အရက္နာမက်ေအာင္ ေသာက္တဲ့နည္း

How-to-prevent-a-hangover
How-to-prevent-a-hangover

[Zawgyi]

ေဘာ္ဒါေတြနဲ႔ ဆုံလုိက္ၿပီဆုိရင္ ယမကာဆုိင္ကုိပဲ ေျခဦးလွည့္ၾကတာပဲေလ။ တစ္လုံးၿပီးတစ္လုံး ေသာက္လုိက္ၾကတာ လူမွန္းသူမွန္းမသိျဖစ္ေတာ့မွ အိမ္ျပန္လာတာ။ မနက္က်ေတာ့ ေခါင္းေတြကုိက္ၿပီး မအီမသာျဖစ္ကုန္ေရာ။ အလုပ္ကလည္း မသြားမျဖစ္ဖူးဆုိေတာ့ အမူးမေျပေသးလည္း ရုံးတက္ရတာဆုိေတာ့ တစ္ေနကုန္အဆင္မေျပေတာ့ဘူး။ အဲဒီေတာ့ ညတုန္းက ကဲခ်င္သေလာက္ကဲ မနက္ခင္းမွာ အရက္နာမက်ေစဖုိ႔ နည္းလမ္းေကာင္းေတြကုိ ဆရာစားမခ်န္ေဖာ္ျပလုိက္ပါတယ္။

၁။ အရက္နဲ႔ေရ ဆတူေသာက္ပါ။

အရက္နာက်တဲ့အေၾကာင္းရင္းတစ္ခုက ေရဓာတ္ခမ္းေျခာက္လု႔ိပါ။ အဲဒီေတာ့ အရက္တစ္ခြက္ေသာက္ၿပီးရင္ ေနာက္တစ္ခြက္ဆက္တုိက္ မေသာက္ပါနဲ႔ဦး။ ၾကားမွာ ေရတစ္ခြက္ေသာက္လုိက္ပါ။ အဲဒီလုိတစ္လွည့္စီ ေသာက္သြားလုိက္။ ဗုိက္ထဲမွာ အရက္ (၅) ခြက္ဝင္သြားတဲ့အခ်ိန္မွာ ေရ (၅)ခြက္ ဝင္ၿပီးသားျဖစ္ေနမွာပါ။

၂။ အဆီဓာတ္မ်ားတဲ့ ေဖ်ာ္ရည္ေသာက္ပါ။

ေထာပတ္သီးေဖ်ာ္ရည္လုိ က်န္းမာေရးနဲ႔ သင့္ေတာ္ၿပီး အဆီဓာတ္မ်ားတဲ့ ေဖ်ာ္ရည္မ်ိဳးကုိ အရက္မေသာက္ခင္မွာ ႀကိဳေသာက္ထားသင့္တယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ေထာပတ္သီးေဖ်ာ္ရည္က ခႏၶာကုိယ္မွာရွိတဲ့ အယ္ကုိေဟာဓာတ္ကုိ စုတ္ယူႏုိင္တဲ့အတြက္ အရက္အမ်ားႀကီးမူးေတာ့မွာ မဟုတ္ေတာ့ပါဘူး။ ဒါမွသာ မနက္ခင္းမွာ ၾကည္ၾကည္လင္လင္နဲ႔ အလုပ္လုပ္ႏုိင္မွာ ျဖစ္ပါတယ္။

၃။ ဆားဓာတ္ပါတဲ့ ေဖ်ာ္ရည္ေတြကုိ မေသာက္ပါနဲ႔။

ဆားငန္သီးေဖ်ာ္ရည္ေတြလုိ အငန္ဓာတ္ပါတဲ့ေဖ်ာ္ရည္ေတြကုိ မေသာက္ပါနဲ႔။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ဆုိဒီယမ္ဓာတ္ေၾကာင့္ ခႏၶာကုိယ္က အရက္ေတြကုိ ပုိမုိစုတ္ယူၿပီး အမူးလြန္ေစတဲ့အတြက္ ျဖစ္ပါတယ္။ အငန္ဓာတ္ပါတဲ့ ေဖ်ာ္ရည္ေတြကုိ ေသာက္လုိက္ရင္ ပုံမွန္မူးတာထက္ပုိၿပီး မူးေစတတ္ပါတယ္။

၄။ အိပ္ေရးဝဝအိပ္လုိက္ပါ။

ယမကာဆုိင္မွာ မူးကြဲေအာင္ ေသာက္ထားၿပီဆုိရင္ အိမ္ကုိပဲ တန္းျပန္လုိက္ပါေတာ့။ ၿပီးရင္ အနည္းဆုံး (၈) နာရီေလာက္ အိပ္စက္လုိက္ပါ။ ဒါမွသာ မနက္ပုိင္းမွာ လန္းဆန္းတက္ၾကြစြာ ႏုိးထႏုိင္မွာျဖစ္ပါတယ္။ တစ္ညလုံးေသာက္ထားတဲ့ အရက္ေတြမွ အဆိပ္အေတာက္ေတြကုိ စစ္ထုတ္ရာမွာ ႏြမ္းနယ္လာတဲ့ ခႏၶာကုိယ္အစိတ္အပုိင္းေတြကုိ အနားရေစဖုိ႔ အိပ္စက္လုိက္ပါ။

ကဲ . . . ဒီအခ်က္ေတြက အရက္နာမက်ေအာင္ ကူညီေပးႏုိင္မယ့္ အခ်က္ေတြပဲျဖစ္ပါတယ္။ အရက္ကုိ ခ်င့္ခ်င့္ခ်ိန္ခ်ိန္ေသာက္သုံးႏုိင္ၿပီး အႏၱရာယ္ကင္းေဝးၾကပါေစလုိ႔ ဆုေတာင္းလုိက္ရပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ဘော်ဒါတွေနဲ့ ဆုံလိုက်ပြီဆိုရင် ယမကာဆိုင်ကိုပဲ ခြေဦးလှည့်ကြတာပဲလေ။ တစ်လုံးပြီးတစ်လုံး သောက်လိုက်ကြတာ လူမှန်းသူမှန်းမသိဖြစ်တော့မှ အိမ်ပြန်လာတာ။ မနက်ကျတော့ ခေါင်းတွေကိုက်ပြီး မအီမသာဖြစ်ကုန်ရော။ အလုပ်ကလည်း မသွားမဖြစ်ဖူးဆိုတော့ အမူးမပြေသေးလည်း ရုံးတက်ရတာဆိုတော့ တစ်နေကုန်အဆင်မပြေတော့ဘူး။ အဲဒီတော့ ညတုန်းက ကဲချင်သလောက်ကဲ မနက်ခင်းမှာ အရက်နာမကျစေဖို့ နည်းလမ်းကောင်းတွေကို ဆရာစားမချန်ဖော်ပြလိုက်ပါတယ်။

၁။ အရက်နဲ့ရေ ဆတူသောက်ပါ။

အရက်နာကျတဲ့အကြောင်းရင်းတစ်ခုက ရေဓာတ်ခမ်းခြောက်လု့ိပါ။ အဲဒီတော့ အရက်တစ်ခွက်သောက်ပြီးရင် နောက်တစ်ခွက်ဆက်တိုက် မသောက်ပါနဲ့ဦး။ ကြားမှာ ရေတစ်ခွက်သောက်လိုက်ပါ။ အဲဒီလိုတစ်လှည့်စီ သောက်သွားလိုက်။ ဗိုက်ထဲမှာ အရက် (၅) ခွက်ဝင်သွားတဲ့အချိန်မှာ ရေ (၅)ခွက် ဝင်ပြီးသားဖြစ်နေမှာပါ။

၂။ အဆီဓာတ်များတဲ့ ဖျော်ရည်သောက်ပါ။

ထောပတ်သီးဖျော်ရည်လို ကျန်းမာရေးနဲ့ သင့်တော်ပြီး အဆီဓာတ်များတဲ့ ဖျော်ရည်မျိုးကို အရက်မသောက်ခင်မှာ ကြိုသောက်ထားသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ထောပတ်သီးဖျော်ရည်က ခန္ဓာကိုယ်မှာရှိတဲ့ အယ်ကိုဟောဓာတ်ကို စုတ်ယူနိုင်တဲ့အတွက် အရက်အများကြီးမူးတော့မှာ မဟုတ်တော့ပါဘူး။ ဒါမှသာ မနက်ခင်းမှာ ကြည်ကြည်လင်လင်နဲ့ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

၃။ ဆားဓာတ်ပါတဲ့ ဖျော်ရည်တွေကို မသောက်ပါနဲ့။

ဆားငန်သီးဖျော်ရည်တွေလို အငန်ဓာတ်ပါတဲ့ဖျော်ရည်တွေကို မသောက်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဆိုဒီယမ်ဓာတ်ကြောင့် ခန္ဓာကိုယ်က အရက်တွေကို ပိုမိုစုတ်ယူပြီး အမူးလွန်စေတဲ့အတွက် ဖြစ်ပါတယ်။ အငန်ဓာတ်ပါတဲ့ ဖျော်ရည်တွေကို သောက်လိုက်ရင် ပုံမှန်မူးတာထက်ပိုပြီး မူးစေတတ်ပါတယ်။

၄။ အိပ်ရေးဝဝအိပ်လိုက်ပါ။

ယမကာဆိုင်မှာ မူးကွဲအောင် သောက်ထားပြီဆိုရင် အိမ်ကိုပဲ တန်းပြန်လိုက်ပါတော့။ ပြီးရင် အနည်းဆုံး (၈) နာရီလောက် အိပ်စက်လိုက်ပါ။ ဒါမှသာ မနက်ပိုင်းမှာ လန်းဆန်းတက်ကြွစွာ နိုးထနိုင်မှာဖြစ်ပါတယ်။ တစ်ညလုံးသောက်ထားတဲ့ အရက်တွေမှ အဆိပ်အတောက်တွေကို စစ်ထုတ်ရာမှာ နွမ်းနယ်လာတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အနားရစေဖို့ အိပ်စက်လိုက်ပါ။

ကဲ . . . ဒီအချက်တွေက အရက်နာမကျအောင် ကူညီပေးနိုင်မယ့် အချက်တွေပဲဖြစ်ပါတယ်။ အရက်ကို ချင့်ချင့်ချိန်ချိန်သောက်သုံးနိုင်ပြီး အန္တရာယ်ကင်းဝေးကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com