[Zawgyi]

မိတ္ကပ္မပါဘဲ လူတကာေငးေမာအားက်ရတဲ့ အလွစစ္ရရွိေအာင္ ဘယ္လုိုျပင္ဆင္ၾကမလဲ

မိန္းကေလးေတြ ေန႔စဥ္အျပင္သြားတဲ႔အခါမ်ဳိးမွာ မိတ္ကပ္မလိမ္းဘဲ သြားတဲ႔သူက ခပ္ရွားရွားပါပဲ။ မိတ္ကပ္မပါဘဲ သြားရမယ္ဆိုရင္ ယံုၾကည္မႈ နည္းပါးတတ္ၾကၿပီး လွမွလွပါ့မလားဆိုၿပီး စိုးရိမ္ပူပန္စိတ္ဝင္ကာ မိတ္ကပ္ကို မစြန္႔ခြာႏိုင္ဘဲ ရွိေနတတ္ၾကပါတယ္။ ျပစ္မ်ဳိးမွဲ႔မထင္လွပတဲ႔သူေတြအေနနဲ႔ေတာင္ မိတ္ကပ္ကို ပါးပါးေလးေလာက္ေတာ့ လိမ္းၾကပါတယ္။ မိတ္ကပ္လိမ္းၿပီး လွေအာင္ေနတာ ေကာင္းေပမယ့္လည္း ေန႔တုိင္းလိမ္းမယ္ဆိုရင္ အသားအေရကို အဆိပ္အေတာက္ျဖစ္ၿပီး ထိခိုက္ပ်က္စီးေစႏိုင္ပါတယ္။ မိတ္ကပ္မလိမ္းတဲ႔အခါ အသားအေရဟာ အဆိပ္အေတာက္ကင္းၿပီး က်န္းမာတဲ႔ အသားအေရမ်ဳိး ရရွိပိုင္ဆိုင္လာႏိုင္ေစလို႔ မိတ္ကပ္မလိမ္းဘဲ လွေအာင္ေနလို႔ရမယ္႔ နည္းလမ္းေကာင္းေလးေတြ မွ်ေဝေပးခ်င္ပါတယ္။ ဘယ္လိုနည္းလမ္းေကာင္းေလးေတြလဲဆိုတာ သိရွိေစႏိုင္ဖို႔ ေအာက္မွာ ဆက္လက္ဖတ္ရႈ ၾကည္႔ရေအာင္။

(၁) Sunscreen မျဖစ္မေနလိမ္းေပးပါ

မိတ္ကပ္မလိမ္းျဖစ္တဲ့ ေန႔မ်ဳိးဆို Sunscreen ကို မျဖစ္မေန လိမ္းေပးပါ။ အသားအေရကုိ အဆိပ္အေတာက္ကင္းၿပီး က်န္းမာေအာင္ လုပ္ေနစဥ္အေတာအတြင္းမွာ ပံုမွန္လုပ္ေနက် Skin Care အဆင့္ဆင့္ေတြကို မလုပ္ဘဲ မေနပါနဲ႔။ မိတ္ကပ္ပဲ မလိမ္းတာျဖစ္လုိ႔ Skin Care ကိုေတာ့ မပ်က္မကြက္ ဆက္လုပ္ေပးပါ။ Skin Care အဆင့္ေတြ ၿပီးသြားရင္ Sunscreen ကို ပါးပါးေလး လိမ္းေပးပါ။

Sunscreen

Sunscreen

(၂) Tinted Moisturiser စမ္းလိမ္းၾကည့္ပါ

အကယ္၍ မိတ္ကပ္မလိမ္းလို႔ ကိုယ္အသားအေရက မဲြေျခာက္ေျခာက္ျဖစ္ေနတယ္လို႔ ခံစားရရင္ Medium Coverage ေလာက္ရွိတဲ႔ Tinted Moisturiser ကို လိမ္းေပးလို႔ ရပါတယ္။ High Coverage ျဖစ္တဲ႔ Foundation မ်ဳိးကိုေတာ့ အျမဲလိမ္းမယ့္အစား ပဲြအခမ္းအနားေတြ ရွိမွသာ လိမ္းေပးတာ ပိုေကာင္းပါတယ္။ ထသြားထလာဆိုရင္ Tinted Moisturiser ေလးပဲ လိမ္းၿပီး ျပင္တဲ႔ အက်င့္ျပဳလုပ္ထားပါ။

(၃) သံပုရာရည္ပူပူေလးေသာက္ပါ

ဒီတစ္ေခါက္ေျပာမယ့္ နည္းလမ္းေလးကေတာ့ ဆန္းပါတယ္။ Skincare ေတြလညး္မဟုတ္သလို အလွျပင္ပစၥည္းေတြလည္း မဟုတ္ဘဲ ခႏၶာကိုယ္တြင္း ျပဳျပင္ေျပာင္းလဲတဲ႔ နည္းလမ္းေလးပဲ ျဖစ္ပါတယ္။ အဲဒီနည္းလမ္းကေတာ့ မနက္အိိပ္ရာႏိုးတဲ႔အခါ လတ္ဆက္တဲ႔ သံပုရာရည္ပူပူေလး ေသာက္သံုးျခင္း ျဖစ္ပါတယ္။ မနက္ခင္းဟာ ခႏၶာကိုယ္ထဲရွိ အဆိပ္အေတာက္ေတြ ဖယ္ထုတ္ပစ္ဖို႔ အေကာင္းဆံုးအခ်ိန္ျဖစ္ၿပီး ခႏၶာကိုယ္ထဲမွာ အဆိပ္အေတာက္ကင္းျခင္းဟာ ဘာမွမလိမ္းဘဲ ပန္းေသြေရာင္ အသားအေရကို ရရွိပိုင္ဆိုင္ေစပါတယ္။

Hot lemon water

Hot lemon water

(၄) ဆဲလ္ေသဖယ္ရွားျခင္း

ဆဲလ္ေသေတြရွိေနရင္လည္း အသားအေရက ဝင္းလက္ေတာက္ပ စိုေျပေနမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္မို႔ တစ္ခါတစ္ရံမွာ အသားအေရရွိ ဆဲလ္ေသေတြကြာက်သြားေအာင္ ဖယ္ရွားေပးဖုိ႔ လိုအပ္ပါတယ္။ အရည္အေသြးေကာင္းတဲ႔ Scrub ေကာင္းေကာင္းသံုးၿပီး ဆဲလ္ေသဖယ္ရွားတာကုို ကိုုယ္အသားအေရေပၚမူတည္ၿပီး တစ္ပတ္မွာ ႏွစ္ႀကိမ္ (သို႔) သံုးႀကိမ္ေလာက္ အခ်ိန္ေပးၿပီး လုပ္ေဆာင္ေပးသင့္ပါတယ္။ ဆဲလ္ေသဖယ္ရွားျခင္းက ပိတ္ဆို႔ေနတဲ႔ အညစ္အေၾကးေတြနဲ႔ ညိဳမဲြမဲြျဖစ္ျခင္းကို ေလ်ာ့ပါးသက္သာသြားအာင္ ကူညီေပးပါတယ္။

Exfoliate Skin

Exfoliate Skin

(၅) Toner သံုးေပးပါ

မ်က္ႏွာသစ္ၿပီးတိုင္း Toner လိမ္းတဲ႔ အက်င့္ေလး ျပဳလုပ္ထားပါ။ ေတာ္ေတာ္မ်ားမ်ားက Toner လိမ္းတဲ႔အဆင့္ကို ေက်ာ္တတ္ၾကပါတယ္။ က်န္းမာတဲ႔အသားအေရကို ရရွိပိုင္ဆိုင္ခ်င္တယ္ဆိုရင္ေတာ့ Toner ကို ေန႔စဥ္ Skin Care လုပ္တဲ႔ အဆင့္ထဲ ေပါင္းထည့္ထားလိုက္ပါ။ Toner က Skin Care အဆင့္ေတြထဲမွာ ပါဝင္တာမွန္ေပမယ့္လည္း တခ်ဳိ႕ကို ေက်ာ္ေက်ာ္ပစ္တတ္လို႔ ေပါင္းထည့္ထားဖို႔ ေျပာျခင္းျဖစ္ပါတယ္။ Toner က အသားအေရကို သန္႔စင္ေပးႏုိင္တဲ႔ အက်ဳိးအာနိသင္ရွိသလို အသားအေရရဲ႕ PH Level ကိုလည္း ထိန္းညိွေပးပါတယ္။

Use Toner

Use Toner

(၆) ေရဓာတ္ျပည္႔ေနပါေစ

က်န္းမာစိုေျပတဲ႔ အသားအေရ ရရွိဖို႔အတြက္ဆုိ ေရဓာတ္ျပည့္ေနဖို႔ကလည္း လိုအပ္ပါတယ္ေနာ္။ တစ္ေန႔ကို အနည္းဆံုး ေရရွစ္ခြက္ေသာက္သံုးေပးျခင္း (သို႔) ဒီထက္ပိုေသာက္ေပးျခင္းျဖင့္ အသားအေရကို စိုေျပေအာင္ ထားပါ။ ေန႔တုိင္း ေရဓာတ္ျပည္႔ဝေအာင္ အသားအေရကို ထားေပးျခင္းက စိုျပည္ေခ်ာေမာလွပတဲ႔ အသားအေရကို ရရွိပိုင္ဆိုင္ေစၿပီး အနာဂတ္မွာ အေရးအေၾကာင္းေတြ မျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။

Stay Hydratred

Stay Hydratred

ဒီအဆင့္ (၆) ဆင့္အတုိင္း မပ်က္မကြက္ေလး ပံုမွန္စဲြလုပ္ေပးမယ္ဆိုရင္ မိတ္ကပ္မပါဘဲ အသားအေရဟာ သဘာဝအတုိင္း ေခ်ာေမြ႔လွပလာၿပီး အဆိပ္အေတာက္ကင္းတဲ႔ အလွစစ္ကို ရရွိပိုင္ဆိုင္မွာ ေသခ်ာလို႔ ဒီေန႔ကစၿပီး စမ္းလုပ္ၾကည္႔လိုက္ၾကရေအာင္။

H.H(Akhayar)

www.akhayar.com

[Unicode]

မိတ်ကပ်မပါဘဲ လူတကာငေးမောအားကျရတဲ့ အလှစစ်ရရှိအောင် ဘယ်လိုပြင်ဆင်ကြမလဲ

မိန်းကလေးတွေ နေ့စဉ်အပြင်သွားတဲ့အခါမျိုးမှာ မိတ်ကပ်မလိမ်းဘဲ သွားတဲ့သူက ခပ်ရှားရှားပါပဲ။ မိတ်ကပ်မပါဘဲ သွားရမယ်ဆိုရင် ယုံကြည်မှု နည်းပါးတတ်ကြပြီး လှမှလှပါ့မလားဆိုပြီးး စိုးရိမ်ပူပန်စိတ်ဝင်ကာ မိတ်ကပ်ကို မစွန့်ခွာနိုင်ဘဲ ရှိနေတတ်ကြပါတယ်။ ပြစ်မျိုးမှဲ့မထင်လှပတဲ့သူတွေအနေနဲ့တောင် မိတ်ကပ်ကို ပါးပါးလေးလောက်တော့ လိမ်းကြပါတယ်။ မိတ်ကပ်လိမ်းပြီး လှအောင်နေတာ ကောင်းပေမယ့်လည်း နေ့တိုင်းလိမ်းမယ်ဆိုရင် အသားအရေကို အဆိပ်အတောက်ဖြစ်ပြီး ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ မိတ်ကပ်မလိမ်းတဲ့အခါ အသားအရေဟာ အဆိပ်အတောက်ကင်းပြီး ကျန်းမာတဲ့ အသားအရေမျိုး ရရှိပိုင်ဆိုင်လာနိုင်စေလို့ မိတ်ကပ်မလိမ်းဘဲ လှအောင်နေလို့ရမယ့် နည်းလမ်းကောင်းလေးတွေ မျှဝေပေးချင်ပါတယ်။ ဘယ်လိုနည်းလမ်းကောင်းလေးတွေလဲဆိုတာ သိရှိစေနိုင်ဖို့ အောက်မှာ ဆက်လက်ဖတ်ရှု ကြည့်ရအောင်။

(၁) Sunscreen မဖြစ်မနေလိမ်းပေးပါ

မိတ်ကပ်မလိမ်းဖြစ်တဲ့ နေ့မျိုးဆို Sunscreen ကို မဖြစ်မနေ လိမ်းပေးပါ။ အသားအရေကို အဆိပ်အတောက်ကင်းပြီး ကျန်းမာအောင် လုပ်နေစဉ်အတောအတွင်းမှာ ပုံမှန်လုပ်နေကျ Skin Care အဆင့်ဆင့်တွေကို မလုပ်ဘဲ မနေပါနဲ့။ မိတ်ကပ်ပဲ မလိမ်းတာဖြစ်လို့ Skin Care ကိုတော့ မပျက်မကွက် ဆက်လုပ်ပေးပါ။ Skin Care အဆင့်တွေ ပြီးသွားရင် Sunscreen ကို ပါးပါးလေး လိမ်းပေးပါ။

Sunscreen

Sunscreen

(၂) Tinted Moisturiser စမ်းလိမ်းကြည့်ပါ

အကယ်၍ မိတ်ကပ်မလိမ်းလို့ ကိုယ်အသားအရေက မွဲခြောက်ခြောက်ဖြစ်နေတယ်လို့ ခံစားရရင် Medium Coverage လောက်ရှိတဲ့ Tinted Moisturiser ကို လိမ်းပေးလို့ ရပါတယ်။ High Coverage ဖြစ်တဲ့ Foundation မျိုးကိုတော့ အမြဲလိမ်းမယ့်အစား ပွဲအခမ်းအနားတွေ ရှိမှသာ လိမ်းပေးတာ ပိုကောင်းပါတယ်။ ထသွားထလာဆိုရင် Tinted Moisturiser လေးပဲ လိမ်းပြီး ပြင်တဲ့ အကျင့်ပြုလုပ်ထားပါ။

(၃) သံပုရာရည်ပူပူလေးသောက်ပါ

ဒီတစ်ခေါက်ပြောမယ့် နည်းလမ်းလေးကတော့ ဆန်းပါတယ်။ Skincare တွေလည်းမဟုတ်သလို အလှပြင်ပစ္စည်းတွေလည်း မဟုတ်ဘဲ ခန္ဓာကိုယ်တွင်း ပြုပြင်ပြောင်းလဲတဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ်။ အဲဒီနည်းလမ်းကတော့ မနက်အိပ်ရာနိုးတဲ့အခါ လတ်ဆက်တဲ့ သံပုရာရည်ပူပူလေး သောက်သုံးခြင်း ဖြစ်ပါတယ်။ မနက်ခင်းဟာ ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်တွေ ဖယ်ထုတ်ပစ်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်ကင်းခြင်းဟာ ဘာမှမလိမ်းဘဲ ပန်းသွေရောင် အသားအရေကို ရရှိပိုင်ဆိုင်စေပါတယ်။

Hot lemon water

Hot lemon water

(၄) ဆဲလ်သေဖယ်ရှားခြင်း

ဆဲလ်သေတွေရှိနေရင်လည်း အသားအရေက ဝင်းလက်တောက်ပ စိုပြေနေမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ တစ်ခါတစ်ရံမှာ အသားအရေရှိ ဆဲလ်သေတွေကွာကျသွားအောင် ဖယ်ရှားပေးဖို့ လိုအပ်ပါတယ်။ အရည်အသွေးကောင်းတဲ့ Scrub ကောင်းကောင်းသုံးပြီး ဆဲလ်သေဖယ်ရှားတာကို ကိုယ်အသားအရေပေါ်မူတည်ပြီး တစ်ပတ်မှာ နှစ်ကြိမ် (သို့) သုံးကြိမ်လောက် အချိန်ပေးပြီး လုပ်ဆောင်ပေးသင့်ပါတယ်။ ဆဲလ်သေဖယ်ရှားခြင်းက ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေနဲ့ ညိုမွဲမွဲဖြစ်ခြင်းကို လျော့ပါးသက်သာသွားအာင် ကူညီပေးပါတယ်။

Exfoliate Skin

Exfoliate Skin

(၅) Toner သုံးပေးပါ

မျက်နှာသစ်ပြီးတိုင်း Toner လိမ်းတဲ့ အကျင့်လေး ပြုလုပ်ထားပါ။ တော်တော်များများက Toner လိမ်းတဲ့အဆင့်ကို ကျော်တတ်ကြပါတယ်။ ကျန်းမာတဲ့အသားအရေကို ရရှိပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ Toner ကို နေ့စဉ် Skin Care လုပ်တဲ့ အဆင့်ထဲ ပေါင်းထည့်ထားလိုက်ပါ။ Toner က Skin Care အဆင့်တွေထဲမှာ ပါဝင်တာမှန်ပေမယ့်လည်း တချို့ကို ကျော်ကျော်ပစ်တတ်လို့ ပေါင်းထည့်ထားဖို့ ပြောခြင်းဖြစ်ပါတယ်။ Toner က အသားအရေကို သန့်စင်ပေးနိုင်တဲ့ အကျိုးအာနိသင်ရှိသလို အသားအရေရဲ့ PH Level ကိုလည်း ထိန်းညှိပေးပါတယ်။

Use Toner

Use Toner

(၆) ရေဓာတ်ပြည့်နေပါစေ

ကျန်းမာစိုပြေတဲ့ အသားအရေ ရရှိဖို့အတွက်ဆို ရေဓာတ်ပြည့်နေဖို့ကလည်း လိုအပ်ပါတယ်နော်။ တစ်နေ့ကို အနည်းဆုံး ရေရှစ်ခွက်သောက်သုံးပေးခြင်း (သို့) ဒီထက်ပိုသောက်ပေးခြင်းဖြင့် အသားအရေကို စိုပြေအောင် ထားပါ။ နေ့တိုင်း ရေဓာတ်ပြည့်ဝအောင် အသားအရေကို ထားပေးခြင်းက စိုပြည်ချောမောလှပတဲ့ အသားအရေကို ရရှိပိုင်ဆိုင်စေပြီး အနာဂတ်မှာ အရေးအကြောင်းတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

Stay Hydratred

Stay Hydratred

ဒီအဆင့် (၆) ဆင့်အတိုင်း မပျက်မကွက်လေး ပုံမှန်စွဲလုပ်ပေးမယ်ဆိုရင် မိတ်ကပ်မပါဘဲ အသားအရေဟာ သဘာဝအတိုင်း ချောမွေ့လှပလာပြီး အဆိပ်အတောက်ကင်းတဲ့ အလှစစ်ကို ရရှိပိုင်ဆိုင်မှာ သေချာလို့ ဒီနေ့ကစပြီး စမ်းလုပ်ကြည့်လိုက်ကြရအောင်။

H.H(Akhayar)

www.akhayar.com