[Zawgyi]

အလုပ္လုပ္ရင္း အိပ္ငိုက္လာခဲ့ရင္

မနက္ပိုင္း လုပ္ငန္းခြင္ဝင္တဲ႔အခါေလာက္ စိတ္ေရာ လူေရာ လန္းဆန္းေနတာ မရွိပါဘူး။ ပံုမွန္ရံုးတက္ခ်ိန္ကစျပီး ေန႔လယ္ထမင္းစားတဲ့အခ်ိန္ေလာက္အထိ လန္းဆန္းတက္ၾကြေနတတ္ပါတယ္။ ဒါဟာ လူတိုင္းပါပဲ။ မျဖစ္ဘူးလို႔ ေျပာရင္ေတာ့ ကုိယ့္ကိုယ္ကို ညာတာပါပဲ။ ဘယ္လုိပဲအိပ္ေရးဝဝအိပ္ခဲ့ပါေစ။ ေန႔လယ္စာ စားျပီးတဲ့အခ်ိန္မွာေတာ့ မနက္က လန္းဆန္းေနတယ္ဆိုတဲ့ စိတ္ေရာ ခႏၶာေရာ ခ်က္ခ်င္း ပင္ပန္းလာျပီး ကိုယ့္ရဲ႕ မ်က္လံုးေတြဆိုတာလည္း ခ်က္ခ်င္းကို စင္းလာတတ္ပါတယ္။ အဲဒီအခ်ိန္မွာ သီခ်င္းျမဴးျမဴးေတြလည္း မကယ္ႏိုင္၊ ေကာ္ဖီလည္း မကယ္ႏိုင္ေတာ့ဘူး။ ဒါေပမယ့္လည္း ရံုးကလည္း မဆင္းေသးေတာ့ အိပ္ခ်င္သလိုအိပ္လို႔ကလည္းမရျပန္ဘူး။ ဒီေတာ့ မျဖစ္မေန အိပ္ငိုက္ခ်င္တဲ့စိတ္ကို ေဖ်ာက္ပစ္မွ ရေတာ့မယ္ေလ။ ဒီအတြက္ မပူပါနဲ႔ နည္းလမ္းေတြေျပာျပေပးမယ္။

ေရေႏြးၾကမ္းေသာက္ပါ။

ေရေႏြးၾကမ္းပူပူေလးတစ္ခြက္က ကိုယ့္ရဲ႕ အိပ္ငိုက္ေနတဲ့မ်က္လံုးေတြကို ခ်က္ခ်င္းဆိုသလို လန္းသြားေအာင္ျပဳလုပ္ေပးႏုိင္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္လက္ဖက္ၾကမ္းရဲ႕ ပူေႏြးခါးသက္တဲ႔အရသာေလးေၾကာင့္ပဲျဖစ္ပါတယ္။ ေကာ္ဖီလည္း ပူတာပဲ ဘာကြာလို႔လဲလို႔ ေမးေကာင္းေမးႏိုင္ပါတယ္။ မတူပါဘူးေနာ္။ ေရေႏြးၾကမ္းက သဘာဝလက္ဖက္ရြက္ေတြနဲ႔ ျပဳလုပ္ထားတာျဖစ္ပါတယ္။ ပိုျပီး လန္းဆန္းခ်င္ရင္ေတာ့ စံပယ္ရနံ႔ပါတဲ့ လက္ဖက္ေျခာက္ေလးေတြ၊ ပန္းလက္ဖက္ေျခာက္ထုပ္ေလးေတြကို ေသာက္ပါ။

အသီးတစ္ခုခုစားပါ။

လိေမၼာ္သီးကေတာ့ အေကာင္းဆံုးပါပဲ။ ခ်ဥ္လည္း ခ်ဥ္ခ်ဥ္ေလး၊ Vitamin C လည္းရမယ္။ အရည္လည္း ရႊမ္းရႊမ္းေလးနဲ႔ဆိုေတာ့ ကိုယ့္အသားအေရလည္းလွ၊ အိပ္ငိုက္တာလည္းေပ်ာက္။ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ပဲေလ။ ဒါ့အျပင္ အခုရာသီက စေတာ္ဘယ္ရီသီး၊ လိေမၼာ္သီးနဲ႔ စပ်စ္သီးေတြ ေပါတဲ့ရာသီဆိုေတာ့ အလြယ္တကူရွာဝယ္လို႔ရတယ္ေလ။ အခ်ဥ္ေတာ့ စားဖို႔အားမေပးခ်င္ပါဘူးရွင့္။ က်န္းမာေရးနဲ႔လည္း မသင့္ေတာ္သလို အက်င့္တစ္ခုလိုျဖစ္သြားမွာ စိုးရိမ္မိလို႔ပါ။

Face Mist ေလးတစ္ခုေဆာင္ထားပါ။

Face Mist ဆိုတာ မိန္းကေလးေတြ မိတ္ကပ္လိမ္းတဲ့အခါမွာပဲ အသံုးျပဳၾကတယ္လို႔ထင္ၾကပါတယ္။ မဟုတ္ပါဘူးေနာ္။ ကိုယ့္ရဲ႕မ်က္ႏွာေလးကို လန္းဆန္းသြားေအာင္လည္း လုပ္ေပးႏိုင္ပါေသးတယ္။ ေယာက်ာ္းေလးေရာ မိန္းကေလးေရာ သံုးလို႔ရပါတယ္။ Korean Cosmetic Shops ေတြမွာ ဝယ္ယူလို႔ရႏိုင္ပါတယ္။ အိတ္ေဆာင္အေနနဲ႔ အလြယ္တကူသယ္သြားလို႔ရေအာင္ Mini Size ေလးေတြလည္း ထုတ္ေပးထားတဲ့အတြက္ အဆင္ေျပပါတယ္။

ေခါင္းေလ့က်င့္ခန္းေလးလုပ္ပါ။

ဒီနည္းလမ္းကိုေတာ့ အားလံုးလည္း သိၾကမွာပါ။ ေခါင္း ဘယ္ညာ ယိမ္းနည္း၊ ေရွ႕ေနာက္ယိမ္းနည္း၊ ၃၆၀ ဒီဂရီေခါင္းကို လွည့္ျပီးေလ့က်င့္ခန္းလုပ္နည္းေတြ ဒါေတြလုပ္လို႔ရပါတယ္။ ပုခံုးအေၾကာႏွိပ္တာမ်ိဳးလည္း လုပ္လို႔ရပါေသးတယ္။ ေလ့က်င့္ခန္းတစ္ခုကို ၂မိနစ္ၾကာေလာက္ပဲ လုပ္ေပးပါ။ အခ်ိန္အၾကာၾကီးေလ့က်င့္ခန္းလုပ္မိရင္ အေၾကာညပ္သြားႏိုင္လို႔ပါ။

Funny Video အတိုေလးေတြ ၾကည့္ပါ။

တစ္ခါတေလက်ရင္ ကိုယ္အိပ္ငိုက္လာတဲ့အေၾကာင္းအရင္းက ထမင္းစားျပီးလို႔မဟုတ္ပဲ အလုပ္လုပ္ရတာ ျငီးေငြ႔လာလို႔လည္း ျဖစ္ေနတတ္ပါတယ္။ ဘယ္လိုအေၾကာင္းပဲျဖစ္ေနပါေစ Funny Video ေလးၾကည့္လိုက္ပါ။ ခ်က္ခ်င္းကို မ်က္စိက်ယ္သြားမွာျဖစ္ပါတယ္။

အထက္လူၾကီးေတြလည္း မျငိဳျငင္ေအာင္၊ ကိုယ့္လုပ္စရာရွိတဲ့အလုပ္ေတြကိုလည္း ဆက္လုပ္ႏိုင္ေအာင္ ဒီနည္းလမ္းေလးေတြလုပ္ၾကည့္ျပီး အိပ္ငိုက္တဲ့စိတ္ကို တိုက္ထုတ္တြန္းလွန္ၾကမယ္ေလ။

Redrose (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အလုပ်လုပ်ရင်း အိပ်ငိုက်လာခဲ့ရင်

မနက်ပိုင်း လုပ်ငန်းခွင်ဝင်တဲ့အခါလောက် စိတ်ရော လူရော လန်းဆန်းနေတာ မရှိပါဘူး။ ပုံမှန်ရုံးတက်ချိန်ကစပြီး နေ့လယ်ထမင်းစားတဲ့အချိန်လောက်အထိ လန်းဆန်းတက်ကြွနေတတ်ပါတယ်။ ဒါဟာ လူတိုင်းပါပဲ။ မဖြစ်ဘူးလို့ ပြောရင်တော့ ကိုယ့်ကိုယ်ကို ညာတာပါပဲ။ ဘယ်လိုပဲအိပ်ရေးဝဝအိပ်ခဲ့ပါစေ။ နေ့လယ်စာ စားပြီးတဲ့အချိန်မှာတော့ မနက်က လန်းဆန်းနေတယ်ဆိုတဲ့ စိတ်ရော ခန္ဓာရော ချက်ချင်း ပင်ပန်းလာပြီး ကိုယ့်ရဲ့ မျက်လုံးတွေဆိုတာလည်း ချက်ချင်းကို စင်းလာတတ်ပါတယ်။ အဲဒီအချိန်မှာ သီချင်းမြူးမြူးတွေလည်း မကယ်နိုင်၊ ကော်ဖီလည်း မကယ်နိုင်တော့ဘူး။ ဒါပေမယ့်လည်း ရုံးကလည်း မဆင်းသေးတော့ အိပ်ချင်သလိုအိပ်လို့ကလည်းမရပြန်ဘူး။ ဒီတော့ မဖြစ်မနေ အိပ်ငိုက်ချင်တဲ့စိတ်ကို ဖျောက်ပစ်မှ ရတော့မယ်လေ။ ဒီအတွက် မပူပါနဲ့ နည်းလမ်းတွေပြောပြပေးမယ်။

ရေနွေးကြမ်းသောက်ပါ။

ရေနွေးကြမ်းပူပူလေးတစ်ခွက်က ကိုယ့်ရဲ့ အိပ်ငိုက်နေတဲ့မျက်လုံးတွေကို ချက်ချင်းဆိုသလို လန်းသွားအောင်ပြုလုပ်ပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင်လက်ဖက်ကြမ်းရဲ့ ပူနွေးခါးသက်တဲ့အရသာလေးကြောင့်ပဲဖြစ်ပါတယ်။ ကော်ဖီလည်း ပူတာပဲ ဘာကွာလို့လဲလို့ မေးကောင်းမေးနိုင်ပါတယ်။ မတူပါဘူးနော်။ ရေနွေးကြမ်းက သဘာဝလက်ဖက်ရွက်တွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ ပိုပြီး လန်းဆန်းချင်ရင်တော့ စံပယ်ရနံ့ပါတဲ့ လက်ဖက်ခြောက်လေးတွေ၊ ပန်းလက်ဖက်ခြောက်ထုပ်လေးတွေကို သောက်ပါ။

အသီးတစ်ခုခုစားပါ။

လိမ္မော်သီးကတော့ အကောင်းဆုံးပါပဲ။ ချဉ်လည်း ချဉ်ချဉ်လေး၊ Vitamin C လည်းရမယ်။ အရည်လည်း ရွှမ်းရွှမ်းလေးနဲ့ဆိုတော့ ကိုယ့်အသားအရေလည်းလှ၊ အိပ်ငိုက်တာလည်းပျောက်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲလေ။ ဒါ့အပြင် အခုရာသီက စတော်ဘယ်ရီသီး၊ လိမ္မော်သီးနဲ့ စပျစ်သီးတွေ ပေါတဲ့ရာသီဆိုတော့ အလွယ်တကူရှာဝယ်လို့ရတယ်လေ။ အချဉ်တော့ စားဖို့အားမပေးချင်ပါဘူးရှင့်။ ကျန်းမာရေးနဲ့လည်း မသင့်တော်သလို အကျင့်တစ်ခုလိုဖြစ်သွားမှာ စိုးရိမ်မိလို့ပါ။

Face Mist လေးတစ်ခုဆောင်ထားပါ။

Face Mist ဆိုတာ မိန်းကလေးတွေ မိတ်ကပ်လိမ်းတဲ့အခါမှာပဲ အသုံးပြုကြတယ်လို့ထင်ကြပါတယ်။ မဟုတ်ပါဘူးနော်။ ကိုယ့်ရဲ့မျက်နှာလေးကို လန်းဆန်းသွားအောင်လည်း လုပ်ပေးနိုင်ပါသေးတယ်။ ယောကျာ်းလေးရော မိန်းကလေးရော သုံးလို့ရပါတယ်။ Korean Cosmetic Shops တွေမှာ ဝယ်ယူလို့ရနိုင်ပါတယ်။ အိတ်ဆောင်အနေနဲ့ အလွယ်တကူသယ်သွားလို့ရအောင် Mini Size လေးတွေလည်း ထုတ်ပေးထားတဲ့အတွက် အဆင်ပြေပါတယ်။

ခေါင်းလေ့ကျင့်ခန်းလေးလုပ်ပါ။

ဒီနည်းလမ်းကိုတော့ အားလုံးလည်း သိကြမှာပါ။ ခေါင်း ဘယ်ညာ ယိမ်းနည်း၊ ရှေ့နောက်ယိမ်းနည်း၊ ၃၆၀ ဒီဂရီခေါင်းကို လှည့်ပြီးလေ့ကျင့်ခန်းလုပ်နည်းတွေ ဒါတွေလုပ်လို့ရပါတယ်။ ပုခုံးအကြောနှိပ်တာမျိုးလည်း လုပ်လို့ရပါသေးတယ်။ လေ့ကျင့်ခန်းတစ်ခုကို ၂မိနစ်ကြာလောက်ပဲ လုပ်ပေးပါ။ အချိန်အကြာကြီးလေ့ကျင့်ခန်းလုပ်မိရင် အကြောညပ်သွားနိုင်လို့ပါ။

Funny Video အတိုလေးတွေ ကြည့်ပါ။

တစ်ခါတလေကျရင် ကိုယ်အိပ်ငိုက်လာတဲ့အကြောင်းအရင်းက ထမင်းစားပြီးလို့မဟုတ်ပဲ အလုပ်လုပ်ရတာ ငြီးငွေ့လာလို့လည်း ဖြစ်နေတတ်ပါတယ်။ ဘယ်လိုအကြောင်းပဲဖြစ်နေပါစေ Funny Video လေးကြည့်လိုက်ပါ။ ချက်ချင်းကို မျက်စိကျယ်သွားမှာဖြစ်ပါတယ်။

အထက်လူကြီးတွေလည်း မငြိုငြင်အောင်၊ ကိုယ့်လုပ်စရာရှိတဲ့အလုပ်တွေကိုလည်း ဆက်လုပ်နိုင်အောင် ဒီနည်းလမ်းလေးတွေလုပ်ကြည့်ပြီး အိပ်ငိုက်တဲ့စိတ်ကို တိုက်ထုတ်တွန်းလှန်ကြမယ်လေ။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။