[Zawgyi]

ပိတ္ရက္ အိမ္မွာ ငါးထမင္းနယ္ လုပ္စားဖို႔ရာ

ေက်ာင္းပိတ္ရက္၊ ရံုးပိတ္ရက္ေလး ထမင္းဟင္းေတြမခ်က္ခ်င္တဲ့ ေမေမတို႔အတြက္ေရာ၊ ပံုမွန္ထမင္းဟင္းေတြစားရတာ ႐ိုးအီေနတဲ့ မိသားစုဝင္ေတြအတြက္ေရာ လြယ္လြယ္ကူကူေလး လုပ္ရံုနဲ႔ ထမင္းေရာဟင္းပါ ခ်က္ဖို႔မလိုတဲ့ အရသာရွိရွိ ငါးထမင္းနယ္ေလး လုပ္စားခ်င္တဲ့ အခရာမိသားစုအတြက္ ဒီတပတ္ ဖြယ္ဖြယ္ရာရာဟင္းခ်က္စရာအျဖစ္ ေတာင္ႀကီး ငါးထမင္းနယ္လုပ္နည္းေလးကို ေဖာ္ျပေပးသြားမယ္ေနာ္။

Fish Paste Rice

Fish Paste Rice

ဒီေတာင္ႀကီးငါးထမင္းနယ္က ေပါ့ေပါ့ပါးပါး မနက္စာလား၊ ဗိုက္ျပည့္ဝမယ့္ ေန႔လည္စာလား၊ အဆာေျပစားမယ့္ ညစာလား ႀကိဳက္တဲ့အခ်ိန္လြယ္လြယ္လုပ္စားလို႔ရတဲ့အျပင္ ထမင္းနဲ႔ဟင္းအတြဲအဖက္ႀကီး မဟုတ္ေတာ့ မိသားစုေတြအႀကိဳက္ေတြ႕မွာ ေသခ်ာတာမို႔ ခုပဲ လိုအပ္တဲ့ပစၥည္းေတြနဲ႔ ဘယ္လိုခ်က္ရလဲဆိုတာ ေဖာ္ျပေပးမယ္ေနာ္။

လိုအပ္ေသာပစၥည္းမ်ား (လူ ၆ေယာက္စာ)

ငါးရံ႕ – ၃၀သား
ထမင္း – ၆ ေယာက္စာ (အေအးခံထားပါ)
ခရမ္းခ်ဥ္သီး – ၁၈ လံုုး (ျပဳတ္ထားပါ)
အာလူး အႀကီး – ၃ လံုုး (ျပဳတ္ထားပါ)
ဂ်င္း – လက္တဆစ္ (ထုုထားပါ)
ၾကက္သြန္ျဖဴ – ၅ မႊာ (ဓါးျပား ႐ုိက္ထားပါ)
ဆား – အနည္းငယ္
ပဲပုုတ္ခ်ပ္ – ၂ ခ်ပ္ (မီးကင္၍ အမႈန္႔ျဖစ္ေအာင္ ေထာင္းထားပါ)
ၾကက္သြန္ျဖဴဆီခ်က္
င႐ုတ္ အက်က္မႈန္႔ ဆီေၾကာ္
င႐ုတ္ေျခာက္ေတာင့္ေၾကာ္
ၾကက္သြန္ၿမိတ္ – ပါးပါးလွီးထားပါ
ဂ်ဳးျမစ္
ၾကက္သြန္ျဖဴ
သံပုုရာသီး /ေရွာက္သီး
ေၾကြမုုန္႔ေၾကာ္

ျပဳလုုပ္နည္း

ငါးရံ႕ကိုု ၾကက္သြန္ျဖဴ ၊ ဂ်င္း ၊ ဆား တိုု႔နဲ႔ ေရကိုု ျမဳပ္ရုုံ ထည့္ၿပီး ျပဳတ္ပါ ။ ငါးက်က္ရင္ အေအးခံ၍ အသားႏႊာပါ ။

ခရမ္းခ်ဥ္သီးကိုု ျပဳတ္ရင္း ခရမ္းခ်ဥ္သီးအေပၚခြံ ကြဲသြားတဲ့အေနေရာက္ရင္ ေရထဲက ထုုတ္ၿပီး အေအးခံထားပါ ။

ေအးသြားရင္ အေပၚခြံေတြကို ခရမ္းခ်ဥ္သီး အရည္အိုုးထဲကို ျပန္ထည့္ပါ ။

ဇကာထဲကို ခရမ္းခ်ဥ္သီးထည့္၊ ပန္းကန္လံုုးကိုု ေအာက္ကေနခံၿပီး ခရမ္းခ်ဥ္သီး အနွစ္ကိုု တိုုက္ခ်ပါ ။

ျပဳတ္ထားတဲ့ အာလူးကိုု အကြင္းလိုုက္္ ခပ္ထူထူ လွီးထားပါ ။

လင္ဗန္း ၾကီးၾကီးထဲမွာ ထမင္း ၊ ငါး ၊ အာလူး ၊ ခရမ္းခ်ဥ္သီး အနွစ္ နဲ႔ ဆားကိုု လက္ဖမိုုးနွင္႔ ဖိၿပီး သမေအာင္ ေရာနယ္ပါ ။

ျပီးရင္ အရသာ အေပါ့အငန္ ျမည္းၿပီး ငါးထမင္းနယ္ အလံုုးေလးျဖစ္ေအာင္ လံုုးပါ ။

စားေတာ့မယ္ဆိုတာနဲ႔ ငါးထမင္းနယ္ကိုု လက္ဝါးေလးနဲ႔ ခပ္ျပားျပား ျပားလိုုက္ၿပီး ငါးထမင္းနယ္ေပၚမွာ ၾကက္သြန္ျဖဴဆီခ်က္ နဲနဲ ၊ ငရုုတ္သီး အက်က္မႈန္႔၊ ဆီေၾကာ္ ၊ ၾကက္သြန္မိတ္ ၊ ပဲပုုတ္မႈန္႔ ၊ သံပုုရာသီး ညွစ္ၿပီး စားလို႔ရပါၿပီေနာ္။

ငါးထမင္းနယ္ကိုု ဂ်ဳးျမစ္ ၊ ၾကက္သြန္ျဖဴ ၊ ငရုုတ္ေျခာက္ေတာင့္ေၾကာ္ ၊ ေၾကြမုုန္႔ေၾကာ္ တိုု႔နွင့္ တြဲဖက္ၿပီးေတာ့ စားရင္ ပိုအရသာရွိပါတယ္။

Fish Paste Rice

Fish Paste Rice

ဟင္းရည္အတြက္ ငါးျပဳတ္ရည္ နွင့္ ခရမ္းခ်ဥ္သီးျပဳတ္ရည္တိုု႔ကိုု ေပါင္း တည္ျပီး ေသာက္ခါနီးမွာ ပဲပုုတ္မႈန္႔ နွင္႔ ပူတီနံကိုု ခပ္ရံုပါပဲ။ရွမ္းျပည္မွာေတာ့ ဟင္းရည္ထဲကို ေဆးခါးမႈန္႔ အနည္းငယ္နဲ႔ ခရမ္းကေစာ႔သီးကိုု ထည့္ပါတယ္။

Fish Paste Rice

ကဲ…ဒီေလာက္ဆို ပိတ္ရက္အတြက္ ဘာခ်က္ရမလဲေခါင္းမစားေတာ့ဘဲ အရသာရွိတဲ့ ငါးထမင္းနယ္ဆိမ့္ဆိမ့္ေလး စားလို႔ရပါၿပီေနာ္။

Credit-mmknowledgecorner

www.akhayar.com

[Unicode]

ပိတ်ရက် အိမ်မှာ ငါးထမင်းနယ် လုပ်စားဖို့ရာ

ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်လေး ထမင်းဟင်းတွေမချက်ချင်တဲ့ မေမေတို့အတွက်ရော၊ ပုံမှန်ထမင်းဟင်းတွေစားရတာ ရိုးအီနေတဲ့ မိသားစုဝင်တွေအတွက်ရော လွယ်လွယ်ကူကူလေး လုပ်ရုံနဲ့ ထမင်းရောဟင်းပါ ချက်ဖို့မလိုတဲ့ အရသာရှိရှိ ငါးထမင်းနယ်လေး လုပ်စားချင်တဲ့ အခရာမိသားစုအတွက် ဒီတပတ် ဖွယ်ဖွယ်ရာရာဟင်းချက်စရာအဖြစ် တောင်ကြီး ငါးထမင်းနယ်လုပ်နည်းလေးကို ဖော်ပြပေးသွားမယ်နော်။

Fish Paste Rice

Fish Paste Rice

ဒီတောင်ကြီးငါးထမင်းနယ်က ပေါ့ပေါ့ပါးပါး မနက်စာလား၊ ဗိုက်ပြည့်ဝမယ့် နေ့လည်စာလား၊ အဆာပြေစားမယ့် ညစာလား ကြိုက်တဲ့အချိန်လွယ်လွယ်လုပ်စားလို့ရတဲ့အပြင် ထမင်းနဲ့ဟင်းအတွဲအဖက်ကြီး မဟုတ်တော့ မိသားစုတွေအကြိုက်တွေ့မှာ သေချာတာမို့ ခုပဲ လိုအပ်တဲ့ပစ္စည်းတွေနဲ့ ဘယ်လိုချက်ရလဲဆိုတာ ဖော်ပြပေးမယ်နော်။

လိုအပ်သောပစ္စည်းများ (လူ ၆ယောက်စာ)

ငါးရံ့ – ၃၀သား
ထမင်း – ၆ ယောက်စာ (အအေးခံထားပါ)
ခရမ်းချဉ်သီး – ၁၈ လုံး (ပြုတ်ထားပါ)
အာလူး အကြီး – ၃ လုံး (ပြုတ်ထားပါ)
ဂျင်း – လက်တဆစ် (ထုထားပါ)
ကြက်သွန်ဖြူ – ၅ မွှာ (ဓါးပြား ရိုက်ထားပါ)
ဆား – အနည်းငယ်
ပဲပုတ်ချပ် – ၂ ချပ် (မီးကင်၍ အမှုန့်ဖြစ်အောင် ထောင်းထားပါ)
ကြက်သွန်ဖြူဆီချက်
ငရုတ် အကျက်မှုန့် ဆီကြော်
ငရုတ်ခြောက်တောင့်ကြော်
ကြက်သွန်မြိတ် – ပါးပါးလှီးထားပါ
ဂျုးမြစ်
ကြက်သွန်ဖြူ
သံပုရာသီး /ရှောက်သီး
ကြွေမုန့်ကြော်

ပြုလုပ်နည်း

ငါးရံ့ကို ကြက်သွန်ဖြူ ၊ ဂျင်း ၊ ဆား တို့နဲ့ ရေကို မြုပ်ရုံ ထည့်ပြီး ပြုတ်ပါ ။ ငါးကျက်ရင် အအေးခံ၍ အသားနွှာပါ ။

ခရမ်းချဉ်သီးကို ပြုတ်ရင်း ခရမ်းချဉ်သီးအပေါ်ခွံ ကွဲသွားတဲ့အနေရောက်ရင် ရေထဲက ထုတ်ပြီး အအေးခံထားပါ ။

အေးသွားရင် အပေါ်ခွံတွေကို ခရမ်းချဉ်သီး အရည်အိုးထဲကို ပြန်ထည့်ပါ ။

ဇကာထဲကို ခရမ်းချဉ်သီးထည့်၊ ပန်းကန်လုံးကို အောက်ကနေခံပြီး ခရမ်းချဉ်သီး အနှစ်ကို တိုက်ချပါ ။

ပြုတ်ထားတဲ့ အာလူးကို အကွင်းလိုက် ခပ်ထူထူ လှီးထားပါ ။

လင်ဗန်း ကြီးကြီးထဲမှာ ထမင်း ၊ ငါး ၊ အာလူး ၊ ခရမ်းချဉ်သီး အနှစ် နဲ့ ဆားကို လက်ဖမိုးနှင့် ဖိပြီး သမအောင် ရောနယ်ပါ ။

ပြီးရင် အရသာ အပေါ့အငန် မြည်းပြီး ငါးထမင်းနယ် အလုံးလေးဖြစ်အောင် လုံးပါ ။

စားတော့မယ်ဆိုတာနဲ့ ငါးထမင်းနယ်ကို လက်ဝါးလေးနဲ့ ခပ်ပြားပြား ပြားလိုက်ပြီး ငါးထမင်းနယ်ပေါ်မှာ ကြက်သွန်ဖြူဆီချက် နဲနဲ ၊ ငရုတ်သီး အကျက်မှုန့်၊ ဆီကြော် ၊ ကြက်သွန်မိတ် ၊ ပဲပုတ်မှုန့် ၊ သံပုရာသီး ညှစ်ပြီး စားလို့ရပါပြီနော်။

ငါးထမင်းနယ်ကို ဂျုးမြစ် ၊ ကြက်သွန်ဖြူ ၊ ငရုတ်ခြောက်တောင့်ကြော် ၊ ကြွေမုန့်ကြော် တို့နှင့် တွဲဖက်ပြီးတော့ စားရင် ပိုအရသာရှိပါတယ်။

Fish Paste Rice

Fish Paste Rice

ဟင်းရည်အတွက် ငါးပြုတ်ရည် နှင့် ခရမ်းချဉ်သီးပြုတ်ရည်တို့ကို ပေါင်း တည်ပြီး သောက်ခါနီးမှာ ပဲပုတ်မှုန့် နှင့် ပူတီနံကို ခပ်ရုံပါပဲ။ရှမ်းပြည်မှာတော့ ဟင်းရည်ထဲကို ဆေးခါးမှုန့် အနည်းငယ်နဲ့ ခရမ်းကစော့သီးကို ထည့်ပါတယ်။

Fish Paste Rice

ကဲ…ဒီလောက်ဆို ပိတ်ရက်အတွက် ဘာချက်ရမလဲခေါင်းမစားတော့ဘဲ အရသာရှိတဲ့ ငါးထမင်းနယ်ဆိမ့်ဆိမ့်လေး စားလို့ရပါပြီနော်။

Credit-mmknowledgecorner

www.akhayar.com