[ZawGyi]

ေက်ာေျပာင္ Dress လန္းလန္းေလးေတြအတြက္ Sticky Bra ေလးေတြကို ဘယ္လုိစနစ္တက်ဝတ္ဆင္မလဲ

ကိုယ္က ရင္ျပတ္အက်ီေလးေတြ၊ V Shape လည္ပင္းက်က်ေလးနဲ႔ Dress ေတြ၊ ေက်ာဘက္ေဖာ္ထားတဲ႔ Dress ေတြ ဂါဝန္ေလးေတြ၊ ဘေလာက္စ္ေလးေတြဝတ္တဲ႔အခါ ပံုမွန္ဝတ္ေနက်ဘရာမ်ိဳးနဲ႔ဘယ္လုိမွအဆင္မေျပေတာ႔ပါဘူးေနာ္။ တခ်ိဳ႕ Dinner Dress ေတြဟာ တစ္ခါတည္းဘရာအံုခြက္ပါျပီးတာမ်ိဳးရွိ္ေပမယ္႔ တခ်ိဳ႕ Dress ေတြက်ေတာ႔ အသားကပ္ဘရာကိုသီးသန္႔ဝတ္ဆင္မွကို လွပတာမ်ိဳးပါ။

black-sonya-strappy-skater-dress

black-sonya-strappy-skater-dress

ဒီေတာ႔ ဒီေန႔ေခတ္ဖက္ရွင္ေတြအတြက္မျဖစ္မေနလိုအပ္လာတဲ႔ ဘရာကေတာ႔ Silicone ဘရာပါ။ သူ႔ကို Stick-on bra၊ Sticky Bra၊ Adhesive Bra၊ Backless Bare Bra လို႔လည္းေခၚၾကပါတယ္။ ဒီဘရာေလးေတြကို ဘယ္လုိဝတ္ဆင္မလဲ၊ ဘယ္လုိျပန္သန္႔စင္မလဲ၊ ဘယ္လုိသိမ္းဆည္းမလဲ ဆုိတာကမျဖစ္မေနသိဖုိ႔လိုလာပါျပီ။ ဘာေၾကာင္႔လဲဆုိရင္ ဒီဘရာမ်ိဳးေတြက ဘယ္လုိသန္႔စင္သိမ္းဆည္းရမွန္းမသိရင္ တစ္ခါဝတ္ တစ္ခါလႊင္႔ပစ္ျပီး ေနာက္တစ္ခါဝတ္ခ်င္ရင္ အသစ္ဝယ္ရတာမ်ိဳး ျဖစ္တတ္တာမို႔ပါ။ ဒါေၾကာင္႔ ေငြကုန္ေၾကးက်မမ်ားရေလေအာင္ စနစ္တက်ထိန္းသိမ္းနည္းေလးေတြကို မွ်ေဝေပးခ်င္ပါတယ္ေနာ္။

Mango-Wing-Bras

Mango-Wing-Bras

စနစ္တက်ဝတ္ဆင္နည္း

-Silicone Bra ကိုမဝတ္ခင္ ရင္သားနဲ႔ရင္ဘတ္တစ္ဝိုက္ကို လံုးဝသန္႔ရွင္းေျခာက္ေသြ႔ေနေစရပါမယ္။

-ဒီဘရာဝတ္ရင္ ကိုယ္ကဂရုတစိုက္မဝတ္ဆင္လုိ႔ ျပန္ဆြဲခြာရတဲ႔အခါ နည္းနည္းေတာ႔အသားနာတာမို႔ ဝတ္ဆင္ခါနီးေသေသခ်ာခ်ာျပင္ဆင္ဖုိ႔လုိပါတယ္။

way to wear

way to wear

-မွန္ေရွ႕မွာဝတ္ပါ။ လက္တစ္ဖက္နဲ႔ဘရာအစြန္းကိုကိုင္ျပီး ရင္သားမွာကပ္ပါ။ Nipple နဲ႔ Nipple ေအာက္နားေလာက္ဧရိယာတစ္ဝိုက္ကိုပဲ ဆြဲကပ္ရမွာပါ။ ပံုမွန္ဘရာဝတ္သလို ရင္သားေအာက္အတြင္းကေန ပင္႔ဝတ္စရာမလုိပါဘူးေနာ္။

-ပထမတစ္ဖက္ဝတ္ဆင္လိုက္ျပီဆုိရင္ ဘရာအတြင္းေဘးလိုင္းဟာ ခပ္ေစြေစြအေနအထားေလးရွိေနရပါမယ္။ ဒါမွေနာက္တစ္ဖက္ကပ္ျပီးခ်ိန္မွာ V Shape ေလးရွိေနမွာျဖစ္ပါတယ္။

way to wear

way to wear

-ေနာက္တစ္ဖက္ကိုကပ္ခ်ိန္မွာ ရင္သားကိုပံုစံတက်ျဖစ္ေအာင္ျပဳလုပ္ပါဦး။

-Cup တစ္ခုခ်င္းစီကိုကပ္ျပီးမွ ခ်ိတ္ကိုခ်ိတ္လိုက္လုိ႔လည္းရပါတယ္။

for shoulder crop top

for shoulder crop top

-ကိုယ္ဝတ္ဆင္မယ္႔ Dress ကိုလိုက္ျပီး အမ်ိဳးမ်ိဳးေျပာင္းလဲဝတ္ဆင္ႏိုင္တဲ႔အခ်က္ကို မေမ႔ပါနဲ႔ေနာ္။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

for V neck

for V neck

သန္႔စင္နည္း

-တကယ္ေတာ႔ ဒီလုိဘရာမ်ိဳးကိုတစ္ခါသံုးျပီးတစ္ခါျပန္ေလွ်ာ္သင္႔ပါတယ္။ ခႏၶာကိုယ္ကထြက္တဲ႔အဆီေတြနဲ႔ထိေတြ႔ရရင္ သူ႔ရဲ႕ကပ္တြယ္မႈအားကေလ်ာ႔သြားႏိုင္ပါတယ္။ ေလွ်ာ္ဖြပ္မယ္ဆုိရင္သတိေတာ႔ထားရပါမယ္။

-ဆပ္ျပာရည္အေပ်ာ႔စား(အယ္လ္ကိုေဟာနဲ႔ေမႊးရန႔ံျပင္းတဲ႔ဟာေတြမသံုးရ) ျဖစ္ရပါမယ္။ လက္ေဆးဆပ္ျပာရည္လည္းသံုးႏိုင္ပါတယ္။ အသာအယာပြတ္ျပီး ေရပိုက္ေခါင္းကက်တဲ႔ေရ Running Water ေအာက္မွာ သန္႔စင္ရမွာပါ။ ျပီးရင္ သဘာဝေလနဲ႔ေျခာက္ေသြ႕ေစရပါမယ္။ Hair-dryer လည္းသံုးႏိုင္ပါတယ္။ ေလွ်ာ္ျပီးခ်ိန္ တစ္ညေလာက္ဒီအတိုင္းထားရင္လည္း ေျခာက္ေသြ႔ပါတယ္။

caring-tips

caring-tips

-အထူးသတိထားရမွာက ပဝါစေတြ ခ်ည္စေတြနဲ႔သုတ္ျပီးေျခာက္ေသြ႔ေအာင္မလုပ္ရပါဘူးေနာ္။ ဘာေၾကာင္႔လဲဆုိရင္ ပဝါစေတြ ခ်ည္စေတြကပ္ျပီးဘရာပ်က္စီးသြားပါလိမ္႔မယ္။ တကယ္လုိ႔ကပ္သြားခဲ႔ရင္ လက္နဲ႔အတင္းေကာ္မထုတ္ပါနဲ႔။ ျပန္ေလွ်ာ္လုိက္တာကပိုအဆင္ေျပပါတယ္။

-သတိထားရမယ္႔အခ်က္က အဝတ္လွန္းသလို ေနေရာင္ေအာက္မွာခ်ိတ္ျပီးမလွန္းရပါဘူး။ အေျခာက္ခံစက္ထဲလည္း မထည္႔ရပါဘူး။
အေျခာက္ေလွ်ာ္ Dry-clean လည္းလုပ္လုိ႔မရပါဘူးေနာ္။

silicone-bra

silicone-bra

သိမ္းဆည္းနည္း

 Plastic Cling Wrap

Plastic Cling Wrap

ဒီ ဘရာမ်ိဳးကဖုန္ေတြ အမႈန္ေတြကပ္ျငိလြယ္တာေၾကာင္႔ စနစ္တက်သိမ္းဆည္းဖုိ႔လုိပါတယ္။ ဒါေၾကာင္႔ သန္႔ရွင္းေျခာက္ေသြ႔ေစျပီးျပီဆုိရင္ Plastic Cling Wrap လုိ႔ေခၚတဲ႔ပလတ္စတစ္အၾကည္ေလးေတြနဲ႔ကပ္ျပီး သိမ္းဆည္းပါ။ အခုဒီလုိပလတ္စတစ္ေလးေတြက အြန္လိုင္းမွာေရာဂ်ပန္ဆုိင္ေလးေတြမွာပါ ဝယ္လုိ႔ရပါတယ္။ တခ်ိဳ႕ဘရာေတြမွာေတာ႔ျပန္သိမ္းဆည္းရင္သံုးဖို႔ ပလတ္စတစ္စေတြတစ္ပါတည္း ပါလာတတ္ပါတယ္။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

ဒီေလာက္ဆုိရင္ေတာ႔ ကိုယ္႔ရဲ႕ Sticky Bra ေလးေတြကို စနစ္တက်သံုးတတ္မယ္လုိ႔ထင္ပါတယ္ေနာ္။ စမတ္က်က်ေလးလန္းႏိုင္ေစဖုိ႔အတြက္ ေနာက္ထပ္သိသင္႔တာေလးေတြကိုလည္း အခရာကေန ဆက္လက္မွ်ေဝသြားပါဦးမယ္။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

ကျောပြောင် Dress လန်းလန်းလေးတွေအတွက် Sticky Bra လေးတွေကို ဘယ်လိုစနစ်တကျဝတ်ဆင်မလဲ

ကိုယ်က ရင်ပြတ်အကျီလေးတွေ၊ V Shape လည်ပင်းကျကျလေးနဲ့ Dress တွေ၊ ကျောဘက်ဖော်ထားတဲ့ Dress တွေ ဂါဝန်လေးတွေ၊ ဘလောက်စ်လေးတွေဝတ်တဲ့အခါ ပုံမှန်ဝတ်နေကျဘရာမျိုးနဲ့ဘယ်လိုမှအဆင်မပြေတော့ပါဘူးနော်။ တချို့ Dinner Dress တွေဟာ တစ်ခါတည်းဘရာအုံခွက်ပါပြီးတာမျိုးရှိပေမယ့် တချို့ Dress တွေကျတော့ အသားကပ်ဘရာကိုသီးသန့်ဝတ်ဆင်မှကို လှပတာမျိုးပါ။

black-sonya-strappy-skater-dress

black-sonya-strappy-skater-dress

ဒီတော့ ဒီနေ့ခေတ်ဖက်ရှင်တွေအတွက်မဖြစ်မနေလိုအပ်လာတဲ့ ဘရာကတော့ Silicone ဘရာပါ။ သူ့ကို Stick-on bra၊ Sticky Bra၊ Adhesive Bra၊ Backless Bare Bra လို့လည်းခေါ်ကြပါတယ်။ ဒီဘရာလေးတွေကို ဘယ်လိုဝတ်ဆင်မလဲ၊ ဘယ်လိုပြန်သန့်စင်မလဲ၊ ဘယ်လိုသိမ်းဆည်းမလဲ ဆိုတာကမဖြစ်မနေသိဖို့လိုလာပါပြီ။ ဘာကြောင့်လဲဆိုရင် ဒီဘရာမျိုးတွေက ဘယ်လိုသန့်စင်သိမ်းဆည်းရမှန်းမသိရင် တစ်ခါဝတ် တစ်ခါလွှင့်ပစ်ပြီး နောက်တစ်ခါဝတ်ချင်ရင် အသစ်ဝယ်ရတာမျိုး ဖြစ်တတ်တာမို့ပါ။ ဒါကြောင့် ငွေကုန်ကြေးကျမများရလေအောင် စနစ်တကျထိန်းသိမ်းနည်းလေးတွေကို မျှဝေပေးချင်ပါတယ်နော်။

Mango-Wing-Bras

Mango-Wing-Bras

စနစ်တကျဝတ်ဆင်နည်း

-Silicone Bra ကိုမဝတ်ခင် ရင်သားနဲ့ရင်ဘတ်တစ်ဝိုက်ကို လုံးဝသန့်ရှင်းခြောက်သွေ့နေစေရပါမယ်။

-ဒီဘရာဝတ်ရင် ကိုယ်ကဂရုတစိုက်မဝတ်ဆင်လို့ ပြန်ဆွဲခွာရတဲ့အခါ နည်းနည်းတော့အသားနာတာမို့ ဝတ်ဆင်ခါနီးသေသေချာချာပြင်ဆင်ဖို့လိုပါတယ်။

way to wear

way to wear

-မှန်ရှေ့မှာဝတ်ပါ။ လက်တစ်ဖက်နဲ့ဘရာအစွန်းကိုကိုင်ပြီး ရင်သားမှာကပ်ပါ။ Nipple နဲ့ Nipple အောက်နားလောက်ဧရိယာတစ်ဝိုက်ကိုပဲ ဆွဲကပ်ရမှာပါ။ ပုံမှန်ဘရာဝတ်သလို ရင်သားအောက်အတွင်းကနေ ပင့်ဝတ်စရာမလိုပါဘူးနော်။

-ပထမတစ်ဖက်ဝတ်ဆင်လိုက်ပြီဆိုရင် ဘရာအတွင်းဘေးလိုင်းဟာ ခပ်စွေစွေအနေအထားလေးရှိနေရပါမယ်။ ဒါမှနောက်တစ်ဖက်ကပ်ပြီးချိန်မှာ V Shape လေးရှိနေမှာဖြစ်ပါတယ်။

way to wear

way to wear

-နောက်တစ်ဖက်ကိုကပ်ချိန်မှာ ရင်သားကိုပုံစံတကျဖြစ်အောင်ပြုလုပ်ပါဦး။

-Cup တစ်ခုချင်းစီကိုကပ်ပြီးမှ ချိတ်ကိုချိတ်လိုက်လို့လည်းရပါတယ်။

for shoulder crop top

for shoulder crop top

-ကိုယ်ဝတ်ဆင်မယ့် Dress ကိုလိုက်ပြီး အမျိုးမျိုးပြောင်းလဲဝတ်ဆင်နိုင်တဲ့အချက်ကို မမေ့ပါနဲ့နော်။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

for V neck

for V neck

သန့်စင်နည်း

-တကယ်တော့ ဒီလိုဘရာမျိုးကိုတစ်ခါသုံးပြီးတစ်ခါပြန်လျှော်သင့်ပါတယ်။ ခန္ဓာကိုယ်ကထွက်တဲ့အဆီတွေနဲ့ထိတွေ့ရရင် သူ့ရဲ့ကပ်တွယ်မှုအားကလျော့သွားနိုင်ပါတယ်။ လျှော်ဖွပ်မယ်ဆိုရင်သတိတော့ထားရပါမယ်။

-ဆပ်ပြာရည်အပျော့စား(အယ်လ်ကိုဟောနဲ့မွှေးရနံ့ပြင်းတဲ့ဟာတွေမသုံးရ) ဖြစ်ရပါမယ်။ လက်ဆေးဆပ်ပြာရည်လည်းသုံးနိုင်ပါတယ်။ အသာအယာပွတ်ပြီး ရေပိုက်ခေါင်းကကျတဲ့ရေ Running Water အောက်မှာ သန့်စင်ရမှာပါ။ ပြီးရင် သဘာဝလေနဲ့ခြောက်သွေ့စေရပါမယ်။ Hair-dryer လည်းသုံးနိုင်ပါတယ်။ လျှော်ပြီးချိန် တစ်ညလောက်ဒီအတိုင်းထားရင်လည်း ခြောက်သွေ့ပါတယ်။

caring-tips

caring-tips

-အထူးသတိထားရမှာက ပဝါစတွေ ချည်စတွေနဲ့သုတ်ပြီးခြောက်သွေ့အောင်မလုပ်ရပါဘူးနော်။ ဘာကြောင့်လဲဆိုရင် ပဝါစတွေ ချည်စတွေကပ်ပြီးဘရာပျက်စီးသွားပါလိမ့်မယ်။ တကယ်လို့ကပ်သွားခဲ့ရင် လက်နဲ့အတင်းကော်မထုတ်ပါနဲ့။ ပြန်လျှော်လိုက်တာကပိုအဆင်ပြေပါတယ်။

-သတိထားရမယ့်အချက်က အဝတ်လှန်းသလို နေရောင်အောက်မှာချိတ်ပြီးမလှန်းရပါဘူး။ အခြောက်ခံစက်ထဲလည်း မထည့်ရပါဘူး။
အခြောက်လျှော် Dry-clean လည်းလုပ်လို့မရပါဘူးနော်။

silicone-bra

silicone-bra

သိမ်းဆည်းနည်း

 Plastic Cling Wrap

Plastic Cling Wrap

ဒီ ဘရာမျိုးကဖုန်တွေ အမှုန်တွေကပ်ငြိလွယ်တာကြောင့် စနစ်တကျသိမ်းဆည်းဖို့လိုပါတယ်။ ဒါကြောင့် သန့်ရှင်းခြောက်သွေ့စေပြီးပြီဆိုရင် Plastic Cling Wrap လို့ခေါ်တဲ့ပလတ်စတစ်အကြည်လေးတွေနဲ့ကပ်ပြီး သိမ်းဆည်းပါ။ အခုဒီလိုပလတ်စတစ်လေးတွေက အွန်လိုင်းမှာရောဂျပန်ဆိုင်လေးတွေမှာပါ ဝယ်လို့ရပါတယ်။ တချို့ဘရာတွေမှာတော့ပြန်သိမ်းဆည်းရင်သုံးဖို့ ပလတ်စတစ်စတွေတစ်ပါတည်း ပါလာတတ်ပါတယ်။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

ဒီလောက်ဆိုရင်တော့ ကိုယ့်ရဲ့ Sticky Bra လေးတွေကို စနစ်တကျသုံးတတ်မယ်လို့ထင်ပါတယ်နော်။ စမတ်ကျကျလေးလန်းနိုင်စေဖို့အတွက် နောက်ထပ်သိသင့်တာလေးတွေကိုလည်း အခရာကနေ ဆက်လက်မျှဝေသွားပါဦးမယ်။

ဂျူဂျူး(Akhayar)

www.akhayar.com