[ZawGyi]

LinkedIn မွာကိုယ္႔ Profile ထင္ေပၚေနဖို႔လုပ္ေဆာင္သင္႔တဲ႔အခ်က္ ၃ခ်က္

သင္႔ရဲ႕ LinkedIn Profile က ဆြဲေဆာင္မႈမရွိ အသက္မပါသလိုျဖစ္ေနတယ္လုိ႔ထင္မိေနလား။ သူငယ္ခ်င္းေတာ္ေတာ္မ်ားမ်ားက LinkedIn ကေန Job Offer ေတြခဏခဏလာေပမယ္႔ ကိုယ္ကေတာ႔ေနာက္ေကာက္က်ေနတယ္လို႔ ခံစားေနရလား။ ဒါဆုိရင္ေတာ႔ ကိုယ္႔ LinkedIn Profile ကိုထင္ထင္ေပၚေပၚျဖစ္လာေစမယ္႔ နည္းေလးေတြလုိအပ္ေနပါျပီ။ LinkedIn မွာ ၅၄၆ သန္းေသာ Professional ေတြနဲ႔ အလုပ္အကိုင္ေပါင္း ၁၁ သန္းေက်ာ္ေလာက္က အျမဲသက္ဝင္လႈပ္ရွားေနတာပါ။
ကိုယ္႔ရဲ႕ Career Change အတြက္အေရးပါတဲ႔ LinkedIn ကိုအသံုးခ်ျပီး ဘယ္လိုအေျပာင္းအလဲေတြလုပ္ေဆာင္မလဲ၊ ကိုယ္႔ရဲ႕ LinkedIn Profile ကိုဘယ္လုိသပ္သပ္ရပ္ရပ္ ခန္႔ခန္႔ထည္ထည္တည္ေဆာက္မလဲ၊ ဘယ္လုိစိတ္ဝင္စားေအာင္ တည္ေဆာက္မလဲဆုိတာ LinkedIn ရဲ႕ Career Expert ျဖစ္သူ Blair Decembrele က လမ္းညႊန္ခ်က္ ၃ ခ်က္ေပးထားပါတယ္။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

ကိုယ္႔ရဲ႕ LinkedIn Profile ကိုဒီအခ်က္ေတြအတိုင္း မတည္ေဆာက္ရေသးဘူးဆုိရင္ဒီေန႔စျပီး ျပင္ဆင္ၾကည္႔ပါဦးေနာ္။

ပရိုပီသတဲ႔ဓာတ္ပံုရွိပါေစ။

LinkedIn မွာဆုိရင္ ကိုယ္႔ရဲ႕ပရိုဖိုင္ဓာတ္ပံုက လူတစ္ေယာက္နဲ႔လက္ဆြဲႏႈတ္ဆက္လိုက္တဲ႔နီးနီး အက်ိဳးသက္ေရာက္မႈရွိပါတယ္။ ပရိုဖိုင္ကပေရာ္ဖက္ရွင္နယ္ဆန္ဆန္ရွိျပီး ႏွစ္လုိဖြယ္ရွိေနရင္ အျခားသူေတြထက္ ၂၁ ၾကိမ္ေလာက္ View ပိုမ်ားတယ္လို႔ သိရပါတယ္။ ကိုယ္႔ပံုဟာ ကိုယ္႔အလုပ္နယ္ပယ္ကိုထင္ဟပ္ေနတဲ႔ပံုျဖစ္ရပါမယ္။ အဝတ္အစား၊ မိတ္ကပ္အျပင္အဆင္မွ အစေပါ႔။ ဖြဘုတ္မွာတင္သလို ကိုယ္႔အိမ္ကခ်စ္လွစြာေသာ အိမ္ေမြးတိရစာၦန္ေလးေတြနဲ႔ တြဲရိုက္ထားတာမ်ိဳး၊ ေပ်ာ္ေပ်ာ္ပါးပါးဘားမွာရိုက္တဲ႔ပံုမ်ိဳးေတြမျဖစ္ရပါဘူး။ ဘယ္ေလာက္ပဲ Cute ျဖစ္ျပီး ၾကည္႔ေကာင္းေနပါေစ LinkedIn Profile ဆီကိုေတာ႔ လံုးဝသယ္မလာသင္႔ပါဘူးေနာ္။ ဒါေၾကာင္႔ျဖစ္ႏိုင္ရင္ DSLR နဲ႔ ခန္႔ခန္႔ထည္ထည္ဓာတ္ပံုရိုက္ပါေလ။

linkedinprofile-view

linkedinprofile-view

ကိုယ္႔အေၾကာင္းကိုတုိတုိနဲ႔ထိမိေစမယ္။

LinkedIn Summary Section ဟာ ကိုယ္႔အေကာင္႔ကိုလာၾကည္႔ခ်ိန္ပထမဆံုးျမင္ေတြ႔ရမယ္႔အရာမုိ႔ ကိုယ္႔ကၽြမ္းက်င္ရာေတြကို ေသေသခ်ာခ်ာေလးျဖည္႔စြက္ထားသင္႔ပါတယ္။ အဓိကက သင္႔ရဲ႕ကၽြမ္းက်င္မႈ၊ အေတြ႔အၾကံဳ၊ သင္႔ရဲ႕ဝါသနာ၊ သင္႔ကိုစိတ္လႈပ္ရွားေစမယ္႔အရာေတြ၊ သင္တကယ္စိတ္ဝင္စားတဲ႔အရာေတြနဲ႔ Career Goal ေတြကို ေရးသားပါ။ ကိုယ္႔အေၾကာင္းကိုေဖာ္ျပတဲ႔ေနရာမွာ ကိုယ္႔ Profile ကိုမ်ားမ်ားေဖာ္ျပေပးေနမယ္႔ Top words ေတြကေတာ႔ “specialized” “experienced” “leadership” ဆိုတဲ႔စာလံုးေတြပါပဲတဲ႔။ LinkedIn မွာလည္း တစ္ႏွစ္တစ္ႏွစ္ ေရပန္းအစားဆံုးစကားလံုး Buzzwords ေတြကိုထုတ္ေဖာ္ေပးေလ႔ရွိပါတယ္။ Specialized, Experienced, Leadership, Skilled, Passionate, Expert,Motivated, Creative, Strategic, Successful ဆိုတဲ႔စာလံုးေတြက ၂၀၁၈ အတြက္ Buzzwords ေတြပါတဲ႔။ ကိုယ္႔အေၾကာင္းေရးခ်ိန္မွာ ဒီစာလံုးေတြကို မ်ားမ်ားထည္႔သံုးေပးဖုိ႔လုိပါတယ္။ ကိုယ္႔အေၾကာင္းကိုေဖာ္ျပတဲ႔ေနရာမွာ စကားလံုးလွလွေလးေတြနဲ႔ထိထိမိမိေဖာ္ျပတတ္ဖို႔လုိပါတယ္။

volunteer-work

volunteer-work

လုပ္ငန္းခြင္ျပင္ပလႈပ္ရွားမႈေတြ။

ကိုယ္႔ Professional နဲ႔မဆုိင္တဲ႔ ကိုယ္႔ရဲ႕လုပ္ငန္းခြင္ျပင္ပလႈပ္ရွားမႈေတြ၊ လူမႈေရးလုပ္ငန္းေတြ၊ ပရဟိတလုပ္တာေတြအျပင္ Event ေတြ Project ေတြမွာဦးေဆာင္ဦးရြက္ပါဝင္ဖူးတာေတြကိုပါ မွ်ေဝဖုိ႔လုိပါတယ္။ ဒီအခ်က္ေတြကလည္း ကိုယ္႔ကိုပိုေလးစားယံုၾကည္ေစဖုိ႔၊ လခေကာင္းေကာင္းေပးေစဖို႔ အေထာက္အကူျပဳတယ္လုိ႔ သိရပါတယ္။

ကိုယ္႔အေၾကာင္းကို Experience, Passion, Personality စတဲ႔အခ်က္ေတြနဲ႔ေဖာ္ျပရာမွာ စိတ္ဝင္စာဖို႔ေကာင္းေအာင္ လွလွပပေဖာ္ျပတတ္ဖုိ႔လည္းလိုပါတယ္။ ဘယ္လုိေဖာ္ျပသင္႔လဲဆုိရင္…

Visual ေလးေတြထည္႔ပါ။

ကိုယ္႔ Experience ကိုေျပာတဲ႔ေနရာမွာ စကားလံုးေတြနဲ႔ခ်ည္းမေဖာ္ျပပါနဲ႔။ ဓာတ္ပံုေတြ၊ ဗီဒီယိုေတြ၊ Presentation ေတြနဲ႔ေဖာ္ျပပါ။ တကယ္လုိ႔ သင္က Graphic Designer ဆုိရင္ သင္႔ရဲ႕အလန္းဆံုးဒီဇိုင္းေတြ၊ ဂုဏ္ယူဖို႔ေကာင္းတဲ႔ဖန္တီးမႈေတြ၊ ေနာက္ဆံုးလုပ္ထားတဲ႔ Project ေတြကို ျပသထားပါ။

Content ေတြတင္ပါ။

LinkedIn မွာ Content ရွည္ရွည္ေတြတင္တာက ကိုယ္႔အတြက္အားသာခ်က္ေတြပိုမ်ားပါတယ္။ ကိုယ္လႈပ္ရွားရာသက္ေမြးနယ္ပယ္ရဲ႕ ေျပာင္းလဲတိုးတက္ေနတဲ႔ Trends ၊ ေခါင္းေဆာင္မႈဆိုင္ရာအေတြးေတြစိတ္ကူးေတြ၊ ကိုယ္႔နယ္ပယ္ရဲ႕ထူးျခားတဲ႔သတင္းေတြကို အျမဲေဖာ္ျပေပး Share ေပးသင္႔ပါတယ္တဲ႔။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

ေနာက္ထပ္သူေျပာခဲ႔တဲ႔ အခ်က္ေတြထဲမွာ ကိုယ္႔ Career ကိုေျပာင္းလဲခ်င္တဲ႔သူေတြအတြက္ ဘာေတြလုပ္ေဆာင္သင္႔လဲဆုိတဲ႔အခ်က္ေတြပါပါေသးတယ္။ အသက္ ၂၅ ကေန ၃၃ ႏွစ္အတြင္းရွိတဲ႔လူငယ္ ၃ ပံု ၁ ပံုဟာလုပ္ငန္းနယ္ပယ္အသစ္မွာ အလုပ္ေတြေျပာင္းလဲလုပ္ကိုင္လာၾကသလို Career Change ဖုိ႔အရင္ေခတ္ကေလာက္ဝန္ေလးေနတာမ်ိဳးမရွိဘူးလုိ႔သိရပါတယ္။ ဒါေၾကာင္႔ကိုယ္စိတ္မဝင္စားေတာ႔တဲ႔ ျငီးေငြ႔လာတဲ႔အလုပ္ကေနထြက္ျပီး နယ္ပယ္အသစ္တစ္ခုမွာအလုပ္စလုပ္ဖို႔ကို မတြန္႔ဆုတ္သင္႔ပါဘူးတဲ႔။ Career Change ၾကတယ္ဆုိေပမယ္႔ ဒီအတိုင္း ျဗဳန္းစားၾကီးေျပာင္းလို႔ေတာ႔ ဘယ္လုိမွအဆင္မေျပႏိုင္ပါဘူး။ ဒါေၾကာင္႔လက္ရွိအလုပ္ကိုျငီးေငြ႕ျပီး အေျပာင္းအလဲလုပ္ခ်င္သူေတြအေနနဲ႔ ျပင္ဆင္ထားသင္႔တဲ႔အခ်က္ေတြကို Blair Decembrele ကထပ္ျပီးမွ်ေဝထားပါေသးတယ္။

learn-new-skill

learn-new-skill

– ကိုယ္႔ရဲ႕ဝါသနာနဲ႔ဝင္ေငြရေအာင္ ဘယ္လုိလုပ္မလဲဆုိတာ ေန႔တုိင္းစဥ္းစားေတြးဆေနပါ။ ကိုယ္ကပန္းခ်ီဝါသနာပါရင္ ဒီပန္းခ်ီပညာကိုသံုးျပီး ဝင္ေငြရႏိုင္မယ္႔အလုပ္ကိုၾကိဳရွာထားပါ။

– ကိုယ္ဝါသနာပါရာကိုသိေပမယ္႔ ဒီဝါသနာနဲ႔ ဝင္ေငြရႏိုင္သည္အထိမရပ္တည္ႏိုင္ေသးဘူး အလုပ္ျဖစ္ေလာက္ေအာင္ မကၽြမ္းက်င္ေသးဘူးလို႔ထင္ရင္ေတာ႔ အလုပ္အားခ်ိန္ေတြမွာဒီဝါသနာအတြက္ အခ်ိန္ေပး ေငြေပးျပီး သင္ယူပါ။ သင္ယူလုိ႔တတ္ေျမာက္သြားျပီဆုိရင္ သင္သြားခ်င္တဲ႔နယ္ပယ္ကို စခုန္ၾကည္႔လုိ႔ရပါျပီ။

– New Skill ေတြကေတာ႔ အျမဲသင္ယူေနရမွာပါ။ ေလ႔လာသင္ယူမႈေတြကို အျမဲလုပ္ေနသူေတြအဖုိ႔ကိုယ္႔ Career မွာေအာက္က်ေနာက္က် ျဖစ္မွာမေၾကာက္ရသလို အလုပ္သစ္တစ္ခုေျပာင္းဖို႔ကိုလည္း တြန္႔ဆုတ္ေနစရာမလုိဘူးလုိ႔ မွ်ေဝခဲ႔တာျဖစ္ပါတယ္။

ကဲ…ဒီအခ်က္ေတြကိုေျပာင္းလဲျပင္ဆင္ျပီး အလုပ္မရွား ဝင္ေငြမရွားတဲ႔ ဘဝကိုရယူလိုက္ၾကပါစို႔။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

LinkedIn မှာကိုယ့် Profile ထင်ပေါ်နေဖို့လုပ်ဆောင်သင့်တဲ့အချက် ၃ ချက်

သင့်ရဲ့ LinkedIn Profile က ဆွဲဆောင်မှုမရှိ အသက်မပါသလိုဖြစ်နေတယ်လို့ထင်မိနေလား။ သူငယ်ချင်းတော်တော်များများက LinkedIn ကနေ Job Offer တွေခဏခဏလာပေမယ့် ကိုယ်ကတော့နောက်ကောက်ကျနေတယ်လို့ ခံစားနေရလား။ ဒါဆိုရင်တော့ ကိုယ့် LinkedIn Profile ကိုထင်ထင်ပေါ်ပေါ်ဖြစ်လာစေမယ့် နည်းလေးတွေလိုအပ်နေပါပြီ။ LinkedIn မှာ ၅၄၆ သန်းသော Professional တွေနဲ့ အလုပ်အကိုင်ပေါင်း ၁၁ သန်းကျော်လောက်က အမြဲသက်ဝင်လှုပ်ရှားနေတာပါ။
ကိုယ့်ရဲ့ Career Change အတွက်အရေးပါတဲ့ LinkedIn ကိုအသုံးချပြီး ဘယ်လိုအပြောင်းအလဲတွေလုပ်ဆောင်မလဲ၊ ကိုယ့်ရဲ့ LinkedIn Profile ကိုဘယ်လိုသပ်သပ်ရပ်ရပ် ခန့်ခန့်ထည်ထည်တည်ဆောက်မလဲ၊ ဘယ်လိုစိတ်ဝင်စားအောင် တည်ဆောက်မလဲဆိုတာ LinkedIn ရဲ့ Career Expert ဖြစ်သူ Blair Decembrele က လမ်းညွှန်ချက် ၃ ချက်ပေးထားပါတယ်။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

ကိုယ့်ရဲ့ LinkedIn Profile ကိုဒီအချက်တွေအတိုင်း မတည်ဆောက်ရသေးဘူးဆိုရင်ဒီနေ့စပြီး ပြင်ဆင်ကြည့်ပါဦးနော်။

ပရိုပီသတဲ့ဓာတ်ပုံရှိပါစေ။

LinkedIn မှာဆိုရင် ကိုယ့်ရဲ့ပရိုဖိုင်ဓာတ်ပုံက လူတစ်ယောက်နဲ့လက်ဆွဲနှုတ်ဆက်လိုက်တဲ့နီးနီး အကျိုးသက်ရောက်မှုရှိပါတယ်။ ပရိုဖိုင်ကပရော်ဖက်ရှင်နယ်ဆန်ဆန်ရှိပြီး နှစ်လိုဖွယ်ရှိနေရင် အခြားသူတွေထက် ၂၁ ကြိမ်လောက် View ပိုများတယ်လို့ သိရပါတယ်။ ကိုယ့်ပုံဟာ ကိုယ့်အလုပ်နယ်ပယ်ကိုထင်ဟပ်နေတဲ့ပုံဖြစ်ရပါမယ်။ အဝတ်အစား၊ မိတ်ကပ်အပြင်အဆင်မှ အစပေါ့။ ဖွဘုတ်မှာတင်သလို ကိုယ့်အိမ်ကချစ်လှစွာသော အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ တွဲရိုက်ထားတာမျိုး၊ ပျော်ပျော်ပါးပါးဘားမှာရိုက်တဲ့ပုံမျိုးတွေမဖြစ်ရပါဘူး။ ဘယ်လောက်ပဲ Cute ဖြစ်ပြီး ကြည့်ကောင်းနေပါစေ LinkedIn Profile ဆီကိုတော့ လုံးဝသယ်မလာသင့်ပါဘူးနော်။ ဒါကြောင့်ဖြစ်နိုင်ရင် DSLR နဲ့ ခန့်ခန့်ထည်ထည်ဓာတ်ပုံရိုက်ပါလေ။

linkedinprofile-view

linkedinprofile-view

ကိုယ့်အကြောင်းကိုတိုတိုနဲ့ထိမိစေမယ်။

LinkedIn Summary Section ဟာ ကိုယ့်အကောင့်ကိုလာကြည့်ချိန်ပထမဆုံးမြင်တွေ့ရမယ့်အရာမို့ ကိုယ့်ကျွမ်းကျင်ရာတွေကို သေသေချာချာလေးဖြည့်စွက်ထားသင့်ပါတယ်။ အဓိကက သင့်ရဲ့ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ သင့်ရဲ့ဝါသနာ၊ သင့်ကိုစိတ်လှုပ်ရှားစေမယ့်အရာတွေ၊ သင်တကယ်စိတ်ဝင်စားတဲ့အရာတွေနဲ့ Career Goal တွေကို ရေးသားပါ။ ကိုယ့်အကြောင်းကိုဖော်ပြတဲ့နေရာမှာ ကိုယ့် Profile ကိုများများဖော်ပြပေးနေမယ့် Top words တွေကတော့ “specialized” “experienced” “leadership” ဆိုတဲ့စာလုံးတွေပါပဲတဲ့။ LinkedIn မှာလည်း တစ်နှစ်တစ်နှစ် ရေပန်းအစားဆုံးစကားလုံး Buzzwords တွေကိုထုတ်ဖော်ပေးလေ့ရှိပါတယ်။ Specialized, Experienced, Leadership, Skilled, Passionate, Expert,Motivated, Creative, Strategic, Successful ဆိုတဲ့စာလုံးတွေက ၂၀၁၈ အတွက် Buzzwords တွေပါတဲ့။ ကိုယ့်အကြောင်းရေးချိန်မှာ ဒီစာလုံးတွေကို များများထည့်သုံးပေးဖို့လိုပါတယ်။ ကိုယ့်အကြောင်းကိုဖော်ပြတဲ့နေရာမှာ စကားလုံးလှလှလေးတွေနဲ့ထိထိမိမိဖော်ပြတတ်ဖို့လိုပါတယ်။

လုပ်ငန်းခွင်ပြင်ပလှုပ်ရှားမှုတွေ။

ကိုယ့် Professional နဲ့မဆိုင်တဲ့ ကိုယ့်ရဲ့လုပ်ငန်းခွင်ပြင်ပလှုပ်ရှားမှုတွေ၊ လူမှုရေးလုပ်ငန်းတွေ၊ ပရဟိတလုပ်တာတွေအပြင် Event တွေ Project တွေမှာဦးဆောင်ဦးရွက်ပါဝင်ဖူးတာတွေကိုပါ မျှဝေဖို့လိုပါတယ်။ ဒီအချက်တွေကလည်း ကိုယ့်ကိုပိုလေးစားယုံကြည်စေဖို့၊ လခကောင်းကောင်းပေးစေဖို့ အထောက်အကူပြုတယ်လို့ သိရပါတယ်။

volunteer-work

volunteer-work

ကိုယ့်အကြောင်းကို Experience, Passion, Personality စတဲ့အချက်တွေနဲ့ဖော်ပြရာမှာ စိတ်ဝင်စာဖို့ကောင်းအောင် လှလှပပဖော်ပြတတ်ဖို့လည်းလိုပါတယ်။ ဘယ်လိုဖော်ပြသင့်လဲဆိုရင်…

Visual လေးတွေထည့်ပါ။

ကိုယ့် Experience ကိုပြောတဲ့နေရာမှာ စကားလုံးတွေနဲ့ချည်းမဖော်ပြပါနဲ့။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ Presentation တွေနဲ့ဖော်ပြပါ။ တကယ်လို့ သင်က Graphic Designer ဆိုရင် သင့်ရဲ့အလန်းဆုံးဒီဇိုင်းတွေ၊ ဂုဏ်ယူဖို့ကောင်းတဲ့ဖန်တီးမှုတွေ၊ နောက်ဆုံးလုပ်ထားတဲ့ Project တွေကို ပြသထားပါ။

Content တွေတင်ပါ။

LinkedIn မှာ Content ရှည်ရှည်တွေတင်တာက ကိုယ့်အတွက်အားသာချက်တွေပိုများပါတယ်။ ကိုယ်လှုပ်ရှားရာသက်မွေးနယ်ပယ်ရဲ့ ပြောင်းလဲတိုးတက်နေတဲ့ Trends ၊ ခေါင်းဆောင်မှုဆိုင်ရာအတွေးတွေစိတ်ကူးတွေ၊ ကိုယ့်နယ်ပယ်ရဲ့ထူးခြားတဲ့သတင်းတွေကို အမြဲဖော်ပြပေး Share ပေးသင့်ပါတယ်တဲ့။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

နောက်ထပ်သူပြောခဲ့တဲ့ အချက်တွေထဲမှာ ကိုယ့် Career ကိုပြောင်းလဲချင်တဲ့သူတွေအတွက် ဘာတွေလုပ်ဆောင်သင့်လဲဆိုတဲ့အချက်တွေပါပါသေးတယ်။ အသက် ၂၅ ကနေ ၃၃ နှစ်အတွင်းရှိတဲ့လူငယ် ၃ ပုံ ၁ ပုံဟာလုပ်ငန်းနယ်ပယ်အသစ်မှာ အလုပ်တွေပြောင်းလဲလုပ်ကိုင်လာကြသလို Career Change ဖို့အရင်ခေတ်ကလောက်ဝန်လေးနေတာမျိုးမရှိဘူးလို့သိရပါတယ်။ ဒါကြောင့်ကိုယ်စိတ်မဝင်စားတော့တဲ့ ငြီးငွေ့လာတဲ့အလုပ်ကနေထွက်ပြီး နယ်ပယ်အသစ်တစ်ခုမှာအလုပ်စလုပ်ဖို့ကို မတွန့်ဆုတ်သင့်ပါဘူးတဲ့။ Career Change ကြတယ်ဆိုပေမယ့် ဒီအတိုင်း ဗြုန်းစားကြီးပြောင်းလို့တော့ ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ ဒါကြောင့်လက်ရှိအလုပ်ကိုငြီးငွေ့ပြီး အပြောင်းအလဲလုပ်ချင်သူတွေအနေနဲ့ ပြင်ဆင်ထားသင့်တဲ့အချက်တွေကို Blair Decembrele ကထပ်ပြီးမျှဝေထားပါသေးတယ်။

learn-new-skill

learn-new-skill

– ကိုယ့်ရဲ့ဝါသနာနဲ့ဝင်ငွေရအောင် ဘယ်လိုလုပ်မလဲဆိုတာ နေ့တိုင်းစဉ်းစားတွေးဆနေပါ။ ကိုယ်ကပန်းချီဝါသနာပါရင် ဒီပန်းချီပညာကိုသုံးပြီး ဝင်ငွေရနိုင်မယ့်အလုပ်ကိုကြိုရှာထားပါ။

– ကိုယ်ဝါသနာပါရာကိုသိပေမယ့် ဒီဝါသနာနဲ့ ဝင်ငွေရနိုင်သည်အထိမရပ်တည်နိုင်သေးဘူး အလုပ်ဖြစ်လောက်အောင် မကျွမ်းကျင်သေးဘူးလို့ထင်ရင်တော့ အလုပ်အားချိန်တွေမှာဒီဝါသနာအတွက် အချိန်ပေး ငွေပေးပြီး သင်ယူပါ။ သင်ယူလို့တတ်မြောက်သွားပြီဆိုရင် သင်သွားချင်တဲ့နယ်ပယ်ကို စခုန်ကြည့်လို့ရပါပြီ။

– New Skill တွေကတော့ အမြဲသင်ယူနေရမှာပါ။ လေ့လာသင်ယူမှုတွေကို အမြဲလုပ်နေသူတွေအဖို့ကိုယ့် Career မှာအောက်ကျနောက်ကျ ဖြစ်မှာမကြောက်ရသလို အလုပ်သစ်တစ်ခုပြောင်းဖို့ကိုလည်း တွန့်ဆုတ်နေစရာမလိုဘူးလို့ မျှဝေခဲ့တာဖြစ်ပါတယ်။

ကဲ…ဒီအချက်တွေကိုပြောင်းလဲပြင်ဆင်ပြီး အလုပ်မရှား ဝင်ငွေမရှားတဲ့ ဘဝကိုရယူလိုက်ကြပါစို့။

ဂျူဂျူး(Akhayar)

www.akhayar.com