[ZawGyi]

သင္ေလ ခ်ာေလ သခ်ၤာမျဖစ္ရေအာင္

သခ်ၤာဆိုတာ လူေတာ္ေတာ္မ်ားမ်ားအတြက္ေတာ့ ေၾကာက္စရာေကာင္းတဲ့ ဘာသာရပ္ျဖစ္ေနဆဲပါပဲ။ ကၽြန္ေတာ္ဆို သခ်ၤာမပါတဲ့ ဘာသာတြဲရွိရင္ ယူမယ္ဆိုတဲ့ အထိ ေၾကာက္ခဲ့ပါတယ္။ 😀 ဒါေပမယ့္ အဲဒီ ေၾကာက္စရာေကာင္းတဲ့ သခ်ာၤကို စနစ္တက် ခ်ဥ္းကပ္ႏုိင္မယ္ဆိုရင္ ေၾကာက္စရာမေကာင္းေတာ့တဲ့ အျပင္ သခ်ာၤေတာ္ျပီး ေပ်ာ္လာမွာ အမွန္ပါပဲ။ အနာသိရင္ ေဆးရွိတယ္ဆိုသလိုမ်ိဳးေပါ့ဗ်ာ။

သခ်ာၤတြက္ရေတာ့မယ့္တာနဲ႔ ေခါင္းေတြ မူးခ်င္လာတာမ်ိဳး မျဖစ္ရေလေအာင္ ဘယ္လိုနည္းလမ္းေတြက ခင္ဗ်ားတို႔ရဲ့ သခ်ၤာ skill ကို တိုးတက္ေစႏုိင္မလဲ လက္တို႔ျပီး ေျပာျပခ်င္ပါတယ္။

1. ခင္ဗ်ားရဲ့ သခ်ၤာဥာဏ္ကို ထက္ေနေအာင္ ေသြးပါ။

၁။ သခ်ၤာနဲ႔ ပက္သက္တဲ့ game ေတြကို ကစားပါ။

သခ်ၤာဂိမ္းေတြ၊ ဥာဏ္စမ္းဂိမ္းေတြဟာ ခင္ဗ်ားရဲ့ သခ်ၤာကၽြမ္းက်င္မႈကို ႏႈိးဆြေပးႏုိင္သလို ကစားေနတဲ့အခါမွာလည္း သခ်ၤာတြက္ရသလို ပ်င္းစရာ၊ ေၾကာက္စရာမေကာင္းဘဲ ေပ်ာ္ေပ်ာ္ၾကီးေဆာ့ရမွာမို႔လိုပါပဲ။ ကစားလို႔ ေကာင္းတဲ့ သခ်ာၤဂိမ္းတခ်ိဳ႕ကို ညႊန္းရရင္ေတာ့

  • DragonBox5+ – ဒါကေတာ့ ခင္ဗ်ားရဲ့ အကၡရာသခ်ၤာစြမ္းရည္ကို ပိုေကာင္းေအာင္ တည္ေဆာက္ေပးတဲ့ ဂိမ္းတစ္ခုပါ၊ ခင္ဗ်ား မကၽြမ္းက်င္မခ်င္း ေဆာ့ကစားႏုိင္ပါတယ္။
  • Prodigy – ဒီဂိမ္းကေတာ့ Elementary-school အရြယ္ေက်ာင္းသားေတြအတြက္ ပစ္မွတ္ထားျပီးေတာ့ ဒီ Role-playing ဂိမ္းမွာ ကစားသမားေတြကို သခ်ၤာကို အသံုးျပဳေစျပီး ႏွစ္သက္ဖြယ္ဆန္းၾကယ္ကမာၻမွာ ပါဝင္ေဆာ့ကစားေစတာပါ။
  • ဒီလိုမ်ိဳး တျခားဂိမ္းေတြလည္း Online မွာ ရႏုိင္ေသးသလို apps ေတြလည္း အမ်ားၾကီးရွိေသးတဲ့ အတြက္ နည္းနည္းပိုရွာေဖြလိုက္ရင္ ခင္ဗ်ားနဲ႔ ကိုက္ညီတဲ့ ဂိမ္းေတြကို ထပ္ေတြ႔လာမွာပါ။

၂။ သခ်ၤာကို ခင္ဗ်ားဘဝအစိတ္အပိုင္းထဲမွာပါ ပါဝင္ေအာင္ျပဳလုပ္ပါ။

ခင္ဗ်ားရဲ့ ေန႔စဥ္ဘဝထဲက ေရာေႏွာေပါင္းစပ္ထားတဲ့ သခ်ၤာနဲ႔ဆိုင္တဲ့ ေမးခြန္းေတြဟာ ခင္ဗ်ားရဲ့ သခ်ၤာဥာဏ္ရည္ကို ထက္ျမက္ေစသလို ခင္ဗ်ားရဲ့ ပတ္ဝန္းက်င္ဟာ သခ်ၤာနဲ႔ မကင္းႏုိင္ဘူးဆိုတာလည္း သတိရေစပါတယ္။

  • အမ်ားအားျဖင့္ေတာ့ ေန႔စဥ္ဘဝမွာ သံုးရတာ အသံုးခ်သခ်ၤာပါ။ ဥပမာဗ်ာ ခင္ဗ်ားက sweater တစ္ထည္ကို ၃၈၀၀၀ က်ပ္နဲ႔ ဝယ္မယ္ဆိုပါေတာ့၊ ဆုိင္က ေစ်းႏႈန္းကပ္ျပားေပၚမွာ ၃၀ ရာႏႈန္းေလွ်ာ့ေပးထားတယ္ဆိုရင္ မူရင္းေစ်းႏႈန္းက ဘယ္ေလာက္ျဖစ္မလဲ စဥ္းစားၾကည့္တာမ်ိဳးေပ့ါ။
  • ဒါမွ မဟုတ္လည္း ကုိယ့္ဘာသာကိုယ္ အေျခအေနသစ္တစ္ခုဖန္တီးျပီး သခ်ၤာစြမ္းရည္ထုတ္သံုးလို႔ရေအာင္ လုပ္ၾကည့္ပါ။ ဥပမာက ခင္ဗ်ားက လမ္းေလွ်ာက္တာ ဝါသနာပါတယ္ဆိုရင္ ၇မိုင္စာေလာက္ ေလွ်ာက္မယ္ စိတ္ကူးထားၾကည့္လိုက္ဗ်ာ။ ခင္ဗ်ားက မိနစ္၂၀ကုိ တစ္မုိင္စာ ေလွ်ာက္ႏုိင္တယ္ဆိုရင္ ဒီခရီးကို ေရာက္ဖို႔ ဘယ္ေလာက္အခ်ိန္ျဖဳန္းမလဲ၊ ျမန္ျမန္စံခ်ိန္သစ္တင္ခ်င္ရင္ ဘယ္ႏွစ္မိနစ္နဲ႔ တစ္မုိင္ကို အျပီးေလွ်ာက္ရမလဲ။ ဒါမွ မဟုတ္လည္း ခင္ဗ်ားရဲ့ သူငယ္ခ်င္းကို သြားၾကိဳဖို႔ ၁၃ မုိင္စာ ကားေမာင္းရမယ္၊ ၾကိဳရမယ့္ အခ်ိန္က ေန႔လည္ ၁း၃၀ အေရာက္ဆိုပါစို႔။ အျမန္ႏႈန္းကန္႔သက္ခ်က္ကလည္း 45 mph ( 72 km/h) ပဲ ေမာင္းလို႔ ရတယ္ဆုိရင္ ခင္ဗ်ားသူ႔ဆီေရာက္ဖို႔ ဘယ္ခ်ိန္အိမ္က ထြက္ရင္ ေကာင္းမလဲ စဥ္းစားတာမ်ိဳးေပါ့။

၃။ ျခံဳငံုျပီး စဥ္းစားပါ။

သခ်ၤာကို တကုပ္ကုပ္တြက္၊ Formula ေတြ တတြတ္တြတ္က်က္ရတာ တစ္ခါတေလေတာ့ စိတ္ပ်က္စရာ အရမး္ေကာင္းပါတယ္၊ ဒါဟာလည္း သခ်ၤာကို ေၾကာက္ရတဲ့ အခ်က္ေတြထဲက တစ္ခုပါပဲ။ ဒါေပမယ့္ ဒီ Formula ေတြရဲ့ ေနာက္ကြယ္က အေၾကာင္းအရာေတြ၊ ဘာေၾကာင့္ ဒီလို Formula ျဖစ္လာရသလဲလို႔ စဥ္းစားရင္ ပိုျပီး စိတ္ဝင္စားစရာေကာင္းျပီး အလုပ္ျဖစ္ပါတယ္။

  • သုေတသနျပဳတာေလးနဲ႔ စပါ။ Pythagorean Theorem ကို ခင္ဗ်ား သင္ၾကားေနတယ္ဆိုပါစို႔။ Pythagoras ဆိုတာ ဘယ္သူလဲ၊ သူက ဒီၾတိဂံေတြနဲ႔ ဘာလုပ္ခဲ့တာလဲ၊ ဒီ Theorem ဘယ္လိုေဖာ္ထုတ္ခဲ့ျပီး ဘယ္သူေတြကေရာ ဆက္လက္ေလ့လာအသံုးျပဳၾကေသးလဲဆိုတာမ်ိဳးေပါ့။ Math Concept တစ္ခု၊ Formula တစ္ခုကို ဒီအတုိင္းမွတ္ေနမယ့္အစား ဒီလိုမ်ိဳးမွတ္တာက ပိုစိတ္ဝင္စားစရာေကာင္းျပီး ပိုနားလည္လြယ္ေစမွာပါ။
  • ဥပေဒသ အသစ္စဥ္းစားၾကည့္ပါ၊ ဒီ Pythagorean Theorem ကိုပဲ ၾတိဂံမဟုတ္ဘဲ တျခား Shapes ေတြမွာေရာ အသံုးခ်လို႔ ရမလား၊ ဥပမာ ေထာင့္မွန္စတုဂံ၊ စတုရန္းေတြနဲ႔ ဆဋဂံေတြမွာေရာ အသံုးခ်လို႔ ရလား၊ ရတယ္ဆုိ ဘာလို႔လဲ၊ မရဘူးဆိုရင္ေရာ ဘာလို႔ မရတာလဲေပါ့။ ဒီလိုေပါင္းစပ္ေတြးၾကည့္တာဟာ သခ်ၤာကို ရုိးရိုးေလ့လာတာထက္ ပိုတာသြားေစပါတယ္။

2. သခ်ၤာအတန္းေတြ သြားတက္ေတာ့မယ္ဆုိရင္

၁။ စာေလ့လာခ်ိန္ကို ေသခ်ာဆြဲပါ။

သခၤ်ာေၾကာက္တယ္ဆိုရင္ သခၤ်ာအတြက္ အခ်ိန္သက္သက္ေပးပါ။ သခ်ၤာနဲ႔ ပက္သက္ျပီး အိမ္စာေတြ၊ Assignment ေတြ မရွိဘူးဆိုရင္ေတာင္ တစ္ေန႔ကို အနည္းဆံုး ၁၅ မိနစ္ေလာက္ ပံုစံတူ ပုစာၦေတြ တြက္တာမ်ိဳး၊ မွတ္စုေတြ ျပန္ၾကည့္တာမ်ိဳး လုပ္ေပးပါ။ ေန႔စဥ္ေလ့လာေပးျခင္းဟာ သခ်ၤာစြမ္းရည္ကို ပိုမိုျမင့္တက္ေစပါတယ္။

  • သတိျပဳရမွာက သခ်ၤာေလ့လာျခင္းဟာ အျခားဘာသာရပ္ေလ့လာျခင္းနဲ႔ မတူတာက မ်ားမ်ားေလ့က်င့္တြက္ခ်က္ေနဖို႔ လိုတာပါပဲ။ မ်ားမ်ားေလ့က်င့္ေလ၊ ပိုပိုေတာ္လာေလေပါ့။

၂။ ၾကိဳဖတ္ထားပါ။

ေနာက္လာမယ့္ အတန္းမွာ သင္မယ့္ Chapter ကို ၾကိဳဖတ္ထားပါ။ ဒီလိုၾကိဳဖတ္ထားျခင္းဟာ သခ်ၤာမွ မဟုတ္၊ ဘယ္ဘာသာရပ္မဆို ဒီအေလ့အက်င့္ဟာ အေတာ္ေကာင္းပါတယ္။ အတန္းကို မေရာက္ခင္မွာ သင္မယ့္ Chapter ရဲ့ အဓိက Idea ကို တီးမိေခါက္မိရွိရင္ ရပါျပီ။

 3.သခ်ၤာအတန္းထဲမွာေရာ ဘယ္လုိေလ႔လာမလဲ

၁။ ေမးခြန္းေတြ ေမးပါ။

ေမးခြန္းေမးစရာရွိရင္၊ မရွင္းတာရွိရင္ ေမးဖို႔ ေၾကာက္မေနပါနဲ႔။ ခ်က္ခ်င္းေမးဖို႔ အဆင္မေျပရင္ေတာင္ ကိုယ့္ေမးခြန္းေတြကို ခ်ေရးထားျပီး အတန္းအျပီးမွာ ေမးလို႔ရပါတယ္။

4.အတန္းခ်ိန္အျပီး ျပန္လည္ေလ့က်င့္ျခင္း

၁။ သခ်ၤာေၾကာက္တယ္ဆိုရင္ သခ်ၤာကို ပထမဦးစားေပးအေနနဲ႔ ေလ့လာပါ။ ျဖစ္ႏုိင္ရင္ ပံုမွန္ေလ့လာနည္းကို သံုးပါ။ ေန႔စဥ္ဒီအခ်ိန္ဆုိရင္ ဒီအခ်ိန္ပဲ ေလ့လာတာမ်ိဳးေပါ့။

  • Study Time ျပီးတုိင္း ကိုယ့္ကိုယ္ကုိ ျပန္ျပီး ဆုခ်ီးျမွွင့္ပါ။ ဥပမာ -မုန္႔ထြက္စားလိုက္တာမ်ိဳး၊ ဂိမ္းတစ္ပြဲေဆာ့လိုက္တာမ်ိဳးေပါ့။ ဒါမွသာ ေလ့က်င့္ရတာ ေပ်ာ္လာျပီး သခ်ၤာေတာ္လာမွာေပ့ါဗ်ာ။
  • တစ္နာရီျပီးတုိင္း ခဏအနားယူပါ။ သခ်ၤာဆိုတာ ဆက္တုိက္တြက္ခ်က္ေနရင္ အာရံုစုိက္ႏုိင္ေတာ့မွာ မဟုတ္ဘဲ ျမန္ျမန္ပင္ပန္းလာပါလိမ့္မယ္။ အဲဒီလို ဖင္ပူေအာင္ ထုိင္ေနမယ့္ အစား မတ္တပ္ထရပ္၊ အပ်င္းဆန္႔တန္သည္ ဆန္႔၊ တစ္ခုခုေသာက္တာမ်ိဳး ဒါမွ မဟုတ္ ေရအိမ္သြားတာမ်ိဳး လုပ္ျပီးမွ ျပန္ထိုင္ပါ။

၂။ စာလုပ္တဲ့ အေလ့အက်င့္ေကာင္းကုိ ပ်ိဳးေထာင္ပါ။

  • တတ္ႏုိင္သမွ် Guide နဲ႔ ျဖစ္ေစ ဒါမွမဟုတ္ စာလုပ္ေဖာ္တစ္ေယာက္ထားျပီး ေလ့လာပါ။ ေဘးနားမွာ တစ္ေယာက္ေယာက္ရွိေနတာဟာ တစ္ေယာက္အမွား တစ္ေယာက္ေထာက္ျပႏုိင္ျပီး တစ္ေယာက္ကို တစ္ေယာက္လည္း ျပန္လွန္ေမးခြန္းထုတ္ႏုိင္လို႔ပါပဲ။
  • တကယ္လို႔ ခင္ဗ်ားေရာ၊ ခင္ဗ်ားသူငယ္ခ်င္းေရာ မေျဖႏုိင္တဲ့ ဟာမ်ိဳး ရွိရင္ ခ်ေရးထားျပီး သင္ေပးတဲ့ သူကို ျပန္ေမးပါ။

၃။ ေနာက္တစ္ခန္းကို မသြားခင္ လက္ရွိေလ့လာေနတဲ့ အခန္းကို ေက်ညက္ပါေစ။

သခ်ၤာရဲ့ သေဘာကေတာ့ အေၾကာင္းအရာတစ္ခုဟာ ရွိျပီးသား အေၾကာင္းအရာတစ္ခုေပၚ မွီျပီး တည္ေဆာက္ထားတာပါ။ ပထမတစ္ခုကို ေက်ေက်ညက္ညက္မပိုင္ႏုိင္ရင္ ေနာက္တစ္ခု တက္ဖို႔ ခက္သြားပါျပီ။

  • Formula တစ္ခု၊ Concept တစ္ခုကို မရေသးဘူး၊ ခက္ခဲေနမယ္ဆုိရင္ ေက်ာ္ခ်လိုက္တာမ်ိဳးမလုပ္ပါနဲ႔။ အဲဒီအစား ဆရာေတြဆီက အကူအညီယူျပီး ရွင္းလင္းတဲ့ထိ ေမးပါ၊ နားလည္တဲ့ထိ တြက္ပါ။

၄။ ျဖစ္ႏုိင္ရင္ အဆင့္ေတြကို ခ်ေရးထားတာမ်ိဳးလုပ္ပါ။

သခ်ၤာပုစာၦေတြကို ေျဖရွင္းတဲ့ အခါမွာ ဦးေႏွာက္ထဲမွာပဲ တြက္ခ်က္ေျဖရွင္းလိုက္တာမ်ိဳးမလုပ္ပါနဲ႔။ ျဖစ္ႏုိင္ရင္ အဆင့္တုိင္းကို ခ်ေရးထားပါ။

  • ခ်မေရးထားဘူးဆုိရင္ မွားလို႔ တစ္ခုခုျပန္ျပင္ေတာ့မယ္ဆိုရင္ ဘယ္အဆင့္မွာ မွားလဲဆိုတာကို ရွာရတာ ခက္ပါလိမ့္မယ္။
  • ဒီလိုလုပ္ျခင္းဟာ မွတ္မိရုံတင္ျဖစ္ေစတာမဟုတ္ပဲ သခ်ၤာဘာသာရပ္အမွတ္ေပးတဲ့ သူေတြကလည္း ေနာက္ဆံုးအေျဖထြက္ခ်က္ကိုတင္ မဟုတ္ဘဲ တြက္ပံုတြက္နည္း ျပည့္စံုမွန္ကန္မႈကိုလည္း အမွတ္ေပးတတ္ၾကလို႔ပါပဲ။

ဒီေလာက္ဆုိ သခ်ၤာကို စနစ္တက်ေလ့လာနည္းေတြ၊ ဘယ္လို တုိးတက္ေအာင္ လုပ္ရမလဲဆုိတာေတြ သိေလာက္ျပီ ထင္ပါတယ္။ သင္ေလ ခ်ာေလ သခ်ၤာမျဖစ္ေစဘဲ သခ်ၤာအရာမွာ ေပ်ာ္တုိင္း တြက္၊ ေတာ္တုိင္း ထက္ပါေစ။

ရိုးလူ (အခရာ)

www.akhayar.com

[Unicode]

သင်လေ ချာလေ သင်္ချာမဖြစ်ရအောင်

သင်္ချာဆိုတာ လူတော်တော်များများအတွက်တော့ ကြောက်စရာကောင်းတဲ့ ဘာသာရပ်ဖြစ်နေဆဲပါပဲ။ ကျွန်တော်ဆို သင်္ချာမပါတဲ့ ဘာသာတွဲရှိရင် ယူမယ်ဆိုတဲ့ အထိ ကြောက်ခဲ့ပါတယ်။ 😀 ဒါပေမယ့် အဲဒီ ကြောက်စရာကောင်းတဲ့ သချာၤကို စနစ်တကျ ချဉ်းကပ်နိုင်မယ်ဆိုရင် ကြောက်စရာမကောင်းတော့တဲ့ အပြင် သချာၤတော်ပြီး ပျော်လာမှာ အမှန်ပါပဲ။ အနာသိရင် ဆေးရှိတယ်ဆိုသလိုမျိုးပေါ့ဗျာ။

သချာၤတွက်ရတော့မယ့်တာနဲ့ ခေါင်းတွေ မူးချင်လာတာမျိုး မဖြစ်ရလေအောင် ဘယ်လိုနည်းလမ်းတွေက ခင်ဗျားတို့ရဲ့ သင်္ချာ skill ကို တိုးတက်စေနိုင်မလဲ လက်တို့ပြီး ပြောပြချင်ပါတယ်။

1. ခင်ဗျားရဲ့ သင်္ချာဉာဏ်ကို ထက်နေအောင် သွေးပါ။

၁။ သင်္ချာနဲ့ ပက်သက်တဲ့ game တွေကို ကစားပါ။

သင်္ချာဂိမ်းတွေ၊ ဉာဏ်စမ်းဂိမ်းတွေဟာ ခင်ဗျားရဲ့ သင်္ချာကျွမ်းကျင်မှုကို နှိုးဆွပေးနိုင်သလို ကစားနေတဲ့အခါမှာလည်း သင်္ချာတွက်ရသလို ပျင်းစရာ၊ ကြောက်စရာမကောင်းဘဲ ပျော်ပျော်ကြီးဆော့ရမှာမို့လိုပါပဲ။ ကစားလို့ ကောင်းတဲ့ သချာၤဂိမ်းတချို့ကို ညွှန်းရရင်တော့

  • DragonBox5+ – ဒါကတော့ ခင်ဗျားရဲ့ အက္ခရာသင်္ချာစွမ်းရည်ကို ပိုကောင်းအောင် တည်ဆောက်ပေးတဲ့ ဂိမ်းတစ်ခုပါ၊ ခင်ဗျား မကျွမ်းကျင်မချင်း ဆော့ကစားနိုင်ပါတယ်။
  • Prodigy – ဒီဂိမ်းကတော့ Elementary-school အရွယ်ကျောင်းသားတွေအတွက် ပစ်မှတ်ထားပြီးတော့ ဒီ Role-playing ဂိမ်းမှာ ကစားသမားတွေကို သင်္ချာကို အသုံးပြုစေပြီး နှစ်သက်ဖွယ်ဆန်းကြယ်ကမ္ဘာမှာ ပါဝင်ဆော့ကစားစေတာပါ။
  • ဒီလိုမျိုး တခြားဂိမ်းတွေလည်း Online မှာ ရနိုင်သေးသလို apps တွေလည်း အများကြီးရှိသေးတဲ့ အတွက် နည်းနည်းပိုရှာဖွေလိုက်ရင် ခင်ဗျားနဲ့ ကိုက်ညီတဲ့ ဂိမ်းတွေကို ထပ်တွေ့လာမှာပါ။

၂။ သင်္ချာကို ခင်ဗျားဘဝအစိတ်အပိုင်းထဲမှာပါ ပါဝင်အောင်ပြုလုပ်ပါ။

ခင်ဗျားရဲ့ နေ့စဉ်ဘဝထဲက ရောနှောပေါင်းစပ်ထားတဲ့ သင်္ချာနဲ့ဆိုင်တဲ့ မေးခွန်းတွေဟာ ခင်ဗျားရဲ့ သင်္ချာဉာဏ်ရည်ကို ထက်မြက်စေသလို ခင်ဗျားရဲ့ ပတ်ဝန်းကျင်ဟာ သင်္ချာနဲ့ မကင်းနိုင်ဘူးဆိုတာလည်း သတိရစေပါတယ်။

  • အများအားဖြင့်တော့ နေ့စဉ်ဘဝမှာ သုံးရတာ အသုံးချသင်္ချာပါ။ ဥပမာဗျာ ခင်ဗျားက sweater တစ်ထည်ကို ၃၈၀၀၀ ကျပ်နဲ့ ဝယ်မယ်ဆိုပါတော့၊ ဆိုင်က ဈေးနှုန်းကပ်ပြားပေါ်မှာ ၃၀ ရာနှုန်းလျှော့ပေးထားတယ်ဆိုရင် မူရင်းဈေးနှုန်းက ဘယ်လောက်ဖြစ်မလဲ စဉ်းစားကြည့်တာမျိုးပေ့ါ။
  • ဒါမှ မဟုတ်လည်း ကိုယ့်ဘာသာကိုယ် အခြေအနေသစ်တစ်ခုဖန်တီးပြီး သင်္ချာစွမ်းရည်ထုတ်သုံးလို့ရအောင် လုပ်ကြည့်ပါ။ ဥပမာက ခင်ဗျားက လမ်းလျှောက်တာ ဝါသနာပါတယ်ဆိုရင် ၇မိုင်စာလောက် လျှောက်မယ် စိတ်ကူးထားကြည့်လိုက်ဗျာ။ ခင်ဗျားက မိနစ်၂၀ကို တစ်မိုင်စာ လျှောက်နိုင်တယ်ဆိုရင် ဒီခရီးကို ရောက်ဖို့ ဘယ်လောက်အချိန်ဖြုန်းမလဲ၊ မြန်မြန်စံချိန်သစ်တင်ချင်ရင် ဘယ်နှစ်မိနစ်နဲ့ တစ်မိုင်ကို အပြီးလျှောက်ရမလဲ။ ဒါမှ မဟုတ်လည်း ခင်ဗျားရဲ့ သူငယ်ချင်းကို သွားကြိုဖို့ ၁၃ မိုင်စာ ကားမောင်းရမယ်၊ ကြိုရမယ့် အချိန်က နေ့လည် ၁း၃၀ အရောက်ဆိုပါစို့။ အမြန်နှုန်းကန့်သက်ချက်ကလည်း 45 mph ( 72 km/h) ပဲ မောင်းလို့ ရတယ်ဆိုရင် ခင်ဗျားသူ့ဆီရောက်ဖို့ ဘယ်ချိန်အိမ်က ထွက်ရင် ကောင်းမလဲ စဉ်းစားတာမျိုးပေါ့။

၃။ ခြုံငုံပြီး စဉ်းစားပါ။

သင်္ချာကို တကုပ်ကုပ်တွက်၊ Formula တွေ တတွတ်တွတ်ကျက်ရတာ တစ်ခါတလေတော့ စိတ်ပျက်စရာ အရမ်းကောင်းပါတယ်၊ ဒါဟာလည်း သင်္ချာကို ကြောက်ရတဲ့ အချက်တွေထဲက တစ်ခုပါပဲ။ ဒါပေမယ့် ဒီ Formula တွေရဲ့ နောက်ကွယ်က အကြောင်းအရာတွေ၊ ဘာကြောင့် ဒီလို Formula ဖြစ်လာရသလဲလို့ စဉ်းစားရင် ပိုပြီး စိတ်ဝင်စားစရာကောင်းပြီး အလုပ်ဖြစ်ပါတယ်။

  • သုတေသနပြုတာလေးနဲ့ စပါ။ Pythagorean Theorem ကို ခင်ဗျား သင်ကြားနေတယ်ဆိုပါစို့။ Pythagoras ဆိုတာ ဘယ်သူလဲ၊ သူက ဒီတြိဂံတွေနဲ့ ဘာလုပ်ခဲ့တာလဲ၊ ဒီ Theorem ဘယ်လိုဖော်ထုတ်ခဲ့ပြီး ဘယ်သူတွေကရော ဆက်လက်လေ့လာအသုံးပြုကြသေးလဲဆိုတာမျိုးပေါ့။ Math Concept တစ်ခု၊ Formula တစ်ခုကို ဒီအတိုင်းမှတ်နေမယ့်အစား ဒီလိုမျိုးမှတ်တာက ပိုစိတ်ဝင်စားစရာကောင်းပြီး ပိုနားလည်လွယ်စေမှာပါ။
  • ဥပဒေသ အသစ်စဉ်းစားကြည့်ပါ၊ ဒီ Pythagorean Theorem ကိုပဲ တြိဂံမဟုတ်ဘဲ တခြား Shapes တွေမှာရော အသုံးချလို့ ရမလား၊ ဥပမာ ထောင့်မှန်စတုဂံ၊ စတုရန်းတွေနဲ့ ဆဋဂံတွေမှာရော အသုံးချလို့ ရလား၊ ရတယ်ဆို ဘာလို့လဲ၊ မရဘူးဆိုရင်ရော ဘာလို့ မရတာလဲပေါ့။ ဒီလိုပေါင်းစပ်တွေးကြည့်တာဟာ သင်္ချာကို ရိုးရိုးလေ့လာတာထက် ပိုတာသွားစေပါတယ်။

2. သင်္ချာအတန်းတွေ သွားတက်တော့မယ်ဆိုရင်

၁။ စာလေ့လာချိန်ကို သေချာဆွဲပါ။

သင်္ချာကြောက်တယ်ဆိုရင် သင်္ချာအတွက် အချိန်သက်သက်ပေးပါ။ သင်္ချာနဲ့ ပက်သက်ပြီး အိမ်စာတွေ၊ Assignment တွေ မရှိဘူးဆိုရင်တောင် တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်လောက် ပုံစံတူ ပုစ္ဆာတွေ တွက်တာမျိုး၊ မှတ်စုတွေ ပြန်ကြည့်တာမျိုး လုပ်ပေးပါ။ နေ့စဉ်လေ့လာပေးခြင်းဟာ သင်္ချာစွမ်းရည်ကို ပိုမိုမြင့်တက်စေပါတယ်။

  • သတိပြုရမှာက သင်္ချာလေ့လာခြင်းဟာ အခြားဘာသာရပ်လေ့လာခြင်းနဲ့ မတူတာက များများလေ့ကျင့်တွက်ချက်နေဖို့ လိုတာပါပဲ။ များများလေ့ကျင့်လေ၊ ပိုပိုတော်လာလေပေါ့။

၂။ ကြိုဖတ်ထားပါ။

နောက်လာမယ့် အတန်းမှာ သင်မယ့် Chapter ကို ကြိုဖတ်ထားပါ။ ဒီလိုကြိုဖတ်ထားခြင်းဟာ သင်္ချာမှ မဟုတ်၊ ဘယ်ဘာသာရပ်မဆို ဒီအလေ့အကျင့်ဟာ အတော်ကောင်းပါတယ်။ အတန်းကို မရောက်ခင်မှာ သင်မယ့် Chapter ရဲ့ အဓိက Idea ကို တီးမိခေါက်မိရှိရင် ရပါပြီ။

 3.သင်္ချာအတန်းထဲမှာရော ဘယ်လိုလေ့လာမလဲ

၁။ မေးခွန်းတွေ မေးပါ။

မေးခွန်းမေးစရာရှိရင်၊ မရှင်းတာရှိရင် မေးဖို့ ကြောက်မနေပါနဲ့။ ချက်ချင်းမေးဖို့ အဆင်မပြေရင်တောင် ကိုယ့်မေးခွန်းတွေကို ချရေးထားပြီး အတန်းအပြီးမှာ မေးလို့ရပါတယ်။

4.အတန်းချိန်အပြီး ပြန်လည်လေ့ကျင့်ခြင်း

၁။ သင်္ချာကြောက်တယ်ဆိုရင် သင်္ချာကို ပထမဦးစားပေးအနေနဲ့ လေ့လာပါ။ ဖြစ်နိုင်ရင် ပုံမှန်လေ့လာနည်းကို သုံးပါ။ နေ့စဉ်ဒီအချိန်ဆိုရင် ဒီအချိန်ပဲ လေ့လာတာမျိုးပေါ့။

  • Study Time ပြီးတိုင်း ကိုယ့်ကိုယ်ကို ပြန်ပြီး ဆုချီးမြှင့်ပါ။ ဥပမာ -မုန့်ထွက်စားလိုက်တာမျိုး၊ ဂိမ်းတစ်ပွဲဆော့လိုက်တာမျိုးပေါ့။ ဒါမှသာ လေ့ကျင့်ရတာ ပျော်လာပြီး သင်္ချာတော်လာမှာပေ့ါဗျာ။
  • တစ်နာရီပြီးတိုင်း ခဏအနားယူပါ။ သင်္ချာဆိုတာ ဆက်တိုက်တွက်ချက်နေရင် အာရုံစိုက်နိုင်တော့မှာ မဟုတ်ဘဲ မြန်မြန်ပင်ပန်းလာပါလိမ့်မယ်။ အဲဒီလို ဖင်ပူအောင် ထိုင်နေမယ့် အစား မတ်တပ်ထရပ်၊ အပျင်းဆန့်တန်သည် ဆန့်၊ တစ်ခုခုသောက်တာမျိုး ဒါမှ မဟုတ် ရေအိမ်သွားတာမျိုး လုပ်ပြီးမှ ပြန်ထိုင်ပါ။

၂။ စာလုပ်တဲ့ အလေ့အကျင့်ကောင်းကို ပျိုးထောင်ပါ။

  • တတ်နိုင်သမျှ Guide နဲ့ ဖြစ်စေ ဒါမှမဟုတ် စာလုပ်ဖော်တစ်ယောက်ထားပြီး လေ့လာပါ။ ဘေးနားမှာ တစ်ယောက်ယောက်ရှိနေတာဟာ တစ်ယောက်အမှား တစ်ယောက်ထောက်ပြနိုင်ပြီး တစ်ယောက်ကို တစ်ယောက်လည်း ပြန်လှန်မေးခွန်းထုတ်နိုင်လို့ပါပဲ။
  • တကယ်လို့ ခင်ဗျားရော၊ ခင်ဗျားသူငယ်ချင်းရော မဖြေနိုင်တဲ့ ဟာမျိုး ရှိရင် ချရေးထားပြီး သင်ပေးတဲ့ သူကို ပြန်မေးပါ။

၃။ နောက်တစ်ခန်းကို မသွားခင် လက်ရှိလေ့လာနေတဲ့ အခန်းကို ကျေညက်ပါစေ။

သင်္ချာရဲ့ သဘောကတော့ အကြောင်းအရာတစ်ခုဟာ ရှိပြီးသား အကြောင်းအရာတစ်ခုပေါ် မှီပြီး တည်ဆောက်ထားတာပါ။ ပထမတစ်ခုကို ကျေကျေညက်ညက်မပိုင်နိုင်ရင် နောက်တစ်ခု တက်ဖို့ ခက်သွားပါပြီ။

  • Formula တစ်ခု၊ Concept တစ်ခုကို မရသေးဘူး၊ ခက်ခဲနေမယ်ဆိုရင် ကျော်ချလိုက်တာမျိုးမလုပ်ပါနဲ့။ အဲဒီအစား ဆရာတွေဆီက အကူအညီယူပြီး ရှင်းလင်းတဲ့ထိ မေးပါ၊ နားလည်တဲ့ထိ တွက်ပါ။

၄။ ဖြစ်နိုင်ရင် အဆင့်တွေကို ချရေးထားတာမျိုးလုပ်ပါ။

သင်္ချာပုစ္ဆာတွေကို ဖြေရှင်းတဲ့ အခါမှာ ဦးနှောက်ထဲမှာပဲ တွက်ချက်ဖြေရှင်းလိုက်တာမျိုးမလုပ်ပါနဲ့။ ဖြစ်နိုင်ရင် အဆင့်တိုင်းကို ချရေးထားပါ။

  • ချမရေးထားဘူးဆိုရင် မှားလို့ တစ်ခုခုပြန်ပြင်တော့မယ်ဆိုရင် ဘယ်အဆင့်မှာ မှားလဲဆိုတာကို ရှာရတာ ခက်ပါလိမ့်မယ်။
  • ဒီလိုလုပ်ခြင်းဟာ မှတ်မိရုံတင်ဖြစ်စေတာမဟုတ်ပဲ သင်္ချာဘာသာရပ်အမှတ်ပေးတဲ့ သူတွေကလည်း နောက်ဆုံးအဖြေထွက်ချက်ကိုတင် မဟုတ်ဘဲ တွက်ပုံတွက်နည်း ပြည့်စုံမှန်ကန်မှုကိုလည်း အမှတ်ပေးတတ်ကြလို့ပါပဲ။

ဒီလောက်ဆို သင်္ချာကို စနစ်တကျလေ့လာနည်းတွေ၊ ဘယ်လို တိုးတက်အောင် လုပ်ရမလဲဆိုတာတွေ သိလောက်ပြီ ထင်ပါတယ်။ သင်လေ ချာလေ သင်္ချာမဖြစ်စေဘဲ သင်္ချာအရာမှာ ပျော်တိုင်း တွက်၊ တော်တိုင်း ထက်ပါစေ။

ရိုးလူ (အခရာ)

www.akhayar.com