[Zawgyi]

ခ်စ္သူႏွစ္ေယာက္ၾကားက အခ်စ္ၾကိဳးေလးေတြခိုင္ျမဲေစဖုိ႔

အခ်စ္စစ္ေတြရွားပါးလာတဲ့ အခုလို ေခတ္ၾကီးထဲမွာ ခ်စ္သူစံုတြဲႏွစ္ေယာက္ လက္တြဲျမဲေနဖို႔ဆိုတာ ထင္သေလာက္ မလြယ္ကူလွပါဘူး။ ဒီလို အသြင္မတူတဲ့ လူသားႏွစ္ေယာက္ခ်စ္ၾကိဳက္ေနရာက ထာဝရခိုင္ျမဲေနဖို႔အတြက္ တစ္ေယာက္ကို တစ္ေယာက္ နားလည္ေပးမႈအျပင္ အျခားေသာ ပံ့ပိုးမႈေတြလည္း လိုအပ္ေသးတယ္။

ခ်စ္သည္သထက္ ပိုခ်စ္ႏိုင္ျပီး ေရရွည္လက္တြဲနိုင္ဖုိ႔အတြက္ ဒီအခ်က္ေလးေတြနဲ႕ ၾကိဳးစားၾကည့္ပါ။

၁။ အသိအမွတ္ျပဳေပးပါ။

ၾကီးက်ယ္ခမ္းနားတဲ့လက္ေဆာင္ေတြထက္ ကိုယ့္ခ်စ္သူရဲ႕ ေမတၱာကို အသိအမွတ္ျပဳေပးပါ။ ၾကင္ၾကင္နာနာ ယုယုယယေလးနဲ႔ အသိအမွတ္ျပဳေပးပါ။ ကိုယ့္ရဲ႕ ၾကင္နာမႈေလးေတြက ကိုယ့္ခ်စ္သူရဲ႕ရင္ကို ေႏြးေထြးေစတယ္။ ရင္ခုန္ေစပါတယ္။

၂။ တန္ဖိုးထားပါ။

ဘယ္အခ်ိန္အထိပဲ လက္တြဲခဲ့ရပါေစ အဲဒီအခ်ိန္အတိုင္းအတာေလးကို တန္ဖိုးထားေပးပါ။ ဘယ္ေလာက္ပဲတိုေတာင္းလွတဲ့ Relationship ပဲျဖစ္ေနပါေစ အမွတ္တရတိုင္းဟာ တန္ဖုိးရွိပါတယ္။ ဘယ္လိုအခ်ိန္မွာပဲ လမ္းခြဲခဲ့ရပါေစ မမုန္းလိုက္ပါနဲ႔။ တန္ဖိုးထားေပးလိုက္ပါ။ အမုန္းဆိုတာ ဘယ္သူ႕အတြက္မွ အက်ိဳးမရွိပါဘူး။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

၃။ လြတ္လပ္ခြင့္ေပးပါ။

ကိုယ္ပိုင္အခ်ိန္ေလးေပးၾကည့္ပါ။ အျမဲတမ္းေတြ႔ေနရင္ အခ်ိန္ၾကာလာတဲ့အခါ ျငီးေငြ႔လာတတ္ပါတယ္။ လြမ္းတဲ့ ခံစားခ်က္ဆိုတာ ဘာလဲလို႔ ေမ့လာနိုင္ပါတယ္။ ခ်စ္သူစံုတြဲႏွစ္ေယာက္ၾကားမွာ အလြမ္းဆိုတာ မရွိလာေတာ့ရင္ ရင္ခုန္တဲ့ခံစားခ်က္ဆိုတာလည္း ေပ်ာက္ဆံုးလာတတ္ပါတယ္။

၄။ အနာဂတ္ကို ေတြးမပူပါနဲ႔။

ခ်စ္လို႔ရတဲ့အခိုက္အတန္႔မွာ အျပည့္အဝခ်စ္ပါ။ အနာဂတ္ကို ေတြးပူျပီး ခ်စ္ေနရင္ ကိုယ့္အတြက္လည္း ပင္ပန္းသလို ခ်စ္သူအတြက္လည္း အေနခက္ေစပါတယ္။ အနာဂတ္ေရွ႕ေရးမွာ ႏွစ္ေယာက္တစ္ဘဝတည္ေထာင္ဖို႔အတြက္ စီစဥ္ပါ။ ထားသြားမွာလားဆိုတဲ့ အေတြးေတြ မေတြးပါနဲ႔။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

၅။ ကိုယ့္အတၱကို ေရွ႕တန္းမတင္ပါနဲ႔။

အတၱဆိုတာ ျဂိဳလ္ဆိုးပါ။ ခ်စ္သူႏွစ္ေယာက္ၾကား အတၱဝင္လာျပီဆိုရင္ ေနာက္ဆံုးမွာလမ္းခြဲျခင္းနဲ႔အဆံုးသတ္ရတတ္ပါတယ္။ဒါေၾကာင္႔ သံသယမထားပါနဲ႔။ တစ္ဖက္စြန္းေရာက္တဲ့အေတြးေတြ မေတြးပါနဲ႔။ ကိုယ့္ခ်စ္သူကို ခ်စ္ခြင့္ရရံုနဲ႔တင္ တင္းတိမ္ေပးပါ။ ပိုင္ဆိုင္ရမွ အခ်စ္လို႔ မဟုတ္ပါဘူးေနာ္။

၆။ ကြ်န္းကိုင္းမွီ ကိုင္းကြ်န္းမွီ ေနပါ။

တစ္ေယာက္အေပၚတစ္ေယာက္ အျပန္အလွန္ရိုင္းပင္း ကူညီၾကတာက ယံုၾကည္မႈလည္း ပိုရေစတယ္။ သံေယာဇဥ္လည္း ပိုျပီး ခိုင္မာေစတယ္။ တစ္ေယာက္အေပၚတစ္ေယာက္ သည္းခံႏိုင္စြမ္းဘယ္ေလာက္ရွိတယ္ဆိုတာလည္း သိလာနိုင္ပါတယ္။

ကိုယ့္ခ်စ္သူနဲ႔ ေရရွည္တည္ျမဲတဲ့ အခ်စ္အိမ္ေလး တစ္ခုကို တည္ေထာင္ခ်င္တယ္ဆိုရင္ေတာ့ ဒီ ၆ခ်က္ကို လိုက္လုပ္ဖို႔ တိုက္တြန္းပါရေစ။ အခ်စ္ေရးတစ္ခု ေရရွည္တည္တံ့ဖို႔အတြက္ စိတ္ရွည္မႈ၊ သည္းခံႏိုင္မႈ၊ ပံ့ပိုးေပးနိုင္မႈေတြအျပင္ အျခားအရာအေပၚမွာလည္း အမ်ားၾကီး သက္ေရာက္ပါတယ္။

ခ်စ္သူစံုတြဲေတြအားလံုး အခ်စ္ေတြတိုးသထက္တိုးျပီး ခိုင္ျမဲတဲ့ အခ်စ္အိမ္ေလးေေတြ တည္ေဆာက္နုိင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Redrose (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ချစ်သူနှစ်ယောက်ကြားက အချစ်ကြိုးလေးတွေခိုင်မြဲစေဖို့

အချစ်စစ်တွေရှားပါးလာတဲ့ အခုလို ခေတ်ကြီးထဲမှာ ချစ်သူစုံတွဲနှစ်ယောက် လက်တွဲမြဲနေဖို့ဆိုတာ ထင်သလောက် မလွယ်ကူလှပါဘူး။ ဒီလို အသွင်မတူတဲ့ လူသားနှစ်ယောက်ချစ်ကြိုက်နေရာက ထာဝရခိုင်မြဲနေဖို့အတွက် တစ်ယောက်ကို တစ်ယောက် နားလည်ပေးမှုအပြင် အခြားသော ပံ့ပိုးမှုတွေလည်း လိုအပ်သေးတယ်။

ချစ်သည်သထက် ပိုချစ်နိုင်ပြီး ရေရှည်လက်တွဲနိုင်ဖို့အတွက် ဒီအချက်လေးတွေနဲ့ ကြိုးစားကြည့်ပါ။

၁။ အသိအမှတ်ပြုပေးပါ။

ကြီးကျယ်ခမ်းနားတဲ့လက်ဆောင်တွေထက် ကိုယ့်ချစ်သူရဲ့ မေတ္တာကို အသိအမှတ်ပြုပေးပါ။ ကြင်ကြင်နာနာ ယုယုယယလေးနဲ့ အသိအမှတ်ပြုပေးပါ။ ကိုယ့်ရဲ့ ကြင်နာမှုလေးတွေက ကိုယ့်ချစ်သူရဲ့ရင်ကို နွေးထွေးစေတယ်။ ရင်ခုန်စေပါတယ်။

၂။ တန်ဖိုးထားပါ။

ဘယ်အချိန်အထိပဲ လက်တွဲခဲ့ရပါစေ အဲဒီအချိန်အတိုင်းအတာလေးကို တန်ဖိုးထားပေးပါ။ ဘယ်လောက်ပဲတိုတောင်းလှတဲ့ Relationship ပဲဖြစ်နေပါစေ အမှတ်တရတိုင်းဟာ တန်ဖိုးရှိပါတယ်။ ဘယ်လိုအချိန်မှာပဲ လမ်းခွဲခဲ့ရပါစေ မမုန်းလိုက်ပါနဲ့။ တန်ဖိုးထားပေးလိုက်ပါ။ အမုန်းဆိုတာ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

၃။ လွတ်လပ်ခွင့်ပေးပါ။

ကိုယ်ပိုင်အချိန်လေးပေးကြည့်ပါ။ အမြဲတမ်းတွေ့နေရင် အချိန်ကြာလာတဲ့အခါ ငြီးငွေ့လာတတ်ပါတယ်။ လွမ်းတဲ့ ခံစားချက်ဆိုတာ ဘာလဲလို့ မေ့လာနိုင်ပါတယ်။ ချစ်သူစုံတွဲနှစ်ယောက်ကြားမှာ အလွမ်းဆိုတာ မရှိလာတော့ရင် ရင်ခုန်တဲ့ခံစားချက်ဆိုတာလည်း ပျောက်ဆုံးလာတတ်ပါတယ်။

၄။ အနာဂတ်ကို တွေးမပူပါနဲ့။

ချစ်လို့ရတဲ့အခိုက်အတန့်မှာ အပြည့်အဝချစ်ပါ။ အနာဂတ်ကို တွေးပူပြီး ချစ်နေရင် ကိုယ့်အတွက်လည်း ပင်ပန်းသလို ချစ်သူအတွက်လည်း အနေခက်စေပါတယ်။ အနာဂတ်ရှေ့ရေးမှာ နှစ်ယောက်တစ်ဘဝတည်ထောင်ဖို့အတွက် စီစဉ်ပါ။ ထားသွားမှာလားဆိုတဲ့ အတွေးတွေ မတွေးပါနဲ့။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

၅။ ကိုယ့်အတ္တကို ရှေ့တန်းမတင်ပါနဲ့။

အတ္တဆိုတာ ဂြိုလ်ဆိုးပါ။ ချစ်သူနှစ်ယောက်ကြား အတ္တဝင်လာပြီဆိုရင် နောက်ဆုံးမှာလမ်းခွဲခြင်းနဲ့အဆုံးသတ်ရတတ်ပါတယ်။ဒါကြောင့် သံသယမထားပါနဲ့။ တစ်ဖက်စွန်းရောက်တဲ့အတွေးတွေ မတွေးပါနဲ့။ ကိုယ့်ချစ်သူကို ချစ်ခွင့်ရရုံနဲ့တင် တင်းတိမ်ပေးပါ။ ပိုင်ဆိုင်ရမှ အချစ်လို့ မဟုတ်ပါဘူးနော်။

၆။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ နေပါ။

တစ်ယောက်အပေါ်တစ်ယောက် အပြန်အလှန်ရိုင်းပင်း ကူညီကြတာက ယုံကြည်မှုလည်း ပိုရစေတယ်။ သံယောဇဉ်လည်း ပိုပြီး ခိုင်မာစေတယ်။ တစ်ယောက်အပေါ်တစ်ယောက် သည်းခံနိုင်စွမ်းဘယ်လောက်ရှိတယ်ဆိုတာလည်း သိလာနိုင်ပါတယ်။

ကိုယ့်ချစ်သူနဲ့ ရေရှည်တည်မြဲတဲ့ အချစ်အိမ်လေး တစ်ခုကို တည်ထောင်ချင်တယ်ဆိုရင်တော့ ဒီ ၆ချက်ကို လိုက်လုပ်ဖို့ တိုက်တွန်းပါရစေ။ အချစ်ရေးတစ်ခု ရေရှည်တည်တံ့ဖို့အတွက် စိတ်ရှည်မှု၊ သည်းခံနိုင်မှု၊ ပံ့ပိုးပေးနိုင်မှုတွေအပြင် အခြားအရာအပေါ်မှာလည်း အများကြီး သက်ရောက်ပါတယ်။

ချစ်သူစုံတွဲတွေအားလုံး အချစ်တွေတိုးသထက်တိုးပြီး ခိုင်မြဲတဲ့ အချစ်အိမ်လေးေတွေ တည်ဆောက်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။