အစားအေသာက္ Trend အသစ္ကိုလိုက္လုပ္ၾကည္႔တတ္သူေတြအတြက္ Instagram မွာေခတ္စားေနတဲ႔တိမ္တိုက္ၾကက္ဥလို႔ပဲေခၚရမလား  ၾကက္ဥမိုးတိမ္လို႔ပဲေခၚရင္ေကာင္းမလား ခ်စ္စရာနာမည္ေလးေပးလို႔ရတဲ႔ Cloud Eggs အေၾကာင္းေလးကိုမွ်ေဝခ်င္ပါတယ္။ ၾကက္ဥအကာသားေလးက တိမ္တိုက္ေလးလိုျဖစ္ေနျပီး အလယ္က အႏွစ္ကေနလိုုမ်ိဳး ဝါဝါဝင္းဝင္းေတာက္ပေနတာေၾကာင္႔ တစ္မ်ိဳးေလးေတာ႔ခ်စ္စရာေကာင္းေနပါတယ္။ ခုတစ္ေလာ Instagram သံုးသူေတာ္ေတာ္မ်ားမ်ားကဒီလိုတိမ္တိုက္ၾကက္ဥပံုေလးကိုတင္ေနၾကပါတယ္။

Cloud Eggs က ၾကက္ဥတစ္မ်ိဳးတည္းနဲ႔လုပ္လို႔ရတာမို႔ျပဳလုပ္ရလြယ္ကူပါတယ္။ Oven ေတာ႔လိုပါတယ္။

ၾကက္ဥကို Half Fried ေၾကာ္တာမ်ိဳးေမႊေၾကာ္ေၾကာ္တာမ်ိဳးမလုပ္ခ်င္ရင္ Cloud Egg ေလးလုပ္စားလို႔ရပါတယ္။ ဘယ္လိုျပဳလုပ္ရမလဲဆိုေတာ႔-

  • ၾကက္ဥအကာနဲ႔အႏွစ္ကိုသတ္သတ္စီခြဲထုတ္ပါ။
  • အကာကို Foam ပံုစံ ျဖစ္သြားသည္အထိ ပြပြမြမြေလးျဖစ္ေအာင္ေခါက္ျပီး Baking Sheet ေလးေပၚအနားေလးေတြ မညီမညာျဖစ္ေအာင္တင္ပါ။
  • အလယ္ေနရာကိုခ်ိဳင္႔ခြက္ေလးျဖစ္ေအာင္ ဖိေပးပါ။
  • ျပီးရင္ အပူခ်ိန္ ၄၅၀ ဒီဂရီနဲ႔ ၅ မိနစ္ မွ ၈ မိနစ္ခန္႔ Ovenထဲမွာထားပါ။ ရျပီဆိုရင္ ၾကက္ဥအႏွစ္ကိုအလယ္ခ်ိဳင္႔ေနရာေလးမွာထည္႔လုိက္ျပီး Ovenထဲ ၃ မိနစ္ခန္႔ထပ္ထည္႔ေပးရပါမယ္။

ဒါေတြျပီးရင္ေတာ႔ ခ်စ္စရာေကာင္းတဲ႔ Cloud Eggs ေလးကိုရရွိျပီျဖစ္ပါတယ္။

တခ်ိဳ႕ေတြက Cloud Eggs ကိုသူ႔တစ္မ်ိဳးတည္းမဟုတ္ဘဲ ၾကက္ဥအကာထဲမွာအေမႊးန႔ံသာရြက္ေတြ ၊ ၾကက္သြန္ျမိတ္ေလးေတြ ၊ ဝက္ေပါင္ေျခာက္ေလးေတြထည္႔ေခါက္ျပီးစီမံၾကတာမ်ိဳးလည္းေတြ႔ရပါတယ္။

ၾကက္ဥကိုစတိုင္လ္တစ္မ်ိဳးနဲ႔စားခ်င္ရင္ ဒီနည္းလမ္းကိုအသံုးခ်ႏိုင္ပါတယ္ေနာ္။

စိတ္ဝင္တစားလုပ္ၾကည္႔ျဖစ္တယ္ဆိုရင္ Comment Box ကေနလာၾကြားပါဦးလို႔။

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

Unicode

အစားအသောက် Trend အသစ်ကိုလိုက်လုပ်ကြည့်တတ်သူတွေအတွက် Instagram မှာခေတ်စားနေတဲ့တိမ်တိုက်ကြက်ဥလို့ပဲခေါ်ရမလားကြက်ဥမိုးတိမ်လို့ပဲခေါ်ရင်ကောင်းမလားချစ်စရာနာမည်လေးပေးလို့ရတဲ့ Cloud Eggs အကြောင်းလေးကိုမျှဝေချင်ပါတယ်။ ကြက်ဥအကာသားလေးကတိမ်တိုက်လေးလိုဖြစ်နေပြီးအလယ်က အနှစ်ကနေလိုုမျိုးဝါဝါဝင်းဝင်းတောက်ပနေတာကြောင့် တစ်မျိုးလေးတော့ချစ်စရာကောင်းနေပါတယ်။ ခုတစ်လော Instagram သုံးသူတော်တော်များများကဒီလိုတိမ်တို်က်ကြက်ဥပုံလေးကိုတင်နေကြပါတယ်။
Cloud Eggs က ကြက်ဥတစ်မျိုးတည်းနဲ့လုပ်လို့ရတာမို့ပြုလုပ်ရလွယ်ကူပါတယ်။ Oven တော့လိုပါတယ်။
ကြက်ဥကို Half Fried ကြော်တာမျိုးမွှေကြော်ကြော်တာမျိုးမလုပ်ချင်ရင် Cloud Egg လေးလုပ်စားလို့ရပါတယ်။ ဘယ်လိုပြုလုပ်ရမလဲဆိုတော့-
–    ကြက်ဥအကာနဲ့အနှစ်ကိုသတ်သတ်စီခွဲထုတ်ပါ။
–    အကာကို Foam ပုံစံ ဖြစ်သွားသည်အထိ ပွပွမွမွလေးဖြစ်အောင်ခေါက်ပြီး Baking Sheet လေးပေါ်အနားလေးတွေ မညီမညာဖြစ်အောင်တင်ပါ။
–    အလယ်နေရာကိုချိုင့်ခွက်လေးဖြစ်အောင် ဖိပေးပါ။
–    ပြီးရင် အပူချိန် ၄၅၀ ဒီဂရီနဲ့ ၅ မိနစ် မှ ၈ မိနစ်ခန့် Ovenထဲမှာထားပါ။ ရပြီဆိုရင် ကြက်ဥအနှစ်ကိုအလယ်ချိုင့်နေရာလေးမှာထည့်လိုက်ပြီး Ovenထဲ ၃ မိနစ်ခန့်ထပ်ထည့်ပေးရပါမယ်။
ဒါတွေပြီးရင်တော့ ချစ်စရာကောင်းတဲ့ Cloud Eggs လေးကိုရရှိပြီဖြစ်ပါတယ်။
တချို့တွေက Cloud Eggs ကိုသူ့တစ်မျိုးတည်းမဟုတ်ဘဲ ကြက်ဥအကာထဲမှာအမွှေးန့ံသာရွက်တွေ ၊ ကြက်သွန်မြိတ်လေးတွေ ၊ ဝက်ပေါင်ခြောက်လေးတွေထည့်ခေါက်ပြီးစီမံကြတာမျိုးလည်းတွေ့ရပါတယ်။
ကြက်ဥကိုစတိုင်လ်တစ်မျိုးနဲ့စားချင်ရင် ဒီနည်းလမ်းကိုအသုံးချနိုင်ပါတယ်နော်။
စိတ်ဝင်တစားလုပ်ကြည့်ဖြစ်တယ်ဆိုရင် Comment Box ကနေလာကြွားပါဦးလို့။