ကိုယ့္ ကြန္ပ်ဴတာမွာ Memory Stick လာထုိးလုိ႔မရေအာင္ ဘယ္လုိကာကြယ္ရမလဲ?

မိမိအသံုးျပဳေနတဲ့ ကြန္ပ်ဴတာမွာ Virus ေတြဝင္ေရာက္မႈဟာ အဓိက Memory Stick ေတြကတစ္ဆင့္ပဲ ဝင္ေရာက္ၾကတာျဖစ္ပါတယ္။ အဲ့ဒါကို တားဆီးဖို႔ဆိုတာကလည္း အလုပ္ခြင္လုိေနရာမ်ိဳးမွာဆုိရင္ လူတုိင္းက ကိုယ့္ကြန္ပ်ဴတာကို ဘယ္အခ်ိန္မွာ Memory Stick ထုိးျပီး အသံုးျပဳသြားတာကို မသိႏုိင္သလုိ အခ်ိန္တိုင္းလည္းေစာင့္ၾကည့္ေနဖုိ႔ မျဖစ္ႏုိင္တဲ့အတြက္ တကယ္လုိ႔ မေတာ္တဆ Virus ဝင္ေရာက္သြားခဲ့ရင္ အခ်ိန္တစ္ခုျပနေ္ပးျပီး ေျဖရွင္းေနရေတာ့မွာပါ။

အခုလုိမ်ိဳးမျဖစ္ရေအာင္ သင့္ကြန္ပ်ဴတာမွာ ရွိတဲ့ USB Port ေတြကို အသံုးျပဳလုိ႔မရေတာ့ေအာင္ ပိတ္ထားႏုိင္တယ္ဆုိတာ သင္သိပါသလား? အဲ့ဒီလုိ Memory Stick ေတြထုိးလို႔မရေအာင္ ပိတ္ထားလုိ႔ရတဲ့ နည္းလမ္း ၃ မ်ိဳးကို ေျပာျပေပးခ်င္ပါတယ္။

#1 Registry ကေနတစ္ဆင့္ ပိတ္ျခင္း

Windows အသံုးျပဳထားတဲ့ ကြန္ပ်ဴတာေတြမွာ Registry ကေန ပိတ္တာကေတာ့ အေကာင္းဆံုးနည္းလမ္းတစ္ခုလုိ႔ ေျပာလုိ႔ရျပီး စိတ္အခ်ရဆံုးနည္းလမ္းတစ္ခုလည္းျဖစ္ပါတယ္။ ဘယ္လုိ ပိတ္ရမလဲဆုိတဲ့ နည္းလမ္းေတြကို ေျပာျပေပးသြားမွာျဖစ္ပါတယ္။

အရင္ဆံုး Windows Key + R ကို ႏွိပ္ျပီး Run Box ကို ေခၚလုိက္ပါ၊ ျပီးရင္ “regedit” လုိ႔ ရုိက္ျပီး Registry Editor ကို ေခၚလိုက္ပါ။

ျပီးရင္ ေပၚလာတဲ့ Window ရဲ႕ ညာဘက္မွာရွိတဲ့ HIKEY_LOCAL_MACHINE ကို ေျဖခ်ျပီး SYSTEM -> CURRENT CONTROL SET -> SERVICE -> USBSTOR ကို ေရာက္ေအာင္သြားပါ။

USBSTOR ကို ႏွိပ္လုိက္ရင္ Window ရဲ႕ ညာဘက္ျခမ္းမွာ စာေၾကာင္း ၈ ေၾကာင္းေလာက္ကိုေတြ႕ျမင္ရမွာျဖစ္ျပီး အဆုိပါ စာေၾကာင္းေတြထဲက Start ဆုိတာကို ႏွိပ္လုိက္ရမွာျဖစ္ပါတယ္။ ေနာက္ထပ္ေပၚလာတဲ့ Window တစ္ခုမွာ Value Data ဆုိတဲ့ အကြက္ရွိမွာျဖစ္ျပီး အထဲက ကိန္းဂဏန္းကို “3” အစား “4” ကို ေျပာင္းျပီး “OK” ႏွိပ္ျပီး ထြက္လုိက္ပါ။

အဲ့ဒါဆုိရင္ USB Ports ေတြကေန တစ္ဆင့္ Memory Stick ေတြကို အသံုးျပဳ၍ရေတာ့မွာမဟုတ္ပါဘူး။ တကယ္လုိ႔ ျပန္ျပီး အသံုးျပဳလုိ႔ရေအာင္ ျပဳလုပ္မယ္ဆုိရင္ေတာ့ အခုနေနရာက USBSTOR ရဲ႕ Value Data ကို “3” ျပန္လည္ ေျပာင္းထားရမွာပဲျဖစ္ပါတယ္။

#2 Device Manager ကေန USB Ports ေတြကို Disable ျပဳလုပ္ျခင္း

ေနာက္ထပ္တစ္နည္းကေတာ့ Device Manager ကို အသံုးျပဳျပီး Disable ျပဳလုပ္တာျဖစ္ျပီး ပထမနည္းနဲ႔ယွဥ္ရင္ လုပ္ရမယ့္အခ်က္ပိုျပီး မ်ားမွာျဖစ္ပါတယ္။

အရင္ဆံုး Device Manager ကို My Computer ကို Right Click ေထာက္ျပီး Manage ကေန Device Manager ကို ေရြးခ်ယ္တာပဲျဖစ္ျဖစ္၊ Windows Key + R ကို ႏွိပ္ျပီး Run Box ကေန “devmgmt” လို႔ Command ရုုိက္ေခၚတာပဲျဖစ္ျဖစ္၊ Windows 8/8.1 နဲ႔ 10 ကို အသံုးျပဳေနတဲ့သူေတြဆိုရင္ Task Bar က Windows Logo ကို Right Click ေထာက္ျပီး Device Manager ကို ေရြးခ်ယ္တာပဲျဖစ္ျဖစ္ ျပဳလုပ္ျပီး ဝင္ေရာက္ႏုိင္မွာျဖစ္ပါတယ္။

Device Manager ထဲေရာက္သြားျပီဆိုရင္ေတာ့ ေအာက္ဆံုးနားမွာရွိတဲ့ Universal Serial Bus Controller ကို ျဖန္႔ခ်ျပီး အဲ့ဒီ List ထဲမွာ ပါဝင္တဲ့ USB Device Driver တစ္ခုခ်င္းစီကုိ Right Click ေထာက္ျပီး Disable ျပဳလုပ္ရမွာျဖစ္ပါတယ္။

ျပဳလုပ္ျပီးရင္ေတာ့ Memory Stick နဲ႔ အရင္စမ္းၾကည့္ျပီး တကယ္လုိ႔ အသံုးျပဳ၍ရေနေသးတယ္ဆုိရင္ ကြန္ပ်ဴတာကို Restart ခ်ၾကည့္ရမွာျဖစ္ပါတယ္။

အခုနည္းနဲ႔ ပိတ္ထားတယ္ဆုိရင္ေတာ့ ျပန္လည္အသံုးျပဳခ်င္ရင္ အခုက Disable ျပဳလုပ္ထားတဲ့ Driver ေတြကို ျပန္ျပီး Enable ျပဳလုပ္ေပးရမွာျဖစ္ပါတယ္။

#3 Device Manager ကေန USB Driver ေတြကို Uninstall ျပဳလုပ္ျခင္း

အခုနည္းကေတာ့ ေနာက္ဆံုးမွျပဳလုပ္ဖို႔ အၾကံျပဳခ်င္ျပီး အခုနကနည္းလမ္းလုိပဲ Device Manager ကေနတစ္ဆင့္ျပဳလုပ္ရမွာျဖစ္ျပီး မတူညီတာက Disable ျပဳလုပ္တာမဟုတ္ေတာ့ပဲ အျပီးတိုင္ Uninstall ျပဳလုပ္လုိက္တာျဖစ္ပါတယ္။

ဒါေပမယ့္ အခုနည္းလမ္းနဲ႔ ပိတ္လုိက္တာက ျပန္လည္အသံုးျပဳခ်င္တယ္ဆုိရင္ USB Driver ေတြကို ျပန္လည္သြင္းရဖုိ႔အထိတစ္ခါတေလ လုိအပ္မွာျဖစ္တဲ့အတြက္ ေနာက္ဆံုး မျဖစ္မေနျပဳလုပ္ဖုိ႔ လုိအပ္မွသာ ျပဳလုပ္ဖုိ႔ အၾကံဳျပဳလုိက္ပါတယ္။

အခုလုိ Memory Stick ေတြကို အသံုးျပဳ၍မရေအာင္ ပိတ္ထားတာက Virus ဝင္ေရာက္မႈကို အနည္းနဲ႔ အမ်ားကာကြယ္ေပးႏုိင္တယ္ဆုိေပမယ့္ လံုးဝစိတ္ခ်ရဖို႔အတြက္ကေတာ့ Anti Virus Software တစ္ခုခု အသံုးျပဳျပီး အျမဲတမ္း Update ျပဳလုပ္ထားတာကေတာ့ စိတ္အခ်ရဆံုးျဖစ္မွာပါ။

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

မိမိအသုံးပြုနေတဲ့ ကွန်ပျူတာမှာ Virus တွေဝင်ရောက်မှုဟာ အဓိက Memory Stick တွေကတစ်ဆင့်ပဲ ဝင်ရောက်ကြတာဖြစ်ပါတယ်။ အဲ့ဒါကို တားဆီးဖို့ဆိုတာကလည်း အလုပ်ခွင်လိုနေရာမျိုးမှာဆိုရင် လူတိုင်းက ကိုယ့်ကွန်ပျူတာကို ဘယ်အချိန်မှာ Memory Stick ထိုးပြီး အသုံးပြုသွားတာကို မသိနိုင်သလို အချိန်တိုင်းလည်းစောင့်ကြည့်နေဖို့ မဖြစ်နိုင်တဲ့အတွက် တကယ်လို့ မတော်တဆ Virus ဝင်ရောက်သွားခဲ့ရင် အချိန်တစ်ခုပြနေ်ပးပြီး ဖြေရှင်းနေရတော့မှာပါ။

အခုလိုမျိုးမဖြစ်ရအောင် သင့်ကွန်ပျူတာမှာ ရှိတဲ့ USB Port တွေကို အသုံးပြုလို့မရတော့အောင် ပိတ်ထားနိုင်တယ်ဆိုတာ သင်သိပါသလား? အဲ့ဒီလို Memory Stick တွေထိုးလို့မရအောင် ပိတ်ထားလို့ရတဲ့ နည်းလမ်း ၃ မျိုးကို ပြောပြပေးချင်ပါတယ်။

#1 Registry ကနေတစ်ဆင့် ပိတ်ခြင်း

Windows အသုံးပြုထားတဲ့ ကွန်ပျူတာတွေမှာ Registry ကနေ ပိတ်တာကတော့ အကောင်းဆုံးနည်းလမ်းတစ်ခုလို့ ပြောလို့ရပြီး စိတ်အချရဆုံးနည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဘယ်လို ပိတ်ရမလဲဆိုတဲ့ နည်းလမ်းတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

အရင်ဆုံး Windows Key + R ကို နှိပ်ပြီး Run Box ကို ခေါ်လိုက်ပါ၊ ပြီးရင် “regedit” လို့ ရိုက်ပြီး Registry Editor ကို ခေါ်လိုက်ပါ။

ပြီးရင် ပေါ်လာတဲ့ Window ရဲ့ ညာဘက်မှာရှိတဲ့ HIKEY_LOCAL_MACHINE ကို ဖြေချပြီး SYSTEM -> CURRENT CONTROL SET -> SERVICE -> USBSTOR ကို ရောက်အောင်သွားပါ။

USBSTOR ကို နှိပ်လိုက်ရင် Window ရဲ့ ညာဘက်ခြမ်းမှာ စာကြောင်း ၈ ကြောင်းလောက်ကိုတွေ့မြင်ရမှာဖြစ်ပြီး အဆိုပါ စာကြောင်းတွေထဲက Start ဆိုတာကို နှိပ်လိုက်ရမှာဖြစ်ပါတယ်။ နောက်ထပ်ပေါ်လာတဲ့ Window တစ်ခုမှာ Value Data ဆိုတဲ့ အကွက်ရှိမှာဖြစ်ပြီး အထဲက ကိန်းဂဏန်းကို “3” အစား “4” ကို ပြောင်းပြီး “OK” နှိပ်ပြီး ထွက်လိုက်ပါ။

အဲ့ဒါဆိုရင် USB Ports တွေကနေ တစ်ဆင့် Memory Stick တွေကို အသုံးပြု၍ရတော့မှာမဟုတ်ပါဘူး။ တကယ်လို့ ပြန်ပြီး အသုံးပြုလို့ရအောင် ပြုလုပ်မယ်ဆိုရင်တော့ အခုနနေရာက USBSTOR ရဲ့ Value Data ကို “3” ပြန်လည် ပြောင်းထားရမှာပဲဖြစ်ပါတယ်။

#2 Device Manager ကနေ USB Ports တွေကို Disable ပြုလုပ်ခြင်း

နောက်ထပ်တစ်နည်းကတော့ Device Manager ကို အသုံးပြုပြီး Disable ပြုလုပ်တာဖြစ်ပြီး ပထမနည်းနဲ့ယှဉ်ရင် လုပ်ရမယ့်အချက်ပိုပြီး များမှာဖြစ်ပါတယ်။

အရင်ဆုံး Device Manager ကို My Computer ကို Right Click ထောက်ပြီး Manage ကနေ Device Manager ကို ရွေးချယ်တာပဲဖြစ်ဖြစ်၊ Windows Key + R ကို နှိပ်ပြီး Run Box ကနေ “devmgmt” လို့ Command ရိုုက်ခေါ်တာပဲဖြစ်ဖြစ်၊ Windows 8/8.1 နဲ့ 10 ကို အသုံးပြုနေတဲ့သူတွေဆိုရင် Task Bar က Windows Logo ကို Right Click ထောက်ပြီး Device Manager ကို ရွေးချယ်တာပဲဖြစ်ဖြစ် ပြုလုပ်ပြီး ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။

Device Manager ထဲရောက်သွားပြီဆိုရင်တော့ အောက်ဆုံးနားမှာရှိတဲ့ Universal Serial Bus Controller ကို ဖြန့်ချပြီး အဲ့ဒီ List ထဲမှာ ပါဝင်တဲ့ USB Device Driver တစ်ခုချင်းစီကို Right Click ထောက်ပြီး Disable ပြုလုပ်ရမှာဖြစ်ပါတယ်။

ပြုလုပ်ပြီးရင်တော့ Memory Stick နဲ့ အရင်စမ်းကြည့်ပြီး တကယ်လို့ အသုံးပြု၍ရနေသေးတယ်ဆိုရင် ကွန်ပျူတာကို Restart ချကြည့်ရမှာဖြစ်ပါတယ်။

အခုနည်းနဲ့ ပိတ်ထားတယ်ဆိုရင်တော့ ပြန်လည်အသုံးပြုချင်ရင် အခုက Disable ပြုလုပ်ထားတဲ့ Driver တွေကို ပြန်ပြီး Enable ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

#3 Device Manager ကနေ USB Driver တွေကို Uninstall ပြုလုပ်ခြင်း

အခုနည်းကတော့ နောက်ဆုံးမှပြုလုပ်ဖို့ အကြံပြုချင်ပြီး အခုနကနည်းလမ်းလိုပဲ Device Manager ကနေတစ်ဆင့်ပြုလုပ်ရမှာဖြစ်ပြီး မတူညီတာက Disable ပြုလုပ်တာမဟုတ်တော့ပဲ အပြီးတိုင် Uninstall ပြုလုပ်လိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် အခုနည်းလမ်းနဲ့ ပိတ်လိုက်တာက ပြန်လည်အသုံးပြုချင်တယ်ဆိုရင် USB Driver တွေကို ပြန်လည်သွင်းရဖို့အထိတစ်ခါတလေ လိုအပ်မှာဖြစ်တဲ့အတွက် နောက်ဆုံး မဖြစ်မနေပြုလုပ်ဖို့ လိုအပ်မှသာ ပြုလုပ်ဖို့ အကြုံပြုလိုက်ပါတယ်။

အခုလို Memory Stick တွေကို အသုံးပြု၍မရအောင် ပိတ်ထားတာက Virus ဝင်ရောက်မှုကို အနည်းနဲ့ အများကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် လုံးဝစိတ်ချရဖို့အတွက်ကတော့ Anti Virus Software တစ်ခုခု အသုံးပြုပြီး အမြဲတမ်း Update ပြုလုပ်ထားတာကတော့ စိတ်အချရဆုံးဖြစ်မှာပါ။

Zawyè (Akhayar) 

www.akhayar.com