[Zawgyi]

တန္ေဆာင္တိုင္ပိတ္ရက္ ေအးေအးေဆးေဆး နားႏိုင္ဖုိ႔ ဒါေတြ ႀကိဳတင္ျပင္မယ္

ေနာက္တစ္ပတ္ထဲေရာက္ရင္ တန္ေဆာင္တိုင္ပိတ္ရက္ကို ေရာက္ရွိလို႔လာပါၿပီ။ ပိတ္ရက္ေရာက္ေတာ့မယ္လို႔ ၾကားလိုက္ယုံနဲ႔တင္ အလုပ္ေတြ စဥ္ဆက္မျပတ္လုပ္ေနရလို႔ စိတ္ဖိစီးေနတဲ့သူေတြ ပင္ပန္းသမွ် အကုန္လုံး ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္သလို ခြန္အားေတြ ခ်က္ခ်င္း ျပန္လည္တိုးပြားလို႔ လာပါတယ္။ ပိတ္ရက္ေရာက္လို႔ ေပ်ာ္တာကေတာ့ ဝန္ထမ္းတိုင္း ျဖစ္ေပမယ့္လို႔ အေပ်ာ္ေတြနဲ႔ ျပည့္ေနၿပီး ပိတ္ရက္အတြက္ ဘာမွ ႀကိဳတင္မျပင္ဆင္ထားရေသးဘူးဆိုရင္ ပိတ္ရက္မွာ ေသခ်ာေပါက္ ေအးေအးေဆးေဆး နားရမွာ မဟုတ္ပါဘူး။ ပိတ္ရက္အနားယူခ်ိန္ကို မထိခိုက္ဖို႔အတြက္ အခုထဲက ပိတ္ရက္အတြက္ ႀကိဳတင္ျပင္ဆင္ထားလိုက္ၾကရေအာင္။

ႀကိဳတင္ျပင္ဆင္ဖို႔အတြက္ေျပာတဲ့ေနရာမွာ ခရီးသြားၿပီး အပန္းေျဖမယ့္သူေတြအတြက္ အရင္ဆုံးေျပာခ်င္ပါတယ္။ ပိတ္ရက္က ေနာက္အပတ္ဗုဒၶဟူးေန႔ကစၿပီး ၾကာသပေတးေန႔အထိ ႏွစ္ရက္ပိတ္ၿပီးေတာ့ ၾကားရက္ေသာၾကာကို ခြင့္ယူခဲ့မယ္ဆိုရင္ ပိတ္ရက္ စုစုေပါင္း (၅) ရက္ရသြားပါတယ္။ ပိတ္ရက္က အရမ္းမမ်ားေပမယ့္ ခြင့္တစ္ရက္ယူၿပီး အပန္းေျဖခရီးသြားမယ္ဆို သြားလို႔ရေလာက္တဲ့ အခ်ိန္အတိုင္းအတာေတာ့ ရွိပါတယ္။

ပိတ္ရက္အပန္းေျဖခရီးသြားမယ္ဆိုရင္ေတာ့ ေနဖို႔ဟိုတယ္ကို အခုခ်ိန္ကစၿပီး စီစဥ္မယ္ဆိုရင္ေတာင္ ကိုယ္လိုခ်င္တဲ့ေနရာနဲ႔ အခန္းမ်ိဳးရဖို႔ မလြယ္ကူေတာ့ပါဘူး။ အဲဒီေတာ့ အႀကံေပးခ်င္တာက ခရီးသြားဖို႔ အစီအစဥ္လည္းရွိၿပီး ကိုယ္ေနခ်င္တဲ့ ေနရာမ်ိဳးမွာလည္း မျဖစ္မေန တည္းခ်င္ရင္ေတာ့ သုံးပတ္ေလာက္ကတည္းက ဟိုတင္ကို ႀကိဳတင္ဘိုကင္လုပ္ပါ။ ဟိုတင္ကို ဘိုကင္လုပ္တဲ့အခါမ်ိဳးမွာ တစ္ခုသတိျပဳရမွာက ဟိုတင္ Check-in Time ကို သတိတရ ေမးဖို႔ပါ။ ကိုယ္ပိုင္ကားနဲ႔ သြားတဲ့သူေတြက ျပႆနာသိပ္မရွိေပမယ့္ ခရီးသြားကားေတြနဲ႔ သြားတဲ့သူေတြအေနနဲ႔က်ေတာ့ ေရာက္တဲ့အခ်ိန္နဲ႔ ဟိုတယ္ Check-in Time အရမ္းကြာရင္ ခရီးထြက္ၿပီး သြားခ်င္တဲ့ ေနရာလည္းမသြားရဘဲ အခ်ိန္ကုန္ၿပီး ေသာင္တင္ေနတာမ်ိဳး ျဖစ္ကာ ဒုကၡေရာက္တတ္ပါတယ္။ ခရီးသြားရာသီျဖစ္တဲ့အတြက္ ညိႏႈိင္းဖို႔ကလည္း ထင္သေလာက္မလြယ္ကူပါဘူး။ အခုေခတ္က ပိတ္ရက္ခရီးသြားၾကတာမ်ိဳးဆိုတာ လက္မွတ္၊ဟိုတယ္၊ အစားအေသာက္ အစစအရာရာေတြကို ႀကိဳတင္ျပင္ဆင္ၿပီး ခရီးသြားရင္ ပိတ္ရက္ခရီးသြားတာက ေပ်ာ္စရာအတိျဖစ္ကာ အပန္းေျပမွာပါ။

ခရီးမသြားဘဲ အိမ္မွာေအာင္းမယ့္သူေတြအေနနဲ႔ကေတာ့ အားရပါးရ အနားယူခြင့္ရတဲ့အခ်ိန္မွာ ျပည့္ျပည့္ဝဝ ေသခ်ာေလးအနားယူႏိုင္ဖို႔ လုပ္စရာရွိတဲ့ အလုပ္ေတြကို ပိတ္ရက္မေရာက္ခင္ အၿပီးျဖတ္ႏိုင္ေအာင္ ေသခ်ာေလးအစီစဥ္ခ်ၿပီး အလုပ္ေတြကို အၿပီးျဖတ္ပါ။ ပိတ္ရက္ႀကီးမွာ အလုပ္လုပ္ရတာ ဘယ္ေလာက္ဆိုးတယ္ဆိုတာ လုပ္ဖူးတဲ့သူတိုင္း ေကာင္းေကာင္းသိပါတယ္။ အနားယူခ်ိန္ကိုဖဲ့ၿပီး အလုပ္ေတြလုပ္ေနရတာ စိတ္ပင္ပန္းေစၿပီး ေကာင္းေကာင္း အနားယူလိုက္ရတယ္ဆိုတာ ခံစားမႈမ်ိဳးကိုလည္း ရရွိပိုင္ဆိုင္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္မို႔ တတ္ႏိုင္ရင္ေတာ့ ပိတ္ရက္ကို အလုပ္ေတြ မသယ္သြားမိေအာင္ ႀကိဳးစားပါ။

 

႐ုပ္ရွင္ဝါသနာပါသူေတြအေနနဲ႔ ၾကည့္ခ်င္ၿပီးမၾကည့္ရေသးတဲ့ ဇာတ္ကားေကာင္းေတြကို ပိတ္ရက္မွာ တဝႀကီးၾကည့္ႏိုင္ဖို႔ ႀကိဳတင္စုေဆာင္းထားပါ။

ဇာတ္ကားေကာင္းေတြလိုပဲ မဖတ္ရေသးတဲ့ စာအုပ္ေကာင္းေတြကိုလည္း ပိတ္ရက္မွာ စာဖတ္ဝါသနာပါသူေတြ စာအုပ္ေလးနဲ႔ ေအးေအးေဆးေဆးႏွပ္ႏိုင္ဖို႔ ႀကိဳတင္စုေဆာင္းထားပါ။

လူဘဝမွာ လူျဖစ္ခြင့္ရတုန္း လုပ္ခ်င္တာေတြကို ပိတ္ရက္မွာ လုပ္ၾကည့္ႏိုင္ဖို႔ ကိုယ္စဥ္းစားမိသမွ်ေလးကို စာရင္းေလးေရးထားၿပီး ပိတ္ရက္ေရာက္ရင္ လုပ္ၾကည့္ဖို႔ စုေဆာင္းထားပါ။ အလုပ္အျပင္ ဝါသနာပါတဲ့ တျခားအရာေလးေတြရွိရင္ ပိတ္ရက္မွာ လုပ္ၾကည့္ႏိုင္ဖို႔ စဥ္းစာကာ ႀကိဳတင္ျပင္ဆင္ထားပါ။ ဂိမ္းေဆာ့မယ့္ ဂိမ္းမာေလးေတြလည္း ပိတ္ရက္မွာ ဂိမ္းအဝေဆာ့ႏိုင္ဖို႔ ေဆာ့ခ်င္တဲ့ ဂိမ္းေခြေတြကို ႀကိဳတင္ရွာေဖြစုေဆာင္းထားပါ။

တရားစခန္းေတြ ဘာေတြဝင္ဖို႔ အစီအစဥ္ရွိတယ္ဆိုရင္လည္း ဝင္မယ့္တရားစခန္းကို ႀကိဳတင္စုံစမ္းၿပီး စာရင္းသြင္းထားပါ။

ပိတ္ရက္မွာ Challenge ေလးေတြ လုပ္ဖို႔ စိတ္ကူးရွိတယ္ဆိုရင္လည္း ကိုယ္လုပ္ခ်င္တဲ့ Challenge အမ်ိဳးအစားေလးေတြကို Online မွာ ႀကိဳတင္ရွာေဖြၿပီး ပိတ္ရက္မွာ ကိုယ့္ကိုယ္ကိုယ္ စိန္ေခၚၾကည့္ၿပီး လုပ္ၾကည့္လို႔ရပါေသးတယ္။

ဒါေလးေတြကေတာ့ ပိတ္ရက္မွာ ကိုယ္လုပ္ခ်င္တာလုပ္ၿပီး အားရပါးရနားႏိုင္ဖို႔အတြက္ ႀကိဳတင္ျပင္ဆင္ထားရမယ့္ အရာေလးေတြပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးေကာ ပိတ္ရက္အတြက္ ဘာေတြ ျပင္ဆင္ၿပီးၿပီလဲ မျပင္ဆင္ရေသးရင္ အျမန္ဆံုးျပင္ဆင္လုိက္ဦးေနာ္။ ပရိသတ္ႀကီး ပိတ္ရက္အတြက္ ႀကိဳတင္ျပင္ဆင္တတ္တဲ့ အရာေလးေတြရွိရင္လည္း တျခားသူေတြ လိုက္လုပ္ၾကည့္ႏိုင္ဖို႔ ျပန္လည္မွ်ေဝေပးသြားပါဦးေနာ္။

H.H(Akhayar)

www.akhayar.com 

[Unicode]

တန်ဆောင်တိုင်ပိတ်ရက် အေးအေးဆေးဆေး နားနိုင်ဖို့ ဒါတွေ ကြိုတင်ပြင်မယ်

နောက်တစ်ပတ်ထဲရောက်ရင် တန်ဆောင်တိုင်ပိတ်ရက်ကို ရောက်ရှိလို့လာပါပြီ။ ပိတ်ရက်ရောက်တော့မယ်လို့ ကြားလိုက်ယုံနဲ့တင် အလုပ်တွေ စဉ်ဆက်မပြတ်လုပ်နေရလို့ စိတ်ဖိစီးနေတဲ့သူတွေ ပင်ပန်းသမျှ အကုန်လုံး ကြက်ပျောက်ငှက်ပျောက် ပျောက်သလို ခွန်အားတွေ ချက်ချင်း ပြန်လည်တိုးပွားလို့ လာပါတယ်။ ပိတ်ရက်ရောက်လို့ ပျော်တာကတော့ ဝန်ထမ်းတိုင်း ဖြစ်ပေမယ့်လို့ အပျော်တွေနဲ့ ပြည့်နေပြီး ပိတ်ရက်အတွက် ဘာမှ ကြိုတင်မပြင်ဆင်ထားရသေးဘူးဆိုရင် ပိတ်ရက်မှာ သေချာပေါက် အေးအေးဆေးဆေး နားရမှာ မဟုတ်ပါဘူး။ ပိတ်ရက်အနားယူချိန်ကို မထိခိုက်ဖို့အတွက် အခုထဲက ပိတ်ရက်အတွက် ကြိုတင်ပြင်ဆင်ထားလိုက်ကြရအောင်။

ကြိုတင်ပြင်ဆင်ဖို့အတွက်ပြောတဲ့နေရာမှာ ခရီးသွားပြီး အပန်းဖြေမယ့်သူတွေအတွက် အရင်ဆုံးပြောချင်ပါတယ်။ ပိတ်ရက်က နောက်အပတ်ဗုဒ္ဓဟူးနေ့ကစပြီး ကြာသပတေးနေ့အထိ နှစ်ရက်ပိတ်ပြီးတော့ ကြားရက်သောကြာကို ခွင့်ယူခဲ့မယ်ဆိုရင် ပိတ်ရက် စုစုပေါင်း (၅) ရက်ရသွားပါတယ်။ ပိတ်ရက်က အရမ်းမများပေမယ့် ခွင့်တစ်ရက်ယူပြီး အပန်းဖြေခရီးသွားမယ်ဆို သွားလို့ရလောက်တဲ့ အချိန်အတိုင်းအတာတော့ ရှိပါတယ်။

ပိတ်ရက်အပန်းဖြေခရီးသွားမယ်ဆိုရင်တော့ နေဖို့ဟိုတယ်ကို အခုချိန်ကစပြီး စီစဉ်မယ်ဆိုရင်တောင် ကိုယ်လိုချင်တဲ့နေရာနဲ့ အခန်းမျိုးရဖို့ မလွယ်ကူတော့ပါဘူး။ အဲဒီတော့ အကြံပေးချင်တာက ခရီးသွားဖို့ အစီအစဉ်လည်းရှိပြီး ကိုယ်နေချင်တဲ့ နေရာမျိုးမှာလည်း မဖြစ်မနေ တည်းချင်ရင်တော့ သုံးပတ်လောက်ကတည်းက ဟိုတင်ကို ကြိုတင်ဘိုကင်လုပ်ပါ။ ဟိုတင်ကို ဘိုကင်လုပ်တဲ့အခါမျိုးမှာ တစ်ခုသတိပြုရမှာက ဟိုတင် Check-in Time ကို သတိတရ မေးဖို့ပါ။ ကိုယ်ပိုင်ကားနဲ့ သွားတဲ့သူတွေက ပြဿနာသိပ်မရှိပေမယ့် ခရီးသွားကားတွေနဲ့ သွားတဲ့သူတွေအနေနဲ့ကျတော့ ရောက်တဲ့အချိန်နဲ့ ဟိုတယ် Check-in Time အရမ်းကွာရင် ခရီးထွက်ပြီး သွားချင်တဲ့ နေရာလည်းမသွားရဘဲ အချိန်ကုန်ပြီး သောင်တင်နေတာမျိုး ဖြစ်ကာ ဒုက္ခရောက်တတ်ပါတယ်။ ခရီးသွားရာသီဖြစ်တဲ့အတွက် ညိနှိုင်းဖို့ကလည်း ထင်သလောက်မလွယ်ကူပါဘူး။ အခုခေတ်က ပိတ်ရက်ခရီးသွားကြတာမျိုးဆိုတာ လက်မှတ်၊ဟိုတယ်၊ အစားအသောက် အစစအရာရာတွေကို ကြိုတင်ပြင်ဆင်ပြီး ခရီးသွားရင် ပိတ်ရက်ခရီးသွားတာက ပျော်စရာအတိဖြစ်ကာ အပန်းပြေမှာပါ။

ခရီးမသွားဘဲ အိမ်မှာအောင်းမယ့်သူတွေအနေနဲ့ကတော့ အားရပါးရ အနားယူခွင့်ရတဲ့အချိန်မှာ ပြည့်ပြည့်ဝဝ သေချာလေးအနားယူနိုင်ဖို့ လုပ်စရာရှိတဲ့ အလုပ်တွေကို ပိတ်ရက်မရောက်ခင် အပြီးဖြတ်နိုင်အောင် သေချာလေးအစီစဉ်ချပြီး အလုပ်တွေကို အပြီးဖြတ်ပါ။ ပိတ်ရက်ကြီးမှာ အလုပ်လုပ်ရတာ ဘယ်လောက်ဆိုးတယ်ဆိုတာ လုပ်ဖူးတဲ့သူတိုင်း ကောင်းကောင်းသိပါတယ်။ အနားယူချိန်ကိုဖဲ့ပြီး အလုပ်တွေလုပ်နေရတာ စိတ်ပင်ပန်းစေပြီး ကောင်းကောင်း အနားယူလိုက်ရတယ်ဆိုတာ ခံစားမှုမျိုးကိုလည်း ရရှိပိုင်ဆိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ တတ်နိုင်ရင်တော့ ပိတ်ရက်ကို အလုပ်တွေ မသယ်သွားမိအောင် ကြိုးစားပါ။

 

ရုပ်ရှင်ဝါသနာပါသူတွေအနေနဲ့ ကြည့်ချင်ပြီးမကြည့်ရသေးတဲ့ ဇာတ်ကားကောင်းတွေကို ပိတ်ရက်မှာ တဝကြီးကြည့်နိုင်ဖို့ ကြိုတင်စုဆောင်းထားပါ။

ဇာတ်ကားကောင်းတွေလိုပဲ မဖတ်ရသေးတဲ့ စာအုပ်ကောင်းတွေကိုလည်း ပိတ်ရက်မှာ စာဖတ်ဝါသနာပါသူတွေ စာအုပ်လေးနဲ့ အေးအေးဆေးဆေးနှပ်နိုင်ဖို့ ကြိုတင်စုဆောင်းထားပါ။

လူဘဝမှာ လူဖြစ်ခွင့်ရတုန်း လုပ်ချင်တာတွေကို ပိတ်ရက်မှာ လုပ်ကြည့်နိုင်ဖို့ ကိုယ်စဉ်းစားမိသမျှလေးကို စာရင်းလေးရေးထားပြီး ပိတ်ရက်ရောက်ရင် လုပ်ကြည့်ဖို့ စုဆောင်းထားပါ။ အလုပ်အပြင် ဝါသနာပါတဲ့ တခြားအရာလေးတွေရှိရင် ပိတ်ရက်မှာ လုပ်ကြည့်နိုင်ဖို့ စဉ်းစာကာ ကြိုတင်ပြင်ဆင်ထားပါ။ ဂိမ်းဆော့မယ့် ဂိမ်းမာလေးတွေလည်း ပိတ်ရက်မှာ ဂိမ်းအဝဆော့နိုင်ဖို့ ဆော့ချင်တဲ့ ဂိမ်းခွေတွေကို ကြိုတင်ရှာဖွေစုဆောင်းထားပါ။

တရားစခန်းတွေ ဘာတွေဝင်ဖို့ အစီအစဉ်ရှိတယ်ဆိုရင်လည်း ဝင်မယ့်တရားစခန်းကို ကြိုတင်စုံစမ်းပြီး စာရင်းသွင်းထားပါ။

ပိတ်ရက်မှာ Challenge လေးတွေ လုပ်ဖို့ စိတ်ကူးရှိတယ်ဆိုရင်လည်း ကိုယ်လုပ်ချင်တဲ့ Challenge အမျိုးအစားလေးတွေကို Online မှာ ကြိုတင်ရှာဖွေပြီး ပိတ်ရက်မှာ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ကြည့်ပြီး လုပ်ကြည့်လို့ရပါသေးတယ်။

ဒါလေးတွေကတော့ ပိတ်ရက်မှာ ကိုယ်လုပ်ချင်တာလုပ်ပြီး အားရပါးရနားနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားရမယ့် အရာလေးတွေပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကော ပိတ်ရက်အတွက် ဘာတွေ ပြင်ဆင်ပြီးပြီလဲ မပြင်ဆင်ရသေးရင် အမြန်ဆုံးပြင်ဆင်လိုက်ဦးနော်။ ပရိသတ်ကြီး ပိတ်ရက်အတွက် ကြိုတင်ပြင်ဆင်တတ်တဲ့ အရာလေးတွေရှိရင်လည်း တခြားသူတွေ လိုက်လုပ်ကြည့်နိုင်ဖို့ ပြန်လည်မျှဝေပေးသွားပါဦးနော်။

H.H(Akhayar)

www.akhayar.com