[Zawgyi]

အလုပ္အင္တာဗ်ဴးေတြမွာ စိတ္ကိုစမ္းသပ္တဲ့ေမးခြန္းေတြအတြက္ ဘယ္လိုျပင္ဆင္ရမလဲ

နာမည္ရွိၿပီး ေအာင္ျမင္ေနတဲ့ ကုမၸဏီႀကီးေတြမွာ အလုပ္ေကာင္းေကာင္းရဖုိ႔ဆိုတာ ႏိုင္ငံတကာမွာေတာ့ လူငယ္ေတြမက္တဲ့ အိမ္မက္ေတြထဲကတစ္ခုပါပဲ။ ဥပမာ ဂူဂဲလ္တို႔၊ ေဖ့စ္ဘြတ္တို႔မွာ အလုပ္လုပ္ခ်င္ၾကသလိုမ်ိဳးေပါ့။ အဲဒီလိုကုမၸဏီႀကီးေတြမွာ အလုပ္ရဖို႔ဆိုတာကလည္း အင္မတန္ခက္ခဲသလို ဘက္ေပါင္းစံုက အရည္အခ်င္းေတြျပည့္မီေနမွ မွန္းႏိုင္တဲ့ေနရာဆုိရင္လည္း မမွားပါဘူး။ ဒါတင္မကေသးဘဲ အလုပ္ရဖို႔ အဆင့္ဆင့္ေက်ာ္ျဖတ္ရတဲ့အင္တာဗ်ဴးေတြကလည္း နည္းစနစ္ေပါင္းစံုနဲ႔ စမ္းသပ္ဖို႔ေစာင့္ေနျပန္ပါတယ္။

အခုလက္ရွိ ျပည္တြင္းကုမၸဏီေတြမွာ လုပ္ငန္းအေတြ႕အႀကံဳရွိတယ္၊ သူတို႔သတ္မွတ္တဲ့အခ်က္ေတြနဲ႔ ၇၅ ရာခုိင္ႏႈန္းေလာက္ကိုက္ညီတယ္ဆိုရင္ ေတာ္ရံုပဲအင္တာဗ်ဴးၿပီးခန္႔ေလ့ရွိေပမယ့္ တကယ္တမ္း ႏိုင္ငံႀကီးေတြက ကုမၸဏီႀကီးေတြဝင္လာတဲ့အခါ အမ်ိဳးမ်ိဳးစမ္းသပ္ခံရႏိုင္တဲ့ အင္တာဗ်ဴးေမးခြန္းေတြထဲ ကမွ စိတ္ကိုစမ္းသပ္တဲ့ေမးခြန္းေတြအတြက္ ဘယ္လိုျပင္ဆင္ရမလဲဆိုတာနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြအတြက္ ေဖာ္ျပေပးလုိက္ပါတယ္။

မ်ားမ်ားေလ့က်င့္ပါ

စိတ္ကိုစမ္းသပ္တဲ့ေမးခြန္းဆိုတာက အခ်ိန္မေရြးႀကံဳရႏိုင္ပါတယ္။ တခ်ိဳ႕ကုမၸဏီေတြမွာ အင္တာဗ်ဴး ဖို႔သီးသန္႔ဖြဲ႕ထားတဲ့ ဒါရိုက္တာအဖြဲ႕ေတြေတာင္ရွိတဲ့အတြက္ အဲဒီလိုကုမၸဏီေတြမွာ စိတ္ႀကိဳက္ အရည္အခ်င္း မရမခ်င္းခန္႔ေလ့မရွိၾကပါဘူး။ တခါတေလ အလုပ္အေၾကာင္းေမးရင္းနဲ႔ ျပင္ပဗဟုသုုတ အေၾကာင္းေတြ၊ လူမႈေရးျပႆနာေတြေျပာျပၿပီး မင္းသာဆို ဘယ္လိုေျဖရွင္းမလဲဆိုတာေတြေမးေလ့ရွိတာေၾကာင့္ အလုပ္အင္တာဗ်ဴးကို ေပါ့ေပါ့ဆဆမျပင္ဆင္သင့္ပါဘူး။

အခြင့္အေရးကိုအျပည့္အဝသိပါေစ

အခြင့္အေရးလို႔ေျပာတဲ့ေနရာမွာ အလုပ္ရွင္၊ အလုပ္သမားအခြင့္အေရးႏွစ္မ်ိဳးလံုးပါပါတယ္။ ကိုယ္က သူ႔ဝန္ထမ္းအေနနဲ႔သြားေလွ်ာက္တာျဖစ္တဲ့အတြက္ ဝန္ထမ္းအခြင့္အေရး၊ အလုပ္သမားအခြင့္အေရးနဲ႔ပတ္သက္ၿပီး ႏွံ႔စပ္ေအာင္သိထားဖို႔လိုပါတယ္။ တစ္ခါတေလမွာ အလုပ္သမားအခြင့္အေရးကိုခ်ိဳးေဖာက္ၿပီး ကမ္းလွမ္းတဲ့ အလုပ္မ်ိဳးေတြရွိပါတယ္။ ဥပမာ ဘာအက်ိဳးအျမတ္မွခံစားခြင့္မရွိဘဲ ကုမၸဏီလိုအပ္ခ်က္အရ အခ်ိန္ပိုဆင္းေပးႏိုင္မလားဆိုတဲ့ ကမ္းလွမ္းမႈေတြမွာ သူ႔ဘက္ကိုယ့္ဘက္အေပးအယူမွ် တေအာင္ ပါးပါးနပ္နပ္ညိႇႏိႈင္းဖို႔လိုပါတယ္။

အိုုင္ဒီယာျဖန္႔က်က္စဥ္းစားထားပါ

တစ္ခ်ိဳ႕ကုမၸဏီေတြမွာ လာေလွ်ာက္တဲ့သူက သူတို႔ေခၚတဲ့ရာထူးနဲ႔ကိုက္ညီတဲ့အရည္အခ်င္းရွိေပမယ့္ တျခားသဘာဝခ်င္းမတူတဲ့လုပ္ငန္းေတြအေပၚမွာလည္း Brain Storming လုပ္ခိုင္းေလ့ရွိပါတယ္။ ဥပမာ မန္ေနဂ်ာရာထူးအတြက္ အရည္အခ်င္းျပည့္မီေပမယ့္ အေတြ႕အႀကံဳနည္းေသးလို႔ ေအာက္ေျခမွာ ဘယ္ႏွလ အရင္ဆံုးထရိန္နင္ဆင္းေပးႏိုင္မလားဆိုတာမ်ိဳး၊ မင္းသာ လက္ေအာက္ငယ္သားျဖစ္ရင္ ကုမၸဏီအတြက္ ဘယ္လိုအက်ိဳးျပဳမလဲဆိုတာမ်ိဳးေတြမွာ တစ္ခါတစ္ေလ အင္တာဗ်ဴးခံရတဲ့သူဘက္က တစ္ဆင့္နိမ့္ဆက္ဆံခံရတယ္လို႔ျမင္ၿပီး စိတ္မထိန္းႏိုင္ဘဲ ေဒါသနဲ႔တုန္႔ျပန္မိတာေတြလည္းရွိပါတယ္။ ဒီလိုအေျခအေနမွာသာ အဘက္ဘက္ကေန ျဖန္႔က်က္စဥ္းစားထားတဲ့ အိုင္ဒီယာေတြခ်ျပႏိုင္ရင္ ဒီအင္တာဗ်ဴးကို သင္အေကာင္းဆံုးျဖတ္ေက်ာ္ႏိုင္မွာပါ။

ေရရွည္စဥ္းစားပါ

ကုမၸဏီႀကီးေတြမွာေလွ်ာက္ေတာ့မယ္ဆိုရင္ အနည္းဆံုး ၃ ႏွစ္ကေန ၅ ႏွစ္အထိ ေရရွည္စဥ္းစားထား သင့္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ တခ်ိဳ႕အလုပ္သမားအခြင့္အေရးဆိုင္ရာဥပေဒေတြဟာ လုပ္သက္ အနည္းဆံုး ၃ ႏွစ္ေလာက္မွ အက်ံဳးဝင္တာမ်ိဳးေတြရွိပါတယ္။ ဒါေၾကာင့္ ကိုယ္တာဝန္ယူမယ့္ေနရာအတြက္ ေရရွည္ကိုင္တြယ္ဖို႔ အဆင္ေျပမေျပဆိုတာကို ထည့္စဥ္းစားဖို႔လိုပါတယ္။ ၿပီးေတာ့ ဒီအလုပ္က ေခါင္းရႈပ္ခံရမယ့္အလုပ္လား၊ စိတ္ရွည္သည္းခံရမယ့္အလုပ္လားဆိုတာအျပင္ အလုပ္ရွင္ဘက္က အခါအခြင့္သင့္တိုင္းေပးေနမယ့္အမိန္႔ေတြကိုေရာ လိုက္နာႏိုင္မလားဆိုတာကိုလည္း ေသခ်ာေဆြးေႏြးဖို႔လိုပါတယ္။

ခြဲျခားဆက္ဆံတာကိုလက္မခံပါနဲ႔

တခ်ိဳ႕လုပ္ငန္းရွင္ေတြက ခြဲျခားဆက္ဆံရတာကို ဝါသနာပါပါတယ္။ လုပ္ရည္ကိုင္ရည္ၾကည့္ၿပီး အခြင့္အေရးေပးတယ္ဆိုတဲ့ေခါင္းစဥ္ေအာက္မွာ မမွန္ကန္တဲ့နည္းလမ္းေတြေၾကာင့္ ဝန္ထမ္းအခ်င္းခ်င္း စိတ္ဝမ္းကြဲမႈေတြျဖစ္တာကို ေမ့ေနတတ္ၾကပါတယ္။ ဒါ့အျပင္ အဆင္ေျပေအာင္ လိုက္ေလ်ာညီေထြေန တတ္တဲ့သူ၊ ခိုင္းရင္ခုိင္းသေလာက္ လုပ္ေပးႏိုင္တဲ့သူဆို ပိုၿပီးေတာင္းဆိုတတ္ၾကပါတယ္။ အင္တာဗ်ဴးမွာေတာ့ သင္ဟာမိန္းကေလးျဖစ္လို႔၊ ေယာက်ာ္းေလးျဖစ္လို႔ဆိုၿပီး ယူရမယ့္တာဝန္ထက္ ပိုၿပီးေတာင္းဆိုမႈေတြလုပ္တတ္ပါတယ္။ ဒါ့အျပင္ အလုပ္ခန္႔လိုက္တာနဲ႔ သူတို႔အေပၚသစၥာရွိေအာင္ လူယံုအျဖစ္ေမြးႏိုင္ေအာင္ လိုတာထက္ပိုၿပီးခ်ီးက်ဴးတာ၊ ေျမႇာက္ပင့္တဲ့စကားလံုးေတြလည္း အင္တာဗ်ဴးေတြမွာ ေတြ႕ရတတ္ပါတယ္။ အဲဒါေၾကာင့္ တခ်ိဳ႕အင္တာဗ်ဴးပါးမဝတဲ့သူေတြဆို သူတို႔ကို အလုပ္ခန္႔တာဘယ္သူဆိုၿပီး သီးသန္႔စိတ္ထဲမွာစြဲသြားတာမ်ိဳးျဖစ္ၿပီး အဲဒီအထက္လူႀကီးတစ္လက္ကိုင္ တာဝန္ထမ္းေဆာင္ရတာမ်ိဳးေတြလည္းရွိပါတယ္။

အခုေဖာ္ျပခဲ့တာေတြကေတာ့ Employment Law Advice နဲ႔ Health and Safety Service ေတြေပးတဲ့ အဂၤလန္ ELAS Business Support ကုမၸဏီကေနရဲ႕အႀကံျပဳခ်က္ေတြကို ကိုးကားေဖာ္ျပေပးခဲ့တာပဲ ျဖစ္ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Uniocde]

အလုပ်အင်တာဗျူးတွေမှာ စိတ်ကိုစမ်းသပ်တဲ့မေးခွန်းတွေအတွက် ဘယ်လိုပြင်ဆင်ရမလဲ

နာမည်ရှိပြီး အောင်မြင်နေတဲ့ ကုမ္ပဏီကြီးတွေမှာ အလုပ်ကောင်းကောင်းရဖို့ဆိုတာ နိုင်ငံတကာမှာတော့ လူငယ်တွေမက်တဲ့ အိမ်မက်တွေထဲကတစ်ခုပါပဲ။ ဥပမာ ဂူဂဲလ်တို့၊ ဖေ့စ်ဘွတ်တို့မှာ အလုပ်လုပ်ချင်ကြသလိုမျိုးပေါ့။ အဲဒီလိုကုမ္ပဏီကြီးတွေမှာ အလုပ်ရဖို့ဆိုတာကလည်း အင်မတန်ခက်ခဲသလို ဘက်ပေါင်းစုံက အရည်အချင်းတွေပြည့်မီနေမှ မှန်းနိုင်တဲ့နေရာဆိုရင်လည်း မမှားပါဘူး။ ဒါတင်မကသေးဘဲ အလုပ်ရဖို့ အဆင့်ဆင့်ကျော်ဖြတ်ရတဲ့အင်တာဗျူးတွေကလည်း နည်းစနစ်ပေါင်းစုံနဲ့ စမ်းသပ်ဖို့စောင့်နေပြန်ပါတယ်။

အခုလက်ရှိ ပြည်တွင်းကုမ္ပဏီတွေမှာ လုပ်ငန်းအတွေ့အကြုံရှိတယ်၊ သူတို့သတ်မှတ်တဲ့အချက်တွေနဲ့ ၇၅ ရာခိုင်နှုန်းလောက်ကိုက်ညီတယ်ဆိုရင် တော်ရုံပဲအင်တာဗျူးပြီးခန့်လေ့ရှိပေမယ့် တကယ်တမ်း နိုင်ငံကြီးတွေက ကုမ္ပဏီကြီးတွေဝင်လာတဲ့အခါ အမျိုးမျိုးစမ်းသပ်ခံရနိုင်တဲ့ အင်တာဗျူးမေးခွန်းတွေထဲ ကမှ စိတ်ကိုစမ်းသပ်တဲ့မေးခွန်းတွေအတွက် ဘယ်လိုပြင်ဆင်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

များများလေ့ကျင့်ပါ

စိတ်ကိုစမ်းသပ်တဲ့မေးခွန်းဆိုတာက အချိန်မရွေးကြုံရနိုင်ပါတယ်။ တချို့ကုမ္ပဏီတွေမှာ အင်တာဗျူး ဖို့သီးသန့်ဖွဲ့ထားတဲ့ ဒါရိုက်တာအဖွဲ့တွေတောင်ရှိတဲ့အတွက် အဲဒီလိုကုမ္ပဏီတွေမှာ စိတ်ကြိုက် အရည်အချင်း မရမချင်းခန့်လေ့မရှိကြပါဘူး။ တခါတလေ အလုပ်အကြောင်းမေးရင်းနဲ့ ပြင်ပဗဟုသုုတ အကြောင်းတွေ၊ လူမှုရေးပြဿနာတွေပြောပြပြီး မင်းသာဆို ဘယ်လိုဖြေရှင်းမလဲဆိုတာတွေမေးလေ့ရှိတာကြောင့် အလုပ်အင်တာဗျူးကို ပေါ့ပေါ့ဆဆမပြင်ဆင်သင့်ပါဘူး။

အခွင့်အရေးကိုအပြည့်အဝသိပါစေ

အခွင့်အရေးလို့ပြောတဲ့နေရာမှာ အလုပ်ရှင်၊ အလုပ်သမားအခွင့်အရေးနှစ်မျိုးလုံးပါပါတယ်။ ကိုယ်က သူ့ဝန်ထမ်းအနေနဲ့သွားလျှောက်တာဖြစ်တဲ့အတွက် ဝန်ထမ်းအခွင့်အရေး၊ အလုပ်သမားအခွင့်အရေးနဲ့ပတ်သက်ပြီး နှံ့စပ်အောင်သိထားဖို့လိုပါတယ်။ တစ်ခါတလေမှာ အလုပ်သမားအခွင့်အရေးကိုချိုးဖောက်ပြီး ကမ်းလှမ်းတဲ့ အလုပ်မျိုးတွေရှိပါတယ်။ ဥပမာ ဘာအကျိုးအမြတ်မှခံစားခွင့်မရှိဘဲ ကုမ္ပဏီလိုအပ်ချက်အရ အချိန်ပိုဆင်းပေးနိုင်မလားဆိုတဲ့ ကမ်းလှမ်းမှုတွေမှာ သူ့ဘက်ကိုယ့်ဘက်အပေးအယူမျှ တအောင် ပါးပါးနပ်နပ်ညှိနှိုင်းဖို့လိုပါတယ်။

အိုုင်ဒီယာဖြန့်ကျက်စဉ်းစားထားပါ

တစ်ချို့ကုမ္ပဏီတွေမှာ လာလျှောက်တဲ့သူက သူတို့ခေါ်တဲ့ရာထူးနဲ့ကိုက်ညီတဲ့အရည်အချင်းရှိပေမယ့် တခြားသဘာဝချင်းမတူတဲ့လုပ်ငန်းတွေအပေါ်မှာလည်း Brain Storming လုပ်ခိုင်းလေ့ရှိပါတယ်။ ဥပမာ မန်နေဂျာရာထူးအတွက် အရည်အချင်းပြည့်မီပေမယ့် အတွေ့အကြုံနည်းသေးလို့ အောက်ခြေမှာ ဘယ်နှလ အရင်ဆုံးထရိန်နင်ဆင်းပေးနိုင်မလားဆိုတာမျိုး၊ မင်းသာ လက်အောက်ငယ်သားဖြစ်ရင် ကုမ္ပဏီအတွက် ဘယ်လိုအကျိုးပြုမလဲဆိုတာမျိုးတွေမှာ တစ်ခါတစ်လေ အင်တာဗျူးခံရတဲ့သူဘက်က တစ်ဆင့်နိမ့်ဆက်ဆံခံရတယ်လို့မြင်ပြီး စိတ်မထိန်းနိုင်ဘဲ ဒေါသနဲ့တုန့်ပြန်မိတာတွေလည်းရှိပါတယ်။ ဒီလိုအခြေအနေမှာသာ အဘက်ဘက်ကနေ ဖြန့်ကျက်စဉ်းစားထားတဲ့ အိုင်ဒီယာတွေချပြနိုင်ရင် ဒီအင်တာဗျူးကို သင်အကောင်းဆုံးဖြတ်ကျော်နိုင်မှာပါ။

ရေရှည်စဉ်းစားပါ

ကုမ္ပဏီကြီးတွေမှာလျှောက်တော့မယ်ဆိုရင် အနည်းဆုံး ၃ နှစ်ကနေ ၅ နှစ်အထိ ရေရှည်စဉ်းစားထားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့အလုပ်သမားအခွင့်အရေးဆိုင်ရာဥပဒေတွေဟာ လုပ်သက် အနည်းဆုံး ၃ နှစ်လောက်မှ အကျုံးဝင်တာမျိုးတွေရှိပါတယ်။ ဒါကြောင့် ကိုယ်တာဝန်ယူမယ့်နေရာအတွက် ရေရှည်ကိုင်တွယ်ဖို့ အဆင်ပြေမပြေဆိုတာကို ထည့်စဉ်းစားဖို့လိုပါတယ်။ ပြီးတော့ ဒီအလုပ်က ခေါင်းရှုပ်ခံရမယ့်အလုပ်လား၊ စိတ်ရှည်သည်းခံရမယ့်အလုပ်လားဆိုတာအပြင် အလုပ်ရှင်ဘက်က အခါအခွင့်သင့်တိုင်းပေးနေမယ့်အမိန့်တွေကိုရော လိုက်နာနိုင်မလားဆိုတာကိုလည်း သေချာဆွေးနွေးဖို့လိုပါတယ်။

ခွဲခြားဆက်ဆံတာကိုလက်မခံပါနဲ့

တချို့လုပ်ငန်းရှင်တွေက ခွဲခြားဆက်ဆံရတာကို ဝါသနာပါပါတယ်။ လုပ်ရည်ကိုင်ရည်ကြည့်ပြီး အခွင့် အရေးပေးတယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ မမှန်ကန်တဲ့နည်းလမ်းတွေကြောင့် ဝန်ထမ်းအချင်းချင်း စိတ်ဝမ်းကွဲမှုတွေဖြစ်တာကို မေ့နေတတ်ကြပါတယ်။ ဒါ့အပြင် အဆင်ပြေအောင် လိုက်လျောညီထွေနေ တတ်တဲ့သူ၊ ခိုင်းရင်ခိုင်းသလောက် လုပ်ပေးနိုင်တဲ့သူဆို ပိုပြီးတောင်းဆိုတတ်ကြပါတယ်။ အင်တာဗျူးမှာတော့ သင်ဟာမိန်းကလေးဖြစ်လို့၊ ယောကျာ်းလေးဖြစ်လို့ဆိုပြီး ယူရမယ့်တာဝန်ထက် ပိုပြီးတောင်းဆိုမှုတွေလုပ်တတ်ပါတယ်။ ဒါ့အပြင် အလုပ်ခန့်လိုက်တာနဲ့ သူတို့အပေါ်သစ္စာရှိအောင် လူယုံအဖြစ်မွေးနိုင်အောင် လိုတာထက်ပိုပြီးချီးကျူးတာ၊ မြှောက်ပင့်တဲ့စကားလုံးတွေလည်း အင်တာဗျူးတွေမှာ တွေ့ရတတ်ပါတယ်။ အဲဒါကြောင့် တချို့အင်တာဗျူးပါးမဝတဲ့သူတွေဆို သူတို့ကို အလုပ်ခန့်တာဘယ်သူဆိုပြီး သီးသန့်စိတ်ထဲမှာစွဲသွားတာမျိုးဖြစ်ပြီး အဲဒီအထက်လူကြီးတစ်လက်ကိုင် တာဝန်ထမ်းဆောင်ရတာမျိုးတွေလည်းရှိပါတယ်။

အခုဖော်ပြခဲ့တာတွေကတော့ Employment Law Advice နဲ့ Health and Safety Service တွေပေးတဲ့ အင်္ဂလန် ELAS Business Support ကုမ္ပဏီကနေရဲ့အကြံပြုချက်တွေကို ကိုးကားဖော်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။