[Zawgyi]

စကားေျပာေကာင္းသူတစ္ေယာက္ဆိုတာ…

လူေတြနဲ႔ ေန႔စဥ္နဲ႔အမွ် ေပါင္းသင္းဆက္ဆံရတဲ့အခါ A Good Listener တစ္ေယာက္ျဖစ္ဖုိ႔လည္း လိုအပ္သလို A Good Speaker ျဖစ္ဖုိ႔လည္း လိုပါတယ္။ လူၾကား၊ သူၾကားထဲမွာ စကားေျပာေကာင္းသူျဖစ္ၿပီဆိုတာနဲ႔ လူခ်စ္လူခင္မ်ားလာၿပီး ေနရာတိုင္းမွာ ပိုၿပီးေနရာေပးခံရပါတယ္။ ဒီလိုအက်ဳိးေက်းဇူးေတြေၾကာင့္ စကားေျပာေကာင္းသူတစ္ေယာက္ျဖစ္ခ်င္တယ္ဆိုရင္ေတာ့ အခုေဖာျ္ပေပးမယ့္ အခ်က္ေတြကို လိုက္နာဖို႔ေတာ့ လိုပါမယ္ေနာ္။

(၁) အၾကည့္မလႊဲပါနဲ႔

စကားေျပာေနတဲ့အခ်ိန္မွာ ကိုယ့္ကိုၾကည့္ၿပီး နားေထာင္ေနတဲ့သူေတြကို Eye Contact အၿမဲလုပ္ေပးဖို႔ မေမ့ပါနဲ႔။ ဒါဟာ အျပန္အလွန္ေလးစားတဲ့ သေဘာပါပဲ။ ကိုယ္ေျပာတဲ့စကားကို အာရံုစုိက္နားေထာင္ေနတဲ့သူေတြကို အၾကည့္လႊဲလိုက္တာမ်ိဳး တစ္ေနရာထဲကိုပဲ စိုက္ၾကည့္ေနတာမ်ိဳး မျပဳလုုပ္သင့္ပါဘူး။

(၂) သူမ်ားအမွားကိုမေထာက္ျပပါနဲ႔

လူအမ်ားေရွ႕မွာ စကားေျပာတဲ့အခါပဲျဖစ္ျဖစ္ ႏွစ္ဦးႏွစ္ေယာက္ထဲ သီးသန္႔ေျပာဆိုေနတာပဲျဖစ္ျဖစ္ တစ္ျခားသူရဲ႕အမွားကို ခဏခဏေထာက္ျပၿပီး ေျပာဆိုတာမ်ိဳး မျပဳလုပ္သင့္ပါဘူး။ သူ႔ဘက္ကိုယ့္ဘက္ ေဆြးေႏြးေျပာဆိုခြင့္ ေပးလိုက္ပါ။ လူတိုင္း သေဘာထားအျမင္ ကြဲလြဲႏုိင္တဲ့အတြက္ သင္နဲ႔ သေဘာထားမတိုက္ဆိုင္ခဲ့ဘူးဆိုရင္ေတာင္ သူတို႔အမွားအျဖစ္ မေထာက္ျပဘဲ သင့္အျမင္အေနနဲ႔သာ ေျပာဆိုသင့္ပါတယ္။

(၃) တစ္ဦးတစ္ေယာက္ နာမ္စားကိုမသံုးပါနဲ႔

တစ္ခုခုေျပာတဲ့အခါမွာ သူ႔ကိုပဲရည္ညႊန္းၿပီး ေျပာေနတာမ်ိဳး မျဖစ္ေစဖို႔အတြက္ ငါတို႔၊ ကၽြန္မတို႔ အစရွိသျဖင့္ အမ်ားနာမည္စားကိုသာ ထည့္သြင္းေျပာဆိုသင့္ပါတယ္။ လူအမ်ားနဲ႔ ဆက္ဆံတဲ့အခါမွာ အသံုးျပဳတဲ့ နာမ္စားကလည္း နားေထာင္ရသူအတြက္ ရင္းႏွီးေႏြးေထြးမႈနဲ႔ ခံစားမႈမ်ိဳးျဖစ္ေနဖို႔ အေရးႀကီးပါတယ္။

(၄) ေလယူေလသိမ္း

သီခ်င္းဆိုတဲ့အခါမွာ ေလယူေလသိမ္း၊ စကားလံုးအထားအသိုေတြက ကီးကိုက္ဖို႔လိုသလိုပဲ စကားေျပာတဲ့အခါမွာလည္း ဒါေတြက အေရးပါတဲ့ အခန္းက႑မွာ ပါဝင္ေနပါတယ္။ ေလယူေလသိမ္း၊ အသံအနိမ့္အျမင့္ ပံုမွန္ျဖစ္ေနမွ နားေထာင္ရသူအဖုိ႔ သာယာနာေပ်ာ္ဖြယ္ျဖစ္ၿပီးေတာ့ သင့္ရဲ႕စကားေတြမွာ လိုက္ပါစီးေမ်ာႏုိင္မွာပါ။

(၅) ေျဖးေျဖးမွန္မွန္သာေျပာဆိုပါ

စကားေျပာတာျမန္တဲ့သူကိုလည္း A Good Speaker အျဖစ္ မသတ္မွတ္ႏိုင္ပါဘူး။ စကားေျပာျမန္တာက နားေထာင္ရတဲ့သူကို စိတ္အေႏွာင့္အယွက္ျဖစ္ေစၿပီး စိတ္က်ဥ္းၾကပ္သလို ခံစားရေစတယ္လို႔ စိတ္ပညာရွင္မ်ားက ဆုိထားပါတယ္။ ဒါ့ေၾကာင့္ စကားေျပာေကာင္းသူတစ္ေယာက္ ျဖစ္ခ်င္တယ္ဆုိရင္ေတာ့ စကားကို ေျဖးေျဖးမွန္မွန္သာ ေျပာဆိုသင့္ပါတယ္။

ဒီအခ်က္ေလးေတြကို လိုက္နာၿပီး ေျပာဆိုပါက စကားေျပာတဲ့ေနရာမွာ ဆရာတစ္ဆူျဖစ္လာမွာ အေသအခ်ာပါပဲ။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

စကားပြောကောင်းသူတစ်ယောက်ဆိုတာ…

လူတွေနဲ့ နေ့စဉ်နဲ့အမျှ ပေါင်းသင်းဆက်ဆံရတဲ့အခါ A Good Listener တစ်ယောက်ဖြစ်ဖို့လည်း လိုအပ်သလို A Good Speaker ဖြစ်ဖို့လည်း လိုပါတယ်။ လူကြား၊ သူကြားထဲမှာ စကားပြောကောင်းသူဖြစ်ပြီဆိုတာနဲ့ လူချစ်လူခင်များလာပြီး နေရာတိုင်းမှာ ပိုပြီးနေရာပေးခံရပါတယ်။ ဒီလိုအကျိုးကျေးဇူးတွေကြောင့် စကားပြောကောင်းသူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ အခုဖောြ်ပပေးမယ့် အချက်တွေကို လိုက်နာဖို့တော့ လိုပါမယ်နော်။

(၁) အကြည့်မလွှဲပါနဲ့

စကားပြောနေတဲ့အချိန်မှာ ကိုယ့်ကိုကြည့်ပြီး နားထောင်နေတဲ့သူတွေကို Eye Contact အမြဲလုပ်ပေးဖို့ မမေ့ပါနဲ့။ ဒါဟာ အပြန်အလှန်လေးစားတဲ့ သဘောပါပဲ။ ကိုယ်ပြောတဲ့စကားကို အာရုံစိုက်နားထောင်နေတဲ့သူတွေကို အကြည့်လွှဲလိုက်တာမျိုး တစ်နေရာထဲကိုပဲ စိုက်ကြည့်နေတာမျိုး မပြုလုုပ်သင့်ပါဘူး။

(၂) သူများအမှားကိုမထောက်ပြပါနဲ့

လူအများရှေ့မှာ စကားပြောတဲ့အခါပဲဖြစ်ဖြစ် နှစ်ဦးနှစ်ယောက်ထဲ သီးသန့်ပြောဆိုနေတာပဲဖြစ်ဖြစ် တစ်ခြားသူရဲ့အမှားကို ခဏခဏထောက်ပြပြီး ပြောဆိုတာမျိုး မပြုလုပ်သင့်ပါဘူး။ သူ့ဘက်ကိုယ့်ဘက် ဆွေးနွေးပြောဆိုခွင့် ပေးလိုက်ပါ။ လူတိုင်း သဘောထားအမြင် ကွဲလွဲနိုင်တဲ့အတွက် သင်နဲ့ သဘောထားမတိုက်ဆိုင်ခဲ့ဘူးဆိုရင်တောင် သူတို့အမှားအဖြစ် မထောက်ပြဘဲ သင့်အမြင်အနေနဲ့သာ ပြောဆိုသင့်ပါတယ်။

(၃) တစ်ဦးတစ်ယောက် နာမ်စားကိုမသုံးပါနဲ့

တစ်ခုခုပြောတဲ့အခါမှာ သူ့ကိုပဲရည်ညွှန်းပြီး ပြောနေတာမျိုး မဖြစ်စေဖို့အတွက် ငါတို့၊ ကျွန်မတို့ အစရှိသဖြင့် အများနာမည်စားကိုသာ ထည့်သွင်းပြောဆိုသင့်ပါတယ်။ လူအများနဲ့ ဆက်ဆံတဲ့အခါမှာ အသုံးပြုတဲ့ နာမ်စားကလည်း နားထောင်ရသူအတွက် ရင်းနှီးနွေးထွေးမှုနဲ့ ခံစားမှုမျိုးဖြစ်နေဖို့ အရေးကြီးပါတယ်။

(၄) လေယူလေသိမ်း

သီချင်းဆိုတဲ့အခါမှာ လေယူလေသိမ်း၊ စကားလုံးအထားအသိုတွေက ကီးကိုက်ဖို့လိုသလိုပဲ စကားပြောတဲ့အခါမှာလည်း ဒါတွေက အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ လေယူလေသိမ်း၊ အသံအနိမ့်အမြင့် ပုံမှန်ဖြစ်နေမှ နားထောင်ရသူအဖို့ သာယာနာပျော်ဖွယ်ဖြစ်ပြီးတော့ သင့်ရဲ့စကားတွေမှာ လိုက်ပါစီးမျောနိုင်မှာပါ။

(၅) ဖြေးဖြေးမှန်မှန်သာပြောဆိုပါ

စကားပြောတာမြန်တဲ့သူကိုလည်း A Good Speaker အဖြစ် မသတ်မှတ်နိုင်ပါဘူး။ စကားပြောမြန်တာက နားထောင်ရတဲ့သူကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး စိတ်ကျဉ်းကြပ်သလို ခံစားရစေတယ်လို့ စိတ်ပညာရှင်များက ဆိုထားပါတယ်။ ဒါ့ကြောင့် စကားပြောကောင်းသူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ စကားကို ဖြေးဖြေးမှန်မှန်သာ ပြောဆိုသင့်ပါတယ်။

ဒီအချက်လေးတွေကို လိုက်နာပြီး ပြောဆိုပါက စကားပြောတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်လာမှာ အသေအချာပါပဲ။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။