[ZawGyi]

ကိုယ္တုိင္လုပ္ Wall Garden ေလးဖန္တီးရေအာင္

ကိုယ္႔အခန္းေလးဘယ္ေလာက္က်ဥ္းက်ဥ္း ဘယ္ေလာက္က်ယ္က်ယ္ ဆန္းသစ္တဲ႔အေတြးစိတ္ကူးနဲ႔ မ်က္စိပသာဒျဖစ္ေအာင္ဖန္တီးတတ္မယ္ဆုိရင္ လူတိုင္းသေဘာက်တဲ႔ေနခ်င္႔စဖြယ္ေနရာေလး ျဖစ္လာမွာအေသအခ်ာပါပဲ။ စာၾကည္႔တဲ႔ေနရာမွာပဲျဖစ္ျဖစ္ အလုပ္လုပ္တဲ႔ေနရာမွာပဲျဖစ္ျဖစ္ မ်က္စိမေညာင္းညာရေလေအာင္ မၾကာမၾကာအပင္ေလးၾကည္႔ခြင္႔ရေစဖို႔ နံရံမွာကပ္ေနတဲ႔ Wall Garden ေလးကိုဖန္တီးၾကရေအာင္။ Wall Garden ေလးကိုကိုယ္တိုင္ဖန္တီးဖို႔အတြက္ဆိုရင္ လိုအပ္တဲ႔အရာေတြကလည္း အလြယ္တကူရွာေဖြလုိ႔ရႏိုင္ပါတယ္။

လိုအပ္တဲ႔ materials

လိုအပ္တဲ႔ materials

အပင္ – နံရံမွာျမင္ေနရမွာဆိုေတာ႔ အပင္ကိုလည္းကိုယ္ၾကိဳက္တဲ႔အပင္ေရြးခ်င္ၾကမွာပါ။ ဒါေပမဲ႔ အရြက္ထူထူဖားဖားေလးေတြကို ေရြးေစခ်င္ပါတယ္။ အရြက္ဖားဖားေလးေတြေရြးမယ္ဆုိရင္ တစ္ခုနဲ႔တစ္ခုယွက္ျဖာေနတဲ႔အတြက္ ၾကားထဲမွာဟေနတာမ်ိဳး သိပ္ေတြ႔ရေတာ႔မွာမဟုတ္ပါဘူး။ ကိုယ္ေရြးခ်ယ္ထားတဲ႔ Frame ၾကီးရင္ ၾကီးသလို ေသးရင္ေသးသလိုအပင္အေရအတြက္ကလည္းကြာျခားသြားမွာပါ။ ဥပမာအားျဖင္႔ 11X14 လက္မ Frame အတြက္ဆုိရင္ Succulents အပင္ေလးေတြ ၃၀ နဲ႔ ၄၀ နီးပါးလိုအပ္ပါတယ္။

အပင္ေလးေတြေရြးပါ

အပင္ေလးေတြေရြးပါ

Shadow box frame – ေနာက္တစ္ခုလိုအပ္တာက box frame တစ္ခုပါ။ အတြင္းနက္တဲ႔ frame မ်ိဳးေရြးဖုိ႔လုိပါတယ္။ ဒီလို Shadow box frame ကိုကိုယ္ႏွစ္သက္တဲ႔အရြယ္အစားနဲ႔ ကိုယ္တုိင္လည္းဖန္တီးလို႔ရပါတယ္။ အိမ္မွာအံဆြဲအပိုရွိရင္ အံဆြဲကိုလည္းအသံုးခ်ႏိုင္ပါတယ္။

ပလတ္စတစ္အၾကည္- ပလတ္စတစ္ကိုေတာ႔ box မွာခင္းဖုိ႔အတြက္ သံုးမွာပါ။ ေျမေဆြးေတြမဖိတ္မစဥ္ဖုိ႔နဲ႔ ေရေတြေဘးလွ်ံမက်ေစဖုိ႔အတြက္ ပလတ္စတစ္ကိုခင္းျပီးသပ္ရပ္ေစျခင္းျဖစ္ပါတယ္။

ပလတ္စတစ္အၾကည္ခင္းပါမယ္

ပလတ္စတစ္အၾကည္ခင္းပါမယ္

glue gun – ေကာ္ gun ကိုေတာ႔ ပလတ္စတစ္စေလးသပ္သပ္ရပ္ရပ္ျဖစ္ဖုိ႔အတြက္ သံုးတာျဖစ္ပါတယ္။

ေရညွိ – အပင္ေတြၾကာရွည္ခံဖုိ႔အတြက္ စိမ္႔ေျမမွာေပါက္တဲ႔ေရညွိတစ္မ်ိဳးကို သံုးပါမယ္။

ေရညွိသံုးမယ္

ေရညွိသံုးမယ္

ဝိုင္ယာဆန္ခါေပါက္- ဝိုင္ယာဆန္ခါေပါက္ကေတာ႔ ေရညွိေတြနဲ႔အပင္ကို သပ္သပ္ရပ္ရပ္ထိန္းထားႏိုင္ဖုိ႔ ကူညီေပးမွာျဖစ္ပါတယ္။

Staple gun – Staple gun နဲ႔ဆန္ခါေပါက္ကို ျမဲျမံေအာင္တြယ္ဆက္မွာျဖစ္ပါတယ္။

ကတ္ေၾကး – ကတ္ေၾကးကေတာ႔ လိုအပ္ရင္လိုအပ္သလုိ ျဖတ္ဖုိ႔ညွိဖုိ႔ျဖစ္ပါတယ္။

ေနာက္ဆံုးမွာေတာ႔အပင္ေလးေတြကို ျမဲျမံေအာင္စိုက္ပါ

ေနာက္ဆံုးမွာေတာ႔အပင္ေလးေတြကို ျမဲျမံေအာင္စိုက္ပါ

မွတ္ခ်က္- ဒီ wall garden ေလးကို တစ္ပတ္မွာတစ္ၾကိမ္ ေရေလးဖ်န္းေပးပါ။ စပေရးဘူးေလးနဲ႔ဖ်န္းေပးလုိ႔ရပါတယ္။ တစ္လမွာတစ္ၾကိမ္ေတာ႔ေရမ်ားမ်ားေလာင္းေပးဖုိ႔လုိပါတယ္။ ဒီ frame ကိုျဖဳတ္ခ်ျပီး ပက္လက္ထားကာေရရႊဲရႊဲေလာင္းပါ။ ေရစိမ္႔ဝင္ျပီးေျခာက္သြားျပီဆုိရင္ နဂိုအတုိင္းျပန္ခ်ိတ္ထားႏိုင္ပါတယ္။

နံရံမွာခ်ိတ္လို႔ရပါျပီ

နံရံမွာခ်ိတ္လို႔ရပါျပီ

စိတ္အပန္းလည္းေျပ ကုိယ္႔အခန္းေလးလည္းလွသြားေအာင္ wall garden ေလးတစ္ခုေလာက္ဖန္တီးလိုက္ၾကစို႔လား။

Ref & Credit# myfrenchtwist

www.akhayar.com

[Unicode]

ကိုယ်တိုင်လုပ် Wall Garden လေးဖန်တီးရအောင်

ကိုယ့်အခန်းလေးဘယ်လောက်ကျဉ်းကျဉ်း ဘယ်လောက်ကျယ်ကျယ် ဆန်းသစ်တဲ့အတွေးစိတ်ကူးနဲ့ မျက်စိပသာဒဖြစ်အောင်ဖန်တီးတတ်မယ်ဆိုရင် လူတိုင်းသဘောကျတဲ့နေချင့်စဖွယ်နေရာလေး ဖြစ်လာမှာအသေအချာပါပဲ။ စာကြည့်တဲ့နေရာမှာပဲဖြစ်ဖြစ် အလုပ်လုပ်တဲ့နေရာမှာပဲဖြစ်ဖြစ် မျက်စိမညောင်းညာရလေအောင် မကြာမကြာအပင်လေးကြည့်ခွင့်ရစေဖို့ နံရံမှာကပ်နေတဲ့ Wall Garden လေးကိုဖန်တီးကြရအောင်။ Wall Garden လေးကိုကိုယ်တိုင်ဖန်တီးဖို့အတွက်ဆိုရင် လိုအပ်တဲ့အရာတွေကလည်း အလွယ်တကူရှာဖွေလို့ရနိုင်ပါတယ်။

လိုအပ်တဲ့ materials

လိုအပ်တဲ့ materials

အပင် – နံရံမှာမြင်နေရမှာဆိုတော့ အပင်ကိုလည်းကိုယ်ကြိုက်တဲ့အပင်ရွေးချင်ကြမှာပါ။ ဒါပေမဲ့ အရွက်ထူထူဖားဖားလေးတွေကို ရွေးစေချင်ပါတယ်။ အရွက်ဖားဖားလေးတွေရွေးမယ်ဆိုရင် တစ်ခုနဲ့တစ်ခုယှက်ဖြာနေတဲ့အတွက် ကြားထဲမှာဟနေတာမျိုး သိပ်တွေ့ရတော့မှာမဟုတ်ပါဘူး။ ကိုယ်ရွေးချယ်ထားတဲ့ Frame ကြီးရင် ကြီးသလို သေးရင်သေးသလိုအပင်အရေအတွက်ကလည်းကွာခြားသွားမှာပါ။ ဥပမာအားဖြင့် 11X14 လက်မ Frame အတွက်ဆိုရင် Succulents အပင်လေးတွေ ၃၀ နဲ့ ၄၀ နီးပါးလိုအပ်ပါတယ်။

အပင်လေးတွေရွေးပါ

အပင်လေးတွေရွေးပါ

Shadow box frame – နောက်တစ်ခုလိုအပ်တာက box frame တစ်ခုပါ။ အတွင်းနက်တဲ့ frame မျိုးရွေးဖို့လိုပါတယ်။ ဒီလို Shadow box frame ကိုကိုယ်နှစ်သက်တဲ့အရွယ်အစားနဲ့ ကိုယ်တိုင်လည်းဖန်တီးလို့ရပါတယ်။ အိမ်မှာအံဆွဲအပိုရှိရင် အံဆွဲကိုလည်းအသုံးချနိုင်ပါတယ်။

ပလတ်စတစ်အကြည်- ပလတ်စတစ်ကိုတော့ box မှာခင်းဖို့အတွက် သုံးမှာပါ။ မြေဆွေးတွေမဖိတ်မစဉ်ဖို့နဲ့ ရေတွေဘေးလျှံမကျစေဖို့အတွက် ပလတ်စတစ်ကိုခင်းပြီးသပ်ရပ်စေခြင်းဖြစ်ပါတယ်။

ပလတ်စတစ်အကြည်ခင်းပါမယ်

ပလတ်စတစ်အကြည်ခင်းပါမယ်

glue gun – ကော် gun ကိုတော့ ပလတ်စတစ်စလေးသပ်သပ်ရပ်ရပ်ဖြစ်ဖို့အတွက် သုံးတာဖြစ်ပါတယ်။

ရေညှိ – အပင်တွေကြာရှည်ခံဖို့အတွက် စိမ့်မြေမှာပေါက်တဲ့ရေညှိတစ်မျိုးကို သုံးပါမယ်။

ရေညှိသုံးမယ်

ရေညှိသုံးမယ်

ဝိုင်ယာဆန်ခါပေါက်- ဝိုင်ယာဆန်ခါပေါက်ကတော့ ရေညှိတွေနဲ့အပင်ကို သပ်သပ်ရပ်ရပ်ထိန်းထားနိုင်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။

Staple gun – Staple gun နဲ့ဆန်ခါပေါက်ကို မြဲမြံအောင်တွယ်ဆက်မှာဖြစ်ပါတယ်။

ကတ်ကြေး – ကတ်ကြေးကတော့ လိုအပ်ရင်လိုအပ်သလို ဖြတ်ဖို့ညှိဖို့ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့အပင်လေးတွေကို မြဲမြံအောင်စိုက်ပါ

နောက်ဆုံးမှာတော့အပင်လေးတွေကို မြဲမြံအောင်စိုက်ပါ

မှတ်ချက်- ဒီ wall garden လေးကို တစ်ပတ်မှာတစ်ကြိမ် ရေလေးဖျန်းပေးပါ။ စပရေးဘူးလေးနဲ့ဖျန်းပေးလို့ရပါတယ်။ တစ်လမှာတစ်ကြိမ်တော့ရေများများလောင်းပေးဖို့လိုပါတယ်။ ဒီ frame ကိုဖြုတ်ချပြီး ပက်လက်ထားကာရေရွှဲရွှဲလောင်းပါ။ ရေစိမ့်ဝင်ပြီးခြောက်သွားပြီဆိုရင် နဂိုအတိုင်းပြန်ချိတ်ထားနိုင်ပါတယ်။

နံရံမှာချိတ်လို့ရပါပြီ

နံရံမှာချိတ်လို့ရပါပြီ

စိတ်အပန်းလည်းပြေ ကိုယ့်အခန်းလေးလည်းလှသွားအောင် wall garden လေးတစ်ခုလောက်ဖန်တီးလိုက်ကြစို့လား။

Ref & Credit# myfrenchtwist

www.akhayar.com