အခုခေတ်မှာ Internet ကို မသုံးတဲ့သူမရှိတော့သလောက်ကို ရှားပါးနေပါပြီ။ ဒါပေမယ့် ဒီလိုမျိုး Online အသုံးပြုနေကြပေမယ့် တဖက်မှာလည်း ကိုယ့်ရဲ့ Personal Data တွေ၊ Sensitive ဖြစ်တဲ့ Information တွေကို ဒီလိုမျိုး Internet ပေါ်မှာ ထားထားတာက အချိန်မရွေးကိုယ့် Data တွေကို ခိုးယူခံနိုင်တဲ့အတွက် သတိကြီးကြီး ထားဖို့လည်း လိုအပ်ပါသေးတယ်။

အဲ့ဒါကြောင့် ဒီ Article မှာတော့ ကိုယ့်ရဲ့ Personal Data တွေနဲ့ Privacy ကို Internet ပေါ်မှာ မပေါက်ကြားအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ထိန်းသိမ်းကာကွယ်ကြမလဲဆိုတာကို ပြောပြပေးသွားမှာပါ။

(1) Social Media Profile မှာ Sensitive Information တွေကို သတိထားပြီး ဖြည့်ထားပါ။

အခုအချိန်မှာ လူတိုင်းက Social Media Account တွေကို အမြဲတမ်းအသုံးပြုနေပါပြီ။ ဒါပေမယ့် ဒီ Social Media တွေကနေတဆင့်ပဲ ကိုယ့်ရဲ့ အဓိက Personal Information တွေကို ရယူနေတာလည်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ နာမည်၊ Email ၊ ဖုန်းနံပါတ်ကနေ အစရှိပြီး ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ၊ တက်ခဲ့ကျောင်းတွေ၊ သွားခဲ့တဲ့နေရာတွေ အကုန်လုံးကို Social Media မှာ ဖြည့်ထားတာ၊ တင်နေတာတွေက တကယ်လို့ ကိုယ့် Account က ခိုးယူခံရခဲ့ရင် ကိုယ်နဲ့ သက်ဆိုင်သမျှ Data အကုန်ပါသွားမှာဆိုတော့ ဒီ Sensitive Information ကို ဖြည့်တဲ့အချိန်တွေမှာ သတိထားဖို့က အရေးကြီးပါတယ်။

(2) Messaging Apps တွေသုံးတဲ့အချိန်မှာလည်း End-to-End Encryption Support ရတဲ့ App တွေပဲ သုံးပါ။

ဒါကလည်း အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပြီး လူအများစုရဲ့ ဒီကိုယ်ရေးအချက်အလက်တွေကလည်း ဒီ Chat List တွေကနေပေါက်ကြားခဲ့တဲ့ ကိစ္စတွေအမြောက်အများရှိခဲ့ပါတယ်။ အဲ့ဒါကြောင့် အရေးကြီးတာပဲဖြစ်ဖြစ် ပုံမှန် သူငယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ် စကားပြောမယ်ဆိုရင် ကြားထဲကနေ ဖြတ်ပြီး ခိုးယူလို့မရတဲ့ End-to-End Encryption Support လုပ်တဲ့ Messaging App တွေကို ပြောင်းသုံးတာပိုကောင်းမှာပါ။ ဥပမာ – လက်ရှိလူသုံးများတဲ့ Viber ဆိုရင်လည်း End-to-End Encryption ကို Support ပြုလုပ်တဲ့ App တစ်ခုဖြစ်ပါတယ်။

(3) Security Code တွေကို ကိုယ်တိုင်ကလွဲပြီး တခြားသူတွေကို မပေးပါနဲ့။

အခုနောက်ပိုင်းမှာ ဘယ်လိုမျိုး Social Media Account တွေမှာပဲဖြစ်ဖြစ် အရေးကြီး Setting တစ်ခုခုပြောင်းလဲရင်၊ ဒါမှမဟုတ် Password ပြောင်းခဲ့ရင် ကိုယ့် Account နဲ့ ချိတ်ဆက်ထားတဲ့ Phone Number (သို့) Email ကို Security Code တွေပေးပို့လေ့ရှိပါတယ်။ အဆိုပါ Security Code တွေက များသောအားဖြင့် One-Time Password (OTP) ဖြစ်ပေမယ့် တခြားသူတွေကို မပေးတာအကောင်းဆုံးဖြစ်မှာပါ။ ဒါက Backup Code တွေကို Download လုပ်ထားတတ်တဲ့သူတွေဆိုရင် ပိုလို့တောင် လုံလုံခြုံခြုံသိမ်းထားသင့်ပါသေးတယ်။

(4) ကိုယ်သုံးနေတဲ့ Hardware တွေကို Lock ချထားတာပါ။

လူတိုင်းက ကိုယ်သုံးနေတဲ့ စမတ်ဖုန်းတွေ၊ ကွန်ပျူတာတွေကို ပုံမှန်အားဖြင့် Password ခံထားကြပါတယ်။ ဒါပေမယ့် တကယ်တမ်း လုံခြုံအောင်ဆိုရင် အခုထက်ပိုပြီးလုပ်နိုင်တဲ့နည်းလမ်းတွေရှိပါသေးတယ်။ ဒါတွေကတော့ ကိုယ့်ကွန်ပျူတာမှာဆိုရင်လည်း Windows Password တွေတင်မဟုတ်ဘဲ ပါဝါတက်တာနဲ့ Password နဲ့ဖွင့်ဖို့လိုအပ်တဲ့ BIOS Password ထားတာမျိုးတွေ၊ စမတ်ဖုန်းဆိုလူရင်လည်း မတော်တဆပျောက်ဆုံးခဲ့ရင် ပြန် Locate လုပ်ပြီး Data တွေကို Format ချနိုင်တဲ့ App တွေ၊ Service တွေကို Enable လုပ်ထားတာက ပိုပြီး စိတ်ချရမှာပါ။

(5) ကိုယ်ပိုင်မဟုတ်တဲ့ Device ပေါ်မှာ Browsing လုပ်ရင် Private Browsing နဲ့ပဲသုံးပါ။

တစ်ခါတလေမှာ အရေးတကြီးကိစ္စတစ်ခုခုပေါ်လာလို့ Browser မှာ တစ်ခုခုကို ရှာဖို့လိုအပ်နေပြီးတော့ ကိုယ့်ဆီမှာ ကိုယ်ပိုင်ကွန်ပျူတာမရှိဘူးဆိုရင် တခြားသူတစ်ယောက်ယောက် ဒါမှမဟုတ် ရုံးက ကွန်ပျူတာတွေကို အသုံးပြုရတဲ့အချိန်တွေရှိမှာပါ။ အဲ့ဒီအချိန်မှာဆိုရင် Browser တွေက ကိုယ့်ရဲ့ Browsing History တွေကို မှတ်ထားတတ်တဲ့အတွက် ဒါက တကယ်လို့တခြားတစ်ယောက်ယောက်က အဲ့ဒီ ကွန်ပျူတာတွေကို ဆက်သုံးမယ်ဆိုရင် ကိုယ့် History ကိုပါ သိရှိသွားနိုင်ပါတယ်။ အဲ့ဒီအတွက် အကောင်းဆုံးက Private Browsing နဲ့ပဲ အသုံးပြုတာဖြစ်ပြီး ဒီနည်းလမ်းက ရုံးကကွန်ပျူတာသုံးနေတဲ့သူတွေအတွက် လုပ်ဆောင်သင့်တဲ့ အချက်တစ်ခု လို့ ပြောလို့ရပါတယ်။

(6) Password Manager ကို အသုံးပြုပါ။

တစ်ချို့သူတွေက ကိုယ့်ရဲ့ များစွာသော Password တွေကို စာအုပ်ထဲမှာ ဒါမှမဟုတ် ဖုန်းထဲက Notes App ထဲမှာ မှတ်ထားတာကို မြင်ဖူးကြမှာပါ။ ဒါက အရမ်းကို အန္တရာယ်များပြီးတော့ အခုလိုမျိုး မှတ်ထားမယ့်အစား Password Manger App တွေကို ပြောင်းလဲအသုံးပြုတာက ပိုပြီး စိတ်ချရပါတယ်။ အနည်းဆုံးတော့ Password တွေအများကြီး မှတ်ထားမယ့်အစား Password Manger App ရဲ့ Password တစ်ခုပဲ မှတ်ထားဖို့လိုမှာပါ။

(2) Account တွေအကုန်လုံးနီးပါးကို Two-factor Authentication ခံထားပါ။

ဒါကတော့ အရေးကြီးဆုံးအချက်တစ်ခုလို့တောင်ပြောလို့ရပြီးတော့ လက်ရှိမှာလည်း Facebook ၊ Google ၊ Apple ID ၊ Twitter နဲ့ Microsoft တို့လို Service တွေအကုန်လုံးကလည်း Support ပြုလုပ်တဲ့ Security Service တစ်ခု ဖြစ်ပါတယ်။ Password ရိုက်ပြီးတာနဲ့ Account ထဲဝင်လို့ရတဲ့အစား နောက်တစ်ဆင့် SMS ဒါမှမဟုတ် Third Party Authentication App ခံထားလိုက်တာက ကိုယ့် Account ကို ခိုးယူဖို့ကြိုးစားသူတွေကို အနည်းနဲ့အများ ဟန့်တားနိုင်မှာပါ။

(8) Credit Card Information တွေကို တတ်နိုင်သလောက်စီစစ်ပြီးအသုံးပြုပါ။

Social Media သုံးတဲ့သူအများစုကြုံဖူးတဲ့ကိစ္စတစ်ခုက Phishing Ads တွေ၊ Mail တွေကနေတစ်ဆင့် ဖုန်း ဒါမှမဟုတ် တစ်ခုခု မဲပေါက်တယ်ဆိုပြီး ကိုယ့်ရဲ့ Credit Card လို Payment Information တွေကို တောင်းယူတာပဲဖြစ်ပါတယ်။ ဒါကလည်း အန္တရာယ်များပြီးတော့ တကယ်လို့ Online Purchase တစ်ခုခုလုပ်တော့မယ်ဆိုရင် ကိုယ့် Credit Card Information တွေထည့်ရမယ့် Website က လုံခြုံမှုရှိမရှိကို သေချာစွာစစ်ဆေးပြီး တကယ်လို့ အခက်အခဲကြုံခဲ့ရင် အကူအညီတောင်းလို့ရမယ့် Customer Support ရှိမရှိကိုပါ အရင်စစ်ဆေးသင့်ပါတယ်။

(9) Security Questions တွေကို သိသာနိုင်တဲ့အဖြေတွေမပေးပါနဲ့။

တစ်ချို့သော Social Media တွေက တကယ်လို့ Account နဲ့ ပတ်သတ်ပြီး အကူအညီတစ်ခုခုရယူမယ်၊ Password မေ့သွားလို့ ပြန်ယူမယ်ဆိုရင် Security Question တွေကို မေးမြန်းလေ့ရှိပါတယ်။ ဒီ Security Question တွေက အဆင်ပြေပေမယ့် တဖက်ကကြည့်ရင်လည်း ကိုယ့် Account ကို Hack ချင်တဲ့သူတွေအတွက်လည်း အခွင့်အရေးဖြစ်လာနိုင်ပါတယ်။ အဲ့ဒါကြောင့် ဒီ Security Question တွေရဲ့ အဖြေကို ဖြစ်နိုင်ရင် ကိုယ့်အနီးအနားကလူတွေက ခန့်မှန်းနိုင်တဲ့ အဖြေတွေအစား လုံးဝမဖြစ်နိုင်တဲ့ အဖြေတွေ… ဥပမာ “In which city were you born?” ဆိုတာမျိုးကို “July” လို့ ပေးတာမျိုးတွေပေးထားတာက ပိုလုံခြုံစေမှာပါ။

ဒီအချက်လေးတွေကတော့ ဒီ Online ခေတ်ထဲမှာ ကိုယ့်ရဲ့ Privacy ကို ကာကွယ်ဖို့အတွက် အချက် အနည်းငယ်ပဲဖြစ်ပြီး တကယ်လို့ အခုထိ ဒီအချက်တွေကို မလုပ်ရသေးဘူးဆိုရင်လည်း အခုပဲ ပြုလုပ်ထားသင့်ပါတယ်။