန်းထားပါတယ်။

Replace battery accordingly

Apple အသိမှတ်ပြု Battery တွေပဲ အသုံးပြုပါ

ဒီအချက်က ဟိုးလောတကျော်ကျော်ဖြစ်သွားခဲ့တဲ့ iPhone မော်ဒယ်တချို့ နှေးကွေးလာတာနဲ့ ပတ်သက်ပြီး Processor Power ကို Apple လျှော့ချထားခဲ့တယ်ဆိုတဲ့ ပြဿနာပါ။ ဒီကိစ္စကို Software Update နဲ့ ဖြေရှင်းပေးခဲ့သလို Apple Store တွေမှာ Battery အစားထိုးပေးခဲ့တဲ့ အချိန်ကစပြီး အရည်သွေး မကောင်းတဲ့ Apple Battery ပေါ်ပေါက်လာတဲ့ နောက်ဆက်တွဲ ပြဿနာပါ။ ဒီအတွက် Apple Store တွေမှာ ရောင်းချပေးနေတဲ့ ဒေါ်လာ ၃၀ တန် iPhone Battery တွေကတော့ အာမခံ အပြည့်ရှိတယ်လို့ Apple ပြောထားပါတယ်။ နောက်ပြီး ဖုန်းဘက်ထရီ အသစ်လဲဖို့ လိုမလို Apple Store တွေမှာ ဆန်းစစ်နိုင်သလို Battery သိုလှောင်အား 80% အောက် ရောက်နေပြီဆိုရင် လဲလှယ်ဖို့ အချိန်ကျနေပြီလို့ တိုက်တွန်းထားပါတယ်။

They must always be connected

Wi-Fi နဲ့ Bluetooth ကို မလိုအပ်ရင် ပိတ်ပေးထားပါ

ဒါကတော့ Apple မှ မဟုတ် Android ဖုန်းတွေမှာလည်း Wi-Fi နဲ့ Bluetooth မလိုအပ်ဘဲ ပိတ်ထားလိုက်တာက Battery အားပိုခံပါတယ်။ တကယ်လို့ ဖွင့်မိထားရင်တောင် အားမကုန်ပေမယ့် Apple Watch နဲ့ တွဲသုံးနေတယ်ဆိုရင်တော့ Bluetooth Connection အမြဲလိုလို ဖွင့်ပေးထားရမှာပါ။ Apple Watch ကလည်း Bluetooth ချိတ်မထားရင် အလုပ်မလုပ်ဘူးဆိုတော့ အနည်းနဲ့အများ ဖုန်းဘက်ထရီ ပိုကုန်မှာပါ။ နောက်တချက်က Mobile Connection မကောင်းရင် Airplane Mode ဖွင့်ထားလိုက်တာက ဘက်ထရီအားခြွေတာရာ ရောက်ပါတယ်။ ဘာလို့လဲဆိုရင် Wi-Fi ထက် Celleluar Network က ဘက်ထရီပို အစားနည်းတာမလို့ အမြဲလိုလို Wi-Fi ဖွင့်ထားဖို့ Apple အကြံပြုထားပါတယ်။

Using under direct sunlight can decrease battery life

Auto Brightness Setting သုံးတာက အားပိုခံပါတယ်

ဖုန်း Brightness နည်းနည်းနဲ့ သုံးတာက အားပိုခံပေမယ့် အလင်းထဲရောက်သွားလို့ Brightness တင်လိုက်တဲ့အခါမျိုးမှာ မထင်မှတ်ထားဘဲ ဘက်ထရီ အားပိုစားနေတတ်ပါတယ်။ ဒါကြောင့်မလို့ အားအကုန်မခံနိုင်ဘူးဆိုရင် Control Center ထဲမှာ Auto Brightness ဖွင့်ပေးထားလိုက်တာက ပိုကောင်းတဲ့အချက်ဖြစ်တယ်လို့ Apple ပြောထားပါတယ်။ နိဂုံးအနေနဲ့ကတော့ iOS အသစ်ထွက်တိုင်း Update လုပ်ပေးပါ။ ဒီအချက်က ဘက်ထရီ သက်တမ်း ကြာကြာပိုခံမယ့် လိုအပ်ချက်တခုဖြစ်လို့ Software တွေနဲ့ iOS ကို အမြဲ Update လုပ်ပေးပါလို့ Apple တိုက်တွန်းထားပါတယ်။

2B (Akhayar)

www.akhayar.com