[Zawgyi]

မိုးတြင္းမွာ ထီးေပ်ာက္ရွက်န္တာေတြ ျဖစ္လို႔ ခဏခဏျပန္ဝယ္ေနရသူမ်ားအတြက္

မိုးတြင္းဆို ရာသီဥတုက ေနလို႔ ထုိင္လို႔ ေကာင္းျပီး ေအးသြားေပမယ့္ တစ္ဖက္မွာလည္း အျပင္သြားတာနဲ႔ စိုစိစုိစိနဲ႔ စိတ္ညစ္စရာပါ။ မိုးတြင္းဆို ကိုင္ရတဲ့ အိတ္နဲ႔ Laptop ပါရင္ Laptop၊ ကားေသာ့ အိမ္ေသာ့နဲ႔ လူလည္း မစိုေအာင္ ထီးေဆာင္းရေသးတယ္။ မိုးတြင္းျပႆနာအတက္ဆံုးကေတာ့ အျပင္သြားတဲ့အခါ အိမ္မွာ ထီးေမ့က်န္ခဲ့လို႔ ဒုကၡေရာက္ရတာနဲ႔ ထီးကို အျပင္တေနရာမွာ ေမ့က်န္တတ္ခဲ့လို႔ ခဏခဏ ျပန္ဝယ္ရတာပါပဲ။

ထီးကို အာရုံစိုက္လြန္းျပန္ရင္လည္း ထီးကလြဲျပီး က်န္တာအားလံုးေမ့့က်န္တတ္ခဲ့ျပန္ေရာ။ အထူးသျဖင့္ ကၽြန္ေတာ္တို႔လို ေမ့တတ္တဲ့သူဆို ပိုဆိုးတာေပ့ါ၊ ခုမိုးတြင္းဝင္စမွာပဲ ထီးျပန္ဝယ္ရတာ ႏွစ္ေခ်ာင္းရွိျပီ။ ဒီလို ေမ့တတ္တဲ့သူေတြအတြက္ အရာရာေမ့မက်န္ေအာင္ လုပ္တဲ့ နည္းလမ္းေတြ ရွာဖတ္ၾကည့္ေတာ့ ဒါမ်ိဳးေလးေတြ ေတြ႔တယ္၊ လုိက္လုပ္ၾကည့္ေတာ့ အဆင္ေျပတာမို႔ ခုလုိ မွ်ေဝေပးလိုက္ပါတယ္။

၁) ပထမဆံုးအခ်က္ကေတာ့ လူေတြ ေျပာသလို ရုိးရိုးေလးပဲ၊ မမွတ္မိရင္ ခ်ေရးပါတဲ့။ အဲ့ဒါ တကယ္ အလုပ္ျဖစ္ပါတယ္။ အျပင္သြားရင္ ယူသြားရမယ့္အရာေတြကို ခ်ေရးထားရံုနဲ႔ မွတ္မိႏုိ္င္စြမ္းကို ၅၀% ေလာက္ပိုတိုးလာေစပါတယ္။ ခ်ေရးရံုတင္မဟုတ္ဘဲ ပါးစပ္က တတြတ္တြတ္ရြတ္ေပးရင္ မွတ္မိႏုိင္စြမ္း တုိးတက္လာမွာပါ။

၂) တစ္ၾကိမ္မွာ တစ္ခုပဲ အာရုံစိုက္ပါ။ ကေလးထိန္းရင္း၊ ခ်တ္ေနရင္း ရုတ္တရက္ အျပင္ထထြက္ရေတာ့မယ္ဆုိရင္ေတာ့ ထီးေမ့က်န္သြားဖို႔ သိပ္လြယ္သြားပါျပီ။ အလုပ္မ်ားတယ္ဆုိေပမယ့္ တစ္ၾကိမ္မွာ တစ္ခုပဲ အာရံုစိုက္ျပီး လုပ္မယ္ဆုိရင္ ေမ့က်န္စရာေတြ မရွိေတာ့ဘူးေပါ့။

၃) ပံုေလးေတြနဲ႔ တြဲမွတ္ပါ၊ လုပ္စရာရွိတာေတြ၊ သယ္သြားရမယ့္ ပစၥည္းေတြ၊ တက္ရမယ့္ပြဲေတြကို စာနဲ႔မွ တ္လို႔ အဆင္မေျပေသးရင္ ပံုေလးဆြဲျပီး တစ္ခုနဲ႔ တစ္ခု ခ်ိတ္ဆက္မွတ္ထားရင္ ပိုမွတ္မိေစပါတယ္။

၄) ဦးေနွာက္ကို ေလ့က်င့္ေပးပါ။ Sudoku လို ဂိမ္းေတြေဆာ့ေပးတာမ်ိဳး၊ သခ်ာၤတြက္ေပးတာမ်ိဳးနဲ႔ ဦးေနွာက္ကို ေလ့က်င့္လို႔ ရပါတယ္။ ဒီလိုလုပ္တာအျပင္ ဘယ္လက္နဲ႔ စာေရးက်င့္တာမ်ိဳးကလည္း ဦးေႏွာက္ရဲ႕ တျခားအစိတ္အပို္င္းေတြကို ေလ့က်င့္ေပးတာမ်ိဳးျဖစ္တဲ့အတြက္ အရာဝတၳဳေတြကို ပို မွတ္မိလြယ္ေစပါတယ္။

၅) ေကာင္းေကာင္းစား၊ ေကာင္းေကာင္းနားျပီး ေလ့က်င့္ခန္းလည္း လုပ္ေပးပါ။ ဒါကေတာ့ ပစၥည္းေတြေမ့မက်န္ရံုတင္ မဟုတ္ပါဘူး၊ က်န္းမာေရးအတြက္ပါ ေကာင္းေစတာမို႔ လုပ္သင့္ပါတယ္။

ဒါေၾကာင့္ အိမ္က အထြက္ ဒါမွမဟုတ္ သင္တန္းက အျပန္မွာ ဝုန္းဒိုင္းၾကဲ မထြက္ဘဲ ယူမယ့္ အရာေတြ၊ ခ်ေရး၊ တစ္ခုခ်င္းစီ ျပန္စစ္၊ ထီးေမ့တတ္လြန္းရင္ ထီးပံုေလးေတြဆြဲျပီး အိမ္တံခါးအဝမွာ၊ ဒါမွမဟုတ္ ပိုက္ဆံအိတ္မွာ ကပ္ထားျပီး သတိထားမယ္ဆိုရင္ မိုးတြင္းမွာ ထီးေတြအမ်ားၾကီး ေပ်ာက္တဲ့ ဒုကၡကေန ကင္းေဝးသြားမွာပါ။ ကဲ! ခုပဲ လုပ္ၾကည့္လိုက္ရေအာင္။

Yoe Lu (Akhayar)

www.akhayar.com

Source : Telegraph ၊ www.instructables.com
[Unicode]

မိုးတွင်းမှာ ထီးပျောက်ရှကျန်တာတွေ ဖြစ်လို့ ခဏခဏပြန်ဝယ်နေရသူများအတွက်

မိုးတွင်းဆို ရာသီဥတုက နေလို့ ထိုင်လို့ ကောင်းပြီး အေးသွားပေမယ့် တစ်ဖက်မှာလည်း အပြင်သွားတာနဲ့ စိုစိစိုစိနဲ့ စိတ်ညစ်စရာပါ။ မိုးတွင်းဆို ကိုင်ရတဲ့ အိတ်နဲ့ Laptop ပါရင် Laptop၊ ကားသော့ အိမ်သော့နဲ့ လူလည်း မစိုအောင် ထီးဆောင်းရသေးတယ်။ မိုးတွင်းပြဿနာအတက်ဆုံးကတော့ အပြင်သွားတဲ့အခါ အိမ်မှာ ထီးမေ့ကျန်ခဲ့လို့ ဒုက္ခရောက်ရတာနဲ့ ထီးကို အပြင်တနေရာမှာ မေ့ကျန်တတ်ခဲ့လို့ ခဏခဏ ပြန်ဝယ်ရတာပါပဲ။

ထီးကို အာရုံစိုက်လွန်းပြန်ရင်လည်း ထီးကလွဲပြီး ကျန်တာအားလုံးမေ့ကျန်တတ်ခဲ့ပြန်ရော။ အထူးသဖြင့် ကျွန်တော်တို့လို မေ့တတ်တဲ့သူဆို ပိုဆိုးတာပေ့ါ၊ ခုမိုးတွင်းဝင်စမှာပဲ ထီးပြန်ဝယ်ရတာ နှစ်ချောင်းရှိပြီ။ ဒီလို မေ့တတ်တဲ့သူတွေအတွက် အရာရာမေ့မကျန်အောင် လုပ်တဲ့ နည်းလမ်းတွေ ရှာဖတ်ကြည့်တော့ ဒါမျိုးလေးတွေ တွေ့တယ်၊ လိုက်လုပ်ကြည့်တော့ အဆင်ပြေတာမို့ ခုလို မျှဝေပေးလိုက်ပါတယ်။

၁) ပထမဆုံးအချက်ကတော့ လူတွေ ပြောသလို ရိုးရိုးလေးပဲ၊ မမှတ်မိရင် ချရေးပါတဲ့။ အဲ့ဒါ တကယ် အလုပ်ဖြစ်ပါတယ်။ အပြင်သွားရင် ယူသွားရမယ့်အရာတွေကို ချရေးထားရုံနဲ့ မှတ်မိနိုင်စွမ်းကို ၅၀% လောက်ပိုတိုးလာစေပါတယ်။ ချရေးရုံတင်မဟုတ်ဘဲ ပါးစပ်က တတွတ်တွတ်ရွတ်ပေးရင် မှတ်မိနိုင်စွမ်း တိုးတက်လာမှာပါ။

၂) တစ်ကြိမ်မှာ တစ်ခုပဲ အာရုံစိုက်ပါ။ ကလေးထိန်းရင်း၊ ချတ်နေရင်း ရုတ်တရက် အပြင်ထထွက်ရတော့မယ်ဆိုရင်တော့ ထီးမေ့ကျန်သွားဖို့ သိပ်လွယ်သွားပါပြီ။ အလုပ်များတယ်ဆိုပေမယ့် တစ်ကြိမ်မှာ တစ်ခုပဲ အာရုံစိုက်ပြီး လုပ်မယ်ဆိုရင် မေ့ကျန်စရာတွေ မရှိတော့ဘူးပေါ့။

၃) ပုံလေးတွေနဲ့ တွဲမှတ်ပါ၊ လုပ်စရာရှိတာတွေ၊ သယ်သွားရမယ့် ပစ္စည်းတွေ၊ တက်ရမယ့်ပွဲတွေကို စာနဲ့မှ တ်လို့ အဆင်မပြေသေးရင် ပုံလေးဆွဲပြီး တစ်ခုနဲ့ တစ်ခု ချိတ်ဆက်မှတ်ထားရင် ပိုမှတ်မိစေပါတယ်။

၄) ဦးနှောက်ကို လေ့ကျင့်ပေးပါ။ Sudoku လို ဂိမ်းတွေဆော့ပေးတာမျိုး၊ သချာၤတွက်ပေးတာမျိုးနဲ့ ဦးနှောက်ကို လေ့ကျင့်လို့ ရပါတယ်။ ဒီလိုလုပ်တာအပြင် ဘယ်လက်နဲ့ စာရေးကျင့်တာမျိုးကလည်း ဦးနှောက်ရဲ့ တခြားအစိတ်အပိုင်းတွေကို လေ့ကျင့်ပေးတာမျိုးဖြစ်တဲ့အတွက် အရာဝတ္ထုတွေကို ပို မှတ်မိလွယ်စေပါတယ်။

၅) ကောင်းကောင်းစား၊ ကောင်းကောင်းနားပြီး လေ့ကျင့်ခန်းလည်း လုပ်ပေးပါ။ ဒါကတော့ ပစ္စည်းတွေမေ့မကျန်ရုံတင် မဟုတ်ပါဘူး၊ ကျန်းမာရေးအတွက်ပါ ကောင်းစေတာမို့ လုပ်သင့်ပါတယ်။

ဒါကြောင့် အိမ်က အထွက် ဒါမှမဟုတ် သင်တန်းက အပြန်မှာ ဝုန်းဒိုင်းကြဲ မထွက်ဘဲ ယူမယ့် အရာတွေ၊ ချရေး၊ တစ်ခုချင်းစီ ပြန်စစ်၊ ထီးမေ့တတ်လွန်းရင် ထီးပုံလေးတွေဆွဲပြီး အိမ်တံခါးအဝမှာ၊ ဒါမှမဟုတ် ပိုက်ဆံအိတ်မှာ ကပ်ထားပြီး သတိထားမယ်ဆိုရင် မိုးတွင်းမှာ ထီးတွေအများကြီး ပျောက်တဲ့ ဒုက္ခကနေ ကင်းဝေးသွားမှာပါ။ ကဲ! ခုပဲ လုပ်ကြည့်လိုက်ရအောင်။

Yoe Lu (Akhayar)

www.akhayar.com

Source : Telegraph ၊ www.instructables.com