[Zawgyi]

Valentine’s Day မွာ ရိုမန္တစ္ဆန္ဆန္ ဒိတ္လုပ္ခ်င္ၾကတဲ့ ခ်စ္သူစံုတြဲေတြအတြက္

လာမယ့္ Feb 14 က်ရင္ စံုတြဲေတြအတြက္ ေပ်ာ္စရာေန႔ရက္ေလးျဖစ္တဲ့ Valentine’s Day လည္းေရာက္လာေတာ့မွာပါ။ ဒါေၾကာင့္ စံုတြဲကုိယ္စီ အဲေန႔မွာ ဘာေတြလုပ္ရမလဲ ဘာလက္ေဆာင္ေတြေပးရမလဲ? ခ်စ္ရသူနဲ႔တစ္ေန႔တာကို ဘယ္လိုျဖတ္သန္းရမလဲဆိုၿပီး Plan ေတြကို တိုင္ပင္ေနၾကၿပီထင္ပါတယ္။ ခ်စ္သူကို လက္ေဆာင္ေပးတာတို႔ Surprise လုပ္တာတို႔က ႏွစ္စဥ္ျပဳလုပ္ေနက်ဆိုေတာ့ ဒီတစ္ႏွစ္မွာေတာ့ ထူးထူးျခားျခား အမွတ္တရျဖစ္တာမ်ိဳးေတြ ျပဳလုပ္သင့္တယ္လို႔ မထင္ဘူးလား။ ဒီေတာ့… Valentine’s Day ေန႔ေလးမွာ ဘယ္ေတာ့မွ မေမ့ႏိုင္တဲ့ အမွတ္တရမ်ိဳးေလး ဖန္္တီးခ်င္တယ္ဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ Romantic ဆန္ဆန္ V’s Day ဒိတ္အိုင္ဒီယာေလးေတြထဲက ႀကိဳက္ႏွစ္သက္တာကို ေရြးခ်ယ္ထားလိုက္ေတာ့ေနာ္။

(၁) အတူတကြ ခ်က္ျပဳတ္စားေသာက္ပါ

နာမည္ႀကီးစားေသာက္ဆုိင္ေတြသြားၿပီး ဒင္နာဒိတ္လုပ္မေနဘဲ အိမ္မွာအတူတကြ ခ်က္ျပဳတ္စားေသာက္ၾကည့္ပါ။ တစ္ဦးနဲ႔တစ္ဦး ေႏြးေထြးမႈကို ပိုမိုခံစားရေစၿပီးေတာ့ တကယ့္ကို ၾကည္ႏူးစရာအတိပါပဲ။ အခုလုိ လက္တြဲေဖာ္နဲ႔ မီးဖိုေခ်ာင္ထဲမွာ စားစရာတစ္ခုခု တူတူခ်က္ျပဳတ္တာကလည္း ဘယ္ေတာ့မွ ေမ့မရတဲ့ အမွတ္တရတစ္ခုျဖစ္ေစမွာပါ။ ကိုယ့္လက္တြဲေဖာ္ရဲ႕ ဟင္းခ်က္လက္ရာကိုလည္း တိုးတက္ေစတာေပါ့ေနာ္။

(၂) ခရီးထြက္ပါ

ဒီလိုေန႔ရက္မ်ိဳးမွာ တခ်ိဳ႕စံုတြဲေတြကလည္း ခရီးထြက္ၾကတာကို ေတြ႔ရပါတယ္။ အထူးသျဖင့္ ကမ္းေျခလိုေနရာမ်ိဳးေတြေပါ႔။ ဒီေတာ့ သူမ်ားနဲ႔လည္းမတူရေလေအာင္ ေတာေတာင္လို တစ္ေနရာရာကို ခရီးထြက္လိုက္ပါ။ Trekking သေဘာမ်ိဳးေပါ့။ ကိုယ္ခ်စ္ရတဲ့တူနဲ့ ခရီးတူတူထြက္တာဟာ စြန္႔စားခန္းထြက္ရသလုိပါပဲ။ ဒီလိုခရီးတူတူထြက္တဲ့အခါမွာ တစ္ဦးနဲ႔တစ္ဦး လိုအပ္မႈေတြကို ေဖးမကူညီတတ္လာၿပီးေတာ့ တစ္ေယာက္အေၾကာင္း တစ္ေယာက္သိၿပီး ပိုနားလည္ေပးႏုိင္စြမ္း ရွိလာပါလိမ့္မယ္။

မဂၤလာလက္ဖြဲ႕

မဂၤလာလက္ဖြဲ႕

(၃) Valentine’s Day ပါတီမွာ စံုတြဲအက ကပါ

ကိုယ္ခ်စ္ရတဲ့သူနဲ႔ တူတူတြဲကတာကလည္း ေပ်ာ္စရာေကာင္းပါတယ္။ အကဝါသနာပါတဲ့ ခ်စ္သူစံုတြဲေတြအတြက္ေတာ့ ပိုအဆင္ေျပတာေပါ့ေနာ္။ Valentine’s Day ပါတီပြဲမွာ ခ်စ္သူနဲ႔ တူတူတြဲကလိုက္ပါ။ သီခ်င္းေအးေအးေလးဖြင့္ျပီး စံုတြဲက ကမယ္ဆိုရင္ ဘယ္ေလာက္ Romantic ဆန္လိုက္မလဲ။ စိတ္ကူးနဲ႔ေတာင္ ၾကည္ႏူးဖို႔ေကာင္းေနပါၿပီေနာ္။

(၄) နာမည္စာလံုးထိုးထားတဲ့ လက္ဝတ္ရတနာျပဳလုပ္ပါ

ကိုယ္ခ်စ္သူကို လည္ဆြဲေတြ လက္စြပ္ေတြ စပရိုက္စ္ဆိုၿပီး လက္ေဆာင္ဝယ္ေပးမဲ့အစား လက္ဝတ္ရတနာေတြထုတ္လုပ္တဲ့ အလုပ္ရံုးတစ္္ခုခုကို ေခၚသြားလုိက္ပါ။ ျပီးေတာ့ လက္ဝတ္ရတနာတစ္ခုခုကို ဆင္တူလုပ္ခိုင္းပါ။ လက္ေကာက္ဆိုရင္လည္း လက္ေကာက္မွာ နာမည္စာလံုးေလး ထိုးခိုင္းလိုက္ပါ။ ဘယ္ေလာက္ Romantic ဆန္လုိက္သလဲ။

(၅) ေခ်ာကလက္တူတူလုပ္ပါ

ခ်စ္သူကိုယ္စီတုိင္း Feb14 ရက္ေန႔ရာက္ၿပီဆုိရင္ ေခ်ာကလက္ေတြဝယ္ၿပီး လက္ေဆာင္ေပးၾကပါတယ္။ ဆုိင္ကဝယ္ျပီးေပးတာဆိုေတာ့ သိပ္ၿပီး Romantic မဆန္သလိုပဲ။ ဒါ့ေၾကာင့္ ေခ်ာကလက္ျပဳလုပ္နည္းကိုေလ့လာထားၿပီး ခ်စ္ရသူနဲ႔ အတူတကြ ျပဳလုပ္ၾကည့္လိုက္ပါ။ ေခ်ာကလက္ကိတ္ျဖစ္ျဖစ္၊ ေခ်ာကလက္တံုးေလျဖစ္ျဖစ္ ဖန္တီးလိုက္ပါ။

မဂၤလာလက္ဖြဲ႕

မဂၤလာလက္ဖြဲ႕

(၆) ပရဟိတလုပ္ပါ

ဒီလိုေန႔မ်ိဳးမွာ ေကာင္းမႈကုသိုလ္အတူတကြ ျပဳလုပ္ႏုိင္ပါတယ္။ ကိုယ္ခ်စ္ရတဲ့သူနဲ႔ ဘုန္းၾကီးေက်ာင္းပဲျဖစ္ျဖစ္ အကူအညီလိုအပ္ေနတဲ့ ေနရာေတြမွာ ပရဟိတျပဳလုပ္ပါ။ ကိုယ္ခ်စ္ရတဲ့သူနဲ႔ နွစ္ေယာက္တူတူ ေကာင္းမႈကုသိုလ္ျပဳလုပ္တာက သူမ်ားေတြထက္ ပိုျပီးေတာ့ စိတ္ခ်မ္းေျမ႕မႈ၊ ၾကည္ႏူးမႈကို အျပည့္အဝရရွိေစပါတယ္။

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Valentine’s Day မှာ ရိုမန်တစ်ဆန်ဆန် ဒိတ်လုပ်ချင်ကြတဲ့ ချစ်သူစုံတွဲတွေအတွက်

လာမယ့် Feb 14 ကျရင် စုံတွဲတွေအတွက် ပျော်စရာနေ့ရက်လေးဖြစ်တဲ့ Valentine’s Day လည်းရောက်လာတော့မှာပါ။ ဒါကြောင့် စုံတွဲကိုယ်စီ အဲနေ့မှာ ဘာတွေလုပ်ရမလဲ ဘာလက်ဆောင်တွေပေးရမလဲ? ချစ်ရသူနဲ့တစ်နေ့တာကို ဘယ်လိုဖြတ်သန်းရမလဲဆိုပြီး Plan တွေကို တိုင်ပင်နေကြပြီထင်ပါတယ်။ ချစ်သူကို လက်ဆောင်ပေးတာတို့ Surprise လုပ်တာတို့က နှစ်စဉ်ပြုလုပ်နေကျဆိုတော့ ဒီတစ်နှစ်မှာတော့ ထူးထူးခြားခြား အမှတ်တရဖြစ်တာမျိုးတွေ ပြုလုပ်သင့်တယ်လို့ မထင်ဘူးလား။ ဒီတော့… Valentine’s Day နေ့လေးမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရမျိုးလေး ဖန်တီးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် Romantic ဆန်ဆန် V’s Day ဒိတ်အိုင်ဒီယာလေးတွေထဲက ကြိုက်နှစ်သက်တာကို ရွေးချယ်ထားလိုက်တော့နော်။

(၁) အတူတကွ ချက်ပြုတ်စားသောက်ပါ

နာမည်ကြီးစားသောက်ဆိုင်တွေသွားပြီး ဒင်နာဒိတ်လုပ်မနေဘဲ အိမ်မှာအတူတကွ ချက်ပြုတ်စားသောက်ကြည့်ပါ။ တစ်ဦးနဲ့တစ်ဦး နွေးထွေးမှုကို ပိုမိုခံစားရစေပြီးတော့ တကယ့်ကို ကြည်နူးစရာအတိပါပဲ။ အခုလို လက်တွဲဖော်နဲ့ မီးဖိုချောင်ထဲမှာ စားစရာတစ်ခုခု တူတူချက်ပြုတ်တာကလည်း ဘယ်တော့မှ မေ့မရတဲ့ အမှတ်တရတစ်ခုဖြစ်စေမှာပါ။ ကိုယ့်လက်တွဲဖော်ရဲ့ ဟင်းချက်လက်ရာကိုလည်း တိုးတက်စေတာပေါ့နော်။

(၂) ခရီးထွက်ပါ

ဒီလိုနေ့ရက်မျိုးမှာ တချို့စုံတွဲတွေကလည်း ခရီးထွက်ကြတာကို တွေ့ရပါတယ်။ အထူးသဖြင့် ကမ်းခြေလိုနေရာမျိုးတွေပေါ့။ ဒီတော့ သူများနဲ့လည်းမတူရလေအောင် တောတောင်လို တစ်နေရာရာကို ခရီးထွက်လိုက်ပါ။ Trekking သဘောမျိုးပေါ့။ ကိုယ်ချစ်ရတဲ့တူနဲ့ ခရီးတူတူထွက်တာဟာ စွန့်စားခန်းထွက်ရသလိုပါပဲ။ ဒီလိုခရီးတူတူထွက်တဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး လိုအပ်မှုတွေကို ဖေးမကူညီတတ်လာပြီးတော့ တစ်ယောက်အကြောင်း တစ်ယောက်သိပြီး ပိုနားလည်ပေးနိုင်စွမ်း ရှိလာပါလိမ့်မယ်။

မဂၤလာလက္ဖြဲ႕

မဂၤလာလက္ဖြဲ႕

(၃) Valentine’s Day ပါတီမှာ စုံတွဲအက ကပါ

ကိုယ်ချစ်ရတဲ့သူနဲ့ တူတူတွဲကတာကလည်း ပျော်စရာကောင်းပါတယ်။ အကဝါသနာပါတဲ့ ချစ်သူစုံတွဲတွေအတွက်တော့ ပိုအဆင်ပြေတာပေါ့နော်။ Valentine’s Day ပါတီပွဲမှာ ချစ်သူနဲ့ တူတူတွဲကလိုက်ပါ။ သီချင်းအေးအေးလေးဖွင့်ပြီး စုံတွဲက ကမယ်ဆိုရင် ဘယ်လောက် Romantic ဆန်လိုက်မလဲ။ စိတ်ကူးနဲ့တောင် ကြည်နူးဖို့ကောင်းနေပါပြီနော်။

(၄) နာမည်စာလုံးထိုးထားတဲ့ လက်ဝတ်ရတနာပြုလုပ်ပါ

ကိုယ်ချစ်သူကို လည်ဆွဲတွေ လက်စွပ်တွေ စပရိုက်စ်ဆိုပြီး လက်ဆောင်ဝယ်ပေးမဲ့အစား လက်ဝတ်ရတနာတွေထုတ်လုပ်တဲ့ အလုပ်ရုံးတစ်ခုခုကို ခေါ်သွားလိုက်ပါ။ ပြီးတော့ လက်ဝတ်ရတနာတစ်ခုခုကို ဆင်တူလုပ်ခိုင်းပါ။ လက်ကောက်ဆိုရင်လည်း လက်ကောက်မှာ နာမည်စာလုံးလေး ထိုးခိုင်းလိုက်ပါ။ ဘယ်လောက် Romantic ဆန်လိုက်သလဲ။

(၅) ချောကလက်တူတူလုပ်ပါ

ချစ်သူကိုယ်စီတိုင်း Feb14 ရက်နေ့ရာက်ပြီဆိုရင် ချောကလက်တွေဝယ်ပြီး လက်ဆောင်ပေးကြပါတယ်။ ဆိုင်ကဝယ်ပြီးပေးတာဆိုတော့ သိပ်ပြီး Romantic မဆန်သလိုပဲ။ ဒါ့ကြောင့် ချောကလက်ပြုလုပ်နည်းကိုလေ့လာထားပြီး ချစ်ရသူနဲ့ အတူတကွ ပြုလုပ်ကြည့်လိုက်ပါ။ ချောကလက်ကိတ်ဖြစ်ဖြစ်၊ ချောကလက်တုံးလေဖြစ်ဖြစ် ဖန်တီးလိုက်ပါ။

မဂၤလာလက္ဖြဲ႕

မဂၤလာလက္ဖြဲ႕

(၆) ပရဟိတလုပ်ပါ

ဒီလိုနေ့မျိုးမှာ ကောင်းမှုကုသိုလ်အတူတကွ ပြုလုပ်နိုင်ပါတယ်။ ကိုယ်ချစ်ရတဲ့သူနဲ့ ဘုန်းကြီးကျောင်းပဲဖြစ်ဖြစ် အကူအညီလိုအပ်နေတဲ့ နေရာတွေမှာ ပရဟိတပြုလုပ်ပါ။ ကိုယ်ချစ်ရတဲ့သူနဲ့ နှစ်ယောက်တူတူ ကောင်းမှုကုသိုလ်ပြုလုပ်တာက သူများတွေထက် ပိုပြီးတော့ စိတ်ချမ်းမြေ့မှု၊ ကြည်နူးမှုကို အပြည့်အဝရရှိစေပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။