အလံတစ္ရာနယ္ေျမမွာ ပန္းဦးလႊတ္ေနမႈျပဳလုပ္တဲ့ကိစၥရပ္အေပၚ ဘယ္လုိအေရးယူမလဲ

Kon Tan
ပန္ဦးလႊတ္မႈႏွင့္ဆက္စပ္သည္သတင္းမ်ားတြင္ ထည့္သြင္းေ၀မၽွ်ေနသည့္ အလံတစ္ရာဆရာေတာ္ ဝင္စားသည္ဆိုသူ၏ပံုမ်ားအား လူမႈကြန္ရက္တြင္ေတြ့ရစဥ္

[Zawgyi]

အလံတစ္ရာနယ္ေျမမွာ ပန္းဦးလႊတ္ေနမႈျပဳလုပ္တဲ့ကိစၥရပ္အေပၚ ဘယ္လုိအေရးယူမလဲ

မြန္ျပည္နယ္ သထံုၿမိဳ႕နယ္၊ အလံတစ္ရာနယ္ထဲက ေက်းရြာတစ္ခ်ဳိ႕မွာ အမ်ဳိးသမီးငယ္ေတြအေပၚ ပန္းဦးလႊတ္မႈျပဳလုပ္ေနတဲ့ကိစၥရပ္အေပၚမွာ မြန္ျပည္နယ္အစိုးရအဖြဲ႕ သာသနာေရးဝန္ႀကီးဌာနတို႔က ဖိဖိစီးစီး အေရးယူမႈေဆာင္ရြက္သြားမယ္လို႔ သိရပါတယ္။

ပန္းဦးလႊတ္မႈျပဳေနတဲ့ကိစၥမွာေတာ့ အလံတစ္ရာဆရာေတာ္ဘုရားဝင္စားသူလို႔ ယံုၾကည္ထားၾကတဲ့ ခြန္တန္လို႔ေခၚဆိုသူထံကို ေဒသခံမိဘေတြရဲ႕သမီးပ်ဳိေတြကို အပ္ႏွင္းေစခဲ့တယ္လို႔ သိရပါတယ္။

“ဒီကိစၥနဲ႔ပတ္သတ္ၿပီး ဘယ္သူမွ တုိင္တာျပဳတာမရွိၾကပါဘူး။ မိဘေတြက အရမ္းရိုးသား ယံုၾကည္လြယ္တဲ့ ေတာသူေတာင္သား တိုင္းရင္းသားေတြျဖစ္ၾကတယ္။ ယံုၾကည္မႈအစြန္းေရာက္သြားတာေပါ့။ ေနအိမ္တစ္အိမ္က အပ်ဳိမေလးတစ္ေယာက္ကို သူသေဘာက်တယ္ဆိုရင္ မိဘေတြက သြားပို႔ေပးတာ။ မိဘေတြကိုယ္တိုင္က ပါရမီျဖည့္တာလို႕ ခံယူထားေတာ့ခက္တယ္။ ေလာေလာဆယ္မွာေတာ့ သူမရွိဘူးလို႔ ေျပာသံၾကားတယ္။ ကၽြန္မတို႔ျဖစ္ေစခ်င္တာကေတာ့ ဘာသာ၊ သာသနာကို သန္႔ရွင္းေစခ်င္ပါတယ္။ အလံတစ္ရာဆရာေတာ္ဘုရားႀကီးကလည္း သူေတာ္ေကာင္းပုဂၢိဳလ္ၾကီးပါ။ သူ႔ရဲ႕သာသနာ႔နယ္ေျမကို မနစ္နာေစခ်င္တာပါ” လို႔ သထံုၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚမာမာခုိင္က ေျပာပါတယ္။

အဆိုပါ ခြန္တန္ဆိုသူမွာ အသက္၂၅ႏွစ္ရွိၿပီျဖစ္ၿပီး ယခင္က ကိုရင္ဘဝျဖင့္ သံဃာေတာ္တစ္ပါးရဲ႕ ဦးေခါင္းေပၚ ေျခေထာက္တင္ထားတဲ့ ဓာတ္ပံုရိုက္ခဲ့တာေၾကာင့္ ႏိုင္ငံေတာ္သံဃနာယကအဖြဲ႕က လူဝတ္လဲခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

“၂၀၁၃၊၂၀၁၄၊၂၀၁၅၊၂၀၁၆ ခုႏွစ္ ေတာက္ေလွ်ာက္ျဖစ္ခဲ့တာ။ ဒီကိစၥကို မြန္ျပည္နည္သထံုက လူေတာ္ေတာ္မ်ားမ်ားသိၾကတယ္။ သူက တစ္ကိုယ္လံုး တက္တူးေတြနဲ႔လူပါ ။ ျဖစ္တဲ့ေနရာကေတာ့ သထံုထဲမွာမွ ေတာရြာေတြအမ်ားႀကီးရွိတယ္။ အဲဒီရြာေတြထဲကမွ အလံတစ္ရာနယ္ေျမျဖစ္တဲ့ ဘုရင့္ေနာင္ေက်းရြာအုပ္စုထဲမွာမွ အတြင္း၆ရြာ၊ အျပင္၆ရြာ အုပ္စုဆိုၿပီးထပ္ရွိေသးတယ္။ အတြင္း၆ရြာကေနကိုးကြယ္ၾကတာ။ သဃၤန္းခြ်တ္ၿပီး လူဝတ္လဲခဲ့ၾကတဲ့ျဖစ္စဥ္ကေတာ့ ၂၀၁၅ေလာက္ကလား မသိဘူးျဖစ္ခဲ့တာ။ ေနာက္ေတာ့ ကားမီးရိႈ႕၊ဆိုင္ကယ္မီးရိႈ႕တယ္။ အိမ္မီးရိႈ႕တယ္။ ေသနတ္တကားကားနဲ႔လည္း သြားလာေနတယ္။ အဲဒါလည္း ကိုးကြယ္ၾကတာ။ ဒီကိစၥကို သက္ဆိုင္ရာၿမိဳ႕နယ္မွဴး၊ စခန္းမွဴး၊ နယ္လံု၊ ခရိုင္မွဴး အားလံုးအကုန္သိၾကပါတယ္။ ပန္းဦးလႊတ္တဲ့ အေရအတြက္လည္း ေတာ္ေတာ္မ်ားေနၿပီ။ ရာဂဏန္းနီးပါးေလာက္ေတာ့ ရွိေလာက္ၿပီ။ လမ္းေလးခြမွာ ၇ ရက္ ၇လီ မဂၤလာေဆာင္ၿပီး ယူတာ။ ၿပီးရင္ ရက္ပိုင္းေပါင္း၊တစ္လေပါင္း ႏွစ္လေပါင္းၿပီး ေနာက္တစ္ေယာက္နဲ႔ ယူတာ” လို႔ သထံုၿမိဳ႕နယ္ အမွတ္-၁ မဲဆႏၵနယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခိုင္ခိုင္လဲ့က ေျပာပါတယ္။

ဒီျဖစ္စဥ္အေပၚမွာ မြန္ျပည္နယ္အစိုးရအဖြဲ႕က ဖိဖိစီးစီးအေရးယူမႈေဆာင္ရြက္သြားမယ့္အျပင္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးသူရဦးေအာင္ကိုလည္း ယေန႔လႊတ္ေတာ္ အစည္းအေဝးအၿပီးမွာ ဒီကိစၥအေပၚ အေရးမႈေတြေဆာင္ရြက္သြားမယ္လို႔ ယေန႔မွာ သတင္းမီဒီယာသမားေတြနဲ႔ ေတြ႕ဆံုစဥ္ေျပာၾကားခဲ့ပါတယ္။

“ေဒသခံေတြတခ်ဳိ႕ကို အက်ဳိးအျပစ္နားလည္ေအာင္ အရင္ရွင္းေပးရမယ္။ ဥပေဒခ်ဳိးေဖာက္တာကိုေတာ့ လက္ခံလို႔မရဘူး။ အခုေျပာင္းတဲ့ ဥပေဒအရေတာ့ ၁၆ ႏွစ္ေအာက္ဆိုရင္ မုဒိမ္းမႈပဲေလ။ သထံုက သံဃာထုေတြက အဲဒီကိစၥကို မေက်လည္ဘူး။ ဒီကိစၥကို အေရးယူေဆာင္ရြက္မေပးရင္ေတာ့ ဆႏၵျပမယ္လို႔ ေျပာတယ္။ သူကေတာ့ ဘယ္မွာရွိလဲဆိုတာ မွန္းရခက္တယ္။ သူ႕ေနာက္မွာေတာ့ လက္နက္ကိုင္အဖြဲ႕ေတြရွိတယ္လို႔ နီးစပ္တဲ့ေဒသခံေတြက ေျပာၾကပါတယ္” လို႔ ေဒၚမာမာခိုင္က ဆိုပါတယ္။

ေဒသခံတိုင္းရင္းသားေတြရဲ႕ ဘာသာေရးဆိုင္ရာ ယံုၾကည္ကိုးကြယ္မႈအေပၚ အလႊဲသံုးစားလုပ္ေဆာင္ေနသူကို အေရးယူမႈျပဳလုပ္သြားမယ့္အျပင္ ယင္းေဒသခံျပည္သူေတြကိုလည္း အသိပညာေပးမႈေတြ ျပဳလုပ္သြားမယ္လို႔ သထံုလႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေျပာပါတယ္။

အထက္ပါကိစၥရပ္ကို လိုက္ပါေဆာင္ရြက္ေနသူေတြကိုလည္း အသက္အႏၱရာယ္ဆိုင္ရာ ျခိမ္းေျခာက္စာမ်ား ေပးပို႔ျခင္းမ်ားၾကံဳေနရတယ္လို႔ သိရပါတယ္။

www.akhayar.com

[Unicode]

အလံတစ်ရာနယ်မြေမှာ ပန်းဦးလွှတ်နေမှုပြုလုပ်တဲ့ကိစ္စရပ်အပေါ် ဘယ်လိုအရေးယူမလဲ

မွန်ပြည်နယ် သထုံမြို့နယ်၊ အလံတစ်ရာနယ်ထဲက ကျေးရွာတစ်ချို့မှာ အမျိုးသမီးငယ်တွေအပေါ် ပန်းဦးလွှတ်မှုပြုလုပ်နေတဲ့ကိစ္စရပ်အပေါ်မှာ မွန်ပြည်နယ်အစိုးရအဖွဲ့ သာသနာရေးဝန်ကြီးဌာနတို့က ဖိဖိစီးစီး အရေးယူမှုဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ပန်းဦးလွှတ်မှုပြုနေတဲ့ကိစ္စမှာတော့ အလံတစ်ရာဆရာတော်ဘုရားဝင်စားသူလို့ ယုံကြည်ထားကြတဲ့ ခွန်တန်လို့ခေါ်ဆိုသူထံကို ဒေသခံမိဘတွေရဲ့သမီးပျိုတွေကို အပ်နှင်းစေခဲ့တယ်လို့ သိရပါတယ်။

“ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘယ်သူမှ တိုင်တာပြုတာမရှိကြပါဘူး။ မိဘတွေက အရမ်းရိုးသား ယုံကြည်လွယ်တဲ့ တောသူတောင်သား တိုင်းရင်းသားတွေဖြစ်ကြတယ်။ ယုံကြည်မှုအစွန်းရောက်သွားတာပေါ့။ နေအိမ်တစ်အိမ်က အပျိုမလေးတစ်ယောက်ကို သူသဘောကျတယ်ဆိုရင် မိဘတွေက သွားပို့ပေးတာ။ မိဘတွေကိုယ်တိုင်က ပါရမီဖြည့်တာလို့ ခံယူထားတော့ခက်တယ်။ လောလောဆယ်မှာတော့ သူမရှိဘူးလို့ ပြောသံကြားတယ်။ ကျွန်မတို့ဖြစ်စေချင်တာကတော့ ဘာသာ၊ သာသနာကို သန့်ရှင်းစေချင်ပါတယ်။ အလံတစ်ရာဆရာတော်ဘုရားကြီးကလည်း သူတော်ကောင်းပုဂ္ဂိုလ်ကြီးပါ။ သူ့ရဲ့သာသနာ့နယ်မြေကို မနစ်နာစေချင်တာပါ” လို့ သထုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ပြောပါတယ်။

အဆိုပါ ခွန်တန်ဆိုသူမှာ အသက်၂၅နှစ်ရှိပြီဖြစ်ပြီး ယခင်က ကိုရင်ဘဝဖြင့် သံဃာတော်တစ်ပါးရဲ့ ဦးခေါင်းပေါ် ခြေထောက်တင်ထားတဲ့ ဓာတ်ပုံရိုက်ခဲ့တာကြောင့် နိုင်ငံတော်သံဃနာယကအဖွဲ့က လူဝတ်လဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“၂၀၁၃၊၂၀၁၄၊၂၀၁၅၊၂၀၁၆ ခုနှစ် တောက်လျှောက်ဖြစ်ခဲ့တာ။ ဒီကိစ္စကို မွန်ပြည်နည်သထုံက လူတော်တော်များများသိကြတယ်။ သူက တစ်ကိုယ်လုံး တက်တူးတွေနဲ့လူပါ ။ ဖြစ်တဲ့နေရာကတော့ သထုံထဲမှာမှ တောရွာတွေအများကြီးရှိတယ်။ အဲဒီရွာတွေထဲကမှ အလံတစ်ရာနယ်မြေဖြစ်တဲ့ ဘုရင့်နောင်ကျေးရွာအုပ်စုထဲမှာမှ အတွင်း၆ရွာ၊ အပြင်၆ရွာ အုပ်စုဆိုပြီးထပ်ရှိသေးတယ်။ အတွင်း၆ရွာကနေကိုးကွယ်ကြတာ။ သင်္ဃန်းချွတ်ပြီး လူဝတ်လဲခဲ့ကြတဲ့ဖြစ်စဉ်ကတော့ ၂၀၁၅လောက်ကလား မသိဘူးဖြစ်ခဲ့တာ။ နောက်တော့ ကားမီးရှို့၊ဆိုင်ကယ်မီးရှို့တယ်။ အိမ်မီးရှို့တယ်။ သေနတ်တကားကားနဲ့လည်း သွားလာနေတယ်။ အဲဒါလည်း ကိုးကွယ်ကြတာ။ ဒီကိစ္စကို သက်ဆိုင်ရာမြို့နယ်မှူး၊ စခန်းမှူး၊ နယ်လုံ၊ ခရိုင်မှူး အားလုံးအကုန်သိကြပါတယ်။ ပန်းဦးလွှတ်တဲ့ အရေအတွက်လည်း တော်တော်များနေပြီ။ ရာဂဏန်းနီးပါးလောက်တော့ ရှိလောက်ပြီ။ လမ်းလေးခွမှာ ၇ ရက် ၇လီ မင်္ဂလာဆောင်ပြီး ယူတာ။ ပြီးရင် ရက်ပိုင်းပေါင်း၊တစ်လပေါင်း နှစ်လပေါင်းပြီး နောက်တစ်ယောက်နဲ့ ယူတာ” လို့ သထုံမြို့နယ် အမှတ်-၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။

ဒီဖြစ်စဉ်အပေါ်မှာ မွန်ပြည်နယ်အစိုးရအဖွဲ့က ဖိဖိစီးစီးအရေးယူမှုဆောင်ရွက်သွားမယ့်အပြင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုလည်း ယနေ့လွှတ်တော် အစည်းအဝေးအပြီးမှာ ဒီကိစ္စအပေါ် အရေးမှုတွေဆောင်ရွက်သွားမယ်လို့ ယနေ့မှာ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။

“ဒေသခံတွေတချို့ကို အကျိုးအပြစ်နားလည်အောင် အရင်ရှင်းပေးရမယ်။ ဥပဒေချိုးဖောက်တာကိုတော့ လက်ခံလို့မရဘူး။ အခုပြောင်းတဲ့ ဥပဒေအရတော့ ၁၆ နှစ်အောက်ဆိုရင် မုဒိမ်းမှုပဲလေ။ သထုံက သံဃာထုတွေက အဲဒီကိစ္စကို မကျေလည်ဘူး။ ဒီကိစ္စကို အရေးယူဆောင်ရွက်မပေးရင်တော့ ဆန္ဒပြမယ်လို့ ပြောတယ်။ သူကတော့ ဘယ်မှာရှိလဲဆိုတာ မှန်းရခက်တယ်။ သူ့နောက်မှာတော့ လက်နက်ကိုင်အဖွဲ့တွေရှိတယ်လို့ နီးစပ်တဲ့ဒေသခံတွေက ပြောကြပါတယ်” လို့ ဒေါ်မာမာခိုင်က ဆိုပါတယ်။

ဒေသခံတိုင်းရင်းသားတွေရဲ့ ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုအပေါ် အလွှဲသုံးစားလုပ်ဆောင်နေသူကို အရေးယူမှုပြုလုပ်သွားမယ့်အပြင် ယင်းဒေသခံပြည်သူတွေကိုလည်း အသိပညာပေးမှုတွေ ပြုလုပ်သွားမယ်လို့ သထုံလွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

အထက်ပါကိစ္စရပ်ကို လိုက်ပါဆောင်ရွက်နေသူတွေကိုလည်း အသက်အန္တရာယ်ဆိုင်ရာ ခြိမ်းခြောက်စာများ ပေးပို့ခြင်းများကြုံနေရတယ်လို့ သိရပါတယ်။

www.akhayar.com