[Zawgyi]

သႀကၤန္ေရေၾကာင့္ ပ်က္စီးသြားတဲ့ ဆံသားေတြကို လြယ္ကူစြာျပန္လည္ကုသဖို႔ဆုိရင္

သႀကၤန္တြင္းမွာ ဆံပင္အေရာင္ဆိုးလိုက္၊ က်စ္လိုက္နဲ႔ ပံုစံမ်ိဳးစံုလုပ္တဲ့အျပင္ သႀကၤန္ေရေၾကာင့္ မြဲေျခာက္ပ်က္စီးသြားတဲ့ ဆံသားမ်ားကို ျပန္လည္ကုသႏုိင္မယ့္ အိမ္တြင္းကုထံုးေလးကို ေျပာျပခ်င္ပါတယ္။ ဓာတုဆိုးေဆးမ်ားေၾကာင့္ ဆံသားပ်က္စီးသြားတာပဲျဖစ္ျဖစ္၊ သႀကၤန္ေရနဲ႔ ေနေလာင္ဒဏ္ေၾကာင့္ ဆံသားပ်က္စီးသြားတာပဲျဖစ္ျဖစ္၊ သဘာဝနည္းလမ္းအတုိင္း ျပန္လည္ကုသတာက အေကာင္းဆံုး နည္းလမ္းပါပဲေနာ္။

(၁) ေထာပတ္သီးျဖင့္ေပါင္းတင္နည္း

ေထာပတ္သီးမွာ ပါဝင္တဲ့ဓာတ္မ်ားက ဆံသားအတြက္ မ်ားစြာေကာင္းက်ိဳးျပဳတာေၾကာင့္ ေရွးေရွးကတည္းက အသံုးျပဳခဲ့ၾကတဲ့ နည္းလမ္းေလးပါ။ ေထာပတ္သီး ၁လံုး၊ သံလြင္ဆီ လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းနဲ႔ ၾကက္ဥ ၁လံုးတို႔ကို ေရာစပ္ၿပီး ေသခ်ာေမႊေပးပါ။ ရရွိလာတဲ့ အေရာအေႏွာကို ဦးေရျပားနဲ႔ ဆံသားအႏွံ႔ သုတ္လိမ္းေပးပါ။ မိနစ္ ၂၀ ခန္႔ထားၿပီး ေရေႏြးနဲ႔ ေခါင္းေလွ်ာ္ေပးလိုက္ရံုပါပဲေနာ္။ ဒါဆိုရင္ေတာ့ လွပတဲ့ ဆံေကသာေလးကို မိနစ္ပိုင္းေလးအတြင္းမွာ ရရွိႏိုင္မွာပါ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

(၂) ရွားေစာင္းလက္ပတ္ျဖင့္ေပါင္းတင္နည္း

ရွားေစာင္းလက္ပတ္က ဦးေရျပားေရာဂါ၊ မႈိေရာဂါမ်ားကို ကုသရာမွာ တကယ့္ကိုအသံုးတည့္တာကို ေတြ႔ရပါတယ္။ ဒါ့အျပင္ ဆံသားမြဲေျခာက္ျခင္းအတြက္ အေကာင္းဆံုးအားျဖည့္ေဆးပဲ ျဖစ္ပါတယ္။ လတ္ဆတ္တဲ့ ရွားေစာင္းလက္ပတ္တစ္ပင္နဲ႔ ဗာဓံအဆီတို႔ပဲ လိုအပ္ပါတယ္။ ရွာေစာင္းလက္ပတ္ အတြင္းသားဂ်ယ္လ္ကို ေခ်လိုက္ၿပီး ဗာဓံအဆီ လက္ဖက္ရည္ဇြန္း ၁ ဇြန္းတို႔ကို ေရာစပ္ၿပီး ဦးေရျပားအႏွံ႔ သုတ္လိမ္းေပးရမွာပဲ ျဖစ္ပါတယ္။ ေခါင္းမေလွ်ာ္ခင္ မိနစ္ ၂၀ အလိုမွာ ျပဳလုပ္ေပးႏိုင္ၿပီး ေရေႏြးေႏြးေလးနဲ႔ ေခါင္းေလွ်ာ္လုိက္ပါ။ ဒီနည္းလမ္းေလးကလည္း အခ်ိန္အၾကာႀကီး ေပးစရာမလိုတာေၾကာင့္ နည္းလမ္းေကာင္းေလးပါပဲေနာ္။

(၃) ငွက္ေပ်ာသီးျဖင့္ေပါင္းတင္နည္း

ငွက္ေပ်ာသီးက အာဟာရဓာတ္မ်ားစြာ ပါဝင္တယ္ဆိုတာကို သိၾကမွာပါ။ ငွက္ေပ်ာသီးမွာပါဝင္တဲ့ ဓာတ္မ်ားက ဦးေရျပားေပၚက ေဗာက္မ်ားနဲ႔ မႈိေရာဂါမ်ားကို ရွင္းထုတ္ႏိုင္တာေၾကာင့္ တကယ့္ကို အစြမ္းထက္လွပါတယ္။ ငွက္ေပ်ာသီးတစ္လံုးနဲ႔ ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း တို႔ကို ေရာစပ္လိုက္ပါ။ ခပ္ပ်စ္ပ်စ္ေလးျဖစ္သြားတဲ့အထိ ေခ်ေပးပါ။ ရရွိလာတဲ့ အေရာအေႏွာကို ဆံသားအႏွံ႔ သုတ္လိမ္းေပးပါ။ မိနစ္ ၂၀ ခန္႔ထားၿပီးတာနဲ႔ ေရေႏြးေႏြးလးနဲ႔ ေဆးခ်လိုက္ရံုပါပဲ။ ဆံသားမ်ား က်န္းမာသန္စြမ္းၿပီး ေပ်ာ့ေပ်ာင္းသြားတာကို ေတြ႔ရမွာပါ။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

ေဖာ္ျပေပးခဲ့တဲ့ နည္းလမ္းေတြအတိုင္း ေခါင္းမေလွ်ာ္ခင္ မိနစ္ပိုင္းအတြင္းမွာ ျပဳလုပ္ၾကည့္လိုက္ရံုနဲ႔ အခ်ိန္ကုန္လည္း သက္သာေစၿပီး ေပ်ာ့ေပ်ာင္းတဲ့ဆံေကသာမ်ားကို ျပန္လည္ရရွိေစမွာပါ။ အိမ္မွာရွိတဲ့ သဘာဝပစၥည္းေတြနဲ႔ပဲ လြယ္လြယ္ကူကူျပဳလုပ္ရတာဆိုေတာ့ အလုပ္လည္း မရႈပ္ေတာ့ဘူးေပါ့။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

သင်္ကြန်ရေကြောင့် ပျက်စီးသွားတဲ့ ဆံသားတွေကို လွယ်ကူစွာပြန်လည်ကုသဖို့ဆိုရင်

သင်္ကြန်တွင်းမှာ ဆံပင်အရောင်ဆိုးလိုက်၊ ကျစ်လိုက်နဲ့ ပုံစံမျိုးစုံလုပ်တဲ့အပြင် သင်္ကြန်ရေကြောင့် မွဲခြောက်ပျက်စီးသွားတဲ့ ဆံသားများကို ပြန်လည်ကုသနိုင်မယ့် အိမ်တွင်းကုထုံးလေးကို ပြောပြချင်ပါတယ်။ ဓာတုဆိုးဆေးများကြောင့် ဆံသားပျက်စီးသွားတာပဲဖြစ်ဖြစ်၊ သင်္ကြန်ရေနဲ့ နေလောင်ဒဏ်ကြောင့် ဆံသားပျက်စီးသွားတာပဲဖြစ်ဖြစ်၊ သဘာဝနည်းလမ်းအတိုင်း ပြန်လည်ကုသတာက အကောင်းဆုံး နည်းလမ်းပါပဲနော်။

(၁) ထောပတ်သီးဖြင့်ပေါင်းတင်နည်း

ထောပတ်သီးမှာ ပါဝင်တဲ့ဓာတ်များက ဆံသားအတွက် များစွာကောင်းကျိုးပြုတာကြောင့် ရှေးရှေးကတည်းက အသုံးပြုခဲ့ကြတဲ့ နည်းလမ်းလေးပါ။ ထောပတ်သီး ၁လုံး၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ကြက်ဥ ၁လုံးတို့ကို ရောစပ်ပြီး သေချာမွှေပေးပါ။ ရရှိလာတဲ့ အရောအနှောကို ဦးရေပြားနဲ့ ဆံသားအနှံ့ သုတ်လိမ်းပေးပါ။ မိနစ် ၂၀ ခန့်ထားပြီး ရေနွေးနဲ့ ခေါင်းလျှော်ပေးလိုက်ရုံပါပဲနော်။ ဒါဆိုရင်တော့ လှပတဲ့ ဆံကေသာလေးကို မိနစ်ပိုင်းလေးအတွင်းမှာ ရရှိနိုင်မှာပါ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

(၂) ရှားစောင်းလက်ပတ်ဖြင့်ပေါင်းတင်နည်း

ရှားစောင်းလက်ပတ်က ဦးရေပြားရောဂါ၊ မှိုရောဂါများကို ကုသရာမှာ တကယ့်ကိုအသုံးတည့်တာကို တွေ့ရပါတယ်။ ဒါ့အပြင် ဆံသားမွဲခြောက်ခြင်းအတွက် အကောင်းဆုံးအားဖြည့်ဆေးပဲ ဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ရှားစောင်းလက်ပတ်တစ်ပင်နဲ့ ဗာဓံအဆီတို့ပဲ လိုအပ်ပါတယ်။ ရှာစောင်းလက်ပတ် အတွင်းသားဂျယ်လ်ကို ချေလိုက်ပြီး ဗာဓံအဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောစပ်ပြီး ဦးရေပြားအနှံ့ သုတ်လိမ်းပေးရမှာပဲ ဖြစ်ပါတယ်။ ခေါင်းမလျှော်ခင် မိနစ် ၂၀ အလိုမှာ ပြုလုပ်ပေးနိုင်ပြီး ရေနွေးနွေးလေးနဲ့ ခေါင်းလျှော်လိုက်ပါ။ ဒီနည်းလမ်းလေးကလည်း အချိန်အကြာကြီး ပေးစရာမလိုတာကြောင့် နည်းလမ်းကောင်းလေးပါပဲနော်။

(၃) ငှက်ပျောသီးဖြင့်ပေါင်းတင်နည်း

ငှက်ပျောသီးက အာဟာရဓာတ်များစွာ ပါဝင်တယ်ဆိုတာကို သိကြမှာပါ။ ငှက်ပျောသီးမှာပါဝင်တဲ့ ဓာတ်များက ဦးရေပြားပေါ်က ဗောက်များနဲ့ မှိုရောဂါများကို ရှင်းထုတ်နိုင်တာကြောင့် တကယ့်ကို အစွမ်းထက်လှပါတယ်။ ငှက်ပျောသီးတစ်လုံးနဲ့ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ကို ရောစပ်လိုက်ပါ။ ခပ်ပျစ်ပျစ်လေးဖြစ်သွားတဲ့အထိ ချေပေးပါ။ ရရှိလာတဲ့ အရောအနှောကို ဆံသားအနှံ့ သုတ်လိမ်းပေးပါ။ မိနစ် ၂၀ ခန့်ထားပြီးတာနဲ့ ရေနွေးနွေးလးနဲ့ ဆေးချလိုက်ရုံပါပဲ။ ဆံသားများ ကျန်းမာသန်စွမ်းပြီး ပျော့ပျောင်းသွားတာကို တွေ့ရမှာပါ။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

ဖော်ပြပေးခဲ့တဲ့ နည်းလမ်းတွေအတိုင်း ခေါင်းမလျှော်ခင် မိနစ်ပိုင်းအတွင်းမှာ ပြုလုပ်ကြည့်လိုက်ရုံနဲ့ အချိန်ကုန်လည်း သက်သာစေပြီး ပျော့ပျောင်းတဲ့ဆံကေသာများကို ပြန်လည်ရရှိစေမှာပါ။ အိမ်မှာရှိတဲ့ သဘာဝပစ္စည်းတွေနဲ့ပဲ လွယ်လွယ်ကူကူပြုလုပ်ရတာဆိုတော့ အလုပ်လည်း မရှုပ်တော့ဘူးပေါ့။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။