[Zawgyi]

အခြင့္အထူးခံပံုစံကို စြန္႔လႊတ္လုိက္ေတာ့ ေပါ့ဘာ (Pogba)

ေပါ့ဘာ (Pogba)ဟာ မန္ခ်က္စတာယူႏုိက္တက္ဆီ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ဂုဏ္ယူဖြယ္ေရာက္ရွိလာ၊ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ Attacking Function မ်ားဟာ ေပါ့ဘာ (Pogba)ရဲ႕ တစ္ကိုယ္ရည္တန္ဖိုးနဲ႔အတူ ပိုၿပီးရႊန္းစိုလာမလား။ မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြ ေမွ်ာ္လင့္ခဲ့ရတယ္။ ဒါေပမဲ့ လက္ရွိ ေပါ့ဘာ (Pogba)ကို ျမင္ရတာ ေမွ်ာ္လင့္ခ်က္ေတြကို နာဖ်ားေစတယ္။ စိတ္ကူးေတြကို ေအးခဲေစတယ္။ ၿပီးခဲ့တဲ့ နယူးကာဆယ္နဲ႔ပြဲမွာ ေပါ့ဘာ (Pogba)ကို ျမင္ရတာ သာမန္ကစားသမားတစ္ဦးထက္မပိုခဲ့ဘူး။ ကြင္းထဲမွာ လမ္းေလွ်ာက္ေနသလုိပဲလို႔ ေ၀ဖန္ခံခဲ့ရတယ္။ ေပါ့ဘာ (Pogba)ရဲ႕ အေကာင္းဆံုးေနရာဟာ Final Third Zone ထဲမွာ၊ ဒါေပမဲ့ လက္ရွိအခ်ိ္န္မွာ အဲဒီေနရာဟာ ေပါ့ဘာ (Pogba)အတြက္မဟုတ္ဘူး။ လင္ဂတ္ (Lingard) ကုိ ေမာ္ရင္ဟို (Mourinho) ဦးစားေပးသံုးေနတယ္။ လင္ဂတ္ (Lingard) ေမာ္ရင္ဟုိ (Mourinho) ႏွစ္သက္တတ္တဲ့ အခ်က္အလက္ေတြနဲ႔ ျပည့္စံုတဲ့ကစားသမားမ်ဳိး၊ ေနရာစံုေရြ႕လ်ား၊ တိုးအားေကာင္း၊ မထင္မွတ္တဲ့ ပံုစံမ်ုိးနဲ႔ ဂိုးသြင္းယူတတ္၊ ဂိုးလာဘ္ရွိ၊ ဒီလိုစြယ္စံုရကစားသမားမ်ဳိးကို ေမာ္ရင္ဟို (Mourinho) က အရမ္းသေဘာက်တာ၊ ေပါ့ဘာ (Pogba)မွာ ဒါမ်ဳိးအရည္အခ်င္းေတြမရွိဘူးမဟုတ္ဘူး၊ ရွိတယ္။ ဒါေပမဲ့ Effective ျဖစ္မႈအပုိင္းမွာ ေပါ့ဘာ (Pogba)ထက္ လင္ဂတ္ (Lingard) က လတ္တေလာမွာ ပိုေကာင္းေနတာမ်ဳိး။ ၿပီးေတာ့ ေမာ္ရင္ဟို (Mourinho) ရဲ႕ စြန္႔စားလုိစိတ္၊အဆန္းထြင္ခ်င္တဲ့စိတ္လို႔ ေျပာရင္လည္းရတယ္။ ရီးယဲလ္မွာ ကာဆီးလက္စ္ (Casillas) လိုကစားသမားမ်ဳိးကို မသံုးခဲ့တာမ်ဳိး၊ ၾကယ္ပြင့္ေတြကို ေခါက္ၿပီး စြန္႔စားျပ ေအာင္ျမင္ရင္ သူ႕ဗ်ဴဟာ နာမည္ႀကီးမယ္။ အခုလည္း ေပါ့ဘာ (Pogba)ထက္ လင္ဂတ္ (Lingard) ကိုပိုၿပီးဦးစားေပးေနတာ ဒီသေဘာေတြပါမယ္ထင္တယ္။ ၿပီးေတာ့ ေမာ္ရင္ဟို (Mourinho) ရဲ႕ မသိစိတ္ထဲ အငံု႔စိတ္ေလးရွိေနတယ္။ သူ႕လက္ထက္မွာ လူငယ္ကစားသမားေတြ ေမြးထုတ္တာထက္ Instant Player ေတြနဲ႔ အလုပ္ျဖစ္ခဲ့တာ ပိုမ်ားၿပီး လူငယ္ေတြကို သတ္တဲ့နည္းျပလို႔ စြပ္စြဲခံရဖူးတယ္။ ဒီေတာ့ လင္ဂတ္ (Lingard) ရဲ႕ ေျခစြမ္းထက္ျမက္လာရင္ လူငယ္ကစားသမားေတြနဲ႔ ပတ္သက္ၿပီးသူ႕အေပၚေ၀ဖန္သံ နည္းနည္းေလ်ာ့သြားႏုိင္လို႔ လင္ဂတ္ (Lingard) ပ်ဳိးေထာင္ေရးစီမံကိန္းကို ေမာ္ရင္ဟို (Mourinho) အသက္သြင္းေနတာပဲ။ တကယ္ဆုိ လင္ဂတ္ (Lingard) ကစားေနတဲ့ေနရာမွာ ဆန္းခ်က္ဇ္ (Sanchez) ကစားလို႔ရေသးတယ္။ ဆန္းခ်က္ဇ္ (Sanchez) သာ ဘယ္ေတာင္ပံကေန ေနရာေျပာင္းကစားရင္ ညာေတာင္ပံမွာ အသားမက်တဲ့ မာစီယဲလ္(Martial) လည္း ဘယ္ေတာင္ပံေနရာေဟာင္းမွာ ျပန္ကစားခြင့္ရမွာျဖစ္ၿပီး မန္ခ်က္စတာယူႏုိက္တက္ရဲ႕ တုိက္စစ္ဟန္ခ်က္ပုိအားေကာင္းလာႏုိင္တယ္။ လင္ဂတ္ (Lingard)ကို သူ႕ရဲ႕ မူလေနရာ ညာေတာင္ပံမွာထားမယ္ဆုိရင္ ေနာက္ပိုင္းပဲြေတြမွာ ပံုစံပ်က္ေနတဲ့ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ တုိက္စစ္ျပန္ၿပီးတည္ၿငိမ္လာႏုိင္ပါတယ္။

နည္းျပေမာ္ရင္ဟို (Mourinho) ႏွင့္ ေပါ့ဘာ (Pogba)

နည္းျပေမာ္ရင္ဟို (Mourinho) ႏွင့္ ေပါ့ဘာ (Pogba)

ဒါေပမဲ့ ေပါ့ဘာ (Pogba) ကုိယ္တုိင္ႀကိဳးစားရမယ့္အပုိင္းေတြ ရွိေနတယ္။ နယူးကာဆယ္နဲ႔ပြဲတုန္းက သူ႕ရဲ႕ စြမ္းေဆာင္ရည္က ဆိုးဆိုးရြားရြားပဲ။ ၿပိဳင္ဘက္ဂိုးေပါက္ကို တစ္ႀကိမ္မွ မၿခိမ္းေျခာက္ႏုိင္ခဲ့ဘူး။ ဒါဟာ သူ႕ရဲပရီးမီးယားလိဂ္ကစားသမားဘ၀တစ္ေလွ်ာက္ ပထမဆံုးအႀကိမ္ ၿပိဳင္ဘက္ဂိုးေပါက္ကို မၿခိမ္းေျခာက္ႏုိင္ခဲ့တာပါပဲ။ ၿပီးေတာ့ ပြဲခ်ိန္ (၆၆)မိနစ္ကစားခဲ့ရေပမယ့္ ေဘာလံုးထိခ်က္ (၅၈)ႀကိမ္သာရွိခဲ့တာက  Box to Box ကစားသမားတစ္ဦးအတြက္ မျဖစ္သင့္ဘူး။ သူ႕အေနနဲ႔ ေပ်ာ္ရာမွာ မေနရ ေတာ္ရာမွာ ေနရဆိုတဲ့စကားအတုိင္း လက္ရိွပိုင္ဆုိင္ထားတဲ့ အခြင့္အေရးကို အေကာင္းဆံုးေျပာင္းလဲရပါလိမ့္မယ္။ နယူးကာဆယ္နဲ႔ပဲြမွာ သူ႕ကို နည္းျပေမာ္ရင္ဟို (Mourinho) လူစားလဲခဲ့ပါတယ္။ ပြဲၿပီးဆံုးခ်ိန္ကြင္းထဲက ထြက္ေတာ့ ေပါ့ဘာ(Pogba) ကဒဏ္ရာရတဲ့ ပံုစံမ်ဳိးျမင္ခဲ့ရတယ္။ ဒီအေၾကာင္းကို နည္းျပ ေမာ္ရင္ဟို (Mourinho) က ဒဏ္ရာျပႆနာေၾကာင့္ မဟုတ္ဘူး။ နည္းစနစ္ပိုင္းအရလဲတာလို႔ ဆိုခဲ့ပါတယ္။ ဒီေတာ့ ေပါ့ဘာ(Pogba)အေနနဲ႕ ကုိယ့္ရဲ႕ပကတိအေျခအေနမွန္ကို နားလည္ရမယ္။ လက္ရွိထက္ပိုေကာင္းမယ့္ စြမ္းေဆာင္ရည္ကို ျပသသင့္ေနၿပီ။ ဆံပင္ပံုစံဒီဇုိင္းအသစ္ေတြ ဖန္တီးေနမယ့္အစား သူ႕ရဲ႕ကြင္းတြင္းပံုစံ ဒီဇုိင္းအသစ္ကို ဖန္တီးသင့္ေနၿပီ။ သူ႕ဟာ ပထမတစ္ေခါက္ မန္ခ်က္စတာယူႏုိက္တက္မွာ ရွိတုန္းကလို အကယ္ဒမီထြက္ကစားသမားမဟုတ္ဘူး။ သူ႕အတြက္ မန္ခ်က္စတာယူႏုိက္တက္ ေပးခဲ့ရတာ ေပါင္ (၈၉)သန္းမဟုတ္လား။ ေျပာင္းေရႊ႕ေၾကးေၾကာင့္ အခြင့္ထူးခံ ပံုစံမ်ဳိး ေပါ့ဘာ (Pogba) ျဖစ္မေနသင့္ဘူးမဟု္လား။တန္ဖိုးနဲ႔ ညီမွ်မယ့္ ေပါ့ဘာ (Pogba)ကို မန္ခ်က္စတာယူႏုိက္တက္ အသိုက္အၿမံဳက ေမွ်ာ္လင့္ေနတယ္မဟုတ္လား။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အခွင့်အထူးခံပုံစံကို စွန့်လွှတ်လိုက်တော့ ပေါ့ဘာ (Pogba)

ပေါ့ဘာ (Pogba)ဟာ မန်ချက်စတာယူနိုက်တက်ဆီ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဂုဏ်ယူဖွယ်ရောက်ရှိလာ၊ မန်ချက်စတာယူနိုက်တက်ရဲ့ Attacking Function များဟာ ပေါ့ဘာ (Pogba)ရဲ့ တစ်ကိုယ်ရည်တန်ဖိုးနဲ့အတူ ပိုပြီးရွှန်းစိုလာမလား။ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ မျှော်လင့်ခဲ့ရတယ်။ ဒါပေမဲ့ လက်ရှိ ပေါ့ဘာ (Pogba)ကို မြင်ရတာ မျှော်လင့်ချက်တွေကို နာဖျားစေတယ်။ စိတ်ကူးတွေကို အေးခဲစေတယ်။ ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ ပေါ့ဘာ (Pogba)ကို မြင်ရတာ သာမန်ကစားသမားတစ်ဦးထက်မပိုခဲ့ဘူး။ ကွင်းထဲမှာ လမ်းလျှောက်နေသလိုပဲလို့ ဝေဖန်ခံခဲ့ရတယ်။ ပေါ့ဘာ (Pogba)ရဲ့ အကောင်းဆုံးနေရာဟာ Final Third Zone ထဲမှာ၊ ဒါပေမဲ့ လက်ရှိအချိန်မှာ အဲဒီနေရာဟာ ပေါ့ဘာ (Pogba)အတွက်မဟုတ်ဘူး။ လင်ဂတ် (Lingard) ကို မော်ရင်ဟို (Mourinho) ဦးစားပေးသုံးနေတယ်။ လင်ဂတ် (Lingard) မော်ရင်ဟို (Mourinho) နှစ်သက်တတ်တဲ့ အချက်အလက်တွေနဲ့ ပြည့်စုံတဲ့ကစားသမားမျိုး၊ နေရာစုံရွေ့လျား၊ တိုးအားကောင်း၊ မထင်မှတ်တဲ့ ပုံစံမျိုးနဲ့ ဂိုးသွင်းယူတတ်၊ ဂိုးလာဘ်ရှိ၊ ဒီလိုစွယ်စုံရကစားသမားမျိုးကို မော်ရင်ဟို (Mourinho) က အရမ်းသဘောကျတာ၊ ပေါ့ဘာ (Pogba)မှာ ဒါမျိုးအရည်အချင်းတွေမရှိဘူးမဟုတ်ဘူး၊ ရှိတယ်။ ဒါပေမဲ့ Effective ဖြစ်မှုအပိုင်းမှာ ပေါ့ဘာ (Pogba)ထက် လင်ဂတ် (Lingard) က လတ်တလောမှာ ပိုကောင်းနေတာမျိုး။ ပြီးတော့ မော်ရင်ဟို (Mourinho) ရဲ့ စွန့်စားလိုစိတ်၊အဆန်းထွင်ချင်တဲ့စိတ်လို့ ပြောရင်လည်းရတယ်။ ရီးယဲလ်မှာ ကာဆီးလက်စ် (Casillas) လိုကစားသမားမျိုးကို မသုံးခဲ့တာမျိုး၊ ကြယ်ပွင့်တွေကို ခေါက်ပြီး စွန့်စားပြ အောင်မြင်ရင် သူ့ဗျူဟာ နာမည်ကြီးမယ်။ အခုလည်း ပေါ့ဘာ (Pogba)ထက် လင်ဂတ် (Lingard) ကိုပိုပြီးဦးစားပေးနေတာ ဒီသဘောတွေပါမယ်ထင်တယ်။ ပြီးတော့ မော်ရင်ဟို (Mourinho) ရဲ့ မသိစိတ်ထဲ အငုံ့စိတ်လေးရှိနေတယ်။ သူ့လက်ထက်မှာ လူငယ်ကစားသမားတွေ မွေးထုတ်တာထက် Instant Player တွေနဲ့ အလုပ်ဖြစ်ခဲ့တာ ပိုများပြီး လူငယ်တွေကို သတ်တဲ့နည်းပြလို့ စွပ်စွဲခံရဖူးတယ်။ ဒီတော့ လင်ဂတ် (Lingard) ရဲ့ ခြေစွမ်းထက်မြက်လာရင် လူငယ်ကစားသမားတွေနဲ့ ပတ်သက်ပြီးသူ့အပေါ်ဝေဖန်သံ နည်းနည်းလျော့သွားနိုင်လို့ လင်ဂတ် (Lingard) ပျိုးထောင်ရေးစီမံကိန်းကို မော်ရင်ဟို (Mourinho) အသက်သွင်းနေတာပဲ။ တကယ်ဆို လင်ဂတ် (Lingard) ကစားနေတဲ့နေရာမှာ ဆန်းချက်ဇ် (Sanchez) ကစားလို့ရသေးတယ်။ ဆန်းချက်ဇ် (Sanchez) သာ ဘယ်တောင်ပံကနေ နေရာပြောင်းကစားရင် ညာတောင်ပံမှာ အသားမကျတဲ့ မာစီယဲလ်(Martial) လည်း ဘယ်တောင်ပံနေရာဟောင်းမှာ ပြန်ကစားခွင့်ရမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်ဟန်ချက်ပိုအားကောင်းလာနိုင်တယ်။ လင်ဂတ် (Lingard)ကို သူ့ရဲ့ မူလနေရာ ညာတောင်ပံမှာထားမယ်ဆိုရင် နောက်ပိုင်းပွဲတွေမှာ ပုံစံပျက်နေတဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်ပြန်ပြီးတည်ငြိမ်လာနိုင်ပါတယ်။

နည်းပြမော်ရင်ဟို (Mourinho) နှင့် ပေါ့ဘာ (Pogba)

နည်းပြမော်ရင်ဟို (Mourinho) နှင့် ပေါ့ဘာ (Pogba)

ဒါပေမဲ့ ပေါ့ဘာ (Pogba) ကိုယ်တိုင်ကြိုးစားရမယ့်အပိုင်းတွေ ရှိနေတယ်။ နယူးကာဆယ်နဲ့ပွဲတုန်းက သူ့ရဲ့ စွမ်းဆောင်ရည်က ဆိုးဆိုးရွားရွားပဲ။ ပြိုင်ဘက်ဂိုးပေါက်ကို တစ်ကြိမ်မှ မခြိမ်းခြောက်နိုင်ခဲ့ဘူး။ ဒါဟာ သူ့ရဲပရီးမီးယားလိဂ်ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ် ပြိုင်ဘက်ဂိုးပေါက်ကို မခြိမ်းခြောက်နိုင်ခဲ့တာပါပဲ။ ပြီးတော့ ပွဲချိန် (၆၆)မိနစ်ကစားခဲ့ရပေမယ့် ဘောလုံးထိချက် (၅၈)ကြိမ်သာရှိခဲ့တာက  Box to Box ကစားသမားတစ်ဦးအတွက် မဖြစ်သင့်ဘူး။ သူ့အနေနဲ့ ပျော်ရာမှာ မနေရ တော်ရာမှာ နေရဆိုတဲ့စကားအတိုင်း လက်ရှိပိုင်ဆိုင်ထားတဲ့ အခွင့်အရေးကို အကောင်းဆုံးပြောင်းလဲရပါလိမ့်မယ်။ နယူးကာဆယ်နဲ့ပွဲမှာ သူ့ကို နည်းပြမော်ရင်ဟို (Mourinho) လူစားလဲခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်ကွင်းထဲက ထွက်တော့ ပေါ့ဘာ(Pogba) ကဒဏ်ရာရတဲ့ ပုံစံမျိုးမြင်ခဲ့ရတယ်။ ဒီအကြောင်းကို နည်းပြ မော်ရင်ဟို (Mourinho) က ဒဏ်ရာပြဿနာကြောင့် မဟုတ်ဘူး။ နည်းစနစ်ပိုင်းအရလဲတာလို့ ဆိုခဲ့ပါတယ်။ ဒီတော့ ပေါ့ဘာ(Pogba)အနေနဲ့ ကိုယ့်ရဲ့ပကတိအခြေအနေမှန်ကို နားလည်ရမယ်။ လက်ရှိထက်ပိုကောင်းမယ့် စွမ်းဆောင်ရည်ကို ပြသသင့်နေပြီ။ ဆံပင်ပုံစံဒီဇိုင်းအသစ်တွေ ဖန်တီးနေမယ့်အစား သူ့ရဲ့ကွင်းတွင်းပုံစံ ဒီဇိုင်းအသစ်ကို ဖန်တီးသင့်နေပြီ။ သူ့ဟာ ပထမတစ်ခေါက် မန်ချက်စတာယူနိုက်တက်မှာ ရှိတုန်းကလို အကယ်ဒမီထွက်ကစားသမားမဟုတ်ဘူး။ သူ့အတွက် မန်ချက်စတာယူနိုက်တက် ပေးခဲ့ရတာ ပေါင် (၈၉)သန်းမဟုတ်လား။ ပြောင်းရွှေ့ကြေးကြောင့် အခွင့်ထူးခံ ပုံစံမျိုး ပေါ့ဘာ (Pogba) ဖြစ်မနေသင့်ဘူးမဟု်လား။တန်ဖိုးနဲ့ ညီမျှမယ့် ပေါ့ဘာ (Pogba)ကို မန်ချက်စတာယူနိုက်တက် အသိုက်အမြုံက မျှော်လင့်နေတယ်မဟုတ်လား။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။