[Zawgyi]

လစာတုိးေအာင္ ဘယ္လုိေနရမလဲ

တခ်ိဳ႕ေတြက အလုပ္ေတာ့ ႀကိဳးစားပါရဲ႕ ဒါေပမယ့္ အခ်ိန္တန္ေတာ့ လစာလည္း တုိးမလာဘူး၊ ေနာက္မွေပါက္တဲ့ေရႊၾကာေတြက လစာေတြတုိးသြားၾကလုိ႔ ကုိယ့္မွာ စိတ္ဓာတ္ေတြက်တတ္ပါတယ္။ ကုိယ့္ဘက္က တစ္ေယာက္တည္း အလုပ္ေတြ ႀကိဳးစားတုိင္း လစာတုိးတာမဟုတ္ပါဘူး၊ ကုိယ္ႀကိဳးစားတာကုိ အလုပ္ရွင္ သိဦးမွ လစာတုိးတာပါ။ တခ်ိဳ႕ေတြက် ရာထူးေတာ့ တက္လာတယ္၊ လစာက မဆုိစေလာက္ေလး တုိးလာတယ္ဆုိရင္ေတာ့ အလုပ္ရွင္က ကုိယ့္ကုိ နဖားႀကိဳးထုိးလုိက္တာပဲ။ ကဲ . . ဒီေတာ့ အလုပ္ရွင္က ကုိယ့္စြမ္းေဆာင္ရည္ကုိ အသိအမွတ္ျပဳၿပီး လစာေတြ တုိးေပးခ်င္လာေအာင္ ဘယ္လုိေနထုိင္ရမလဲဆုိတာ လက္တုိ႔ေျပာလုိက္မယ္- ေလ်ွာက္ေတာ့မေျပာနဲ႔ဦးေနာ္။

၁။ ေပၚလြင္ေအာင္ ႀကိဳးစားပါ။

လစာအျမန္တုိးခ်င္တယ္ဆုိရင္ေတာ့ ကုိယ္နဲ႔ ရာထူးတူတဲ့ လုပ္ေဖာ္ကုိင္ဖက္ေတြနဲ႔ ႏႈိင္းယွဥ္လုိက္မယ္ဆုိရင္ ကုိယ့္ဘက္က အျမဲတမ္းႏွာတစ္ဖ်ားသာေနေအာင္ ႀကိဳးစားမွရမယ္ဗ်။ ၿပီးေတာ့ အျမဲတမ္းမွတ္ထားရမွာက ကုိယ္က သူမ်ားထက္ ႏွစ္ဆမသာဘူးဆုိရင္ ႏွစ္ဆပုိၿပီး ႀကိဳးစားရမွာပဲ။ အဲဒီေတာ့ ျဖစ္ႏုိင္ရင္ အလုပ္ကုိ ေစာေစာလာၿပီး ေနာက္က်မွ ျပန္တာမ်ိဳး မၾကာခဏ လုပ္သင့္သလုိ သူမ်ားထက္ပုိေကာင္းတဲ့ ရလဒ္ေတြ ထုတ္ျပႏုိင္ရင္ လစာတုိးဖုိ႔အခြင့္အလမ္းမ်ားေနပါၿပီဗ်ာ။

၂။ ေခါင္းေဆာင္ပါ၊ ေခါင္းမေရွာင္ပါနဲ႔။

အေဟးေဟး ၊ လစာတုိးခ်င္တယ္ဆုိရင္ေတာ့ လုပ္ငန္းခြင္မွာ တက္တက္ၾကြၾကြနဲ႔ အသင္းအဖြဲ႕မွာ ဦးေဆာင္လုပ္ေပေတာ့။ ကုိယ့္အေနနဲ႔ Manager တစ္ေယာက္မဟုတ္ဖူးဆုိရင္ေတာင္ Leader တစ္ေယာက္လုိ လုပ္ေဖာ္ကုိင္ဖက္ေတြကုိ စိတ္အားတက္ၾကြေအာင္ အားေပးစကားေျပာတာမ်ိဳးေတြ၊ လုပ္ငန္းခြင္မွာ ဦးေဆာင္လုပ္တာမ်ိဳးေတြ လုပ္ရမွာေနာ္။ အဲဒီလုိ လုပ္မယ္ဆုိရင္ေတာ့ အလုပ္ရွင္က ကုိယ့္စြမ္းေဆာင္ရည္ကုိ မသိေသးရင္သာ ေနမယ္၊ လုပ္ေဖာ္ကုိင္ဖက္ေတြက အသိအမွတ္ျပဳေနေလာက္ၿပီဗ်။

၃။ ကြက္ၾကားမုိး မရြာပါနဲ႔။

တကယ္ေတာ့ လုပ္ေဖာ္ကုိင္ဖက္ေတြဆုိတာ တစ္ေလွတည္းစီး၊ တစ္ခရီးတည္းသြားတဲ့ ဘဝတူေတြပါ။ အဲဒီေတာ့ ေအးအတူ၊ ပူအမ်ွ ကရုဏာအျပည့္နဲ႔ဆက္ဆံတာက အေကာင္းဆုံးပဲ။ “အကုိ . . ညေလး ေနမေကာင္းလုိ႔ ဖ်ားေနၿပီထင္တယ္ ဟင့္အင့္” လုိ႔ စကီေလးက ခြင့္တုိင္လာရင္ “အယ္. . နဖူးေတြေတာင္ ပူလာတာပဲ. . မွန္းစမ္း၊ ပါးေလးလည္း ပူေနတယ္ေနာ္” ဆုိၿပီး ဟုိစမ္းဒီကုိင္ လုပ္ေပမယ့္ “အကုိ က်ေနာ္ ေနမေကာင္းဘူး“ လုိ႔ ေယာက္်ားေလးတစ္ေယာက္က ေျပာလာရင္ “မင္းက ျမန္ျမန္ေသမွေအးမွာပဲ . အျမဲတမ္းခ်ဴခ်ာေနတဲ့ေကာင္” ဆုိၿပီး ေျပာလုိ႔မရဘူး။ ကရုဏာဆုိတာ ကြက္ၾကားမုိးရြာတာကုိ ေျပာတာမဟုတ္ဖူးေနာ္။

၄။ သစ္ပင္လည္း ခုတ္၊ ပုဆိန္လည္း ေသြး။

စားဝတ္ေနေရးအတြက္ အလုပ္လုပ္ေနရေပမယ့္လည္း ကုိယ့္အတြက္ ပညာရပ္အသစ္အဆန္းေတြ ေလ့လာထားရမယ္ဗ်။ Career နဲ႔သက္ဆုိင္တဲ့ ပညာရပ္ေတြကုိ အျမဲမျပတ္ေလ့လာထားမွ ေတာ္ကာက်မွာဗ်။ အဲဒီလုိမွ မဟုတ္ရင္ေတာ့ သစ္ပင္ပဲ ခုတ္ေနတယ္၊ ပုဆိန္ေသြးဖုိ႔ ေမ့ေနတဲ့ သစ္ခုတ္သမားလုိ ခုတ္ႏုိင္တဲ့သစ္ပင္ေတြ တျဖည္းျဖည္း နည္းလာမွာပဲ။ အဲဒီေတာ့ သစ္ပင္လည္း ခုတ္၊ ပုဆိန္လည္း ေသြး။

၅။ မခ်စ္ေသာ္လည္း ေအာင့္ကာနမ္း။

ကုိယ့္ဘက္က ဘယ္ေလာက္ပဲ စြမ္းေဆာင္ရည္ေကာင္းပါေစ ၊ အလုပ္ရွင္က အျမင္မၾကည္ရင္ လစာတုိးဖုိ႔ မလြယ္ေတာ့ဘူးေနာ္။ အဲဒီေတာ့ ခဏတာပဲ ဆက္ဆံရတဲ့အလုပ္ရွင္ကုိ အတက္ႏုိင္ဆုံး အဆင္ေျပေအာင္ေန။ “ႏႈတ္ခ်ိဳ သ်ိဳတစ္ပါး” ဆုိသလုိပဲ စကားေျပာရင္ အဆင္ေျပေအာင္ ေျပာပါေစ။ မခ်စ္ေသာ္လည္း ေအာင့္ကာနမ္းတဲ့ သေဘာေပါ့။

ဘဝတူဝန္ထမ္းေတြဟာ ဒီအခ်က္ေတြအတုိင္းသာ လုိက္နာက်င့္သုံးမယ္ဆုိရင္ မၾကာခင္မွာပဲ လစာတုိးလာမယ္လုိ႔ ယုံၾကည္မိပါတယ္။ လုပ္ငန္းခြင္မွာ ၾကံဳေတြ႕ေနၾကတဲ့ အခက္အခဲေတြကုိလည္း ရင္ဖြင့္ေပးသြားပါဦး။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

လစာတိုးအောင် ဘယ်လိုနေရမလဲ

တချို့တွေက အလုပ်တော့ ကြိုးစားပါရဲ့ ဒါပေမယ့် အချိန်တန်တော့ လစာလည်း တိုးမလာဘူး၊ နောက်မှပေါက်တဲ့ရွှေကြာတွေက လစာတွေတိုးသွားကြလို့ ကိုယ့်မှာ စိတ်ဓာတ်တွေကျတတ်ပါတယ်။ ကိုယ့်ဘက်က တစ်ယောက်တည်း အလုပ်တွေ ကြိုးစားတိုင်း လစာတိုးတာမဟုတ်ပါဘူး၊ ကိုယ်ကြိုးစားတာကို အလုပ်ရှင် သိဦးမှ လစာတိုးတာပါ။ တချို့တွေကျ ရာထူးတော့ တက်လာတယ်၊ လစာက မဆိုစလောက်လေး တိုးလာတယ်ဆိုရင်တော့ အလုပ်ရှင်က ကိုယ့်ကို နဖားကြိုးထိုးလိုက်တာပဲ။ ကဲ . . ဒီတော့ အလုပ်ရှင်က ကိုယ့်စွမ်းဆောင်ရည်ကို အသိအမှတ်ပြုပြီး လစာတွေ တိုးပေးချင်လာအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ လက်တို့ပြောလိုက်မယ်- လျှောက်တော့မပြောနဲ့ဦးနော်။

၁။ ပေါ်လွင်အောင် ကြိုးစားပါ။

လစာအမြန်တိုးချင်တယ်ဆိုရင်တော့ ကိုယ်နဲ့ ရာထူးတူတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် ကိုယ့်ဘက်က အမြဲတမ်းနှာတစ်ဖျားသာနေအောင် ကြိုးစားမှရမယ်ဗျ။ ပြီးတော့ အမြဲတမ်းမှတ်ထားရမှာက ကိုယ်က သူများထက် နှစ်ဆမသာဘူးဆိုရင် နှစ်ဆပိုပြီး ကြိုးစားရမှာပဲ။ အဲဒီတော့ ဖြစ်နိုင်ရင် အလုပ်ကို စောစောလာပြီး နောက်ကျမှ ပြန်တာမျိုး မကြာခဏ လုပ်သင့်သလို သူများထက်ပိုကောင်းတဲ့ ရလဒ်တွေ ထုတ်ပြနိုင်ရင် လစာတိုးဖို့အခွင့်အလမ်းများနေပါပြီဗျာ။

၂။ ခေါင်းဆောင်ပါ၊ ခေါင်းမရှောင်ပါနဲ့။

အဟေးဟေး ၊ လစာတိုးချင်တယ်ဆိုရင်တော့ လုပ်ငန်းခွင်မှာ တက်တက်ကြွကြွနဲ့ အသင်းအဖွဲ့မှာ ဦးဆောင်လုပ်ပေတော့။ ကိုယ့်အနေနဲ့ Manager တစ်ယောက်မဟုတ်ဖူးဆိုရင်တောင် Leader တစ်ယောက်လို လုပ်ဖော်ကိုင်ဖက်တွေကို စိတ်အားတက်ကြွအောင် အားပေးစကားပြောတာမျိုးတွေ၊ လုပ်ငန်းခွင်မှာ ဦးဆောင်လုပ်တာမျိုးတွေ လုပ်ရမှာနော်။ အဲဒီလို လုပ်မယ်ဆိုရင်တော့ အလုပ်ရှင်က ကိုယ့်စွမ်းဆောင်ရည်ကို မသိသေးရင်သာ နေမယ်၊ လုပ်ဖော်ကိုင်ဖက်တွေက အသိအမှတ်ပြုနေလောက်ပြီဗျ။

၃။ ကွက်ကြားမိုး မရွာပါနဲ့။

တကယ်တော့ လုပ်ဖော်ကိုင်ဖက်တွေဆိုတာ တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားတဲ့ ဘဝတူတွေပါ။ အဲဒီတော့ အေးအတူ၊ ပူအမျှ ကရုဏာအပြည့်နဲ့ဆက်ဆံတာက အကောင်းဆုံးပဲ။ “အကို . . ညလေး နေမကောင်းလို့ ဖျားနေပြီထင်တယ် ဟင့်အင့်” လို့ စကီလေးက ခွင့်တိုင်လာရင် “အယ်. . နဖူးတွေတောင် ပူလာတာပဲ. . မှန်းစမ်း၊ ပါးလေးလည်း ပူနေတယ်နော်” ဆိုပြီး ဟိုစမ်းဒီကိုင် လုပ်ပေမယ့် “အကို ကျနော် နေမကောင်းဘူး“ လို့ ယောက်ျားလေးတစ်ယောက်က ပြောလာရင် “မင်းက မြန်မြန်သေမှအေးမှာပဲ . အမြဲတမ်းချူချာနေတဲ့ကောင်” ဆိုပြီး ပြောလို့မရဘူး။ ကရုဏာဆိုတာ ကွက်ကြားမိုးရွာတာကို ပြောတာမဟုတ်ဖူးနော်။

၄။ သစ်ပင်လည်း ခုတ်၊ ပုဆိန်လည်း သွေး။

စားဝတ်နေရေးအတွက် အလုပ်လုပ်နေရပေမယ့်လည်း ကိုယ့်အတွက် ပညာရပ်အသစ်အဆန်းတွေ လေ့လာထားရမယ်ဗျ။ Career နဲ့သက်ဆိုင်တဲ့ ပညာရပ်တွေကို အမြဲမပြတ်လေ့လာထားမှ တော်ကာကျမှာဗျ။ အဲဒီလိုမှ မဟုတ်ရင်တော့ သစ်ပင်ပဲ ခုတ်နေတယ်၊ ပုဆိန်သွေးဖို့ မေ့နေတဲ့ သစ်ခုတ်သမားလို ခုတ်နိုင်တဲ့သစ်ပင်တွေ တဖြည်းဖြည်း နည်းလာမှာပဲ။ အဲဒီတော့ သစ်ပင်လည်း ခုတ်၊ ပုဆိန်လည်း သွေး။

၅။ မချစ်သော်လည်း အောင့်ကာနမ်း။

ကိုယ့်ဘက်က ဘယ်လောက်ပဲ စွမ်းဆောင်ရည်ကောင်းပါစေ ၊ အလုပ်ရှင်က အမြင်မကြည်ရင် လစာတိုးဖို့ မလွယ်တော့ဘူးနော်။ အဲဒီတော့ ခဏတာပဲ ဆက်ဆံရတဲ့အလုပ်ရှင်ကို အတက်နိုင်ဆုံး အဆင်ပြေအောင်နေ။ “နှုတ်ချို သျိုတစ်ပါး” ဆိုသလိုပဲ စကားပြောရင် အဆင်ပြေအောင် ပြောပါစေ။ မချစ်သော်လည်း အောင့်ကာနမ်းတဲ့ သဘောပေါ့။

ဘဝတူဝန်ထမ်းတွေဟာ ဒီအချက်တွေအတိုင်းသာ လိုက်နာကျင့်သုံးမယ်ဆိုရင် မကြာခင်မှာပဲ လစာတိုးလာမယ်လို့ ယုံကြည်မိပါတယ်။ လုပ်ငန်းခွင်မှာ ကြုံတွေ့နေကြတဲ့ အခက်အခဲတွေကိုလည်း ရင်ဖွင့်ပေးသွားပါဦး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com