[Zawgyi]

သင့္ရဲ႕ Window Computer မွာ Chrome OS ဘယ္လိုထည့္သြင္းမလဲ

Window OS ႀကီးသံုးေနရတာ ရိုးေနၿပိဆိုရင္ ေျပာင္းစမ္းစရာ OS ေတြအမ်ားႀကီးရွိပါတယ္။ Linux၊ Ubuntu နဲ႔ Fedora OS တို႔လို နာမည္ႀကီး Hacking OS ေတြကိုစမ္းသပ္အသံုးျပဳႏိုင္သလို Google ကေန ထုတ္ထားတဲ့ Chrome OS ကိုလည္း အေျပာင္းအလဲအေနန႔ဲ စမ္းသပ္ၾကည့္ႏိုင္ပါတယ္။

မ်ားေသာအားျဖင့္ ကြ်န္ေတာ္တို႔အေတာ္မ်ားမ်ား Window အစားထိုးေျပာင္းၿပီးသံုးျဖစ္ၾကတာက Linux နဲ႔ Ubuntu တို႔ျဖစ္သလို Tutorial ေတြအေနနဲ႔ဆိုရင္လည္း အဆိုပါ OS ေတြအတြက္ ျမန္မာ ဖိုရမ္ေတြ နဲ႔ Tutorial ေတြဟာ အေတာ္မ်ားမ်ားရွိေနၿပီးျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီတစ္ေခါက္မွာ Google Chrome OS ကို ဘယ္လို သြင္းရမလဲဆိုတာေဖာ္ျပေပးခ်င္ပါတယ္။ ျပဳလုပ္ရမယ့္နည္းအဆင့္ဆင့္ကို ပံုႏွင့္တကြ ေဖာ္ျပေပးလိုက္ပါတယ္။

နည္းလမ္းကိုမေဖာ္ျပခင္မွာ ဒီအခ်က္ေလးေတြကိုေတာ့ၾကိဳသိထားဖို႔လိုပါမယ္။

Chrome OS ကို Memory Stick မွာထည့္သြင္းၿပီး Window မွာ Boot တက္ကာ ယာယီ OS အေနနဲ႔စမ္းသပ္အသံုးျပဳႏိုင္ပါတယ္။
စမ္းသပ္အသံုးျပဳလို႔ သေဘာက် တယ္ဆိုမွ ကြန္ပ်ဴတာထဲ အၿပီး ထည့္သြင္းလို႔ရပါတယ္။
Chrome OS ကို ကြန္ပ်ဴတာထဲ အၿပီးထည့္သြင္းမယ္ဆိုရင္ စက္ထဲမွာရွိတဲ့ Window OS နဲ႔အျခားေသာ Data ေတြအားလံုးပ်က္စီးသြားမွာျဖစ္ပါတယ္။ စမ္းမယ္ဆိုရင္ ကြန္ပ်ဴတာ အေဟာင္း၊ အပို ဒါမွမဟုတ္ သင့္အလုပ္အတြက္ အေရးမႀကီးတဲ့ ကြန္ပ်ဴတာေပၚမွာသာထည့္သြင္းသင့္ပါတယ္။
ဒီနည္းလမ္းကိုလုပ္ေဆာင္ဖို႔အတြက္ သင္ဟာ ကြန္ပ်ဴ Window တင္တာနဲ႔ပတ္သက္ၿပီး
သိသင့္သိထိုက္တာမ်ားကို ကြ်မ္းက်င္စြာ တတ္ေျမာက္ထားရင္ပိုအဆင္ေျပပါမယ္။

Chrome OS တင္ဖို႔အတြက္ လိုအပ္မည့္ ပစၥည္းေတြကေတာ့ 8GB ထက္မနည္းတဲ့ Memory Stick တစ္ခုလိုမွာျဖစ္ပါတယ္။ ၄င္း Stick ကို ကြန္ပ်ဴတာမွာထိုးထားပါ။ ( Data မ်ားရွိပါကBackup လုပ္ၿပီး Format ရိုက္ထားဖို႔လိုပါမယ္)

ပထမဦးဆံုး OS File ကို ဒီေနရာကေန Download ျပဳလုပ္ပါ။ 32/64 bit အဆင္ေျပတာကိုေရြးႏိုင္ပါတယ္။

Download Chrome OS CloudReady: Home Edition

File Size ကေတာ့ 1GB နီးပါးရွိၿပီး File Format ကေတာ့ Zip file ျဖစ္ပါတယ္။ ၄င္း Zip file ကိုျဖည္ခ်လိုက္ရင္ေတာ့ 6GB ဝန္းက်င္ရွိတဲ့ Bin File တစ္ခုကိုေတြ႕ရမွာျဖစ္ပါတယ္။

Chrome Browser မွတဆင့္ Chromebook Recovery Utility Extensions ကိုထည့္သြင္းပါ။
ဒီေနရာကေန ဝင္ေရာက္ Download ျပဳလုပ္ႏု္ိင္ပါတယ္။

Extension ထည့္သြင္းၿပီးရင္ Launch လုပ္လိုက္ပါ။ ေအာက္က ပံုအတိုင္းေတြ႕ျမင္ရမွာျဖစ္ပါတယ္။

Fig – 1

ေအာက္က ပံုမွာျပထားတဲ့အတိုင္း Setting ကိုႏွိပ္ၿပီၤးေတာ့ Use Local image ကိုႏွိပ္လိုက္တာနဲ႔ File ေရြးဖို႔က်လာမွာျဖစ္ပါတယ္။ ပထမအဆင့္မွာတုန္းက Download လုပ္ၿပီး ျဖည္ထားတဲ့ 6GB ဝန္းက်င္ရွိတဲ့ bin File ကိုေရြးေပးရမွာျဖစ္ပါတယ္။

how to install chrome os on your old computer

Use Local Image

ဒုတိယအဆင့္မွာေတာ့ Memory Stick Location ေရြးေပးရမွာျဖစ္ပါတယ္။ Stick Location ေရြးၿပီးရင္ေတာ့ Continue ႏွိပ္ေပးလိုက္တာနဲ႔ OS ကို Stick ထဲထည့္သြင္းၿပီး Bootable Device Install လုပ္ေပးမွာျဖစ္ပါတယ္။ ၾကာျမင့္ခ်ိန္ကေတာ့ ၂၅ မိနစ္ခန္႔ျဖစ္ပါတယ္။

how to install chrome os on your old computer

Select Memory Stick

Bootable Device လုပ္ၿပီးသြားရင္ေတာ့ Chrome OS ကိုကြန္ပ်ဴတာမွာထည့္သြင္းဖို႔အတြက္ အဆင္သင့္ျဖစ္ေနပါၿပီ။ (Chrome OS ကိုထည့္သြင္းမယ့္ ကြန္ပ်ဴတာမွာ Boot Menu ကေနတဆင့္ Fastboot မွာ USB Stick ကိုေရြးေပးထားဖို႔လိုပါမယ္။ )
Fastboot မွာ USB Stick ကို ေရြးေပးၿပီးရင္ေတာ့ စက္ကို Restart လုပ္ေပးလိုက္ပါ။ Boot တက္လာတာနဲ႔ USB Stick ကေနတဆင့္ Chrome OS ကို Temporary အေနနဲ႔ Run သြားမွာျဖစ္ပါတယ္။ စမ္းသပ္အသံုးျပဳလို႔ရပါၿပီ။( Power ပိတ္ၿပီး Stick ကိုျဖဳတ္လိုက္တာနဲ႔ မူလ Window OS အတိုင္းျပန္သံုးႏိုင္ပါတယ္)

how to install chrome os on your old computer

Chrome OS Installation

အကယ္၍ USB Stick ကေနမသံုးပဲ Chrome OS ကို စက္မွာအၿပီးထည့္သြင္းမယ္ဆိုရင္ေတာ့ ညာဘက္ေထာင့္မွာရွိတဲ့ Setting ကတဆင့္ Install Chrome OS ကိုေရြးေပးလိုက္ရံုပါပဲ။ သင့္ရဲ႕ ကြန္ပ်ဴတာ Hard Disk ကို Format ျပဳလုပ္ၿပီး Chrome OS ကိုထည့္သြင္းေပးသြားမွာျဖစ္ပါတယ္။ Hard Disk ကို Format ျပဳလုပ္မွာျဖစ္တဲ့အတြက္ အထဲက Data ေတြကေတာ့ အကုန္ပ်က္သြားမွာျဖစ္ပါတယ္။ အကယ္၍ Window တင္ထားတဲ့ Mode က UEFI Mode ဆိုရင္ေတာ့ Window OS နဲ႔ Chrome OS ကို Dualboot အေနနဲ႔ထည့္သြင္းအသံုးျပဳႏိုင္ပါတယ္။

how to install chrome os on your old computer

Chrome OS Installation

OS Install ျပဳလုပ္ခ်ိန္ကေတာ့ မိနစ္ ၂၀ ထက္ပိုၾကာမွာမဟုတ္ပါဘူး။
ဒါဆိုရင္ေတာ့ Chrome OS ကိုထည့္သြင္းျခင္းလုပ္ငန္းစဥ္ၿပီးဆံုးၿပီျဖစ္ပါတယ္။

Chrome OS

Chrome OS

Chrome OS ရဲ႕အားသာခ်က္ကေတာ့ လုပ္ေဆာင္ခ်က္ေတြေပါ့ပါးသလို Battery သံုးစြဲမႈလည္းအေတာ္ကို သိသိသာသာေလ်ာ့နည္းပါတယ္။ ပံုမွန္အသံုးျပဳေနက် Window OS ရဲ႕ Battery သံုးစြဲမႈထက္ကို ထက္ဝက္နီးပါးပိုအသံုးခံတာကိုေတြ႕ရွိရပါတယ္။ ျမန္မာစာအတြက္ Google Chrome Browser ကေနတဆင့္ Font Changer မွာ Zawgyi ttf file ထည့္သြင္း၍၄င္း Keyboard အတြက္ Monkey keyboard layout ကိုထည့္သြင္း၍လည္းေကာင္းအသံုးျပဳႏိုင္ပါတယ္။

Photo;linux.com

Phone Hay Ko (Akhayar)
www.akhayar.com

[Unicode]

သင့်ရဲ့ Window Computer မှာ Chrome OS ဘယ်လိုထည့်သွင်းမလဲ

Window OS ကြီးသုံးနေရတာ ရိုးနေပြိဆိုရင် ပြောင်းစမ်းစရာ OS တွေအများကြီးရှိပါတယ်။ Linux၊ Ubuntu နဲ့ Fedora OS တို့လို နာမည်ကြီး Hacking OS တွေကိုစမ်းသပ်အသုံးပြုနိုင်သလို Google ကနေ ထုတ်ထားတဲ့ Chrome OS ကိုလည်း အပြောင်းအလဲအနေနဲ့ စမ်းသပ်ကြည့်နိုင်ပါတယ်။

များသောအားဖြင့် ကျွန်တော်တို့အတော်များများ Window အစားထိုးပြောင်းပြီးသုံးဖြစ်ကြတာက Linux နဲ့ Ubuntu တို့ဖြစ်သလို Tutorial တွေအနေနဲ့ဆိုရင်လည်း အဆိုပါ OS တွေအတွက် မြန်မာ ဖိုရမ်တွေ နဲ့ Tutorial တွေဟာ အတော်များများရှိနေပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ Google Chrome OS ကို ဘယ်လို သွင်းရမလဲဆိုတာဖော်ပြပေးချင်ပါတယ်။ ပြုလုပ်ရမယ့်နည်းအဆင့်ဆင့်ကို ပုံနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။

နည်းလမ်းကိုမဖော်ပြခင်မှာ ဒီအချက်လေးတွေကိုတော့ကြိုသိထားဖို့လိုပါမယ်။

Chrome OS ကို Memory Stick မှာထည့်သွင်းပြီး Window မှာ Boot တက်ကာ ယာယီ OS အနေနဲ့စမ်းသပ်အသုံးပြုနိုင်ပါတယ်။
စမ်းသပ်အသုံးပြုလို့ သဘောကျ တယ်ဆိုမှ ကွန်ပျူတာထဲ အပြီး ထည့်သွင်းလို့ရပါတယ်။
Chrome OS ကို ကွန်ပျူတာထဲ အပြီးထည့်သွင်းမယ်ဆိုရင် စက်ထဲမှာရှိတဲ့ Window OS နဲ့အခြားသော Data တွေအားလုံးပျက်စီးသွားမှာဖြစ်ပါတယ်။ စမ်းမယ်ဆိုရင် ကွန်ပျူတာ အဟောင်း၊ အပို ဒါမှမဟုတ် သင့်အလုပ်အတွက် အရေးမကြီးတဲ့ ကွန်ပျူတာပေါ်မှာသာထည့်သွင်းသင့်ပါတယ်။
ဒီနည်းလမ်းကိုလုပ်ဆောင်ဖို့အတွက် သင်ဟာ ကွန်ပျူ Window တင်တာနဲ့ပတ်သက်ပြီး
သိသင့်သိထိုက်တာများကို ကျွမ်းကျင်စွာ တတ်မြောက်ထားရင်ပိုအဆင်ပြေပါမယ်။

Chrome OS တင်ဖို့အတွက် လိုအပ်မည့် ပစ္စည်းတွေကတော့ 8GB ထက်မနည်းတဲ့ Memory Stick တစ်ခုလိုမှာဖြစ်ပါတယ်။ ၎င်း Stick ကို ကွန်ပျူတာမှာထိုးထားပါ။ ( Data များရှိပါကBackup လုပ်ပြီး Format ရိုက်ထားဖို့လိုပါမယ်)

ပထမဦးဆုံး OS File ကို ဒီနေရာကနေ Download ပြုလုပ်ပါ။ 32/64 bit အဆင်ပြေတာကိုရွေးနိုင်ပါတယ်။

Download Chrome OS CloudReady: Home Edition

File Size ကတော့ 1GB နီးပါးရှိပြီး File Format ကတော့ Zip file ဖြစ်ပါတယ်။ ၎င်း Zip file ကိုဖြည်ချလိုက်ရင်တော့ 6GB ဝန်းကျင်ရှိတဲ့ Bin File တစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်။

Chrome Browser မှတဆင့် Chromebook Recovery Utility Extensions ကိုထည့်သွင်းပါ။
ဒီနေရာကနေ ဝင်ရောက် Download ပြုလုပ်နိုင်ပါတယ်။

Extension ထည့်သွင်းပြီးရင် Launch လုပ်လိုက်ပါ။ အောက်က ပုံအတိုင်းတွေ့မြင်ရမှာဖြစ်ပါတယ်။

Fig – 1

အောက်က ပုံမှာပြထားတဲ့အတိုင်း Setting ကိုနှိပ်ပြီၤးတော့ Use Local image ကိုနှိပ်လိုက်တာနဲ့ File ရွေးဖို့ကျလာမှာဖြစ်ပါတယ်။ ပထမအဆင့်မှာတုန်းက Download လုပ်ပြီး ဖြည်ထားတဲ့ 6GB ဝန်းကျင်ရှိတဲ့ bin File ကိုရွေးပေးရမှာဖြစ်ပါတယ်။

how to install chrome os on your old computer

Use Local Image

ဒုတိယအဆင့်မှာတော့ Memory Stick Location ရွေးပေးရမှာဖြစ်ပါတယ်။ Stick Location ရွေးပြီးရင်တော့ Continue နှိပ်ပေးလိုက်တာနဲ့ OS ကို Stick ထဲထည့်သွင်းပြီး Bootable Device Install လုပ်ပေးမှာဖြစ်ပါတယ်။ ကြာမြင့်ချိန်ကတော့ ၂၅ မိနစ်ခန့်ဖြစ်ပါတယ်။

how to install chrome os on your old computer

Select Memory Stick

Bootable Device လုပ်ပြီးသွားရင်တော့ Chrome OS ကိုကွန်ပျူတာမှာထည့်သွင်းဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။ (Chrome OS ကိုထည့်သွင်းမယ့် ကွန်ပျူတာမှာ Boot Menu ကနေတဆင့် Fastboot မှာ USB Stick ကိုရွေးပေးထားဖို့လိုပါမယ်။ )
Fastboot မှာ USB Stick ကို ရွေးပေးပြီးရင်တော့ စက်ကို Restart လုပ်ပေးလိုက်ပါ။ Boot တက်လာတာနဲ့ USB Stick ကနေတဆင့် Chrome OS ကို Temporary အနေနဲ့ Run သွားမှာဖြစ်ပါတယ်။ စမ်းသပ်အသုံးပြုလို့ရပါပြီ။( Power ပိတ်ပြီး Stick ကိုဖြုတ်လိုက်တာနဲ့ မူလ Window OS အတိုင်းပြန်သုံးနိုင်ပါတယ်)

how to install chrome os on your old computer

Chrome OS Installation

အကယ်၍ USB Stick ကနေမသုံးပဲ Chrome OS ကို စက်မှာအပြီးထည့်သွင်းမယ်ဆိုရင်တော့ ညာဘက်ထောင့်မှာရှိတဲ့ Setting ကတဆင့် Install Chrome OS ကိုရွေးပေးလိုက်ရုံပါပဲ။ သင့်ရဲ့ ကွန်ပျူတာ Hard Disk ကို Format ပြုလုပ်ပြီး Chrome OS ကိုထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ Hard Disk ကို Format ပြုလုပ်မှာဖြစ်တဲ့အတွက် အထဲက Data တွေကတော့ အကုန်ပျက်သွားမှာဖြစ်ပါတယ်။ အကယ်၍ Window တင်ထားတဲ့ Mode က UEFI Mode ဆိုရင်တော့ Window OS နဲ့ Chrome OS ကို Dualboot အနေနဲ့ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

how to install chrome os on your old computer

Chrome OS Installation

OS Install ပြုလုပ်ချိန်ကတော့ မိနစ် ၂၀ ထက်ပိုကြာမှာမဟုတ်ပါဘူး။
ဒါဆိုရင်တော့ Chrome OS ကိုထည့်သွင်းခြင်းလုပ်ငန်းစဉ်ပြီးဆုံးပြီဖြစ်ပါတယ်။

Chrome OS

Chrome OS

Chrome OS ရဲ့အားသာချက်ကတော့ လုပ်ဆောင်ချက်တွေပေါ့ပါးသလို Battery သုံးစွဲမှုလည်းအတော်ကို သိသိသာသာလျော့နည်းပါတယ်။ ပုံမှန်အသုံးပြုနေကျ Window OS ရဲ့ Battery သုံးစွဲမှုထက်ကို ထက်ဝက်နီးပါးပိုအသုံးခံတာကိုတွေ့ရှိရပါတယ်။ မြန်မာစာအတွက် Google Chrome Browser ကနေတဆင့် Font Changer မှာ Zawgyi ttf file ထည့်သွင်း၍၎င်း Keyboard အတွက် Monkey keyboard layout ကိုထည့်သွင်း၍လည်းကောင်းအသုံးပြုနိုင်ပါတယ်။

Photo;linux.com

Phone Hay Ko (Akhayar)
www.akhayar.com