[Zawgyi]
HP Spectre 13
HP Spectre 13
Hteinpin-Waste-Site
ထိန်ပင်အမှိုက်ပုံမှာ မီးလောင်မြိုက်မှုဖြစ်ပွားစဉ်အချိန်အခါက ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။
Acer Nitro 5
Acer Nitro 5
Redrose (Akhayar)
www.akhayar.com
[Unicode]
လေထုညစ်ညမ်းမှုဒဏ်ကို ကာကွယ်ကြမယ်
ဧပြီလ ၂၁ရက်နေ့က လှိုင်သာယာမြို့ရှိ ထိန်ပင်အမှိုက်ပုံမီးပုံ မီးလောင်မြိုက်မှုဖြစ်ပွားခဲ့ပါတယ်။ ဒီမီးလောင်မြိုက်မှုက ဧရိယာ ၃၀၀ကျော်လောက်ရဲ့ သုံးပုံတစ်ပုံကစပြီး လောင်မြိုက်ခဲ့ကြောင်းသိရှိရပါတယ်။ ဒီမီးလောင်မှုကနေဖြစ်ပွားလာတဲ့အခိုးအငွေ့တွေကြောင့် ထိန်ပင်အမှိုက်ပုံနဲ့နီးတဲ့ ရပ်ကွက်တွေမှ ပြည်သူတွေက အသက်ရှုကျပ်တဲ့ရောဂါဝေဒနာကို အပြင်းအထန်ခံစားနေရတဲ့လူနာအယောက် ၆၀ ကို ညတွင်းချင်း လှိုင်သာယာဆေးရုံကို ရောက်ရှိလို့နေခဲ့ပြီလို့ DVB နဲ့ BBC Burmese သတင်းကြေညာချက်များအရ သိရှိရပါတယ်။
HP Spectre 13
HP Spectre 13
HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်
ဒီ ထိန်ပင်အမှိုက်ပုံမှ လောင်မြိုက်မှုဟာ မငြိမ်းသတ်သေးနိုင်တဲ့အတွက် ရန်ကုန်မြို့တွင်းထဲကို မီးခိုးမီးမှိုက်တွေက ပြန့်နှံ့လို့နေပြီဆိုတာကို Facebook တစ်ခွင်မှာရော အပြင်မှာသွားနေတဲ့လူအချို့ကပါ ကာကွယ်ရေးသတင်းတွေ အသိပေးရင်း မျှဝေပေးနေကြပါတယ်။
Hteinpin-Waste-Site
ထိန်ပင်အမှိုက်ပုံမှာ မီးလောင်မြိုက်မှုဖြစ်ပွားစဉ်အချိန်အခါက ရိုက်ကူူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။
Photo Credit – Kaung Htet From Burma
တကယ်လို့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ သာမန်လေထုကိုရှုရှိုက်ရတယ်လို့မခံစားရခဲ့ဘူးဆိုရင် မီးခိုးတွေက ကိုယ်နေထိုင်နေတဲ့အရပ်မှာ အနည်းငယ်ပျံ့နှံ့စပြုလာပြီပဲဖြစ်ပါတယ်။ ဒီလိုမျိုးဖြစ်လာပြီဆိုရင်တော့ အသက်ရှုကျပ်ရောဂါကို မခံစားရအောင် အခုလို ကြိုတင်ကာကွယ်မှုတွေပြုပေးဖို့လိုအပ်ပါတယ်။
  • Indoor ဖြစ်တဲ့ အိမ်တွင်း၊ ရုံးတွင်းမှာသာ အဖြစ်နိုင်ဆုံးနေပေးပါ။ အိမ်တံခါး၊ ရုံးတံခါး အစရှိတဲ့ ကိုယ်နေထိုင်ရာအရပ်မှာရှိတဲ့ တံခါးတွေကို လုံခြုံစွာပိတ်ထားပေးပါ။
  • ဓာတ်ငွေ့မီးဖိုအသုံးပြုခြင်းတို့ကို ခဏရှောင်ရှားပေးပါ။
  • အခန်းတွင်း လေကောင်းလေသန့်ရစေဖို့အတွက် Air-con (သို့) ပန်ကာတို့ကိုဖွင့်ထားပေးပါ။
  • အပြင်ထွက်သွားလာမှုကို တတ်နိုင်သမျှလျှော့ချပေးပါ။ အပြင်သွားလာရတဲ့ကိစ္စပေါ်လာခဲ့ရင်တောင် Mask တပ်ပြီးမှသာ သွားလာပေးပါ။
  • Air Freshener အသုံးပြုခြင်းများလည်း ရှောင်ကြဉ်ပေးပါ။
  • ဖယောင်းတိုင်များနဲ့ မီးနဲ့ ထိတွေ့အသုံးပြုရသောပစ္စည်းများ အသုံးပြုခြင်းရှောင်ကြဉ်ပါ။
  • မီးဖိုချောင်နဲ့ သန့်စင်ခန်းတွေအသုံးပြုတဲ့အခါမှာ Exhaust Fan များကို ဖွင့်ထားဖို့မမေ့ပါနဲ့။
  • ရိုးရိုးရေကို ကိုယ်နဲ့ တစ်ပါတည်းသယ်ဆောင်ထားပါ။ တစ်နေ့တာလုံးရေကိုများနိုင်သမျှများများသောက်သုံးပေးပါ။ မီးခိုးငွေ့တွေကို မတော်တဆရှုရှိက်မိရင် ကိုုယ့်ရဲ့ လည်ချောင်းကို ခြောက်သွေ့စေတာကြောင့်ဖြစ်ပါတယ်။
  • သုံးရေများကို လုံလုံလောက်လောက်စုစည်းထားပါ။
  • အရေးအကြီးဆုံးအချက်အနေနဲ့ ဒီတစ်ချက်ကိုတော့ အောင့်အီးပြီး ရှောင်ကြဉ်ပေးဖို့လိုအပ်ပါတယ်။ ဆေးလိပ်သောက်တတ်သူများ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ထားပေးပါ။ ဆေးလိပ်ငွေ့နဲ့ လေထုထဲမှာ ပြန့်နှံနေတဲ့ မီးခိုးငွေ့ ထိတွေ့ပေါင်းစပ်ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်မှာ လေထုအဆိပ်သင့်မှုပိုမိုဖြစ်ပွားနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
  • အစိုးရမှ ထုတ်ပြန်ကြေငြာတဲ့ လေထုညစ်ညမ်းမှု ထုတ်ပြန်ချက်များကိုလည်း အစဉ်မပျက်နားစွင့်နေပေးပါ။
  • ကိုယ့်ပတ်ဝန်းကျင်မှာ နေထိုင်နေတဲ့ကလေးသူငယ်နဲ့ လူကြီးအိုမများကိုလည်း ဂရုစိုက်စောင့်ရှောက်ပေးပါနော်။ အသက်ရှုကျပ်ဟန်ပြလာတာနဲ့အမျှ အပေါ်ကအချက်တွေနဲ့ အရင်ကုသပေးပါ။ ဘယ်လိုမှ အခြေအနေမဟန်တော့ရင်တော့ ဆေးရုံကို အလျင်အမြန်သွားရောက်ပြသဖို့လိုအပ်ပါတယ်နော်။
Acer Nitro 5
Acer Nitro 5
Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်
အားလုံးပဲ ကျန်းမာရေးအသက်အန္တရာယ်ကျရောက်နေနိုင်တဲ့အတွက် မပေါ့ဆဖို့အားလုံးကို သတိပေးလိုက်ရပါတယ်။ ကြိုတင်ကာကွယ်မှုများကိုလည်း သတိတရနဲ့ ဆောင်ရွက်ကြပါလို့ မေတ္တာနဲ့ အသိပေးလိုက်ပါတယ်နော်။
Protection Tips Credit: Google
Redrose (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။