ကျွန်တော် ဒီဆောင်းပါးရေးဖြစ်ဖို့ အချိန်အတော်ယူခဲ့ရသလို ဂိမ်းကစားရင်း သေခဲ့ရတဲ့အခေါက်ပေါင်းလည်း မနည်းတော့ပါဘူး။ အကုန်ပြောနေရင် ရှည်သွားမစိုးလို Knife Only နဲ့ ဘယ်လိုကစားမလဲဆိုတာကို ၃ ပိုင်းခွဲပြီး ဖော်ပြချင်ပါတယ်။ နောက်ပြီး Weak Point တွေနဲ့ Game တလျောက် အခက်ဆုံးနေရာတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတဲ့ Tips & Tricks လေးတွေပါ တခါထဲဖော်ပြသွားပါ့မယ်။

ဆိုတော့ ကျွန်တော် ပထမဆုံး အသိပေးချင်တာက Knife ဆိုတာ Exceptional Weapon ဖြစ်သလို Last Resort လည်းဖြစ်ပါတယ်။ လက်နက်ကျည်တွေ ဗုန်းပေါလအော မပေးတဲ့ Resident Evil ဂိမ်းတွေမှာ Knife ဆိုတာ အရမ်းအသုံးဝင်သလို Tricks တွေသိထားရင် Boss ကိုတောင် အလွယ်သတ်နိုင်ပါတယ်။ ကဲ…ဘယ်လို လျို့ဝှက်ချက်ရှိနေမလဲဆိုတာ Resident Evil 4 နဲ့ အရင်စလိုက်ရအောင်။

Know Your Move

Knife Only နဲ့ကစားဖို့ RE 4 ရဲ့ Game Mechanic အကောင်းဆုံးပါပဲ။ Tricks တချို့ပြောရမယ်ဆိုရင် တွေ့သမျှ Ganados အားလုံးကို Handgun ၊ Shotgun လုံးဝမသုံးဘဲ ဓားတလက်နဲ့ လိုက်ခုတ်နိုင်ပါတယ်။ လွဖြတ်စက် (Dr Salvador) ကိုပါ ဓားနဲ့ဆွဲနိုင်ပြီး ဒီလိုကစားချင်တယ်ဆိုရင် RE 4 ရဲ့Bot Engine ကို အရူးလုပ်နိုင်ပါတယ်။ အဲ့ဒါက ရန်သူရှေ့ပြေးဝင်မလိုနဲ့ တကယ်တမ်း မသွားဘဲ First Attack အရင် လုပ်ခိုင်းတဲ့သဘောပါ။ ဒါဆိုရင် Ganados ပဲဖြစ်ဖြစ် Dr. Salvador ပါ အရင်ဆုံးလွကြိးနဲ့ တိုက်ပါလိမ့်မယ်။

ဒီလို ကိုယ်ရဲ့ Predictable Move ထဲ ဒင်းတို့မိသွားပြီးရင် Second Attack လုပ်ဖို့ Leon ကို ခဏလေးရပ်ကြည့်နေမယ် တကယ်လို့ ကိုယ့်နားနီးနေခဲ့ရင်တောင် နောက်ဆုတ်ပြီး ထပ်တိုက်ခိုက်ဖို့ ပြင်ပါလိမ့်မယ်။ အဲ့ဒီခါကျရင်တော့ ဓားနဲ့ မျက်နှာလှမ်းခုတ်ပြီး ကန်ထုတ်ပစ်ရုံပါပဲ။ တကယ်လို့ Dr. Salvador နဲ့ Ganados တွေပါ တွဲနေရင်တော့ ပထမဆုံးထလာတဲ့ တကောင်ချင်းစီ မျက်နှာကိုဓားနဲ့ခုတ် Knock သွားအောင်လုပ်ပြီး သတ်ရုံပါပဲ။

Practice makes Perfect

အခုလို ပြောလိုက်တော့ လွယ်မယ်ထင်ရတာ၊ တကယ်တမ်းကစားကြည့်ရင် ခေါင်းပြတ်ပေါင်းမနည်း၊ လှမ်းပစ်လိုက်တဲ့ ပုဆိန်ပျံတွေ လာလာမှန်လို့ သွေးကုန် သေတာမနည်းဖြစ်မှာ အမှန်ပါ။ အဲ့ဒီတော့ ကိုယ့်ရဲ့ Knifing Skill ကျွမ်းကျင်အောင် လေ့ကျင့်ဖို့လိုပြီး Perfect ဖြစ်သွားရင် လာသမျှဓားနဲ့ဆွဲ ပုဆိန်ပျံပါ လေထဲတင် ခုတ်ချပစ်နိုင်ပါပြီ။

ရန်သူကို အထင်မသေးပါနဲ့

ဒီကောင့်ကို ဓားနဲ့သတ်လို့ အလွယ်လေး၊ ဝင်ခုတ်ပစ်မယ်ဆိုပြီး တရားသေမတွေးပါနဲ့။ Chapter 2-2 ကစလို့ Ganados တွေ Powerful ဖြစ်လာပါလိမ့်မယ်။ အဲ့ဒါက ခေါင်းပြုတ်သွားလို့ အတံရှည်ကြီးထွက်လာမယ်၊ ထိပ်သွားချွန်ချွန်နဲ့ ပတ်ရမ်းနေမှာမို့ ကပ်လို့တောင် ရမှာမဟုတ်ပါဘူး။

ဒီကောင့်ကို RE Origin မှာ Ganado Plaga A လို့ခေါ်ဝေါ်ပြီး Effective Kill Range က ခေါင်းနေရာပါ။ Weak Point က Flash Grenade ပဲဖြစ်ပြီး ကန်းဗုန်းကျဲရင်ကျဲ၊ မကျဲချင်ရင် ပတ်ပြေးရုံပါပဲ။

Fast Run အတွက် အဆင်ပြေတယ်

Resident Evil 4 ကို Fast Run ကစားလို့အကောင်းဆုံး လက်နက်ကတောာ့ Knife ပါပဲ။ လက်နက်ကြီးတွေ မရှိနေလဲ Grenade ၃ ၊ ၄ မျိုးလောက် သယ်သွားပြီး Final Chapter ထိ ဓားတလက်နဲ့ ဆော့သွားလို့ရပါတယ်။ အခုလိုပြောလို့ မဖြစ်နိုင်ဘူးမထင်နဲ့နော်။

လူဆိုးဗိုလ်နဲ့မတွေ့ခင် Krauser နဲ့ရင်ဆိုင်ရတဲ့နေရာတိုင်းမှာ ဓားနဲ့ခုတ်ပြီး အနိုင်ယူလို့ရပါတယ်။ Final Boss ကတော့ဓားနဲ့မလွယ်လို့ ကျွန်တော်ကတော့ လက်နက်တွေရောင်းပစ်ပြီး ၃ သောင်းတန် လောင်ချာနဲ့ထုပစ်ခဲ့ပါတယ်။

Prepare Your Attack

တချိန်လုံး ဓားချည်းပဲ အားကိုးလို့မရဘူးဆိုတာကို Chapter တချို့မှာ စကားပြောပါလိမ့်မယ်။ Ashley ကို အိမ်ကြီးထဲဝှက်ထားပြီး Luis Sera နဲ့တွဲပစ်ရတဲ့အခန်း Village Escape Route ၂ လမ်းရွေးရတဲ့ Chapter မှာဆိုရင် Outnumber ဖြစ်နေပါလိမ့်မယ်။

Professional နဲ့ကစားနေရင်တော့ 1 Hit 1 Chance ပဲရှိတာ သိထားရမှာပါ။ အဲ့ဒီတော့ ဗုန်းကျဲမလား ဒါမှမဟုတ် Headshot ပစ်ပြီး Knockout လုပ်မလား Shotgun + Knife သုံးပြီး Instant Kill ယူမလား အခြေနေလိုက် ကစားတတ်အောင် ချင့်ချိန်ပါ။

Prepare Your Arsenal

Infinite Weapon ရမှ လက်နက်ကြီးလို့ မခေါ်ပါဘူး။ Village ကထွက်ဖို့ ရွာစောင့်မျက်လုံး (Bitores Mendez) နဲ့ရင်ဆိုင်တဲ့ခန်းမှာဆိုရင် မီးဗုံး (Incendiary Grenade) ၄ လုံးပဲလိုပါတယ်။ တွေ့တာနဲ့ဆက်တိုက်ကျဲပစ်ပေါ့နော်။ Easy Kill ၊ Instant Death ရပါလိမ့်မယ်။

ဒီလိုပဲ ခွေးအတွေကိုလည်း မီးဗုံး၊ ကန်းဗုံးနဲ့ Instant Kill ရနိုင်မယ်။ Castle ထဲက မျက်မမြင်ကောင် (Garrador) ဆိုရင် ကျောဘက Weak Spot ကို Shotgun နဲ့ပစ် ပြီးသွားရင် သူ့ရဲ့ Movement အတိုင်း Leon ကိုလိုက်ရွေ့ပြီး ဓားနဲ့ဆက်တိုက်ခုတ်ပစ်လိုက်ရင် Easy Kill ပါပဲ။

Akumu (Instant Death for Leon)

Akumu ဆိုတဲ့စကားလုံးကို အရမ်းကြိုက်လို့ The Evil Within ဂိမ်းဆီက ယူသုံးထားတာပါ။ တချက်ထဲနဲ့သေဆိုတဲ့ အဓိပ္ပာယ်တိုင်း Leon တန်းသေမှာတွေက Plaga B ပါ Ganados ၊ Los Illuminados နဲ့ Soldier တွေဆီကထွက်လာမယ့် လက်တံရှည်ကြီးက ခေါင်းကိုငုံလိုက်တာနဲ့ Instant Kill ၊ ရွာစောင့်ရဲ့ Finish Him အကွက်၊ Garrador Strike နဲ့ Krauser Counter and Surprise Attackတို့ပဲဖြစ်ပါတယ်။ နောက်ပြီး ဒီ Instant Death အကွက်တွေကို သွေးအပြည့်နဲ့ မကာနိုင်ပါဘူး။ ဒီတော့ Knife Only ဆော့နေရင် ဒီအကွက်တွေကို သိထားရမှာဖြစ်ပါတယ်။

ဒါကတော့ Resident Evil 4 ကို Fast Run ကစားလိုသူ၊ Knife နဲ့ဆော့ရင် သိထားရမယ့်အချက်တွေနဲ့ ခက်ခဲတဲ့ Chapter ၊ Boss Fight ဘယ်လို ကျော်ဖြတ်နိုင်မလဲဆိုတဲ့ Tips & Tricks လေးတွေပဲဖြစ်ပါတယ်။ ဒီလိုပဲ Ada နဲ့ကစားရင် ဓားနဲ့ဆော့လို့ရမယ်၊ Instant Kill က Krauser တကောင်ပဲ အနှောက်ယှက်ရှိပေမယ့် Chapter 5 မှာ Gatling Gun က တခါတရံစိတ်ပျက်စရာကောင်းပါတယ်။ ဒီတော့ ပါးပါးနပ်နပ်ဆော့ဖို့လိုပြီး တွေ့သမျှရန်သူ မသတ်တာ ပိုကောင်းပါတယ်။

လိုအပ်တာရှိရင် Comment မှာပြောနိုင်ပြီး သိချင်တာရှိရင်လည်း မေးမြန်းနိုင်ပါတယ်။ နောက်တခါမှာတော့ ကြောက်စရာ Resident Evil 7 နဲ့ 2 တို့အကြောင်း ဖော်ပြသွားပါ့မယ်။