[Zawgyi]

အိမ္ေထာင္ေရးသုချပည့္စုံမယ္ ဒီလုိေနကြယ္

အိမ္ေထာင္ေရးသုချပည့္စုံမယ္ဆုိလုိ႔လည္း ေရႊဥာဏ္ေတာ္စူးေရာက္ၿပီးေတာ့ “ျမဟသၤာ” ေျပးဝယ္မေနနဲ႔ဦး။ လင္မယားေတြ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ရုိးေျမက်ေပါင္းသင္းရမယ့္ နည္းလမ္းေတြ ေရးမွာဗ်။ ဒီေဆာင္းပါးအတြက္ ကြ်န္ေတာ္ကုိယ္တုိင္ လင္မယားစုံတြဲေတြကုိ ေခ်ာင္းၾကည့္ အဲေလေယာင္လုိ႔ ေသခ်ာစစ္တမ္းေကာက္ရၿပီးမွ အခ်က္က်က်ေရးထားလုိ႔ တစ္သေဝမတိမ္းလုိက္နာေစခ်င္ပါတယ္။

၁။ အိမ္ခြဲေနပါ။

လက္ထပ္ၿပီးတာနဲ႔ ကုိယ့္အုိး၊ ကုိယ့္အိမ္နဲ႔ ေနတာက အေကာင္းဆုံးပါပဲ။ အိမ္ပုိင္မဝယ္ႏုိင္ေသးရင္ေတာင္ အိမ္ငွားေနလုိက္ပါ။ ႏွစ္ဖက္မိဘအိမ္မွာ အတူေနလုိက္ရင္ေတာ့ သူ႕ေဆြမ်ိဳး၊ ကုိယ့္ေဆြမ်ိဳးနဲ႔ မ်ိဳးခ်စ္ပုဂၢိဳလ္ေတြျဖစ္လာမယ္၊ ၾကာလာရင္ လင္မယားခ်င္း မတည့္ေတာ့ဘူးေနာ္။ “နီးတက်က္က်က္ ေဝးတသက္သက္” စကားပုံလုိပဲ မိဘအိမ္မွာ အတူေနမယ္ဆုိရင္ တက်က္က်က္နဲ႔ ရန္ျဖစ္ေနမယ့္အတူ အိမ္ခြဲေနလုိက္တာက အေကာင္းဆုံးပါ။

၂။ လ်ိဳ႕ဝွက္မထားပါနဲ႔။

လင္ရယ္မယားရယ္လုိ႔ ျဖစ္လာရင္ အိမ္သာတက္ရင္ေတာင္ တံခါးမပိတ္ေတာ့ေလာက္ေအာင္ ပြင့္ပြင့္လင္းလင္း ဆက္ဆံသင့္တယ္ေနာ္။ ကုိယ္ကလည္း တခ်ိဳ႕ကိစၥေလးေတြ ထိန္ခ်န္ထားမယ္ဆုိရင္ သူလည္း လ်ိဳလာေတာ့မွာပဲ၊ ဒါက အျပန္အလွန္ေလ။ အဲဒီေတာ့ ေမာင္တစ္ထမ္းမယ္တစ္ရြက္ ေလ်ွာက္လွမ္းေနတဲ့ လင္မယားၾကားမွာ ဘာကုိမွ လ်ိဳဝွက္မထားတာ အေကာင္းဆုံးပါ။

၃။ ဆက္သြယ္မႈကုိ ႏွလုံးသားဧရိယာဝန္းက်င္မွာ ထားပါ။

ရည္းစားဘဝတုန္းကလုိ “ခ်စ္တယ္” လုိ႔ ခဏခဏမေျပာဘူးဆုိရင္ေတာင္ အိမ္ေထာင္က်သြားရင္ေတာ့ အနည္းဆုံးတစ္ေန႔တစ္ခါေလာက္ေတာ့ ေျပာေပးပါ။ အသက္အရြယ္ေတြ အုိမင္းသြားပါေစ၊ ရင္ခုန္သံေတြ လတ္ဆတ္ေနေအာင္လုိ႔ “ခ်စ္တယ္” လုိ႔ မၾကာမၾကာေျပာေပးပါ။ ရင္ခုန္ေစမယ့္ အထိအေတြ႕မ်ိဳးနဲ႔ နဖူးေလးကုိ နမ္းေပးတာမ်ိဳး လုပ္ေပးသင့္ပါတယ္။

၄။ ျပႆနာကုိ အေျဖရွာပါ။

လင္မယားၾကားမွာ ျပႆနာတစ္ခု ျဖစ္လာတုိင္း ေဒါသကုိ ေရွ႕တန္းမတင္ဘဲ ျပႆနာရဲ႕ ေရေသာက္ျမစ္ကုိ အရင္ရွာပါ။ တဒဂၤျဖစ္လုိက္တဲ့ ေဒါသအတြက္နဲ႔ ႏွစ္ရည္လမ်ား တည္ေဆာက္ထားတဲ့ အခ်စ္ဗိမၼာန္ႀကီး မၿပိဳကြဲပါေစနဲ႔။

၅။ မဂၤလာမွတ္တမ္းဗီဒီယုိေခြကုိ မၾကာခဏၾကည့္ေပးပါ။

လင္မယားခ်င္း စကားကေတာက္ကဆျဖစ္လာမယ္ၾကံတုိင္း၊ စိတ္ဆုိးေဒါသထြက္လာတုိင္း မဂၤလာေဆာင္တုန္းက ရုိက္ထားတဲ့ ဗီဒီယုိေခြကုိ ထုတ္ၾကည့္တာ အေကာင္းဆုံးပါပဲ။ ၾကည္ႏူးစရာပုံရိပ္ေတြ၊ ေပ်ာ္ရႊင္စရာအတိတ္ေတြကုိ ျပန္ေတြးၾကည့္ေနရင္းနဲ႔ကုိ ေဒါသေတြ ယူပစ္သလုိ ေပ်ာက္သြားမွာျဖစ္ပါတယ္။ “ခ်စ္ေသာသူတုိင္း ညားၾကလုိ႔ ညားေသာသူတုိင္းလည္း ရုိးေျမက်ေပါင္းၾကပါေစ”လုိ႔ အခရာသူ၊ အခရာသားေတြက ဆုေတာင္းလုိက္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

အိမ်ထောင်ရေးသုခပြည့်စုံမယ် ဒီလိုနေကွယ်

အိမ်ထောင်ရေးသုခပြည့်စုံမယ်ဆိုလို့လည်း ရွှေဉာဏ်တော်စူးရောက်ပြီးတော့ “မြဟင်္သာ” ပြေးဝယ်မနေနဲ့ဦး။ လင်မယားတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ရိုးမြေကျပေါင်းသင်းရမယ့် နည်းလမ်းတွေ ရေးမှာဗျ။ ဒီဆောင်းပါးအတွက် ကျွန်တော်ကိုယ်တိုင် လင်မယားစုံတွဲတွေကို ချောင်းကြည့် အဲလေယောင်လို့ သေချာစစ်တမ်းကောက်ရပြီးမှ အချက်ကျကျရေးထားလို့ တစ်သဝေမတိမ်းလိုက်နာစေချင်ပါတယ်။

၁။ အိမ်ခွဲနေပါ။

လက်ထပ်ပြီးတာနဲ့ ကိုယ့်အိုး၊ ကိုယ့်အိမ်နဲ့ နေတာက အကောင်းဆုံးပါပဲ။ အိမ်ပိုင်မဝယ်နိုင်သေးရင်တောင် အိမ်ငှားနေလိုက်ပါ။ နှစ်ဖက်မိဘအိမ်မှာ အတူနေလိုက်ရင်တော့ သူ့ဆွေမျိုး၊ ကိုယ့်ဆွေမျိုးနဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေဖြစ်လာမယ်၊ ကြာလာရင် လင်မယားချင်း မတည့်တော့ဘူးနော်။ “နီးတကျက်ကျက် ဝေးတသက်သက်” စကားပုံလိုပဲ မိဘအိမ်မှာ အတူနေမယ်ဆိုရင် တကျက်ကျက်နဲ့ ရန်ဖြစ်နေမယ့်အတူ အိမ်ခွဲနေလိုက်တာက အကောင်းဆုံးပါ။

၂။ လျို့ဝှက်မထားပါနဲ့။

လင်ရယ်မယားရယ်လို့ ဖြစ်လာရင် အိမ်သာတက်ရင်တောင် တံခါးမပိတ်တော့လောက်အောင် ပွင့်ပွင့်လင်းလင်း ဆက်ဆံသင့်တယ်နော်။ ကိုယ်ကလည်း တချို့ကိစ္စလေးတွေ ထိန်ချန်ထားမယ်ဆိုရင် သူလည်း လျိုလာတော့မှာပဲ၊ ဒါက အပြန်အလှန်လေ။ အဲဒီတော့ မောင်တစ်ထမ်းမယ်တစ်ရွက် လျှောက်လှမ်းနေတဲ့ လင်မယားကြားမှာ ဘာကိုမှ လျိုဝှက်မထားတာ အကောင်းဆုံးပါ။

၃။ ဆက်သွယ်မှုကို နှလုံးသားဧရိယာဝန်းကျင်မှာ ထားပါ။

ရည်းစားဘဝတုန်းကလို “ချစ်တယ်” လို့ ခဏခဏမပြောဘူးဆိုရင်တောင် အိမ်ထောင်ကျသွားရင်တော့ အနည်းဆုံးတစ်နေ့တစ်ခါလောက်တော့ ပြောပေးပါ။ အသက်အရွယ်တွေ အိုမင်းသွားပါစေ၊ ရင်ခုန်သံတွေ လတ်ဆတ်နေအောင်လို့ “ချစ်တယ်” လို့ မကြာမကြာပြောပေးပါ။ ရင်ခုန်စေမယ့် အထိအတွေ့မျိုးနဲ့ နဖူးလေးကို နမ်းပေးတာမျိုး လုပ်ပေးသင့်ပါတယ်။

၄။ ပြဿနာကို အဖြေရှာပါ။

လင်မယားကြားမှာ ပြဿနာတစ်ခု ဖြစ်လာတိုင်း ဒေါသကို ရှေ့တန်းမတင်ဘဲ ပြဿနာရဲ့ ရေသောက်မြစ်ကို အရင်ရှာပါ။ တဒင်္ဂဖြစ်လိုက်တဲ့ ဒေါသအတွက်နဲ့ နှစ်ရည်လများ တည်ဆောက်ထားတဲ့ အချစ်ဗိမ္မာန်ကြီး မပြိုကွဲပါစေနဲ့။

၅။ မင်္ဂလာမှတ်တမ်းဗီဒီယိုခွေကို မကြာခဏကြည့်ပေးပါ။

လင်မယားချင်း စကားကတောက်ကဆဖြစ်လာမယ်ကြံတိုင်း၊ စိတ်ဆိုးဒေါသထွက်လာတိုင်း မင်္ဂလာဆောင်တုန်းက ရိုက်ထားတဲ့ ဗီဒီယိုခွေကို ထုတ်ကြည့်တာ အကောင်းဆုံးပါပဲ။ ကြည်နူးစရာပုံရိပ်တွေ၊ ပျော်ရွှင်စရာအတိတ်တွေကို ပြန်တွေးကြည့်နေရင်းနဲ့ကို ဒေါသတွေ ယူပစ်သလို ပျောက်သွားမှာဖြစ်ပါတယ်။ “ချစ်သောသူတိုင်း ညားကြလို့ ညားသောသူတိုင်းလည်း ရိုးမြေကျပေါင်းကြပါစေ”လို့ အခရာသူ၊ အခရာသားတွေက ဆုတောင်းလိုက်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com