[Zawgyi]







အခရာ
www.akhayar.com

[Unicode]

အနိုင်ရမယ့်အသင်းကို ခန့်မှန်းပြီး ဖုန်းဘေလ်တွေ ရယူကြမယ်

ဘောလုံးချစ်ပရိသတ်တွေ စောင့်ကြည့်နေကြတဲ့ ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အရှိန်အဟုန်ကတော့ တဖြည်းဖြည်းမြင့်တက်လာပါပြီ။ မထင်မှတ်တဲ့ ရလဒ်တွေနဲ့ လက်ရှိချန်ပီယံ ဂျာမနီနဲ့ စပိန်တို့ ထွက်ခွာခဲ့ရသလို ခန့်မှန်းထားတဲ့အတိုင်းပဲ ရေပန်းစားနေတဲ့ ဘရာဇီးလ်၊ ပြင်သစ်၊ အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံတို့လို အသင်းကြီးတွေက ဆက်လက်တိုက်ပွဲဝင်ဆဲပါ။ ပြိုင်ပွဲရလဒ်တွေကို ခန့်မှန်းရင်း ဘော်ဒါတွေနဲ့ ငြင်းခုန်ရတာလည်း ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရသတစ်ခုလိုပါပဲ။ လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ဘောလုံးချစ်သူတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာပြိုင်ပွဲကြီးကို Grand Royal က စီစဉ်လိုက်ပါတယ်။

ဟာသသရုပ်ဆောင်တွေဖြစ်ကြတဲ့ ခင်လှိုင်၊ ကျော်ထူး၊ အောင်မိုးဦးနဲ့ ရဲရင့်တို့က ကမ္ဘာ့ဖလားပွဲကြီးတွေမှာ Spin Wheel လှည့်ပြီး အနိုင်ရရှိမယ့်အသင်းကို ခန့်မှန်းပေးတာဖြစ်ပါတယ်။ ဘောလုံးချစ်ပရိသတ်တွေအနေနဲ့ ဟာသညီနောင်တွေရဲ့ ရွှင်မြူးဖွယ် Live ဗီဒီယိုကို ပျော်ပျော်ပါးပါးခံစားရမှာပါ။ တကယ်လို့ သူတို့ခန့်မှန်းတဲ့အသင်းဟာ ပြိုင်ပွဲမှာ ရှုံးနိမ့်သွားရင်တော့ ပရိသတ်တွေခိုင်းတဲ့အတိုင်း ဟာသညီနောင်တွေက Live ဗီဒီယိုမှာ လုပ်ပြရမှာပါ။

Grand Royal က ဘောလုံးပရိသတ်ကြီးအတွက် နောက်ထပ်အစီအစဉ်တစ်ခု ထပ်မံတင်ဆက်လိုက်ပါသေးတယ်။ ဒါကတော့ ၂၀၁၈ ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ အနိုင်ရမယ့်အသင်းတွေကို ဟာသညီနောင်တွေနဲ့အတူ ပရိသတ်တွေက ခန့်မှန်းပေးရမှာဖြစ်ပါတယ်။

အနိုင်ရမယ့်အသင်းကို မှန်မှန်ကန်ကန်ခန့်မှန်းနိုင်တဲ့ ပရိသတ်တွေထဲကမှ ကံထူးရှင် (၁ဝ) ဦးကို ရွေးချယ်ပြီး Grand Royal က တစ်သောင်းတန်ငွေဖြည့်ကတ်တွေကို ချီးမြှင့်သွားမှာဖြစ်ပါတယ်။

ဟာသညီနောင်တွေ Spin Wheel လှည့်နေချိန်မှာ ပရိသတ်တွေက Comment ကနေပြီး အနိုင်ရမယ့်အသင်းကို ခန့်မှန်းရမှာပါ။ အနိုင်ရမယ့်အသင်းကို Comment ပေးရုံနဲ့ ဖုန်းဘေလ်တွေ ရယူနိုင်မယ့်အခွင့်အရေးကို လက်မလွှတ်ချင်ရင်တော့ Grand Royal Page ကို See First လုပ်ပြီး ခန့်မှန်းရုံပါပဲ။

အခရာ
www.akhayar.com