[Zawgyi]

ကမာၻေက်ာ္ Brandေတြ အျမတ္ကို ဘယ္လိုယူေနသလဲ

ကမာၻေက်ာ္ Brand ေတြနဲ႔ပတ္သက္ရင္ ေျပာၾကတာက အရည္အေသြးေကာင္းလို႔ ေစ်းႀကီးတာ၊ အရင္းအႏွီးႀကီးႀကီးနဲ႔ ေသခ်ာထုတ္လုပ္ထားလို႔ အခုလိုေစ်းႀကီးေပးဝယ္ရတာဆိုတဲ့ စကားပါပဲ။ အဲဒီစကားက ရာစုႏွစ္ေပါင္းမ်ားစြာမွာ အမွန္တရားဆိုတဲ့ေခါင္းစဥ္ေအာက္မွာေနရာယူခဲ့ၿပီးေတာ့ အခုအခ်ိန္ထိလည္း ေနရာယူဆဲျဖစ္ပါတယ္။ ဒါေပမယ့္ ကမာၻေက်ာ္ Brand ေတြကိုယ္တိုင္ ထုတ္ေဖာ္ေျပာထားတဲ့အခ်က္ေတြကို အေျခခံၿပီး ေလ့လာသံုးသပ္တဲ့အခါ အထက္တန္းစားလူဂုဏ္ထံေတြသာအသံုးျပဳႏိုင္တဲ့ ကမာၻ႔ေစ်းႀကီး Branded ပစၥည္းေတြရဲ႕ ထုတ္လုပ္မႈကုန္က်စရိတ္ဟာ သူတို႔သတ္မွတ္ တဲ့ ေရာင္းေစ်းထက္ အမ်ားႀကီးသက္သာေနတာကို ေတြ႕ရပါတယ္။ အဲဒါအျပင္ အက်ိဳးအျမတ္အားျဖင့္ အျမတ္ရာခိုင္ႏႈန္း ၃၀ ရာခုိင္ႏႈန္းကေန စတင္အျမတ္ရေနတာျဖစ္တယ္လို႔ သိရပါတယ္။ ဘယ္ Brand ေတြက ဘယ္လိုေစ်းသက္သာၿပီး ဘယ္ေလာက္အျမတ္ယူထားလဲဆိုတာ တစ္ခ်က္ေလာက္ၾကည့္ရေအာင္…

Louis Vuitton

ကမာၻေက်ာ္အမွတ္တံဆိပ္ေတြထဲမွာ Louis Vuitton(LV) တံဆိပ္ဆိုရင္ အေကာင္းစားမွႀကိဳက္တယ္ ဆိုသူေတြ ေမာ္ေမာ္ၾကြားၾကြားေလးရိႈးထုတ္ခ်င္သူေတြ ကိုင္ခ်င္သံုးခ်င္တဲ့အမွတ္တံဆိပ္လို႔ဆိုရမွာပါ။ ဒါေပမယ့္ ၂၀၀၀ ခုႏွစ္ နယူးေယာက္တိုင္းမ္မဂၢဇင္းရဲ႕ ေလ့လာေတြ႕ရွိခ်က္အရ LV အမွတ္တံဆိပ္အိတ္ေတြဟာ သူတို႔သတ္မွတ္ေရာင္းခ်ေနတဲ့ တန္ဖိုးထက္ ေဒၚလာရာနဲ႔ခ်ီ ေစ်းေပါေနတယ္လို႔ ဆိုပါတယ္။ ကုမၸဏီရဲ႕ေျပာေရးဆိုခြင့္ရွိသူကေတာ့ ဒါကိုအခိုင္အမာျငင္းဆိုထားၿပီး ထုတ္လုပ္မႈကုန္က်စရိတ္ကိုလည္း အတိအက်ေျပာႏိုင္ျခင္းမရွိခဲ့ပါဘူး။ အဲဒါအျပင္ Forbes မဂၢဇင္းရဲ႕ တြက္ခ်က္မႈမွာလည္း ကမာၻ႕ေျမာက္ျခမ္းကိုတင္ပို႔ေနတဲ့ LV ပစၥည္းေတြရဲ႕ ပ်မ္းမွ်အျမတ္ေငြဟာ ၃၀ ရာခိုင္ႏႈန္းအထိ အျမတ္ရရွိေနၿပီး ဒီအျမတ္ရာခိုင္ႏႈန္းရဲ႕တန္ဖိုးဟာ ေဒၚလာ ၂၈ ဒသမ၈ဘီလီယံအထိရွိေနတယ္လို႔ ဆိုပါတယ္။

Louis Vuitton

Louis Vuitton

Mont Blanc

ကမာၻေက်ာ္အမွတ္တံဆိပ္ေတြထဲမွာ စာေရးကိရိယာေတြလည္းပါဝင္ပါတယ္။ အဲဒီအထဲက Mont Blanc ဆိုတဲ့ အမွတ္တံဆိပ္ေဖာင္တိန္ေတြဟာ လက္ေရးလွေရးႏိုင္ဖို႔ လူေတြရဲ႕အားထုတ္မႈေနရာမွာ အလြယ္တကူပဲေနရာယူႏိုင္ခဲ့ပါတယ္။ အဆင့္ျမင့္တဲ့ နည္းပညာနဲ႔ထုတ္လုပ္ထားလို႔ အႏုပညာလက္ရာေျမာက္တဲ့စာလံုးေတြကို အပမ္းမႀကီးဘဲ ေရးျခစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီေဖာင္တိန္ကို ေဒၚလာရာခ်ီေပးဝယ္ၿပီး တန္ဖိုးႀကီးမင္ရည္စက္ေတြကို မႏွေျမာဘဲ စာရြက္ေပၚမွာေရးခ်ေနၾကပါတယ္။ ဒါေပမယ့္ ဒီေဖာင္တိန္ေတြဟာ သင္ထင္ထားသလို ခက္ခက္ခဲခဲထုတ္လုပ္ထားတာ မဟုတ္ပါဘူး။လူေတြရဲ႕ဇိမ္ခံတတ္တဲ့အလိုဆႏၵေတြေၾကာင့္ တန္ဖိုးျမင့္အမွတ္တံဆိပ္အျဖစ္တြန္းတင္ခံရၿပီး ထုတ္လုပ္မႈကုန္က်စရိတ္သက္သက္သာသာနဲ႔ အျမတ္ရာခိုင္ႏႈန္းမ်ားစြာကို အလြယ္တကူပဲရေနတာပါ။

Mont Blanc

Mont Blanc

Coach

ကမာၻေက်ာ္အမွတ္တံဆိပ္ေတြထဲမွာ Coach တံဆိပ္အိတ္ေတြကလည္း ကမာၻ႕ဖက္ရွင္ေလာကမွာ ေျခကုပ္ယူထားႏိုင္တဲ့အထိ နာမည္ႀကီးပါတယ္။ သူ႔အိတ္ေတြက ခန္႔ျငားတယ္၊ ေစ်းႀကီးတယ္၊ က်က္သေရရွိတယ္ ဒီလိုဂုဏ္ပုဒ္ေတြနဲ႔ ျပည့္စံုတဲ့အတြက္ သတ္မွတ္တဲ့ေစ်းႏႈန္းကို အႏွေျမာမရွိတိုးၿပီးဝယ္ေနၾကတာပါပဲ။ Coach ဟာ လက္ရွိေရာင္းေနတဲ့ေစ်းကိုပဲ ထပ္ျမႇင့္ဖို႔ႀကိဳးစားခဲ့ေပမယ့္ သူတို႔မွားသြားၿပီဆိုတာကိုသိလိုက္တဲ့အခ်ိန္မွာ အြန္လိုင္းေစ်းကြက္အတြက္ အထူးေလွ်ာ့ေစ်းေတြနဲ ႔ေစ်းကြက္ကိုျပန္ထိန္းခဲ့ပါတယ္။ ေစ်းကြက္ကၽြမ္းက်င္သူေတြရဲ႕သံုးသပ္ခ်က္အရ Coach ပစၥည္းေတြဟာ ေစ်းႀကီးေပးရေပမယ့္ ဖ်က္ခနဲၾကည့္လိုက္ရင္ေတာင္ သိပ္ၿပီးသတိမထားမိဘူးလို႔ ဆိုပါတယ္။

Coach

Coach

Rolex

နာမည္ႀကီးအမွတ္တံဆိပ္နာရီေတြထဲမွာ Rolex ဆိုရင္ High Fashion, High Class ကို ကိုယ္စားျပဳ တယ္ဆိုတာ အားလံုးသိၾကပါတယ္။ ဒါ့အျပင္ အၿပိဳင္ Brand ေတြကိုလည္း ေကာင္းေကာင္းယွဥ္ႏိုင္ၿပီး အခ်ိန္မေရြးေနရာမေရြး ဝံ့ဝံ့ၾကြားၾကြားေလးထုတ္ၾကည့္ႏိုင္တဲ့ Brand တစ္ခုဆိုလည္း မမွားပါဘူး။ ဒါေပမယ့္ Rolex အပါအဝင္ ကမာၻတစ္ဝွမ္းက ေစ်းႀကီးပါတယ္ဆိုတဲ့နာရီေတြဟာ သင္ထင္ထားသေလာက္ ထုတ္လုပ္မႈကုန္က်စရိတ္မႀကီးသလို ေစ်းအေလွ်ာ့အတင္းလုပ္လို႔ရတဲ့အထိကို ေစ်းသက္သာတဲ့ အမွတ္တံဆိပ္ေတြပဲျဖစ္ပါတယ္။

 

Rolex

Rolex

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကမ္ဘာကျော် Brandတွေ အမြတ်ကို ဘယ်လိုယူနေသလဲ

ကမ္ဘာကျော် Brand တွေနဲ့ပတ်သက်ရင် ပြောကြတာက အရည်အသွေးကောင်းလို့ ဈေးကြီးတာ၊ အရင်းအနှီးကြီးကြီးနဲ့ သေချာထုတ်လုပ်ထားလို့ အခုလိုဈေးကြီးပေးဝယ်ရတာဆိုတဲ့ စကားပါပဲ။ အဲဒီစကားက ရာစုနှစ်ပေါင်းများစွာမှာ အမှန်တရားဆိုတဲ့ခေါင်းစဉ်အောက်မှာနေရာယူခဲ့ပြီးတော့ အခုအချိန်ထိလည်း နေရာယူဆဲဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာကျော် Brand တွေကိုယ်တိုင် ထုတ်ဖော်ပြောထားတဲ့အချက်တွေကို အခြေခံပြီး လေ့လာသုံးသပ်တဲ့အခါ အထက်တန်းစားလူဂုဏ်ထံတွေသာအသုံးပြုနိုင်တဲ့ ကမ္ဘာ့ဈေးကြီး Branded ပစ္စည်းတွေရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်ဟာ သူတို့သတ်မှတ် တဲ့ ရောင်းဈေးထက် အများကြီးသက်သာနေတာကို တွေ့ရပါတယ်။ အဲဒါအပြင် အကျိုးအမြတ်အားဖြင့် အမြတ်ရာခိုင်နှုန်း ၃၀ ရာခိုင်နှုန်းကနေ စတင်အမြတ်ရနေတာဖြစ်တယ်လို့ သိရပါတယ်။ ဘယ် Brand တွေက ဘယ်လိုဈေးသက်သာပြီး ဘယ်လောက်အမြတ်ယူထားလဲဆိုတာ တစ်ချက်လောက်ကြည့်ရအောင်…

Louis Vuitton

ကမ္ဘာကျော်အမှတ်တံဆိပ်တွေထဲမှာ Louis Vuitton(LV) တံဆိပ်ဆိုရင် အကောင်းစားမှကြိုက်တယ် ဆိုသူတွေ မော်မော်ကြွားကြွားလေးရှိုးထုတ်ချင်သူတွေ ကိုင်ချင်သုံးချင်တဲ့အမှတ်တံဆိပ်လို့ဆိုရမှာပါ။ ဒါပေမယ့် ၂၀၀၀ ခုနှစ် နယူးယောက်တိုင်းမ်မဂ္ဂဇင်းရဲ့ လေ့လာတွေ့ရှိချက်အရ LV အမှတ်တံဆိပ်အိတ်တွေဟာ သူတို့သတ်မှတ်ရောင်းချနေတဲ့ တန်ဖိုးထက် ဒေါ်လာရာနဲ့ချီ ဈေးပေါနေတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ ဒါကိုအခိုင်အမာငြင်းဆိုထားပြီး ထုတ်လုပ်မှုကုန်ကျစရိတ်ကိုလည်း အတိအကျပြောနိုင်ခြင်းမရှိခဲ့ပါဘူး။ အဲဒါအပြင် Forbes မဂ္ဂဇင်းရဲ့ တွက်ချက်မှုမှာလည်း ကမ္ဘာ့မြောက်ခြမ်းကိုတင်ပို့နေတဲ့ LV ပစ္စည်းတွေရဲ့ ပျမ်းမျှအမြတ်ငွေဟာ ၃၀ ရာခိုင်နှုန်းအထိ အမြတ်ရရှိနေပြီး ဒီအမြတ်ရာခိုင်နှုန်းရဲ့တန်ဖိုးဟာ ဒေါ်လာ ၂၈ ဒသမ၈ဘီလီယံအထိရှိနေတယ်လို့ ဆိုပါတယ်။

Louis Vuitton

Louis Vuitton

Mont Blanc

ကမ္ဘာကျော်အမှတ်တံဆိပ်တွေထဲမှာ စာရေးကိရိယာတွေလည်းပါဝင်ပါတယ်။ အဲဒီအထဲက Mont Blanc ဆိုတဲ့ အမှတ်တံဆိပ်ဖောင်တိန်တွေဟာ လက်ရေးလှရေးနိုင်ဖို့ လူတွေရဲ့အားထုတ်မှုနေရာမှာ အလွယ်တကူပဲနေရာယူနိုင်ခဲ့ပါတယ်။ အဆင့်မြင့်တဲ့ နည်းပညာနဲ့ထုတ်လုပ်ထားလို့ အနုပညာလက်ရာမြောက်တဲ့စာလုံးတွေကို အပမ်းမကြီးဘဲ ရေးခြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီဖောင်တိန်ကို ဒေါ်လာရာချီပေးဝယ်ပြီး တန်ဖိုးကြီးမင်ရည်စက်တွေကို မနှမြောဘဲ စာရွက်ပေါ်မှာရေးချနေကြပါတယ်။ ဒါပေမယ့် ဒီဖောင်တိန်တွေဟာ သင်ထင်ထားသလို ခက်ခက်ခဲခဲထုတ်လုပ်ထားတာ မဟုတ်ပါဘူး။လူတွေရဲ့ဇိမ်ခံတတ်တဲ့အလိုဆန္ဒတွေကြောင့် တန်ဖိုးမြင့်အမှတ်တံဆိပ်အဖြစ်တွန်းတင်ခံရပြီး ထုတ်လုပ်မှုကုန်ကျစရိတ်သက်သက်သာသာနဲ့ အမြတ်ရာခိုင်နှုန်းများစွာကို အလွယ်တကူပဲရနေတာပါ။

Mont Blanc

Mont Blanc

Coach

ကမ္ဘာကျော်အမှတ်တံဆိပ်တွေထဲမှာ Coach တံဆိပ်အိတ်တွေကလည်း ကမ္ဘာ့ဖက်ရှင်လောကမှာ ခြေကုပ်ယူထားနိုင်တဲ့အထိ နာမည်ကြီးပါတယ်။ သူ့အိတ်တွေက ခန့်ငြားတယ်၊ ဈေးကြီးတယ်၊ ကျက်သရေရှိတယ် ဒီလိုဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံတဲ့အတွက် သတ်မှတ်တဲ့ဈေးနှုန်းကို အနှမြောမရှိတိုးပြီးဝယ်နေကြတာပါပဲ။ Coach ဟာ လက်ရှိရောင်းနေတဲ့ဈေးကိုပဲ ထပ်မြှင့်ဖို့ကြိုးစားခဲ့ပေမယ့် သူတို့မှားသွားပြီဆိုတာကိုသိလိုက်တဲ့အချိန်မှာ အွန်လိုင်းဈေးကွက်အတွက် အထူးလျှော့ဈေးတွေနဲ့ဈေးကွက်ကိုပြန်ထိန်းခဲ့ပါတယ်။ ဈေးကွက်ကျွမ်းကျင်သူတွေရဲ့သုံးသပ်ချက်အရ Coach ပစ္စည်းတွေဟာ ဈေးကြီးပေးရပေမယ့် ဖျက်ခနဲကြည့်လိုက်ရင်တောင် သိပ်ပြီးသတိမထားမိဘူးလို့ ဆိုပါတယ်။

Coach

Coach

Rolex

နာမည်ကြီးအမှတ်တံဆိပ်နာရီတွေထဲမှာ Rolex ဆိုရင် High Fashion, High Class ကို ကိုယ်စားပြု တယ်ဆိုတာ အားလုံးသိကြပါတယ်။ ဒါ့အပြင် အပြိုင် Brand တွေကိုလည်း ကောင်းကောင်းယှဉ်နိုင်ပြီး အချိန်မရွေးနေရာမရွေး ဝံ့ဝံ့ကြွားကြွားလေးထုတ်ကြည့်နိုင်တဲ့ Brand တစ်ခုဆိုလည်း မမှားပါဘူး။ ဒါပေမယ့် Rolex အပါအဝင် ကမ္ဘာတစ်ဝှမ်းက ဈေးကြီးပါတယ်ဆိုတဲ့နာရီတွေဟာ သင်ထင်ထားသလောက် ထုတ်လုပ်မှုကုန်ကျစရိတ်မကြီးသလို ဈေးအလျှော့အတင်းလုပ်လို့ရတဲ့အထိကို ဈေးသက်သာတဲ့ အမှတ်တံဆိပ်တွေပဲဖြစ်ပါတယ်။

 

Rolex

Rolex

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။