ခံတြင္းနံ႔ဆိုးတာဟာ လူတစ္ေယာက္အတြက္ ေသႏိုင္ေလာက္တဲ႔ေရာဂါေဝဒနာမဟုတ္ေပမယ္႔လည္း ကိုယ္႔ရဲ႕တစ္ကိုယ္ေရသန္႔ရွင္းမႈအေပၚ ထိခိုက္ေနတာေၾကာင္႔ ျဖစ္ခ်င္ရာျဖစ္ပစ္ထားလို႔မရျပန္ပါဘူး။ လူအမ်ားနဲ႔စကားေျပာတဲ႔အခ်ိန္မွာျဖစ္ေစ ခ်စ္သူနဲ႔ခ်စ္စကားတီးတိုးေျပာဆိုရာမွာျဖစ္ေစ ခံတြင္းန႔ံဆိုးျခင္းက အၾကီးၾကီးဒုကၡေပးပါေတာ႔တယ္။ ဒီလိုခံတြင္းန႔ံဆိုးတဲ႔ ျပႆနာကိုခံစားေနၾကရသူေတြဟာ ကမၻာ႔လူဦးေရရဲ႕ ၃၀ % ထိရွိတာမို႔ အားငယ္စရာေတာ႔မလိုပါဘူး။ ဘာေတြေၾကာင္႔ ခံတြင္းနံ႔ဆိုးရသလဲ ဘယ္လိုေပ်ာက္ကင္းေအာင္ လုပ္ႏိုင္မလဲဆိုတာကို မွ်ေဝေပးလိုက္ပါတယ္္။

ဘာေတြေၾကာင္႔ ခံတြင္းန႔ံဆိုးရသလဲ

သြားအေခါင္းေပါက္ျဖစ္တာ ၊ သြားဖံုးေရာဂါ ၊ ခံတြင္းသန္႔ရွင္းမႈမရွိတာ ၊ လွ်ာမွာ အျဖဴ(သို႔) အ၀ါ အဖတ္ေတြကပ္ေနတာေတြေၾကာင့္ ခံတြင္းန႔ံမေကာင္းတာ ျဖစ္ႏိုင္ပါတယ္။ ကြ်န္ေတာ္တို႔ ပါးစပ္ထဲမွာ ရွိတဲ့ ရာနဲ႔ခ်ီတဲ့ ဘက္တီးရီးယားေတြက ခံတြင္းအနံ႔ဆိုးကို ျဖစ္ေပၚေစပါတယ္။ အာဟာရခ်ဳိ႕တဲ့တာ ၊ ဆီခ်ဳိေရာဂါ ၊ ခံတြင္းေျခာက္ေသြ႔တာ(တံေတြးမွာ ေရာဂါပိုးမႊားေတြေသေစႏိုင္တဲ့ အာနိသင္ရွိပါတယ္) တို႔ေၾကာင့္လည္း အန႔ံဆိုးကို ၿဖစ္ေပၚေစႏိုင္ပါတယ္။

လည္ေခ်ာင္းနာတာ၊ ႏွာမႊန္တာ၊ အူလမ္းေၾကာင္းဆိုင္ရာ ျပသနာေတြကလည္း ခံတြင္းအန႔ံဆိုးရတဲ့ အေၾကာင္းအရင္းေတြျဖစ္ပါတယ္။

ၾကက္သြန္ျဖဴ ၊ ၾကက္သြန္နီ၊ ေဆးလိပ္ ၊ ေကာ္ဖီနဲ႔ အရက္ေတြေၾကာင့္လည္း ယာယီခံတြင္းနံ႔ဆိုးတာကို ျဖစ္ေပၚေစႏိုင္ပါတယ္။

ဒါေၾကာင့္ ခံတြင္းနံ႔ဆိုးတာကို ေပ်ာက္ကင္းေစဖို႔နည္းလမ္းေလးေတြကို ေအာက္မွာေဖာ္ၿပေပးလုိက္ပါတယ္။

ဘယ္လိုေပ်ာက္ကင္းေစမလဲ

(၁) အံကပ္တပ္တယ္ဆိုရင္ ညအိပ္တဲ့အခါ အံကပ္ကို ျဖဳတ္ၿပီး ဘက္တီးရီးယားေတြမေပါက္ပြားေစဖို႔ ေသေသခ်ာခ်ာေဆးေၾကာေပးပါ။

(၂) ေရမ်ားမ်ားေသာက္ပါ။ ေရေအးနဲ႔ ပလုတ္က်င္းပါ။ အစာစားၿပီးတိုင္း သြားတိုက္ပါ။

(၃) ႏွစ္လ သို႔မဟုတ္ သံုးလတစ္ႀကိမ္ သြားပြတ္တံကို လဲေပးပါ။ သြားကို ပံုမွန္စစ္ေဆးၿပီး ပံုမွန္ သန္႔ရွင္းေရးလုပ္ေပးပါ။

(၄) ဘက္တီးရီးယားေတြ ၊ မိႈေတြ ၊ ဆဲလ္ေသေတြနဲ႔ အနံ႔ဆိုးေတြကို ေလွွ်ာ႔ခ်ဖုိ႔မနက္တိုင္း လွ်ာပြတ္တံနဲ႔လွ်ာကို ပြတ္ေပးပါ။

(၅) ေလးညွင္းပြင္ ့၊ စမံုနက္အေစ့တို႔ကို ၀ါးေပးပါ။ အဲဒါေတြရဲ႕ ဘက္တီးရီးယားေသေစတဲ့ အာနိသင္က ဘက္တီးရီးယားေၾကာင့္ျဖစ္တဲ့ ခံတြင္းနံ႔ဆိုးထြက္တာကို သက္သာေစႏိုင္ပါတယ္။

(၆) သံပရာခြံ ဒါမွမဟုတ္ လိေမၼာ္ခြံကို ပါးစပ္ထဲမွာ ၀ါးေပးပါ (မ၀ါးခင္ ေသေသခ်ာခ်ာ ေရေဆးပါ)။ သံပရာခြံ၊ လိေမၼာ္ခြံေတြထဲမွာရွိတဲ့ စစ္ထရစ္အက္စစ္(Citric Acid)က တံေတြးဂလင္းေတြကို လႈံ႔ေဆာ္ေပးတာေၾကာင့္ ခံတြင္းနံ႔ဆိုးတာကို တားဆီးေပးႏိုင္ပါတယ္။

(၇) နံနံပင္ ၊ ပင္စိမ္း ၊ ပူစီနံတို႔ကို ၀ါးေပးပါ။ သူတို႔ထဲမွာပါတဲ့ ကလိုရိုဖီး (Chlorophyll) ကလည္း အနံ႔ေတြကို ေပ်ာက္ေစႏိုင္ပါတယ္။

(၈) သံုးဆယ္စကၠန္႔ ပလုတ္က်င္းနည္းကို သံုးၾကည့္ပါ။ ေရတစ္ခြက္ထဲကို မုန္႔ဖုတ္ေဆာ္ဒါ လက္ဖက္ရည္ဇြန္း တစ္ဇြန္း၊ ပူဒီနာ အဆီရည္ အနည္းငယ္ထည့္ေမႊၿပီး ပလုတ္က်င္းပါ။ အရည္ကို မမ်ဳိခ်ပါနဲ႔။

ကဲ…ဒီေလာက္ဆုိရင္ေတာ့ ခံတြင္းနံ႔ဆုိးတာေတြအတြက္ အေတာ္အသင့္ကာကြယ္ႏုိင္မွာပဲျဖစ္ပါတယ္။

www.akhayar.com

Unicode

ခံတွင်းနံ့ဆိုးတာဟာ လူတစ်ယောက်အတွက် သေနိုင်လောက်တဲ့ရောဂါဝေဒနာမဟုတ်ပေမယ့်လည်း ကိုယ့်ရဲ့တစ်ကိုယ်ရေသန့်ရှင်းမှုအပေါ် ထိခိုက်နေတာကြောင့် ဖြစ်ချင်ရာဖြစ်ပစ်ထားလို့မရပြန်ပါဘူး။ လူအများနဲ့စကားပြောတဲ့အချိန်မှာဖြစ်စေ ချစ်သူနဲ့ချစ်စကားတီးတိုးပြောဆိုရာမှာဖြစ်စေ ခံတွင်းနံ့ဆိုးခြင်းက အကြီးကြီးဒုက္ခပေးပါတော့တယ်။ ဒီလိုခံတွင်းနံ့ဆိုးတဲ့ ပြဿနာကိုခံစားနေကြရသူတွေဟာ ကမ္ဘာ့လူဦးရေရဲ့ ၃၀ % ထိရှိတာမို့ အားငယ်စရာတော့မလိုပါဘူး။ ဘာတွေကြောင့် ခံတွင်းနံ့ဆိုးရသလဲ ဘယ်လိုပျောက်ကင်းအောင် လုပ်နိုင်မလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

ဘာတွေကြောင့် ခံတွင်းနံ့ဆိုးရသလဲ

သွားအခေါင်းပေါက်ဖြစ်တာ ၊ သွားဖုံးရောဂါ ၊ ခံတွင်းသန့်ရှင်းမှုမရှိတာ ၊ လျှာမှာ အဖြူ(သို့) အဝါ အဖတ်တွေကပ်နေတာတွေကြောင့် ခံတွင်းနံ့မကောင်းတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ပါးစပ်ထဲမှာ ရှိတဲ့ ရာနဲ့ချီတဲ့ ဘက်တီးရီးယားတွေက ခံတွင်းအနံ့ဆိုးကို ဖြစ်ပေါ်စေပါတယ်။ အာဟာရချို့တဲ့တာ ၊ ဆီချိုရောဂါ ၊ ခံတွင်းခြောက်သွေ့တာ(တံတွေးမှာ ရောဂါပိုးမွှားတွေသေစေနိုင်တဲ့ အာနိသင်ရှိပါတယ်) တို့ကြောင့်လည်း အနံ့ဆိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။

လည်ချောင်းနာတာ၊ နှာမွှန်တာ၊ အူလမ်းကြောင်းဆိုင်ရာ ပြသနာတွေကလည်း ခံတွင်းအနံ့ဆိုးရတဲ့ အကြောင်းအရင်းတွေဖြစ်ပါတယ်။
ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ ဆေးလိပ် ၊ ကော်ဖီနဲ့ အရက်တွေကြောင့်လည်း ယာယီခံတွင်းနံ့ဆိုးတာကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါကြောင့် ခံတွင်းနံ့ဆိုးတာကို ပျောက်ကင်းစေဖို့နည်းလမ်းလေးတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

ဘယ်လိုပျောက်ကင်းစေမလဲ

(၁) အံကပ်တပ်တယ်ဆိုရင် ညအိပ်တဲ့အခါ အံကပ်ကို ဖြုတ်ပြီး ဘက်တီးရီးယားတွေမပေါက်ပွားစေဖို့ သေသေချာချာဆေးကြောပေးပါ။

(၂) ရေများများသောက်ပါ။ ရေအေးနဲ့ ပလုတ်ကျင်းပါ။ အစာစားပြီးတိုင်း သွားတိုက်ပါ။

(၃) နှစ်လ သို့မဟုတ် သုံးလတစ်ကြိမ် သွားပွတ်တံကို လဲပေးပါ။ သွားကို ပုံမှန်စစ်ဆေးပြီး ပုံမှန် သန့်ရှင်းရေးလုပ်ပေးပါ။

(၄) ဘက်တီးရီးယားတွေ ၊ မှိုတွေ ၊ ဆဲလ်သေတွေနဲ့ အနံ့ဆိုးတွေကို လှျှော့ချဖို့မနက်တိုင်း လျှာပွတ်တံနဲ့လျှာကို ပွတ်ပေးပါ။

(၅) လေးညှင်းပွင့်၊ စမုံနက်အစေ့တို့ကို ဝါးပေးပါ။ အဲဒါတွေရဲ့ ဘက်တီးရီးယားသေစေတဲ့ အာနိသင်က ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ခံတွင်းနံ့ဆိုးထွက်တာကို သက်သာစေနိုင်ပါတယ်။

(၆) သံပရာခွံ ဒါမှမဟုတ် လိမ္မော်ခွံကို ပါးစပ်ထဲမှာ ဝါးပေးပါ (မဝါးခင် သေသေချာချာ ရေဆေးပါ)။ သံပရာခွံ၊ လိမ္မော်ခွံတွေထဲမှာရှိတဲ့ စစ်ထရစ်အက်စစ်(Citric Acid)က တံတွေးဂလင်းတွေကို လှုံ့ဆော်ပေးတာကြောင့် ခံတွင်းနံ့ဆိုးတာကို တားဆီးပေးနိုင်ပါတယ်။

(၇) နံနံပင် ၊ ပင်စိမ်း ၊ ပူစီနံတို့ကို ဝါးပေးပါ။ သူတို့ထဲမှာပါတဲ့ ကလိုရိုဖီး (Chlorophyll) ကလည်း အနံ့တွေကို ပျောက်စေနိုင်ပါတယ်။

(၈) သုံးဆယ်စက္ကန့် ပလုတ်ကျင်းနည်းကို သုံးကြည့်ပါ။ ရေတစ်ခွက်ထဲကို မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ပူဒီနာ အဆီရည် အနည်းငယ်ထည့်မွှေပြီး ပလုတ်ကျင်းပါ။ အရည်ကို မမျိုချပါနဲ့။

ကဲ…ဒီလောက်ဆိုရင်တော့ ခံတွင်းနံ့ဆိုးတာတွေအတွက် အတော်အသင့်ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။
www.akhayar.com