[Zawgyi] 


V11 With new display


From Sept 22 to 28




www.akhayar.com

[Unicdoe] 

In-Display Fingerprint Scanner ပါတဲ့ Vivo V11 ဖုန်းတွေကို ၂၂ ရက်နေ့မှာ Pre-Order လုပ်လို့ရပြီ

Vivo ရဲ့ V Series ဖုန်းတွေထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးဖြစ်လာမယ့် V11 ကတော့ မကြာခင် ပြည်တွင်းဈေးကွက်မှာ တွေ့ရတော့မှာပါ။ ဒါပေမယ့် ဈေးကွက်မှာ မရောင်းချခင် Pre-Order လုပ်နိုင်ဖို့အတွက် Vivo က လာမယ့် ၂၂ ရက်နေ့မှာ စတင်ဖွင့်ပေးသွားမှာပါ။ 

V11 With new display

Vivo က V11 နဲ့အတူ V11i ကိုလည်း မိတ်ဆက်ပေးသွားဦးမှာဖြစ်ပါတယ်။ Vivo V11 ကတော့ V Seris ဖုန်းတွေထဲမှာ ပထမဦးဆုံး In-Display Fingerprint Scanner ပါလာသလို Display မှာလည်း Notch Design အသစ်ကို သုံးပေးလာမှာဖြစ်ပါတယ်။ ဒါ့အပြင် Vivo V11 မှာ OLED Display ကိုသုံးပေးလာမှာဖြစ်တာကြောင့် V Series ဖုန်းတွေထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးဖြစ်လာမှာပါ။ 

From Sept 22 to 28

Pre-Order မှာယူသူတွေအတွက်တော့ Vivo က အထူးလက်ဆောင်ပစ္စည်းတွေ ပေးသွားဦးမှာဖြစ်တယ်လို့လည်း သိရပါတယ်။ 

The first V Series phone to feature In-Display Fingerprint Scanner

Vivo V11 နဲ့ V11i တွေကို စက်တင်ဘာ ၂၂ ရက်နေ့ကနေ ၂၈ ရက်နေ့အတွင်း Pre-Order မှာယူနိုင်မှာဖြစ်ပါတယ်။ မှာယူလိုတဲ့ Customer တွေအနေနဲ့တော့ စရငွေ ၃၀,၀၀၀ကျပ် ဦးစွာပေးပေးသွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။ Pre-Order လုပ်ပြီးပြီဆိုရင်တော့ Pre-Order Card တွေရရှိမှာဖြစ်သလို အဲ့ဒီ Card တွေနဲ့ လက်ဆောင်ပစ္စည်းတွေကို ထုတ်ယူနိုင်မှာပါ။ စက်တင်ဘာ ၂၉ ရက်နေ့မှာတော့ Vivo V11 နဲ့ အောက်တိုဘာ ၆ ရက်နေ့မှာ Vivo V11i ကို Pre-Order Card နဲ့အတူ Order တင်ထားတဲ့ဆိုင်မှာ ငွေရှင်းပြီး လက်ေ-ဆာင်ပစ္စည်းတွေနဲ့အတူ ထုတ်ယူနိုင်မှာပါ။ Vivo V11 က သင့်ကို ဘယ်လိုဆွဲဆောင်နေပြီလဲ…

www.akhayar.com