ဒီတခါတင်ပေးချင်တာက သီချင်း၊ ရူပ်ရှင်နဲ့ ဂိမ်းတွေကို ရုပ်ရှင်ရုံထဲရောက်နေတဲ့အလား Immersive ဖြစ်စေမယ့် Tips & Tricks လေးပါ။ ဒီလိုနားဆင်နိုင်ဖို့ ပိုက်ဆံအကုန်ကျမရှိသလို Dolby Atmos Experience ကိုပါ 7.1 Surruound နဲ့ ခံစားနိုင်မှာမလို့ ဘယ်သူမဆိုနှစ်ခြိုက်ကြမယ်ထင်ပါတယ်။ လိုအပ်ချက်လေးတွေကတော့ ကွန်ပျူတာတလုံးနဲ့ နားကြပ်ပါပဲ။

 

ကျွန်တော် နားကြပ်ပဲပြောလို့ Speaker တွေနဲ့မရဘူးမဆိုလိုဘူးနော်၊ ကိုယ့်မှာ 5.1 ၊ 7.1 Setup ရှိပြီးသားဆိုရင် တခါထဲ Plug & Play လုပ်ရုံပါပဲ။ ကယ်…ပထမဦးဆုံး လုပ်ရမှာက 7.1 Surround ၊ Dolby Atmos ပေးစွမ်းနိုင်မယ့် Software လိုပါတယ်။ Download ဆွဲဖို့လည်း မခက်ပါဘူး။ ပထမဆုံး မြည်းစမ်းစေချင်တာက Razer Store မှာအခမဲ့ Download ဆွဲနိုင်မယ့် Razer Surround ပါ။ အခုလို Software နဲ့ Surround နားဆင်နိုင်မယ်လို့ Recommend ပေးရတာက YouTuber: Linus Tech Tips Review လုပ်ထားတဲ့ဗီဒီယိုမှာ Surround Headphones တွေထက် Software ပိုသာနေတယ်ဆိုလို့ပါ။

ဒီလိုဆိုတော့ ကျွန်တော်တို့ အစီစဉ်လေးပြန်သွားရမယ်ဆိုရင် အရင်ဆုံး ဒီ Link မှာဆွဲပြီး Install အရင်လုပ်လိုက်ပါ။ ဒီအဆင့်မှာ Razer Account တောင်းပါလိမ့်မယ်၊ Complete ဖြစ်သွားရင် Razer Surround က Ready ဖြစ်နေပါပြီ။ Pro upgrade လုပ်နိုင်ပေမယ့် ကျွန်တော်တို့ Manual သွားပြီး Calibrate လုပ်ကြည့်ရအောင်။

Calibration လုပ်ဖို့ ပုံလေးတွေတချက်ကြည့်သွားပြီး Step by Step သွားလိုက်ပါ။ ပထမဆုံး ညာဖက်ဒေါင့်က Sound Icon ကို Right Click ထောက်ပြီး Sounds ကိုရွေးလိုက်ပါ။

အဲ့ဒီမှာ Razer Surround Controller ရွေးပြီး Configure ထဲဝင်လိုက်ပါ။ ပုံထဲကတိုင်း Next ကိုထောက်ပါ။

ဒီအဆင့်မှာ Sound Channel အားလုံး အမှန်ခြစ်ပေးလိုက်ပါ။

ဒါကတော့ Surround အတွက်လိုအပ်တဲ့ Speakers ပါ။ အမှန်ခြစ်ပြီးသွားရင် Manual Calibration လုပ်ဖို့ Finish ရွေးပြီး Test လုပ်ကြည့်လိုက်ပါ။

အခုဆိုရင် Manual Calibration ပြီးသွားဆိုတော့ 7.1 Surround နဲ့ ရုပ်ရှင်၊ ဂိမ်းတွေမြည်းဖို့ပဲကျန်ပါတယ်။ ဒီနေရာမှာ ဖြည့်စွက်ပြောချင်တာ Surround Sound နားဆင်ချင်ရင် ရှပ်ရှင်၊ ဂိမ်းကထုတ်ပေးမယ့် အသံက 5.1 ဒါမှမဟုတ် 7.1 Surround ဖြစ်ရပါမယ်။


နောက်ပြီး ရုပ်ရှင်တွက်ဆိုရင် Player ကောင်းကောင်းလိုပါတယ်။ ဥပမာ PowerDVD လိုမျိုးပေါ့နော်၊ ဒီကောင်က 7.1 Channel ထောက်ပံ့ပြီး Format ကို Dolby Atmos (True Theatre Surround) ပြန် Compress လုပ်ပေးနိုင်တာမို့ အသံထွက်ကတကယ် Immersive ဖြစ်စေတယ်။ PowerDVD ကို ဒီ Link မှာ Download ဆွဲပြီး Read Me File အတိုင်း Install လုပ်ပါ။ ဒီအဆင့်ထည့်ပြောရင် ရှည်သွားမစိုးလို့ Skip လိုက်ပါမယ်။

ဒီလိုဆိုတော့ ကျွန်တော်တို့လိုအပ်ချက်က Razer Surround ရယ် PowerDVD ရယ်နဲ့ နားကြပ်တစုံပါပဲ။ လိုအပ်တဲ့ Installation အားလုံးပြီးသွားရင် နှစ်သက်ရာ ရုပ်ရှင်နားဆင်ကြည့်ရင် Theatre Experience အပြည်ခံစားနိုင်ပါစေ။ သီချင်းနားထောင်ရင်လည်း မတရားငြိမ့်တယ်နော်၊ Speaker ပို Wide ဖြစ်သွားလို့ Feel အပြည့်နဲ့နားဆင်နိုင်မယ်။

ဒီ Setup ရဲ့ Alternate က Windows Store မှာ Subscription ၁ လနဲ့ အခမဲ့သုံးစွဲနိုင်မယ့် Dolby Access ပါ။ ဒါက Laptop တချို့နဲ့ စမတ်ဖုန်းတွေမှာ ပါလာတဲ့ Dolby Atmos ပဲဖြစ်ပြီး ကွန်ပျူတာမှာတော့ Virtual 7.1 Surround ထောက်ပံ့ပါတယ်။

ကျွန်တော် စမ်းသုံးကြည့်ရသလောက် Razer Surround အတွက် ရုပ်ရှင်၊ ဂိမ်းတော်တော်များများ ထောက်ပံ့နိုင်ပြီး Dolby Atmos ကတော့ Limitation ရှိပါတယ်။ ဂိမ်းတွက်ဆိုရင် Sound Setting ထဲမှာ 5.1 ဒါမှမဟုတ် 7.1 ဖွင့်ကစားပါ။ CS:GO လို Shooting Game မှာ အသံနားထောင်ပြီး ရန်သူလား၊ Ally လားခွဲခြားနိုင်မယ်။ သေနတ်ပစ်သံနားထောင်ပြီး Pin-point လုပ်နိုင်တယ်။ ကိုယ့်နောက်က လာပစ်ရင်တောင် ကွဲကွဲပြားပြားသိနိုင်တာမလို့ စမ်းကြည့်ပါ။

Dolby Atmos အားသာချက်က Positional Audio ဖြစ်တယ်တော့ ဂိမ်းကစားတာအတွက် ပိုကောင်းပါတယ်။ ဒါမယ့်ဂိမ်းကိုယ်တိုင်က Atmos Support လုပ်မှ ပို Relastic ဖြစ်တာမို့ Limitation တချို့ရှိနိုင်ပါတယ်။ ဒါပေမယ့် Software ၂ ခုစမ်းကြည့်ရသလောက်ဆိုရင် Razer Surround ကို Dolby Atmos Compression နဲ့တွဲသုံးတာက ပို Immersive ဖြစ်ပြီး ဆူညံကျယ်လောင်သွားတာမျိုးမရှိပါဘူး။ Speaker System က 8 Channel ဖြစ်သွားတဲ့အတွက် အသံခွဲထွက်နေပြီး နားဆင်ရပိုကောင်းပါတယ်။

ဒီလိုဆိုတော့ 7.1 Surround ကို ၂ သိန်းတန် နားကြပ်တွေ၊ Headphones ဝယ်နားထောင်စရာမလိုဘဲ Software Compression နဲ့ ရုပ်ရှင်ရုံထဲကလို ခံစားနားဆင်နိုင်ပါပြီ။ နောက်အားသာချက်တခုက Stereo သီချင်း၊ ရုပ်ရှင်နဲ့ ဂိမ်းတွေကို 7.1 Surround နဲ့နားဆင်ရင် အခန်းကျယ်ထဲရောက်သွားသလို ခံစားရပြီး တကယ့် Surround စစ်စစ်ဆိုရင်တော့ အသံတွေကိုယ့်ခေါင်းပတ်လည် ပြေးနေမယ်၊ မျက်စိထဲမမြင်ရပေမယ့် ဘေးနားကဖြတ်ပြေးသွားတာ၊ အပေါ်က ခြေသံတွေ ပီပီပြင်ပြင်ကြားရတာမလို့ ပိုက်ဆံမကုန်ဘဲ Entertainment အပြည့် နားဆင်နိုင်ပါပြီ။