[Zawgyi]

စကၠန္႔ပုိင္းအတြင္း လူခ်စ္လူခင္မ်ားေအာင္ လုပ္နည္း

လူခ်စ္လူခင္မ်ားဖုိ႔ဆုိတာ လြယ္တာမွ မဟုတ္တာ။ ဦးႏုေတာင္ “မိတၱဗလဋီကာ” ဆုိၿပီး အေသးစိတ္ေရးခဲ့ေသးတယ္။ လူတစ္ေယာက္ကုိ စေတြ႕ၿပီဆုိတာနဲ႔ ဒီလူရဲ႕ပုံစံက ဘယ္လုိလဲ၊ ဘယ္လုိဝတ္စားဆင္ယင္လာတာလဲဆုိၿပီးေတာ့ ပထမစကၠန္႔ပုိင္းအတြင္းကုိ အကဲခတ္ၿပီး အမွတ္ေပးဆုံးျဖတ္တတ္တယ္။ စေတြ႕တဲ့လူတစ္ေယာက္ဟာ ကုိယ့္ကုိ သေဘာက်သြားေအာင္လုိ႔ ဘယ္လုိေနထုိင္သင့္တယ္ဆုိတာကုိ ေဖာ္ျပလုိက္ပါတယ္။

၁။ ရုိးသားပြင့္လင္းပါ။

လူတစ္ေယာက္ကုိ စေတြ႕ၿပီဆုိတာနဲ႔ ပြင့္ပြင့္လင္းလင္းပဲ ေျပာဆုိဆက္ဆံသင့္တယ္။ ေဖာ္ေရြျပံဳးရႊင္တဲ့ မ်က္ႏွာထားမ်ိဳးနဲ႔ လက္ဆြဲႏႈတ္ဆက္လုိက္ပါ။ စေတြ႕ခ်င္းမွာ မေကာင္းျမင္စိတ္မထားဘဲနဲ႔ အျပဳသေဘာေဆာင္ၿပီး ေျပာဆုိဆက္ဆံတာက ပုိေကာင္းပါတယ္။ ၿပီးေတာ့ လြတ္လပ္ေပါ့ပါးတဲ့ အဝတ္အစားမ်ိဳး ဝတ္ဆင္ထားတာက ပုိေကာင္းပါတယ္။

၂။ မ်က္လုံးခ်င္း စကားေျပာတတ္ပါေစ။

စေတြ႕တဲ့လူတစ္ေယာက္ကုိ စကားေျပာတဲ့အခါမွာ မ်က္လုံးခ်င္း ခ်ိတ္ဆက္ၿပီး ေျပာဆုိတတ္တာက ပုိေကာင္းပါတယ္။ တအားႀကီးစုိက္ၾကည့္တာမ်ိဳး မဟုတ္ဘဲနဲ႔ သိသားထင္ရွားေစတဲ့ စကားလုံးေတြကုိ ေျပာဆုိတဲ့အခါမွာ မ်က္လုံးကုိၾကည့္ၿပီး ေျပာတာက ပုိသင့္ေတာ္ပါတယ္။

၃။ အျပံဳးနဲ႔ တန္ဆာဆင္ပါ။

တန္ဖုိးႀကီးတံဆိပ္ေတြထက္ ႏႈတ္ခမ္းက ထြက္လာတဲ့အျပံဳးတစ္ပြင့္က ပုိၿပီးၿငိမ္းခ်မ္းေစပါတယ္။ လူတစ္ေယာက္ကုိ စေတြ႕တဲ့အခ်ိန္မွာ ျပံဳးျပလုိက္တာက အေပ်ာ္ေတြကူးစက္ေစပါတယ္လုိ႔ ေလ့လာမႈတစ္ရပ္အရ သိရျပန္ပါတယ္။ အဲဒီေတာ့ စေတြ႕တဲ့လူတစ္ေယာက္ကုိ ျပံဳးျပတာအေကာင္းဆုံးပဲ။

၄။ သြက္လက္ပါေစ။

လူကုိမျမင္ဖူးေပမယ့္ နာမည္သိေနတဲ့ လူတစ္ေယာက္နဲ႔စေတြ႕မယ္ဆုိရင္ “မဂၤလာပါ ကုိေက်ာ္စုိးေအာင္ ေတြ႕ရတာ ဝမ္းသာပါတယ္ဗ်ာ” လု႔ိ ႏႈတ္ဆက္လုိက္မယ္ဆုိရင္ တစ္ဖက္လူေတာင္ ကုိယ့္ကုိ အသိအမွတ္ျပဳေစပါတယ္။ လူကုိမျမင္ဖူးေပမယ့္ နာမည္ကုိ သိထားတာက မိတ္ေဆြဖြဲ႕ဖုိ႔ အေကာင္းဆုံးလက္နက္တစ္ခုပါပဲ။

၅။ ေရွ႕ကုိ မသိမသာကုိင္းပါ။

လူတစ္ေယာက္နဲ႔ စေတြ႕တဲ့အခါမွာ တစ္ခုခုေပၚမွာ မွီထားဖုိ႔မလုိေပမယ့္ လက္ဆြဲႏႈတ္ဆက္တဲ့အခ်ိန္မွာေတာ့ ေရွ႕ကုိမသိမသာ ကုိင္းသင့္ပါတယက္။ ဒီလုိလုပ္လုိက္ျခင္းအားျဖင့္ ကုိယ္ဟာ ပြင့္ပြင့္လင္းလင္း ေနထုိင္တတ္သူတစ္ေယာက္ျဖစ္တယ္ဆုိတာရယ္ သူေျပာတဲ့အေၾကာင္းအရာေတြကုိ စိတ္ဝင္စားတယ္ဆုိတာ ျပသတဲ့သေဘာပါပဲ။

ကဲ . . ဒီအခ်က္ေတြက ပထမဆုံးစေတြ႕တဲ့အခ်ိန္မွာ သုံးတတ္ဖုိ႔ ေဖာ္ျပလုိက္တာပဲ။ ဘယ္ေနရာေတြမွာ အသုံးဝင္မလဲဆုိရင္ အလုပ္အင္တာဗ်ဴးတဲ့အခ်ိန္ရယ္ ေယာကၡမေလာင္းႀကီးနဲ႔ေတြ႕မယ္အခ်ိန္ရယ္ပဲေလ (ဟဲဟဲ ေနာက္တာပါ) ။ ကဲ . . . အားလုံးအဆင္ေျပၾကပါေစလုိ႔ ဆုေတာင္းေပးလုိက္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

စက္ကန့်ပိုင်းအတွင်း လူချစ်လူခင်များအောင် လုပ်နည်း

လူချစ်လူခင်များဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ။ ဦးနုတောင် “မိတ္တဗလဋီကာ” ဆိုပြီး အသေးစိတ်ရေးခဲ့သေးတယ်။ လူတစ်ယောက်ကို စတွေ့ပြီဆိုတာနဲ့ ဒီလူရဲ့ပုံစံက ဘယ်လိုလဲ၊ ဘယ်လိုဝတ်စားဆင်ယင်လာတာလဲဆိုပြီးတော့ ပထမစက္ကန့်ပိုင်းအတွင်းကို အကဲခတ်ပြီး အမှတ်ပေးဆုံးဖြတ်တတ်တယ်။ စတွေ့တဲ့လူတစ်ယောက်ဟာ ကိုယ့်ကို သဘောကျသွားအောင်လို့ ဘယ်လိုနေထိုင်သင့်တယ်ဆိုတာကို ဖော်ပြလိုက်ပါတယ်။

၁။ ရိုးသားပွင့်လင်းပါ။

လူတစ်ယောက်ကို စတွေ့ပြီဆိုတာနဲ့ ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုဆက်ဆံသင့်တယ်။ ဖော်ရွေပြုံးရွှင်တဲ့ မျက်နှာထားမျိုးနဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပါ။ စတွေ့ချင်းမှာ မကောင်းမြင်စိတ်မထားဘဲနဲ့ အပြုသဘောဆောင်ပြီး ပြောဆိုဆက်ဆံတာက ပိုကောင်းပါတယ်။ ပြီးတော့ လွတ်လပ်ပေါ့ပါးတဲ့ အဝတ်အစားမျိုး ဝတ်ဆင်ထားတာက ပိုကောင်းပါတယ်။

၂။ မျက်လုံးချင်း စကားပြောတတ်ပါစေ။

စတွေ့တဲ့လူတစ်ယောက်ကို စကားပြောတဲ့အခါမှာ မျက်လုံးချင်း ချိတ်ဆက်ပြီး ပြောဆိုတတ်တာက ပိုကောင်းပါတယ်။ တအားကြီးစိုက်ကြည့်တာမျိုး မဟုတ်ဘဲနဲ့ သိသားထင်ရှားစေတဲ့ စကားလုံးတွေကို ပြောဆိုတဲ့အခါမှာ မျက်လုံးကိုကြည့်ပြီး ပြောတာက ပိုသင့်တော်ပါတယ်။

၃။ အပြုံးနဲ့ တန်ဆာဆင်ပါ။

တန်ဖိုးကြီးတံဆိပ်တွေထက် နှုတ်ခမ်းက ထွက်လာတဲ့အပြုံးတစ်ပွင့်က ပိုပြီးငြိမ်းချမ်းစေပါတယ်။ လူတစ်ယောက်ကို စတွေ့တဲ့အချိန်မှာ ပြုံးပြလိုက်တာက အပျော်တွေကူးစက်စေပါတယ်လို့ လေ့လာမှုတစ်ရပ်အရ သိရပြန်ပါတယ်။ အဲဒီတော့ စတွေ့တဲ့လူတစ်ယောက်ကို ပြုံးပြတာအကောင်းဆုံးပဲ။

၄။ သွက်လက်ပါစေ။

လူကိုမမြင်ဖူးပေမယ့် နာမည်သိနေတဲ့ လူတစ်ယောက်နဲ့စတွေ့မယ်ဆိုရင် “မင်္ဂလာပါ ကိုကျော်စိုးအောင် တွေ့ရတာ ဝမ်းသာပါတယ်ဗျာ” လု့ိ နှုတ်ဆက်လိုက်မယ်ဆိုရင် တစ်ဖက်လူတောင် ကိုယ့်ကို အသိအမှတ်ပြုစေပါတယ်။ လူကိုမမြင်ဖူးပေမယ့် နာမည်ကို သိထားတာက မိတ်ဆွေဖွဲ့ဖို့ အကောင်းဆုံးလက်နက်တစ်ခုပါပဲ။

၅။ ရှေ့ကို မသိမသာကိုင်းပါ။

လူတစ်ယောက်နဲ့ စတွေ့တဲ့အခါမှာ တစ်ခုခုပေါ်မှာ မှီထားဖို့မလိုပေမယ့် လက်ဆွဲနှုတ်ဆက်တဲ့အချိန်မှာတော့ ရှေ့ကိုမသိမသာ ကိုင်းသင့်ပါတယက်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ကိုယ်ဟာ ပွင့်ပွင့်လင်းလင်း နေထိုင်တတ်သူတစ်ယောက်ဖြစ်တယ်ဆိုတာရယ် သူပြောတဲ့အကြောင်းအရာတွေကို စိတ်ဝင်စားတယ်ဆိုတာ ပြသတဲ့သဘောပါပဲ။

ကဲ . . ဒီအချက်တွေက ပထမဆုံးစတွေ့တဲ့အချိန်မှာ သုံးတတ်ဖို့ ဖော်ပြလိုက်တာပဲ။ ဘယ်နေရာတွေမှာ အသုံးဝင်မလဲဆိုရင် အလုပ်အင်တာဗျူးတဲ့အချိန်ရယ် ယောက္ခမလောင်းကြီးနဲ့တွေ့မယ်အချိန်ရယ်ပဲလေ (ဟဲဟဲ နောက်တာပါ) ။ ကဲ . . . အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com