[ZawGyi]

ေရွ႕သို႔ေျမာ္ျမင္ေတြးေတာႏိုင္တဲ႔စြမ္းရည္ Conceptual Skill တက္ေအာင္ဘာေတြလုပ္မလဲ

Conceptual Skill လို႔ေခၚတဲ႔ေရွ႕သို႔ေတြးေတာစဥ္းစားႏိုင္တဲ႔စြမ္းရည္ဆိုတာဟာဒီေန႔ေခတ္မွာမျဖစ္မေနလုိအပ္လာတဲ႔စြမ္းရည္တစ္ခုပါ။ Information ေခတ္ Knowledge ေခတ္ကိုေရာက္ရွိျပီးခ်ိန္မွာ ေရွ႕ကိုၾကိဳျမင္တတ္ျခင္း၊ ဖန္တီးမႈနဲ႔စိတ္ကူးIdea ေကာင္းျခင္းေတြကပိုအေရးၾကီးလာခဲ႔ပါျပီ။ Cyber Science Institute ရဲ႕ Executive Director Robert Katz ကေျပာခဲ႔ဖူးပါတယ္။ အဖြဲ႔အစည္းတစ္ခုမွာလူတစ္ေယာက္ဟာ ထိပ္ပိုင္းကိုေရာက္လာတာနဲ႔အမွ် Technical Skill ကနည္းနည္းပဲလိုအပ္ေတာ႔မွာျဖစ္ျပီး Conceptual Skill ကပိုလုိအပ္လာမွာပါတဲ႔။ ဒီေတာ႔ အဖြဲ႕ေခါင္းေဆာင္ဘဝမွသည္ လူၾကီးေနရာေရာက္လာသည္အထိ ေရွ႕ကိုေျမာ္ျမင္ႏိုင္တဲ႔စြမ္းရည္တိုးလာေစဖုိ႔ ဒီအခ်က္ေတြကိုလုပ္ေဆာင္ဖုိ႔လိုပါတယ္။

၁) ပထမဆံုးအခ်က္က Observation ေကာင္းေကာင္းလုပ္ဖို႔ပါ။ ေခါင္းေဆာင္ေတြကို အနီးကပ္ေလ႔လာပါ။ ဘယ္ျပႆနာေတြကို သူတုိ႔ဘယ္လုိေျဖရွင္းသလဲ။ ဆံုးျဖတ္ခ်က္ခ်ဖို႔အတြက္ ဘာေတြကိုထည္႔တြက္စဥ္းစားသလဲ။ သူတို႔ဆံုးျဖတ္ခ်က္ေတြ ဘယ္လုိထြက္ရွိလာသလဲ စသျဖင္႔အနီးကပ္ေလ႔လာခြင္႔ရသမွ်ေလ႔လာရမွာျဖစ္ပါတယ္။

၂) ေနာက္တစ္ခ်က္က ျပႆနာေတြကိုေလ႔လာရမွာပါ။ Case Studies အေနနဲ႔ေလ႔လာသံုးသပ္ပါ။ အေျခအေနကိုေလ႔လာျပီး သူတုိ႔အတြက္အေျဖရွာေပးႏိုင္ရမွာျဖစ္ပါတယ္။ မတူညီတဲ႔အျမင္ အားလံုးရဲ႕အျမင္ကို ထည္႔သြင္းေဆြးေႏြးဖို႔ မျဖစ္မေနလုိအပ္ပါတယ္။

၃) Business Management နဲ႔ပတ္သက္တဲ႔ Seminar နဲ႔ Training ေတြတက္ပါ။ ကိုယ္႔နယ္ပယ္ထဲကလူေတြေရာ ျပင္ပကလူေတြေရာနဲ႔ခ်ိတ္ဆက္တတ္ရပါမယ္။ မတူညီတဲ႔လုပ္ငန္းသေဘာ သဘာဝေတြကိုမ်ားမ်ားနားလည္ေလ ေကာင္းေလပါပဲ။

၄) ေအာင္ျမင္တဲ႔စီးပြားေရးလုပ္ငန္းေတြအေၾကာင္း၊ နည္းပညာအသစ္ေတြအေၾကာင္းအျမဲမျပတ္ေလ႔လာပါ။ ဒါေတြက အနာဂတ္စီးပြားေရးကို ဘယ္ေလာက္ထိ သက္ေရာက္လာႏိုင္မလဲဆိုတာ စူးစမ္းေနသင္႔ပါတယ္။

၅) ကိုယ္႔စိတ္ကူးေတြကိ လူေတြနဲ႔မ်ားမ်ားေဆြးေႏြးပါ။ ဒါမွ ကြာဟခ်က္ေတြလိုအပ္ခ်က္ေတြကို ပိုျမင္လာမွာျဖစ္သလို အၾကံဥာဏ္ေကာင္းေတြလည္းပိုမိုရရွိလာမွာျဖစ္ပါတယ္။

၆) ကိုယ္ေလးစားအားက်ရတဲ႔သူတစ္ဦးရွိရပါမယ္။ ကိုယ္က်င္လည္ေနရတဲ႔အလုပ္နယ္ပယ္မွာ ဆရာျဖစ္ေနတဲ႔ကၽြမ္းက်င္သူတစ္ဦးဆီကေန အၾကံဥာဏ္ေတြ ေတာင္းတတ္ဖို႔လိုပါတယ္။

၇) စာရြက္နဲ႔ခဲတံေတြ၊ Chart ေတြ၊ Maps ေတြ စတဲ႔ ရိုးရွင္းတဲ႔ Tools ေလးေတြက ကိုယ္႔အေတြးအျမင္ေတြရွင္းလင္းလာေစဖို႔အမ်ားၾကီး အေထာက္အကူေပးပါတယ္ေနာ္။

၈) အဖြဲ႕အစည္းမွာ ကိုယ္လုပ္ေနက်အလုပ္ေတြမဟုတ္ဘဲ တျခားေသာအလုပ္နဲ႔တာဝန္ယူမႈေတြကို ေျပာင္းလဲလုပ္ေဆာင္ၾကည္႔ေပးပါ။ ဒီအခ်က္ကလည္း သင္႔ကိုအမ်ားၾကီးစဥ္းစားေတြးေခၚတတ္ တကယ္႔လုိအပ္ခ်က္ကိုသိရွိကိုင္တြယ္တတ္လာေစပါလိမ္႔မယ္။

ဒါေတြကေတာ႔ Conceptual Skill တိုးတက္လာေစမယ္႔ အေျခခံအက်ဆံုးအခ်က္ေတြပါပဲ။ အားလံုးပဲ ႏွစ္သစ္မွာ ေအာင္ျမင္မႈအသစ္ေတြပိုင္ဆုိင္ႏိုင္ၾကပါေစနာ္။

www.akhayar.com

[Unicode]

ရှေ့သို့မြော်မြင်တွေးတောနိုင်တဲ့စွမ်းရည် Conceptual Skill တက်အောင်ဘာတွေလုပ်မလဲ

Conceptual Skill လို့ခေါ်တဲ့ရှေ့သို့တွေးတောစဉ်းစားနိုင်တဲ့စွမ်းရည်ဆိုတာဟာဒီနေ့ခေတ်မှာမဖြစ်မနေလိုအပ်လာတဲ့စွမ်းရည်တစ်ခုပါ။ Information ခေတ် Knowledge ခေတ်ကိုရောက်ရှိပြီးချိန်မှာ ရှေ့ကိုကြိုမြင်တတ်ခြင်း၊ ဖန်တီးမှုနဲ့စိတ်ကူးIdea ကောင်းခြင်းတွေကပိုအရေးကြီးလာခဲ့ပါပြီ။ Cyber Science Institute ရဲ့ Executive Director Robert Katz ကပြောခဲ့ဖူးပါတယ်။ အဖွဲ့အစည်းတစ်ခုမှာလူတစ်ယောက်ဟာ ထိပ်ပိုင်းကိုရောက်လာတာနဲ့အမျှ Technical Skill ကနည်းနည်းပဲလိုအပ်တော့မှာဖြစ်ပြီး Conceptual Skill ကပိုလိုအပ်လာမှာပါတဲ့။ ဒီတော့ အဖွဲ့ခေါင်းဆောင်ဘဝမှသည် လူကြီးနေရာရောက်လာသည်အထိ ရှေ့ကိုမြော်မြင်နိုင်တဲ့စွမ်းရည်တိုးလာစေဖို့ ဒီအချက်တွေကိုလုပ်ဆောင်ဖို့လိုပါတယ်။

၁) ပထမဆုံးအချက်က Observation ကောင်းကောင်းလုပ်ဖို့ပါ။ ခေါင်းဆောင်တွေကို အနီးကပ်လေ့လာပါ။ ဘယ်ပြဿနာတွေကို သူတို့ဘယ်လိုဖြေရှင်းသလဲ။ ဆုံးဖြတ်ချက်ချဖို့အတွက် ဘာတွေကိုထည့်တွက်စဉ်းစားသလဲ။ သူတို့ဆုံးဖြတ်ချက်တွေ ဘယ်လိုထွက်ရှိလာသလဲ စသဖြင့်အနီးကပ်လေ့လာခွင့်ရသမျှလေ့လာရမှာဖြစ်ပါတယ်။

၂) နောက်တစ်ချက်က ပြဿနာတွေကိုလေ့လာရမှာပါ။ Case Studies အနေနဲ့လေ့လာသုံးသပ်ပါ။ အခြေအနေကိုလေ့လာပြီး သူတို့အတွက်အဖြေရှာပေးနိုင်ရမှာဖြစ်ပါတယ်။ မတူညီတဲ့အမြင် အားလုံးရဲ့အမြင်ကို ထည့်သွင်းဆွေးနွေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။

၃) Business Management နဲ့ပတ်သက်တဲ့ Seminar နဲ့ Training တွေတက်ပါ။ ကိုယ့်နယ်ပယ်ထဲကလူတွေရော ပြင်ပကလူတွေရောနဲ့ချိတ်ဆက်တတ်ရပါမယ်။ မတူညီတဲ့လုပ်ငန်းသဘော သဘာဝတွေကိုများများနားလည်လေ ကောင်းလေပါပဲ။

၄) အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတွေအကြောင်း၊ နည်းပညာအသစ်တွေအကြောင်းအမြဲမပြတ်လေ့လာပါ။ ဒါတွေက အနာဂတ်စီးပွားရေးကို ဘယ်လောက်ထိ သက်ရောက်လာနိုင်မလဲဆိုတာ စူးစမ်းနေသင့်ပါတယ်။

၅) ကိုယ့်စိတ်ကူးတွေကိ လူတွေနဲ့များများဆွေးနွေးပါ။ ဒါမှ ကွာဟချက်တွေလိုအပ်ချက်တွေကို ပိုမြင်လာမှာဖြစ်သလို အကြံဉာဏ်ကောင်းတွေလည်းပိုမိုရရှိလာမှာဖြစ်ပါတယ်။

၆) ကိုယ်လေးစားအားကျရတဲ့သူတစ်ဦးရှိရပါမယ်။ ကိုယ်ကျင်လည်နေရတဲ့အလုပ်နယ်ပယ်မှာ ဆရာဖြစ်နေတဲ့ကျွမ်းကျင်သူတစ်ဦးဆီကနေ အကြံဉာဏ်တွေ တောင်းတတ်ဖို့လိုပါတယ်။

၇) စာရွက်နဲ့ခဲတံတွေ၊ Chart တွေ၊ Maps တွေ စတဲ့ ရိုးရှင်းတဲ့ Tools လေးတွေက ကိုယ့်အတွေးအမြင်တွေရှင်းလင်းလာစေဖို့အများကြီး အထောက်အကူပေးပါတယ်နော်။

၈) အဖွဲ့အစည်းမှာ ကိုယ်လုပ်နေကျအလုပ်တွေမဟုတ်ဘဲ တခြားသောအလုပ်နဲ့တာဝန်ယူမှုတွေကို ပြောင်းလဲလုပ်ဆောင်ကြည့်ပေးပါ။ ဒီအချက်ကလည်း သင့်ကိုအများကြီးစဉ်းစားတွေးခေါ်တတ် တကယ့်လိုအပ်ချက်ကိုသိရှိကိုင်တွယ်တတ်လာစေပါလိမ့်မယ်။

ဒါတွေကတော့ Conceptual Skill တိုးတက်လာစေမယ့် အခြေခံအကျဆုံးအချက်တွေပါပဲ။ အားလုံးပဲ နှစ်သစ်မှာ အောင်မြင်မှုအသစ်တွေပိုင်ဆိုင်နိုင်ကြပါစေနာ်။

www.akhayar.com