အမျိုးသားလိင်အင်္ဂါထောင်မတ်လာရတဲ့အကြောင်းက လိင်အင်္ဂါကြွက်သားအခန်းထဲကို သွေးတွေ စီးဆင်းနေလို့ဖြစ်ပါတယ်။ စီးဝင်လာတဲ့ သွေးတွေကို နောက်ပြန်ထွက်မသွားအောင် လိင်တံကြွက်သားတွေက သွေးပြန်ကြောတွေကို ဖိထားလိုက်တဲ့အတွက် အချိန်အခါတစ်ခုအထိ တောင့်တင်းလာတာဖြစ်ပါတယ်။ နာမည်ကျော် ဆေးကတော့ လိင်တံသွေးကြောနံရံထဲမှာရှိတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး လိင်အင်္ဂါကြွက်သားအခန်းထဲကို သွေးစီးနှုန်းမြန်စေတဲ့အတွက် ပန်းသေပန်းညှိုးဖြစ်လာတဲ့ အမျိုးသားတွေ သုံးကြပါတယ်။ ဒါပေမယ့် Viagra ကို သုံးတာများလာရင် အရွယ်မတိုင်ခင် ပန်းသေပန်းညှိုးရောဂါဖြစ်တတ်သလို Melanoma လို့ခေါ်တဲ့ အရေပြားကင်ဆာဖြစ်နိုင်ခြေကိုလည်း မြင့်တက်စေပါတယ်။ နောက်ပြီးတော့ ဆေးဟာ အမြင်အာရုံထိခိုက်စေနိုင်ရုံမက မျက်စိကန်းတဲ့အထိဖြစ်နိုင်တယ်လို့ သုတေသနအရ သိရပါသေးတယ်။

ကဲ . . အိမ်ထောင်ရေးသုခလည်း ပြည့်ဝချင်တယ်၊ ဆိုးကျိုးတွေကြောက်လို့ ကိုလည်း မသုံးချင်တော့ဘူးမလား။ လိင်ကိစ္စမှာ Viagra လိုစွမ်းဆောင်ရည်မြင့်မာပြီး ဘေးထွက်ဆိုးကျိုးတွေမရှိတဲ့ ကာမအားတိုးဆေးကြီးကို အီတလီနိုင်ငံက သိပ္ပံပညာရှင်တွေဟာ တွေ့ရှိထားပြီး “Nature’s Viagra” လို့တောင် တင်စားထားပါသေးတယ်။ ဓာတုဆေးဝါးတွေမပါဘဲ သဘာဝအသီးနှစ်မျိုးနဲ့ပဲ ဖော်စပ်ရမယ်ဆိုရင် အံ့သြသွားမယ်ထင်ပါတယ်။

အဓိကဇာတ်လိုက်ကတော့ ဖရဲသီး၊ ဇာတ်ပို့ကတော့ ရှောက်သီးပဲ။ ဖရဲသီးက အမျိုးသားတွေအတွက် အားတိုးဆေးတစ်လတ်ပဲ။ ဖရဲသီးထဲမှာပါတဲ့ အမိုင်နိုအက်ဆစ် (Amino Acid) က လိင်တံထဲကို စီးဆင်းနေတဲ့ သွေးစီးနှုန်းကို မြန်ဆန်စေလို့ ဖြစ်ပါတယ်။ ဖရဲသီးမှာ ရေဓာတ် ၉၂ရာခိုင်နှုန်းပါဝင်ရုံမက ကိုယ်အလေးချိန်လျော့ကျစေတဲ့အကြောင်းပါ ထည့်ကြော်ငြာလိုက်ရင် ဈေးတွေများ တက်ကုန်မလားမသိဘူး။

You May Like : မိန်းမမာယာ အသည်းကိုးဖြာ

ဘယ်လို ဆေးဖော်မလဲ

ဆေးဖော်နည်းကလည်း မခက်ပါဘူး။ ဖရဲသီးတစ်လုံးကို ခွဲလိုက်ပါ။ အမိုင်နိုအက်ဆစ်ပေါတဲ့ ဖရဲသီးဘေးအဖြူသားတွေ ပါဖို့အရေးကြီးတယ်နော်။ အသီးဖျော်စက် (Blender) ထဲမှာ ၁လီတာ (၁ဝဝဝမီလီလီတာ) လောက်ရအောင် မွှေပစ်လိုက်ပါ။ ဖရဲသီးဖျော်ရည်တွေကို အိုးထဲထည့်ပြီး မိနစ်အနည်းငယ်ကြာအောင် အပူပေးလိုက်ပါ။ အိုးထဲကို ရှောက်ရှည်ထည့်လိုက်ပြီး သမအောင် မွှေပစ်ပါ။ ဖျော်ရည်ထုထည်တစ်ဝက်ပဲ ကျန်တော့တဲ့အထိ အပူပေးရပါမယ်။ အပူပေးတာရပ်လိုက်ပြီး နာရီဝက်ကြာအောင် အအေးခံလိုက်ပါ။ ပြီးတာနဲ့ ပုလင်းထဲကိုထည့်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားရုံပါပဲ။

မသိသူကျော်သွား သိသူဖော်စား

သဘာဝကာမအားတိုးဆေးကြီးကို မနက်ခင်းမစာမစားရသေးခင်နဲ့ ညနေပိုင်းတွေမှာ လက်ဖက်ရည်ဇွန်း ၂ဇွန်းကနေ ဖန်ခွက်သုံးပုံတစ်ပုံအထိ သုံးဆောင်နိုင်ပါတယ်။ နေ့စဉ်ပုံမှန်သောက်သုံးပေးမယ်ဆိုရင် လိင်ကိစ္စမှာ ဆယ်ကျော်သက်နဲ့မခြား စိတ်ကြိုက်မောင်းနှင်နိုင်ရုံမက ကျန်းမာပေါ့ပါးသွက်လက်စေပါတယ်။ အသက်အရွယ်မရွေး၊ ကျားမမရွေးသုံးစွဲနိုင်တဲ့ ကာမသိဒ္ဓိဆေးစွမ်းကောင်းကြီးဟာ ဆီးရွှင်စေပြီး အသားအရေလည်း လှပစိုပြေစေပါတယ်။ ကဲ . . . မသိသူကျော်သွား သိသူဖော်စားကြကုန်လော့။ သူငယ်ချင်းတွေ သိရအောင်လည်း မောင်းခတ်လိုက်ပါဦး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com