[Zawgyi]

အမူးလြန္ၿပီး ပလပ္ကၽြတ္တတ္သူေတြ သိထားသင့္တဲ့ အေရးေပၚေဆးနည္းေတြဆုိတာ

က်န္းမာေရးနဲ႔ပတ္သက္လို႔ အလြယ္တကူျဖစ္လြယ္ၿပီး ခံစားရခက္တဲ့ေဝဒနာေတြထဲမွာ ေခါင္းမူးေခါင္းကိုက္တဲ့ ေဝဒနာလည္း တစ္ခုအပါအဝင္ျဖစ္မယ္ထင္ပါတယ္။ အထူးသျဖင့္ ေခါင္းက ခ်ာခ်ာလည္ေနၿပီး ကမာၻႀကီး ေဇာက္ထိုးမိုးေမွ်ာ္ျဖစ္္ေနတဲ့ ခံစားမႈမ်ိဳးေပါ့။

ဒီေလာက္ဆိုးတဲ့ခံစားမႈကို အမူးလြန္ၿပီး ပလပ္ကၽြတ္ဖူးတဲ့သူေတြ ေကာင္းေကာင္းခံစားဖူးလိမ့္မယ္လို႔ ထင္ပါတယ္။ ေပ်ာ္ခ်င္လို႔ ေသာက္ပါတယ္ဆိုမွ ဒီေလာက္ရုပ္ပ်က္ဆင္းပ်က္ ပလပ္ကၽြတ္သြားေတာ့လည္း ေပ်ာ္စရာမေကာင္းေတာ့ဘူးေပါ့။ ၿပီးေတာ့ ကိုယ့္ေၾကာင့္ က်န္တဲ့မိတ္ေဆြသူငယ္ခ်င္းေတြလည္း အေႏွာက္အယွက္ျဖစ္မွာ ေသခ်ာပါတယ္။ ဒါေၾကာင့္ ကိုယ္တိုင္အမူးလြန္သြားတာပဲျဖစ္ျဖစ္၊ ကိုယ့္မိတ္ေဆြသူငယ္ခ်င္းေတြထဲက တစ္ေယာက္ေယာက္ အမူးလြန္သြားလို႔ပဲျဖစ္ျဖစ္ အျမန္ဆံုးနဲ႔ အလြယ္ကူဆံုးသက္သာေစမယ့္ နည္းလမ္းေလးေတြကိုသံုးၿပီး အမူးေျပေအာင္လုပ္လို႔ရပါတယ္။ ဒါအျပင္ ဒီအေတာအတြင္းမွာ သႀကၤန္လည္းရွိေနေတာ့ မိတ္ေဆြတို႔ ေသာက္ၾကစားၾကေပ်ာ္ၾကမွာဆိုေတာ့ ဒီနည္းေတြ သိထားရင္ ပိုေကာင္းတာပါေနာ္။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

ေရအဝေသာက္ပါ

အရက္ေသာက္ေနတဲ့အခ်ိန္မွာ ခႏၶာကိုယ္က ေရဓာတ္ခမ္းေျခာက္သြားပါတယ္။ ခႏၶာကိုယ္က ေရဓာတ္ခမ္းေျခာက္ေလေလ အရက္ရဲ႕အာနိသင္က ပိုၿပီးျပေလေလျဖစ္ပါတယ္။ ဒါေၾကာင့္ ညမွာ အလြန္အကၽြံေသာက္ထားၿပီး မနက္အိပ္ရာႏိုးလာရင္ ေရအလြန္အမင္းဆာၾကတာျဖစ္ပါတယ္။ အဲဒီအခ်ိန္ ေရေအးေအးတစ္ခြက္ေသာက္လိုက္တာနဲ႔ ညိွဳးေနတဲ့အပင္ကို ေရေလာင္းလိုက္သလို လန္းလန္းဆန္းဆန္း ျဖစ္သြားပါတယ္။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ သိပ္ၿပီးအေျခအေနမဟန္ေတာ့ဘူးလို႔ သတိဝင္လာတာနဲ႔ ေရကိုသာ အဝေသာက္လိုက္ပါ။ ေရေသာက္ၿပီး ခဏတျဖဳတ္နားလိုက္တာနဲ႔ ျပန္ၿပီး အားအင္ေတြရသြားပါလိမ့္မယ္။

အခ်ိဳရည္ေသာက္ပါ

ေရက ခႏၶာကိုယ္အတြင္း အဆိပ္အေတာက္အေတြကို သန္႔စင္ေစပါတယ္။ ဒါေပမဲ့ ခႏၶာကိုယ္ထဲမွာ အရက္ပမာဏအရမ္းျမင့္ေနရင္ေတာ့ ေရေသာက္ရံုနဲ႔ မလံုေလာက္ေတာ့ပါဘူး။ ဒီလိုအမူးလြန္ေနတဲ့အခ်ိန္မ်ိဳးမွာ အေရးေပၚအေနနဲ႔ Sports Drink လို အခ်ိဳရည္၊ အုန္းရည္တို႔ ေသာက္သံုးႏိုင္ပါတယ္။ အဲဒီထက္ပိုၿပီး အလြယ္တကူရႏိုင္တယ္ဆိုရင္ေတာ့ ၾကက္စြတ္ျပဳတ္ရည္လို ဟင္းခ်ိဳရည္ ေသာက္ႏိုင္ရင္ အေကာင္းဆံုးပါပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ အယ္လ္ကိုေဟာဓာတ္ေၾကာင့္ ခႏၶာကိုယ္တြင္း ဆံုးရံႈးသြားတဲ့ ပိုတက္စီယမ္နဲ႔ ဆားဓာတ္ေတြကို ဒီလိုအခ်ိဳဓာတ္ပါတဲ့ အရည္ေသာက္သံုးျခင္းေၾကာင့္ ျပန္လည္အားျပည့္လာေစမွာ ျဖစ္ပါတယ္။

သၾကားစားပါ

ေလ့လာစမ္းသပ္မႈေတြအရ အခ်ိဳဓာတ္က အယ္လ္ကိုေဟာေၾကာင့္ ခႏၶာကိုယ္တြင္းယိုယြင္းသြားတဲ့ ဇီဝကမၼျဖစ္စဥ္ေတြကို ျပန္လည္ေကာင္းမြန္ေစတယ္လို႔ ဆုိပါတယ္။ ဒါေၾကာင့္ သၾကားက အရက္နာက်တဲ့သူေတြ၊ အမူးလြန္တဲ့သူေတြအတြက္ေတာ့ အိမ္တြင္းကုထံုးတစ္ခုျဖစ္ေနတာေပါ့။ သၾကားကို ေရက်ဲက်ဲေလးေဖ်ာ္ၿပီးေသာက္လိုက္ရင္ ၾကည္လင္လန္းဆန္းၿပီး သက္သာသြားပါလိမ့္မယ္။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

ဂ်င္းျပဳတ္ရည္ ဒါမွမဟုတ္ ဂ်င္းစားပါ

ဂ်င္းကို ေဆးပဲေဖာ္ေဖာ္၊ ျပဳတ္ရည္ပဲေသာက္ေသာက္၊ အစိမ္းပဲစားစား ေဆးဖက္ဝင္တာခ်ည္းပါပဲ။ အထူးသျဖင့္ ေအာ့အန္တာ၊ မအီမသာျဖစ္ၿပီး ပ်ဳိ႕အန္တာေတြအတြက္ ေဆးေကာင္းတစ္လက္လည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီသႀကၤန္မွာ ေရခ်ိန္လြန္တဲ့အထိ မိုင္ကုန္ေသာက္ဖို႔စဥ္းစားထားရင္ေတာ့ မေသာက္ခင္ကတည္းက ဂ်င္း၊ သၾကားညိဳနဲ႔ လိေမၼာ္ခြံရရင္ လိေမၼာ္ခြံေရာက်ိတ္ၿပီး အရည္မပ်စ္မက်ဲေလးတစ္ခြက္ေတာ့ ႀကိဳေသာက္ထားဖို႔ ေျပာပါရေစ။ ဒါမွ ေသာက္ခ်င္သေလာက္ေသာက္၊ ကဲခ်င္သေလာက္ကဲ မူးေမွာက္သြားဖို႔ေတာ့ စိုးရိမ္စရာမလိုေတာ့ပါဘူး။

ကဲ ဒီေန႔ေခတ္လူငယ္ေတြၾကားမွာ အေသာက္အစားဆိုတာကလည္း ကိုယ့္ရဲ႕လူမႈကြန္ရက္ Network ကိုျဖန္႔ဖို႔ လြန္ဆန္လို႔မရတဲ့ အရာတစ္ခုလိုျဖစ္ေနေတာ့ ေခတ္နဲ႔အညီ လိုက္ပါစီးေျမာပါ။ ဒါေပမဲ့ တန္ေဆးလြန္ေဘးမျဖစ္ေအာင္ေတာ့ သတိထားပါလို႔ အႀကံျပဳပါရေစ။ အဲဒါအျပင္ အခုေဖာ္ျပေပးခဲ့တဲ့ အေရးေပၚေဆးနည္းေလးေတြ သိထားေတာ့ ပိုၿပီးအဆင္ေျပတာေပါ့ေလ။ ပရိသတ္မ်ားအားလံုး ႏွစ္သစ္မွာ စိတ္သစ္လူသစ္နဲ႔ ဘဝမွာတိုးတက္ေအာင္ျမင္ၾကပါေစ။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အမူးလွန်ပြီး ပလပ်ကျွတ်တတ်သူတွေ သိထားသင့်တဲ့ အရေးပေါ်ဆေးနည်းတွေဆိုတာ

ကျန်းမာရေးနဲ့ပတ်သက်လို့ အလွယ်တကူဖြစ်လွယ်ပြီး ခံစားရခက်တဲ့ဝေဒနာတွေထဲမှာ ခေါင်းမူးခေါင်းကိုက်တဲ့ ဝေဒနာလည်း တစ်ခုအပါအဝင်ဖြစ်မယ်ထင်ပါတယ်။ အထူးသဖြင့် ခေါင်းက ချာချာလည်နေပြီး ကမ္ဘာကြီး ဇောက်ထိုးမိုးမျှော်ဖြစ်နေတဲ့ ခံစားမှုမျိုးပေါ့။

ဒီလောက်ဆိုးတဲ့ခံစားမှုကို အမူးလွန်ပြီး ပလပ်ကျွတ်ဖူးတဲ့သူတွေ ကောင်းကောင်းခံစားဖူးလိမ့်မယ်လို့ ထင်ပါတယ်။ ပျော်ချင်လို့ သောက်ပါတယ်ဆိုမှ ဒီလောက်ရုပ်ပျက်ဆင်းပျက် ပလပ်ကျွတ်သွားတော့လည်း ပျော်စရာမကောင်းတော့ဘူးပေါ့။ ပြီးတော့ ကိုယ့်ကြောင့် ကျန်တဲ့မိတ်ဆွေသူငယ်ချင်းတွေလည်း အနှောက်အယှက်ဖြစ်မှာ သေချာပါတယ်။ ဒါကြောင့် ကိုယ်တိုင်အမူးလွန်သွားတာပဲဖြစ်ဖြစ်၊ ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေထဲက တစ်ယောက်ယောက် အမူးလွန်သွားလို့ပဲဖြစ်ဖြစ် အမြန်ဆုံးနဲ့ အလွယ်ကူဆုံးသက်သာစေမယ့် နည်းလမ်းလေးတွေကိုသုံးပြီး အမူးပြေအောင်လုပ်လို့ရပါတယ်။ ဒါအပြင် ဒီအတောအတွင်းမှာ သင်္ကြန်လည်းရှိနေတော့ မိတ်ဆွေတို့ သောက်ကြစားကြပျော်ကြမှာဆိုတော့ ဒီနည်းတွေ သိထားရင် ပိုကောင်းတာပါနော်။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

ရေအဝသောက်ပါ

အရက်သောက်နေတဲ့အချိန်မှာ ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်သွားပါတယ်။ ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်လေလေ အရက်ရဲ့အာနိသင်က ပိုပြီးပြလေလေဖြစ်ပါတယ်။ ဒါကြောင့် ညမှာ အလွန်အကျွံသောက်ထားပြီး မနက်အိပ်ရာနိုးလာရင် ရေအလွန်အမင်းဆာကြတာဖြစ်ပါတယ်။ အဲဒီအချိန် ရေအေးအေးတစ်ခွက်သောက်လိုက်တာနဲ့ ညှိုးနေတဲ့အပင်ကို ရေလောင်းလိုက်သလို လန်းလန်းဆန်းဆန်း ဖြစ်သွားပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သိပ်ပြီးအခြေအနေမဟန်တော့ဘူးလို့ သတိဝင်လာတာနဲ့ ရေကိုသာ အဝသောက်လိုက်ပါ။ ရေသောက်ပြီး ခဏတဖြုတ်နားလိုက်တာနဲ့ ပြန်ပြီး အားအင်တွေရသွားပါလိမ့်မယ်။

အချိုရည်သောက်ပါ

ရေက ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်အတွေကို သန့်စင်စေပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ထဲမှာ အရက်ပမာဏအရမ်းမြင့်နေရင်တော့ ရေသောက်ရုံနဲ့ မလုံလောက်တော့ပါဘူး။ ဒီလိုအမူးလွန်နေတဲ့အချိန်မျိုးမှာ အရေးပေါ်အနေနဲ့ Sports Drink လို အချိုရည်၊ အုန်းရည်တို့ သောက်သုံးနိုင်ပါတယ်။ အဲဒီထက်ပိုပြီး အလွယ်တကူရနိုင်တယ်ဆိုရင်တော့ ကြက်စွတ်ပြုတ်ရည်လို ဟင်းချိုရည် သောက်နိုင်ရင် အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အယ်လ်ကိုဟောဓာတ်ကြောင့် ခန္ဓာကိုယ်တွင်း ဆုံးရှုံးသွားတဲ့ ပိုတက်စီယမ်နဲ့ ဆားဓာတ်တွေကို ဒီလိုအချိုဓာတ်ပါတဲ့ အရည်သောက်သုံးခြင်းကြောင့် ပြန်လည်အားပြည့်လာစေမှာ ဖြစ်ပါတယ်။

သကြားစားပါ

လေ့လာစမ်းသပ်မှုတွေအရ အချိုဓာတ်က အယ်လ်ကိုဟောကြောင့် ခန္ဓာကိုယ်တွင်းယိုယွင်းသွားတဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ပြန်လည်ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သကြားက အရက်နာကျတဲ့သူတွေ၊ အမူးလွန်တဲ့သူတွေအတွက်တော့ အိမ်တွင်းကုထုံးတစ်ခုဖြစ်နေတာပေါ့။ သကြားကို ရေကျဲကျဲလေးဖျော်ပြီးသောက်လိုက်ရင် ကြည်လင်လန်းဆန်းပြီး သက်သာသွားပါလိမ့်မယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

ဂျင်းပြုတ်ရည် ဒါမှမဟုတ် ဂျင်းစားပါ

ဂျင်းကို ဆေးပဲဖော်ဖော်၊ ပြုတ်ရည်ပဲသောက်သောက်၊ အစိမ်းပဲစားစား ဆေးဖက်ဝင်တာချည်းပါပဲ။ အထူးသဖြင့် အော့အန်တာ၊ မအီမသာဖြစ်ပြီး ပျို့အန်တာတွေအတွက် ဆေးကောင်းတစ်လက်လည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီသင်္ကြန်မှာ ရေချိန်လွန်တဲ့အထိ မိုင်ကုန်သောက်ဖို့စဉ်းစားထားရင်တော့ မသောက်ခင်ကတည်းက ဂျင်း၊ သကြားညိုနဲ့ လိမ္မော်ခွံရရင် လိမ္မော်ခွံရောကျိတ်ပြီး အရည်မပျစ်မကျဲလေးတစ်ခွက်တော့ကြိုသောက်ထားဖို့ ပြောပါရစေ။ ဒါမှ သောက်ချင်သလောက်သောက်၊ ကဲချင်သလောက်ကဲ မူးမှောက်သွားဖို့တော့ စိုးရိမ်စရာမလိုတော့ပါဘူး။

ကဲ ဒီနေ့ခေတ်လူငယ်တွေကြားမှာ အသောက်အစားဆိုတာကလည်း ကိုယ့်ရဲ့လူမှုကွန်ရက် Network ကိုဖြန့်ဖို့ လွန်ဆန်လို့မရတဲ့ အရာတစ်ခုလိုဖြစ်နေတော့ ခေတ်နဲ့အညီ လိုက်ပါစီးမြောပါ။ ဒါပေမဲ့ တန်ဆေးလွန်ဘေးမဖြစ်အောင်တော့ သတိထားပါလို့ အကြံပြုပါရစေ။ အဲဒါအပြင် အခုဖော်ပြပေးခဲ့တဲ့ အရေးပေါ်ဆေးနည်းလေးတွေ သိထားတော့ ပိုပြီးအဆင်ပြေတာပေါ့လေ။ ပရိသတ်များအားလုံး နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ဘဝမှာတိုးတက်အောင်မြင်ကြပါစေ။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။