[Zawgyi]

လစာကိစၥ ဘယ္လုိညွိမလဲ

ဝန္ထမ္းရယ္လုိ႔ ျဖစ္လာၿပီဆုိကတည္းက လစာကိစၥဆုိတာ အလုပ္ရွင္နဲ႔ လူတုိင္းညွိဖူးၾကမွာပါ။ အင္တာဗ်ဴးေျဖတုန္းက ညွိႏႈိင္းတာပဲျဖစ္ျဖစ္ လုပ္ငန္းခြင္ေရာက္မွ လစာတုိးဖုိ႔ညွိတာပဲျဖစ္ျဖစ္ပါ။ လစာညွိႏႈိင္းတဲ့အခါ တခ်ိဳ႕ဝန္ထမ္းေတြက ခ်ဥ္းကပ္နည္းနားမလည္လုိ႔ လစာရသင့္သေလာက္ မရတာေတြလည္း ရွိတတ္ပါတယ္။ အဲဒီေတာ့ လစာညွိႏႈိင္းတဲ့အခါမွာ မွားယြင္းတတ္တဲ့ကိစၥေတြကုိ ေဖာ္ျပလုိက္ပါတယ္။

၁။ ေပးသေလာက္ပဲ မယူနဲ႔။

လစာကိစၥေဆြးေႏြးၿပီဆုိရင္လည္း “ အခု လစာ ၂သိန္းနဲ႔ဆုိ အဆင္ေျပလား” လုိ႔ အလုပ္ရွင္ဘက္က ေျပာလုိက္ရင္ အမ်ားစု (မိန္းကေလးအမ်ားစုနဲ႔ဘြဲ႕ရခါစလူငယ္)က လြယ္လြယ္ေခါင္းညိတ္တာပဲ။ ဝန္ထမ္းေတြ လစာပုိေတာင္းမွာသိတဲ့အတြက္ အလုပ္ရွင္ဘက္က တန္ရာတန္ေၾကးထက္ ေလ်ာ့ေပးထားတဲ့သေဘာ။ အလုပ္ရွင္ ေပးသေလာက္ လက္မခံဘဲနဲ႔ နည္းနည္းပုိေတာင္းလုိက္ပါ။

၂။ လုိခ်င္တဲ့လစာက ကုိယ့္ဘက္က အရင္မထြက္ေစနဲ႔။

အလုပ္ရွင္ဘက္က ေပးႏုိင္တဲ့လစာကုိ အရင္ေမးၿပီးမွ ကုိယ္လုိခ်င္တဲ့ပမာဏကုိ ေတာင္းဆုိတာက ပုိေကာင္းပါတယ္။ ဥပမာ – အလုပ္ရွင္ဘက္က ၃သိန္းေပးမယ္လုိ႔ ေတြးထားတယ္ ဒါေပမယ့္ ကုိယ္က ၂သိန္းပဲ ေတာင္းမိတယ္ဆုိရင္ ေသၿပီဆရာပဲ။ အဲဒီေတာ့ အလုပ္ရွင္ဘက္က ထြက္လာမယ့္စကားသံကုိ အရင္နားေထာင္။

၃။ လုိအပ္ခ်က္နဲ႔ေလာဘကုိ အေျခမခံနဲ႔။

လစာကိစၥညွိႏႈိင္းတဲ့အခ်ိန္မွာ “ အေမ့ေဆးဖုိးက တစ္လကုိ ၁သိန္းေလာက္ကုန္တယ္၊ ညီေလး မုန္႔ဖုိးကလည္း ၅ေသာင္းေလာက္ကုန္တယ္၊ တကၠဆီဖုိးကလည္း ၆ေသာင္းေလာက္ကုန္တယ္ အဲဒါေၾကာင့္ ကြ်န္ေတာ္ တစ္လ ၅သိန္းေလာက္ရမွ လုပ္ႏုိင္မွာ” ဆုိၿပီး လစာကိစၥမညွိေလနဲ႔။ အလုပ္ရွင္က ကုိယ့္မွာရွိတဲ့ အခက္အခဲေတြကုိ စိတ္မဝင္စားပါဘူး၊ သူတုိ႔စိတ္ဝင္စားတာက စြမ္းေဆာင္ရည္ေလ။ အဲဒီေတာ့ စြမ္းေဆာင္ရည္အေပၚ မူတည္ၿပီး လစာညွိႏႈိင္းတာက ပုိေကာင္းတယ္။

၄။ အလုပ္ဝင္ၿပီး ခဏမွာ လစာမညွိေလနဲ႔။

အင္တာဗ်ဴးေျဖကတည္းက လစာကိစၥေက်နပ္လုိ႔ အလုပ္ေတာင္ဝင္ေနၿပီပဲ၊ အဲဒီေတာ့ ကုိယ့္စြမ္းေဆာင္ရည္ကုိ ေကာင္းေကာင္းမျပသခင္၊ အလုပ္ဝင္တာ မၾကာေသးခင္မွာ ေနာက္တစ္ႀကိမ္ လစာညွိႏႈိင္းဖုိ႔ မေတာင္းဆုိပါနဲ႔။ ဆုိလုိတဲ့သေဘာက ကုိယ့္မွာ လက္ဆုတ္လက္ကုိင္ျပစရာမရွိေသးဘဲနဲ႔ လစာမညွိႏႈိင္းပါေလနဲ႔။

၅။ ဆုံးျဖတ္ခ်က္ မျမန္ပါနဲ႔။

အင္တာဗ်ဴးမွာပဲျဖစ္ျဖစ္၊ လုပ္ငန္းခြင္မွာပဲျဖစ္ျဖစ္ အလုပ္ရွင္နဲ႔လစာကိစၥညွိေနၿပီဆုိရင္ တစ္ထုိင္တည္းမွာပဲ ခ်က္ခ်င္းမဆုံးျဖတ္ပါနဲ႔။ အဲဒီေတာ့ “လစာကိစၥ ကြ်န္ေတာ္၃ရက္ေလာက္ စဥ္းစားပါရေစဦး” ဆုိၿပီး ေျပာသင့္ပါတယ္။ လုပ္ရတဲ့တာဝန္နဲ႔ရလာတဲ့လစာ ကုိက္ညီမႈရွိ၊ မရွိဆုိတာ ေသခ်ာစဥ္းစားၿပီးမွ ဆုံးျဖတ္ေလ အက်ိဳးရွိေလပါ။ စဥ္းစားခ်ိန္ ၃ရက္အတြင္းမွာလည္း ပုိေကာင္းတဲ့အခြင့္အေရးရရင္ တျခားကုိေျပာင္းေပါ့။

၆။ တန္ျပန္တုိက္စစ္ ဆင္တတ္ပါေစ။

အလုပ္က ကုိယ္တကယ္လုပ္ခ်င္ေပမယ့္လည္း အလုပ္ရွင္ ေပးထားတဲ့လစာက နည္းေနလုိ႔ ကုိယ့္ဘက္က ျပန္ေတာင္းတာကုိ Counteroffer လုိ႔ေခၚပါတယ္။ ဥပမာ – ကုိယ္လုိခ်င္တဲ့ Sales ပုိင္းကုိရၿပီ၊ ဒါေပမယ့္ အလုပ္ရွင္က တစ္လ ၂သိန္းပဲေပးတယ္၊ ကုိယ္က ၃သိန္းေလာက္ လုိခ်င္တယ္၊ အဲဒီအခ်ိန္မွာ ကုိယ့္ဘက္က ၂သိန္းခြဲေလာက္ ေတာင္းလုိက္တာကုိ ေျပာတာပါ။

၇။ Official ျဖစ္ေအာင္ လုပ္ပါ။

လစာကိစၥညွိႏႈိင္းတာ အဆင္ေျပၿပီဆုိရင္ေတာ့ တရားဝင္ျဖစ္သြားေအာင္လုိ႔ အလုပ္ရွင္ကုိ Email ပုိ႔ခုိင္းပါ။ Email နဲ႔မပုိ႔ရင္ေတာင္ အလုပ္သမားစာခ်ဳပ္ထဲမွာ လစာကိစၥပါပါေစ။ ေငြေရးေၾကးေရးေျပာတဲ့အခါမွာ ဘယ္သူ႕ကုိမွ အားမနာဘဲနဲ႔ ပြင့္ပြင့္လင္းလင္း တရားဝင္ျဖစ္ေအာင္လုပ္ခုိင္းပါ။ အားလုံးလုိခ်င္တဲ့ လစာကုိ ရၾကပါေစဗ်ာ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

လစာကိစ္စ ဘယ်လိုညှိမလဲ

ဝန်ထမ်းရယ်လို့ ဖြစ်လာပြီဆိုကတည်းက လစာကိစ္စဆိုတာ အလုပ်ရှင်နဲ့ လူတိုင်းညှိဖူးကြမှာပါ။ အင်တာဗျူးဖြေတုန်းက ညှိနှိုင်းတာပဲဖြစ်ဖြစ် လုပ်ငန်းခွင်ရောက်မှ လစာတိုးဖို့ညှိတာပဲဖြစ်ဖြစ်ပါ။ လစာညှိနှိုင်းတဲ့အခါ တချို့ဝန်ထမ်းတွေက ချဉ်းကပ်နည်းနားမလည်လို့ လစာရသင့်သလောက် မရတာတွေလည်း ရှိတတ်ပါတယ်။ အဲဒီတော့ လစာညှိနှိုင်းတဲ့အခါမှာ မှားယွင်းတတ်တဲ့ကိစ္စတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ပေးသလောက်ပဲ မယူနဲ့။

လစာကိစ္စဆွေးနွေးပြီဆိုရင်လည်း “ အခု လစာ ၂သိန်းနဲ့ဆို အဆင်ပြေလား” လို့ အလုပ်ရှင်ဘက်က ပြောလိုက်ရင် အများစု (မိန်းကလေးအများစုနဲ့ဘွဲ့ရခါစလူငယ်)က လွယ်လွယ်ခေါင်းညိတ်တာပဲ။ ဝန်ထမ်းတွေ လစာပိုတောင်းမှာသိတဲ့အတွက် အလုပ်ရှင်ဘက်က တန်ရာတန်ကြေးထက် လျော့ပေးထားတဲ့သဘော။ အလုပ်ရှင် ပေးသလောက် လက်မခံဘဲနဲ့ နည်းနည်းပိုတောင်းလိုက်ပါ။

၂။ လိုချင်တဲ့လစာက ကိုယ့်ဘက်က အရင်မထွက်စေနဲ့။

အလုပ်ရှင်ဘက်က ပေးနိုင်တဲ့လစာကို အရင်မေးပြီးမှ ကိုယ်လိုချင်တဲ့ပမာဏကို တောင်းဆိုတာက ပိုကောင်းပါတယ်။ ဥပမာ – အလုပ်ရှင်ဘက်က ၃သိန်းပေးမယ်လို့ တွေးထားတယ် ဒါပေမယ့် ကိုယ်က ၂သိန်းပဲ တောင်းမိတယ်ဆိုရင် သေပြီဆရာပဲ။ အဲဒီတော့ အလုပ်ရှင်ဘက်က ထွက်လာမယ့်စကားသံကို အရင်နားထောင်။

၃။ လိုအပ်ချက်နဲ့လောဘကို အခြေမခံနဲ့။

လစာကိစ္စညှိနှိုင်းတဲ့အချိန်မှာ “ အမေ့ဆေးဖိုးက တစ်လကို ၁သိန်းလောက်ကုန်တယ်၊ ညီလေး မုန့်ဖိုးကလည်း ၅သောင်းလောက်ကုန်တယ်၊ တက္ကဆီဖိုးကလည်း ၆သောင်းလောက်ကုန်တယ် အဲဒါကြောင့် ကျွန်တော် တစ်လ ၅သိန်းလောက်ရမှ လုပ်နိုင်မှာ” ဆိုပြီး လစာကိစ္စမညှိလေနဲ့။ အလုပ်ရှင်က ကိုယ့်မှာရှိတဲ့ အခက်အခဲတွေကို စိတ်မဝင်စားပါဘူး၊ သူတို့စိတ်ဝင်စားတာက စွမ်းဆောင်ရည်လေ။ အဲဒီတော့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး လစာညှိနှိုင်းတာက ပိုကောင်းတယ်။

၄။ အလုပ်ဝင်ပြီး ခဏမှာ လစာမညှိလေနဲ့။

အင်တာဗျူးဖြေကတည်းက လစာကိစ္စကျေနပ်လို့ အလုပ်တောင်ဝင်နေပြီပဲ၊ အဲဒီတော့ ကိုယ့်စွမ်းဆောင်ရည်ကို ကောင်းကောင်းမပြသခင်၊ အလုပ်ဝင်တာ မကြာသေးခင်မှာ နောက်တစ်ကြိမ် လစာညှိနှိုင်းဖို့ မတောင်းဆိုပါနဲ့။ ဆိုလိုတဲ့သဘောက ကိုယ့်မှာ လက်ဆုတ်လက်ကိုင်ပြစရာမရှိသေးဘဲနဲ့ လစာမညှိနှိုင်းပါလေနဲ့။

၅။ ဆုံးဖြတ်ချက် မမြန်ပါနဲ့။

အင်တာဗျူးမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် အလုပ်ရှင်နဲ့လစာကိစ္စညှိနေပြီဆိုရင် တစ်ထိုင်တည်းမှာပဲ ချက်ချင်းမဆုံးဖြတ်ပါနဲ့။ အဲဒီတော့ “လစာကိစ္စ ကျွန်တော်၃ရက်လောက် စဉ်းစားပါရစေဦး” ဆိုပြီး ပြောသင့်ပါတယ်။ လုပ်ရတဲ့တာဝန်နဲ့ရလာတဲ့လစာ ကိုက်ညီမှုရှိ၊ မရှိဆိုတာ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်လေ အကျိုးရှိလေပါ။ စဉ်းစားချိန် ၃ရက်အတွင်းမှာလည်း ပိုကောင်းတဲ့အခွင့်အရေးရရင် တခြားကိုပြောင်းပေါ့။

၆။ တန်ပြန်တိုက်စစ် ဆင်တတ်ပါစေ။

အလုပ်က ကိုယ်တကယ်လုပ်ချင်ပေမယ့်လည်း အလုပ်ရှင် ပေးထားတဲ့လစာက နည်းနေလို့ ကိုယ့်ဘက်က ပြန်တောင်းတာကို Counteroffer လို့ခေါ်ပါတယ်။ ဥပမာ – ကိုယ်လိုချင်တဲ့ Sales ပိုင်းကိုရပြီ၊ ဒါပေမယ့် အလုပ်ရှင်က တစ်လ ၂သိန်းပဲပေးတယ်၊ ကိုယ်က ၃သိန်းလောက် လိုချင်တယ်၊ အဲဒီအချိန်မှာ ကိုယ့်ဘက်က ၂သိန်းခွဲလောက် တောင်းလိုက်တာကို ပြောတာပါ။

၇။ Official ဖြစ်အောင် လုပ်ပါ။

လစာကိစ္စညှိနှိုင်းတာ အဆင်ပြေပြီဆိုရင်တော့ တရားဝင်ဖြစ်သွားအောင်လို့ အလုပ်ရှင်ကို Email ပို့ခိုင်းပါ။ Email နဲ့မပို့ရင်တောင် အလုပ်သမားစာချုပ်ထဲမှာ လစာကိစ္စပါပါစေ။ ငွေရေးကြေးရေးပြောတဲ့အခါမှာ ဘယ်သူ့ကိုမှ အားမနာဘဲနဲ့ ပွင့်ပွင့်လင်းလင်း တရားဝင်ဖြစ်အောင်လုပ်ခိုင်းပါ။ အားလုံးလိုချင်တဲ့ လစာကို ရကြပါစေဗျာ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com