သူငယ်ချင်း အချင်းချင်းကြားမှာ ‘သူကျဓာတ်ပုံထဲမှာ သိပ်လှတာပဲ’ ဆိုတဲ့အသံတွေကြားရတတ်ပါတယ်။ ဓာတ်ပုံထဲမှာလှသူတွေဟာ  မိတ်ကပ်ပြင်တတ်တဲ့သူတွေလည်း ဖြစ်တတ်ပါတယ်။ ဒီနေ့တော့ ချစ်လေးတို့အတွက် ဓာတ်ပုံရိုက်ရင် ပြင်ဆင်သင့်တဲ့ပုံစံလေးတွေနဲ့ Photo Makeup ကို အဓိက ရှာဖွေပြောပြပေးချင်တာပါ။

အလင်းအမှောင်

ဓာတ်ပုံရိုက်ရာမှာ အလင်းအမှောင်ရှိသလိုပဲ ဓာတ်ပုံရိုက်ခံမယ့်သူဟာလည်း အလင်း အမှောင်ခြယ်သတတ်ရပါမယ်။ နဖူး ၊ နှာခေါင်း နဲ့ မေးစေ့လို T Zone နေရာတွေနဲ့ ပါးပြင်ကို ပေါ်လွင်အောင် Shimmer သို့မဟုတ် Highlighter နဲ့လင်းစေရပါမယ်။ လင်းစေရမယ်ဆိုလို့လည်း Shimmer တွေအများကြီး သုံးမိတာမျိုး မဖြစ်စေရပါဘူး။ အလင်းပြန်ပြီး အဆင်မပြေဖြစ်နိုင်ပါတယ်။ ပါးရိုး မေးရိုးတို့ကို Bronzer နဲ့ပြေပြစ်အောင် ဖြည်တတ်ဖို့လိုပါတယ်။

တစ်ပြေးညီအလှ

မိတ်ကပ်ပြင်ဆင်ခြင်းက မျက်နှာမှာတင် ပြီးဆုံးသွားလို့မရပါဘူး။ လည်ပင်း ရင်ဘတ်အတွက်ပါ ထည့်စဉ်းစားရပါမယ်။ မျက်နှာကို သုံးတဲ့ ဖောင်ဒေးရှင်းနဲ့ လည်ပင်းရင်ဘတ်နေရာကိုပါ လိမ်းပေးပြီး မိတ်ကပ် Two Way သို့မဟုတ် ပေါင်ဒါလေး ဖို့ပေးဖို့လိုအပ်ပါတယ်။

You May Also Like:လှပခြင်းအတွက် ရေခဲကုထုံး

မျက်ခုံးမျက်လုံးထင်းဖို့လို

ဓာတ်ပုံထဲမှာ ပေါ်လွင်ဖို့ဆိုရင် မျက်ခုံးမျက်လုံး ထင်းနေဖို့လိုပါတယ်။ မျက်လုံးအတွက် Smoky Eye နဲ့ မျက်တောင်ကော့ဆေးက မပါမဖြစ်ပါ။ မျက်တောင်တုပါးပါးလေး တပ်သူတွေက ပိုအားသာတယ်ဆိုပေမယ့် Mascara ကောင်းကောင်းသုံးတတ်ရင်လည်း လှနေမှာပါ။ Eye Liner ကလည်း မရှိမဖြစ် အရေးပါပါသေးတယ်။ ဒါကြောင့် ဓာတ်ပုံရိုက်မယ့် အချိန်အခါမျိုးဆို မျက်ခုံးနဲ့မျက်လုံးကိုပိုပြီး အသေးစိတ်ပြင်ဆင်ဖို့ လိုပါတယ်။

နှုတ်ခမ်း

သေချာတာက မျက်နှာရဲ့ တခြားအစိတ်အပိုင်းတွေကို ဘယ်လိုပဲပြင်ဆင်ထား  ပြင်ဆင်ထား ဖြူဖျော့တဲ့ နှုတ်ခမ်းနဲ့သာဆိုရင် ဓာတ်ပုံထဲမှာ မလှနိုင်ပါဘူး။ နှုတ်ခမ်းနီအရောင်ကို ရွေးတဲ့နေရာမှာ ကိုယ်ပြင်ဆင်ထားတဲ့ Eye Makeup ၊ ကိုယ့်ရဲ့အဝတ်အစား၊ ရိုက်မယ့်နေရာ နဲ့ Lighting ပေါ်မူတည်ပါတယ်။ Matte ဖြစ်တဲ့ နှုတ်ခမ်းနီလေးတွေ ၊ တာရှည်ခံတဲ့ Long Lasting Lipstick လေးတွေ သုံးသင့်ပါတယ်။

ဂျူဂျူး (အခရာ)

www.akhayar.com