ဒီ Article ရေးဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ RE2 ကို Trainer ၊ Cheat မသုံးဘဲ Infinite Weapon Unlock လုပ်နိုင်မလဲဆိုတာ အကျဉ်းပြောပြချင်ပါတယ်။ ပထမဆုံး အသိပေးချင်တာက Infinite Weapon ရဖို့ဆိုရင် အချိန်ကန့်သတ်ချက်ရှိပါတယ်။ Leon ၊ Clarie ၂ ယောက်လုံးရဲ့ Standard Difficulty ကစားချိန်ကို ၃ နာရီခွဲသတ်မှတ်ထားပြီး 2nd Run တွက်ဆိုရင် ၃ နာရီပဲပေးထားတာ သိပြီးသားဖြစ်မှာပါ။

သတ်မှတ်ချိန်တွင်း အောင်ခဲ့ရင်တော့ S+ Rank ရရှိမှာဖြစ်ပြီး Achievement အနေနဲ့ Infinite Samurai Edge (Original Model) ရရှိမှာပါ။ Mr. Raccoon အရုပ်အားလုံးပစ်နိုင်ခဲ့ရင် Infinite Survival Knife ရရှိမှာဖြစ်ပေမယ့် ၃ နာရီနဲ့အောင်ဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ Hardcore Mode နဲ့ဆို ပိုခက်သွားပြီမလို့ Fast Run ကစားချင်သူတွေအတွက် Tips & Tricks တချို့ ဖော်ပြလိုက်ပါတယ်။

ဒီတော့ ဂိမ်းအထာနပ်ဖို့လိုတယ်လို့ ပထမဆုံးပြောချင်ပါတယ်။ Zombie နဲ့ ဘယ်လို Counter လုပ်မလဲဆိုတာ ၁ခါ၊ ၂ ခါလောက် Try ကြည့်ဖို့လိုပြီး တတ်နိုင်သမျှ Miss Fire မဖြစ်ပါစေနဲ့၊ ကိုယ့်ချိန်ကွင်းထဲ Zombie ရောက်လာမှ ပိုင်ပိုင်နိုင်နိုင်ပစ်ပြီး လိုက်မချိန်ပါနဲ့။ မြင်သမျှလည်း မပစ်ပါနဲ့။ ဖြစ်နိုင်ရင် အမြန်ပြေးပြီး Target ရောက်အောင်သွားပါ။ တချို့နေရာတွေမှာ သေချင်ယောင်ဆောင်တတ်လို့ ဓားနဲ့ခုတ်ပြီး သွေးမကုန်အောင် ကစားပါ။ Zombie ၄ ၊ ၅ ကောင်စုပြုံနေရင် Stun Grenade သုံးပြီး Break-in လုပ်ဖို့ကြိုးစားပါ။

ဒုတိယက RPD ထဲ ရောက်တာနဲ့ Shotgun ၊ Grenade Launcher အရင်ရအောင်ယူ၊ Survival Item အလုံလောက် ရပြီဆိုတာနဲ့ Medallion ၃ ခုတပြိုင်နက်ယူပါ။ ဒီကြားထဲ Locker Puzzle ကို တခါထဲဖြေပြီး Attachments အကုန်ယူထားပါ။ နတ်သမီးဆီက Medallion ယူရင် Licker ကျလာမှာမလို့ Stun Grenade သုံးပြီး Headshot ၅ ချက်နဲ့ တခါထဲအပြတ်ဖြတ်ပစ်ပါ။


Licker က မတရားမြန်လွန်းတဲ့တွက် မပြေးပါနဲ့ Stun Grenade သုံးပြီးပြန်ချပါ။ Licker က မမြင်နိုင်တဲ့တွက် လုပ်နိုင်တဲ့ Trick က အနားကပ်ပြီး ဖြေးဖြေးဖြေတ်လျောက်ပြီး ကျော်သွားနိုင်ပါတယ်။ အရမ်းတော့ မကပ်နဲ့ပေါ့်နော်၊ လှမ်းကုတ်လိမ့်မယ်။ သူ့နားတခုခုဖြတ်သွားသံကြားရင် Surprise အသံလေးထွက်လာမယ်၊ ဒါကိုလန့်ပြီး မပြေးပါနဲ့၊ အရမ်းနီးလွန်းတာပဲဖြစ်ဖြစ်၊ Licker Sense ရသွားရင် Warning သံထွက်လာပါလိမ့်မယ်။ ဒီအခြေနေရောက်သွားရင် အနီးဆုံးအခန်းထဲပြေးရင်ပြေး၊ ပြေးမရရင် Sub-weapon တခုခုနဲ့ ရအောင်သတ်ရရုံပဲရှိပါတယ်။ ဒါပေမယ့် ဒီ Trick လုပ်တတ်သွားရင် Licker ကိုချစ်မိသွားမှာ အမှန်ပဲ၊ မလုပ်တတ်ရင်လည်း ထိုင်ဆဲမိတဲ့ထိ ဒေါသဖြစ်စရာကောင်းပါတယ်။

နောက် Character ၂ ယောက်ရဲ့ Arsenal က Shotgun နဲ့ Grenade Launcher မှာ စကားပြောပါတယ်။ Shotgun နဲ့ Headshot Kill ရနိုင်ပေမယ့် Licker နဲ့ကျ Weak ဖြစ်သွားပါတယ်။ Grenade Launcher ရဲ့ Flame Rounds က တချက်ထဲနဲ့ Licker ကို Stun နိုင်ပေမယ့် Gun Powder နဲ့ Rounds ထပ်မလုပ်နိုင်ဘူး။ နောက်ပြီး Clarie က ခံနိုင်ရည်အားနည်းတယ်၊ Hardcore မှာ 2 Bite = Danger ဖြစ်ပေမယ့် Clarie က တချက်ထဲနဲ့တန်း Danger ဖြစ်ပါတယ်။ Story ပြန်ဆက်ရရင် Underground ရောက်ပြီးလို့ Clock Tower ဆီပြန်သွားရင် Mr.X (Tyrant T-001) နဲ့တွေ့မယ်။ ဒီကောင်နဲ့တွေ့ရင် ပတ်ပြေးတာထက် Headshot ပစ်ပြီး Knockout ပဲလုပ်ပါ။

ဘာလို့လဲဆို Leon နဲ့ကစားရင် Club Key နဲ့ Jack Handle ယူတဲ့လမ်းမှာ Zombie အပြုံလိုက်နဲ့ Licker ပါစောင့်နေမယ်။ တကယ်လို့ Mr.X ပါခေါ်ခဲ့ရင် သေဖို့ပဲရှိတာမလို့ Stun Grenade ဆောင်သွားပါ။ မပြေးဘဲ လမ်းလျောက်သွားပြီး တံခါးနားရောက်တာနဲ့ Grenade သုံး Handle အမြန်ယူပါ။ အထဲမှာ Grenade တလုံးထပ်ပေးမှာမလို့ ခြေသံလေးလေးကြားရင် အထဲမှာစောင့်ပါ။ [ဒီခန်းကို Standard နဲ့ကစားရင် လုပ်နိုင်တာက စစချင်းမှာ Wooden Boards နဲ့ပြတင်းပေါက်အကွဲတွေ လိုက်ပိတ်ထားရင် Zombie အရမ်းမများပါဘူး]

Mr.X တံခါးဖွင့်တာနဲ့ ဗုံးပစ်ပြီး Operation Room ထဲခပ်သွက်သွက်ပြေးပါ။ အဲ့ဒီမှာ နောက်ထပ် Licker တကောင်စောင့်နေပါလိမ့်မယ်။ ဒါကြောင့်မလို့ Operation Room ကနေ West Office ၊ Armory လမ်းကို ဝုန်းဒိုင်းတံခါးမဖွင့်ဘဲ ပုံမှန်လမ်းလျောက်ပြီး Dark Room ဆီသွားလိုက်ပါ။ ဒီနေရာမှာပြောချင်တဲ့ Tips က Mr.X ဟာ Clock Tower ၊ S.T.A.R.S Office နဲ့ Dark Room ထဲမဝင်နိုင်ပါဘူး။

ဒီလိုပဲ Licker တွေ တံခါးမဖွင့်တတ်ပါဘူး။ လက်မြန်ရင် Licker ကို မျှားခေါ် တံခါးအဖွင့်၊ ပိတ်လုပ်ပြီး အေးဆေးသတ်လို့ရပါတယ်။ လိုအပ်တဲ့ Power Panel Part မယူပြီးခင် Floor ၄ ခုလုံးမှာရှိတဲ့ Item အားလုံးကို မြေပုံကြည့်ပြီး အားလုံးရအောင်ယူခဲ့ပါ။ Hardcore နဲ့ကစားနေရင်တော့ First Aid နဲ့ Gun Powder လောက်ပဲ သယ်ခဲ့ပြီး Sewer ဆီအမြန်သွားပါ။ Weapon Parts ရဖို့ အချိန်ကုန်မခံပါနဲ့၊ ဒီ Mode မှာ Slot ၄ ကွက်ပဲအပိုရမှာဖြစ်တဲ့တွက် မသယ်ပါနဲ့။

Sewer ခန်းမခက်ပေမယ့် G Adult နဲ့တွေ့ရင်သာ တိုင်ပတ်ပါလိမ့်မယ်။ ကျွန်တော်ကတော့ ကျည်ကုန်လို့ တကောင်မှ သေအောင်မသတ်ခဲ့ပါဘူး။ ဒီကောင်တွေရဲ့ အနေထားကြည့်ပြီး ပြေးသင့်ရင်ပြေးတယ်၊ လမ်းပိတ်နေရင် ဗုံးကျဲပစ်တယ်၊ သေအောင်သတ်နေရင် Stage G3 နဲ့ ချဖို့ကျည်မလောက်မှာစိုးတဲ့တွက် Chess အရုပ်နဲ့ Flamethrower ၊ Spark Shot အမြန်ယူပြီး NEST ဆီသွားလိုက်တယ်။

NEST မှာလည်း Ivy Zombie က အာရုံနောက်တယ်ဆိုမယ့် Flame Thrower ရှိနေရင် မည်းတူးနေအောင်မှုတ်ပစ်ပါ။ Clarie ဆိုရင်တော့ Dispersal Catridge နားက ၂ ကောင်လောက်ပဲ အသေသတ်ပြီး ဆက်သွားပါတယ်။ ဒီအခန်းကို စကစားတဲ့အခါ Puzzle Code ကို ဓာတ်ပုံရိုက်ထားပါ၊ Fast Run ကစားရင် ပြန်မယူရအောင်လို့ Puzzle ဖြေပြီးတာနဲ့ မြန်မြန်ထွက်ပါ။ တခုပဲ Hardcore Challenge က ၃ ခါပဲ Save ခွင့်ရှိတာဖြစ်တဲ့တွက် Mr.X နဲ့တွေ့တဲအချိန် တခါ၊ Sewer မှာတခါ ၊ East Area မှာ တခါပဲ Save ပါ။

Stage G4 Boss က သတ်ရလွယ်တဲ့တွက် Weak Point တွေကို Lighting Hawk နဲ့ပစ်၊ Pistol ကျည်နဲ့ပဲ အသေသတ်ခဲ့ပြီး နောက်ဆုံး Mr.X နဲ့ကျမှ Shotgun + Lighting Hawk နဲ့အနိုင်ယူလိုက်ပါ။ ဒီ Tips က Standard နဲ့ Hardcore ၂ မျိုးလုံးတွက် အကြုံးဝင်ပြီး Clarie နဲ့ဆို Stage G4 ကို Powerful Mag Rounds + Flame Rouns or Acid Rounds နဲ့ Pistol နဲ့သတ်ပါ။ Stage G5 ကျ Gattling Gun ပေးမှာဖြစ်တဲ့အတွက် Sub-machine Gun နဲ့ ပေါင်းပစ်ပြီး S+ Rank ရပါစေလို့ မျော်လင့်ပါတယ်။

အခုကျွန်တော်ပြောလိုက်တဲ့အချက်တွေက Hardcore Mode တွက်ရည်ရွယ်တာပါ။ Standard မှာ Hip Pouch အားလုံးရနိုင်ပေမယ့် Hardcore မှာ ၂ ခါပဲရမှာပါ။ ကျည်ထားတဲ့နေရာအများစု Ink Ribbon နဲ့အစားထိုးထားတာမလို့ ကျည်မလောက်၊ ရန်သူကကြမ်းဖြစ်သွားတဲ့တွက် တကယ့် Challenge ဖြစ်လွန်းပါတယ်။ ဒါကြောင့် Fans တွေတွက်ပဲ ရည်ရွယ်ပြီး ထည့်ပေးထားတယ်၊ ပိုကြမ်းသွားတာက Hardcore Mode ရဲ့ S+ Rank Time ကပိုနည်းသွားပြီး ရှေ့ပိုင်းမှာ Boos သတ်ဖို့ Mag Rounds ဖြုန်းမိခဲ့ရင် အောင်ဖို့မလွယ်ပါဘူး။

 

နောက်ပြီး Standard မှာရခဲ့တဲ့ Infinite Ammo သုံးပြီး S+ မရနိုင်တဲ့တွက် ကစားရပိုခက်ပါတယ်။ ဒါပေမယ့် မအောင်ဘူးဆိုတာ မရှိပါဘူး။ ဒီ Resident Evil 2 Remake ရဲ့ Gameplay ကိုလည်း သီးသန့် Game Channel နဲ့တင်ပေးသွားမှာမလို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါ့မယ်လို့ ပြောရင်း Infinite Weapon တွေရကြပါစေ။ Hardcore နဲ့အောင်ရင် ရနိုင်မှာတွေက အောက်ကပုံအတိုင်း Infinite Launcher + LE 5 Submachine Gun ၊ Gattling Gun တွေပါ။

Credit: Some Photos to IGN