မိန္းကေလးေတြက ကိုယ္နဲ႔အရမ္းလိုက္ဖက္ျပီး အသံုးတည္႔ေနတဲ႔ မိတ္ကပ္ပစၥည္းေလးေတြဆိုရင္ ေပ်ာက္ပ်က္သြားမွာစိုးရိမ္ၾက ကိုယ္နဲ႔မကြာသယ္သြားတတ္ၾကတာသဘာဝပါ။ ဒီအထဲမွာမေတာ္တဆမ်ားထိမိခိုက္မိလို႔ က်ိဳးပဲ႔သြားခဲ႔ရင္ ဘယ္လိုအေကာင္းဆံုးျပဳျပင္ႏိုင္မလဲဆိုတဲ႔ နည္းလမ္းေလးေတြကို ေဖာ္ျပေပးႏိုင္ပါတယ္ေနာ္။

မိတ္ကပ္ဘူးေတြက်ိဳးပဲ႔တဲ႔အခါ

2 Way ေတြ ၊ Blusher ဘူးေလးေတြ လြတ္က်က်ိဳးပဲ႔သြားတဲ႔အခါ အေကာင္းဆံုးျပဳျပင္ႏိုင္မယ္႔ နည္းေလးရွိပါတယ္။ ပံုမွာျပထားသလို သူ႔ဘူးေလးထဲကို ျပန္ထည္႔ပါ။ အေပၚကပလတ္စတစ္ပါးနဲ႔အုပ္ပါ။  က်ိဳးေၾကေနတဲ႔မိတ္ကပ္အပိုင္းအစေတြညီသြားေအာင္ ပလတ္စတစ္ေပၚကေန လက္နဲ႔ဖိသိပ္ေပးပါ။ ေရခဲမုန္႔စားတဲ႔ တုတ္ျပားလုိမ်ိဳးသံုးျပီး ေထာင္႔ေလးေတြအထိဝင္ေအာင္ သိပ္ေပးလို႔ရပါတယ္။ ျပီးရင္ အရက္ေလးနည္းနည္းထည္႔ပါ။ အရက္ေနရာမွာ Toner ေလးသံုးေပးရင္လည္း အဆင္ေျပပါတယ္။

ျပီးရင္ေတာ႔ ဘူးနဲ႔အံဝင္ခြင္က်ရွိမယ္႔ ခြက္ဝိုင္းေလးတစ္ခုကိုယူပါ။ ဒီခြက္ဝိုင္းေလးကို ပလတ္စတစ္ပါးေလးအုပ္ျပီး မိတ္ကပ္သားေပၚ ေလးငါးခါဖိသိပ္ေပးလိုက္ပါ။ ဒါဆိုရင္ေတာ႔ အရင္အတိုင္း သံုးလို႔ရေသးတဲ႔အေနအထားရလာတာေတြ႔ရပါလိမ္႔မယ္။

How-to-Fix-Any-Broken-Powder-Makeup-Collage

ေနာက္တစ္နည္းကေတာ႔ လံုးဝအရည္ေပ်ာ္သြားေအာင္ေဖ်ာ္ခ်တဲ႔နည္းပါ။ Facial Spray သို႔ Toner မ်ားမ်ားေလးေလာင္းခ်ျပီး လံုးဝပ်စ္ခဲသြားေအာင္ေဖ်ာ္ျပီး ဇြန္းနဲ႔သိပ္ေပးဖို႔ပါပဲ။ ျပီးရင္ေတာ႔ Dryer နဲ႔အေျခာက္ခံေပးလိုက္ပါ။

eyeshadow

ႏႈတ္ခမ္းနီက်ိဳးသြားတဲ႔အခါ

lipstick

ေစ်းၾကီးေပးဝယ္ထားရတဲ႔ ႏႈတ္ခမ္းနီေလး က်ိဳးပဲ႔သြားျပီဆိုရင္ ဟီး ခနဲ ငိုခ်ခ်င္ေလာက္ေအာင္ ဝမ္းနည္းရပါတယ္။ တကယ္လို႔မ်ား အဲလိုျဖစ္သြားခဲ႔ရင္ မီးနဲ႔ဆက္ႏိုင္ပါတယ္။ ႏႈတ္ခမ္းနီအပိုင္းေလးကို မီးနဲ႔ရွိဳ႕ျပီး က်န္တဲ႔အပိုင္းနဲ႔ဆက္ေပးပါ။

အဲလိုမွမဟုတ္ရင္ Lip Balm ေလးအသြင္ျပဳလုပ္ႏိုင္ပါတယ္။ ပုလင္းသန္႔သန္႔ေလးထဲ ျပန္သိပ္ထည္႔ေပးျပီး Lip Brush ေလးနဲ႔ယူဆိုးေပးရံုပါပဲ။

lipbalm

ေနာက္တစ္နည္းက အလွဆီသံုးျပီး Lip Balm လုပ္ပစ္လိုက္တဲ႔နည္းပါ။ Vaseline လိုမ်ိဳး Petroleum Jelly အနည္းငယ္နဲ႔ေရာေႏွာျပီး ပုလင္းေလးထဲထည္႔သံံုးႏိုင္ပါတယ္။ ႏႈတ္ခမ္းနီေတြေျခာက္လာတဲ႔အခါမ်ိဳးမွာလည္း ဒီနည္းကို သံုးႏိုင္ပါတယ္။

Mascara ေတြေျခာက္လာတဲ႔အခါ

mascara

Mascara နဲ႔ Eyeliner ေတြေျခာက္ေသြ႔လာတဲ႔အခါ ေရေႏြးခြက္ထဲေထာင္ထားေပးလုိ႔ရပါတယ္။ ေနာက္တစ္နည္းကေတာ႔ မ်က္စဥ္း သို႔မဟုတ္ မ်က္ကပ္မွန္ေဆးရည္ကိုသံုးႏိုင္ပါတယ္။ Mascara နဲ႔ Eyeliner ဘူးထဲကို မ်က္စဥ္း သို႔မဟုတ္ မ်က္ကပ္မွန္ေဆးရည္ေလး ေလာင္းခ်ေပးျပီး သမေအာင္ေမႊေပးရံုပါပဲ။ တခ်ိဳ႕ေတြက်ေတာ႔လည္း Baby Oil ေလးေတြထည္႔တတ္ၾကပါတယ္။

Mascara-Contact-Solution

လက္သည္းနီေတြေျခာက္ေနရင္

nail polish

လက္သည္းနီေတြ ေျခာက္ေသြ႔လာတာမ်ိဳး ပ်စ္ခဲေနတာမ်ိဳးဆိုရင္ လက္သည္းဖ်က္ေဆးကို သံုးေပးပါ။ လက္သည္းဖ်က္ေဆး နည္းနည္းေလးေရာေပးလိုက္ရင္ ဆိုးလို႔ေကာင္းတဲ႔လက္သည္းနီေလးကိုျပန္ရမွာပါ။

ခ်စ္တို႔အသံုးျပဳေနက် လွ်ိဳ႕ဝွက္နည္းေလးေတြရွိရင္လည္းမွ်ေဝခဲ႔ပါဦးေနာ္။

ဂ်ဴဂ်ဴး(အခရာ)

heineken

www.akhayar.com

Unicode

မိန်းကလေးတွေက ကိုယ်နဲ့အရမ်းလိုက်ဖက်ပြီး အသုံးတည့်နေတဲ့မိတ်ကပ်ပစ္စည်းလေးတွေဆိုရင် ပျောက်ပျက်သွားမှာစိုးရိမ်ကြ ကိုယ်နဲ့မကွာသယ်သွားတတ်ကြတာသဘာဝပါ။ ဒီအထဲမှာ မတော်တဆများထိမိခိုက်မိလို့ ကျိုးပဲ့သွားခဲ့ရင် ဘယ်လိုအကောင်းဆုံးပြုပြင်နိုင်မလဲဆိုတဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးနိုင်ပါတယ်နော်။

မိတ်ကပ်ဘူးတွေကျိုးပဲ့တဲ့အခါ

2 Way တွေ ၊ Blusher ဘူးလေးတွေ လွတ်ကျကျိုးပဲ့သွားတဲ့အခါ အကောင်းဆုံးပြုပြင်နိုင်မယ့် နည်းလေးရှိပါတယ်။ ပုံမှာပြထားသလို သူ့ဘူးလေးထဲကို ပြန်ထည့်ပါ။ အပေါ်ကပလတ်စတစ်ပါးနဲ့အုပ်ပါ။ ကျိုးကြေနေတဲ့မိတ်ကပ်အပိုင်းအစတွေညီသွားအောင် ပလတ်စတစ်ပေါ်ကနေ လက်နဲ့ဖိသိပ်ပေးပါ။ ရေခဲမုန့်စားတဲ့ တုတ်ပြားလိုမျိုးသုံးပြီး ထောင့်လေးတွေအထိဝင်အောင် သိပ်ပေးလို့ရပါတယ်။ ပြီးရင် အရက်လေးနည်းနည်းထည့်ပါ။ အရက်နေရာမှာ Toner လေးသုံးပေးရင်လည်း အဆင်ပြေပါတယ်။

ပြီးရင်တော့ ဘူးနဲ့အံဝင်ခွင်ကျရှိမယ့် ခွက်ဝိုင်းလေးတစ်ခုကိုယူပါ။ ဒီခွက်ဝိုင်းလေးကို ပလတ်စတစ်ပါးလေးအုပ်ပြီး မိတ်ကပ်သားပေါ် လေးငါးခါဖိသိပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရင်အတိုင်း သုံးလို့ရသေးတဲ့အနေအထားရလာတာတွေ့ရပါလိမ့်မယ်။
နောက်တစ်နည်းကတော့ လုံးဝအရည်ပျော်သွားအောင်ဖျော်ချတဲ့နည်းပါ။ Facial Spray သို့ Toner များများလေးလောင်းချပြီး လုံးဝပျစ်ခဲသွားအောင်ဖျော်ပြီး ဇွန်းနဲ့သိပ်ပေးဖို့ပါပဲ။ ပြီးရင်တော့ Dryer နဲ့အခြောက်ခံပေးလိုက်ပါ။

နှုတ်ခမ်းနီကျိုးသွားတဲ့အခါ

ဈေးကြီးပေးဝယ်ထားရတဲ့ နှုတ်ခမ်းနီလေး ကျိုးပဲ့သွားပြီဆိုရင် ဟီး ခနဲ ငိုချချင်လောက်အောင် ဝမ်းနည်းရပါတယ်။ တကယ်လို့များ အဲလိုဖြစ်သွားခဲ့ရင် မီးနဲ့ဆက်နိုင်ပါတယ်။ နှုတ်ခမ်းနီအပိုင်းလေးကို မီးနဲ့ရှို့ပြီး ကျန်တဲ့အပိုင်းနဲ့ဆက်ပေးပါ။
အဲလိုမှမဟုတ်ရင် Lip Balm လေးအသွင်ပြုလုပ်နိုင်ပါတယ်။ ပုလင်းသန့်သန့်လေးထဲ ပြန်သိပ်ထည့်ပေးပြီး Lip Brush လေးနဲ့ယူဆိုးပေးရုံပါပဲ။
နောက်တစ်နည်းက အလှဆီသုံးပြီး Lip Balm လုပ်ပစ်လိုက်တဲ့နည်းပါ။ Vaseline လိုမျိုး Petroleum Jelly အနည်းငယ်နဲ့ရောနှောပြီး ပုလင်းလေးထဲထည့်သံုံးနိုင်ပါတယ်။ နှုတ်ခမ်းနီတွေခြောက်လာတဲ့အခါမျိုးမှာလည်း ဒီနည်းကို သုံးနိုင်ပါတယ်။

Mascara တွေခြောက်လာတဲ့အခါ

Mascara နဲ့ Eyeliner တွေခြောက်သွေ့လာတဲ့အခါ ရေနွေးခွက်ထဲထောင်ထားပေးလို့ရပါတယ်။ နောက်တစ်နည်းကတော့ မျက်စဉ်း သို့မဟုတ် မျက်ကပ်မှန်ဆေးရည်ကိုသုံးနိုင်ပါတယ်။ Mascara နဲ့ Eyeliner ဘူးထဲကို မျက်စဉ်း သို့မဟုတ် မျက်ကပ်မှန်ဆေးရည်လေး လောင်းချပေးပြီး သမအောင်မွှေပေးရုံပါပဲ။ တချို့တွေကျတော့လည်း Baby Oil လေးတွေထည့်တတ်ကြပါတယ်။

လက်သည်းနီတွေခြောက်နေရင်

လက်သည်းနီတွေ ခြောက်သွေ့လာတာမျိုး ပျစ်ခဲနေတာမျိုးဆိုရင် လက်သည်းဖျက်ဆေးကို သုံးပေးပါ။ လက်သည်းဖျက်ဆေး နည်းနည်းလေးရောပေးလိုက်ရင် ဆိုးလို့ကောင်းတဲ့လက်သည်းနီလေးကိုပြန်ရမှာပါ။

ချစ်တို့အသုံးပြုနေကျ လျှို့ဝှက်နည်းလေးတွေရှိရင်လည်းမျှဝေခဲ့ပါဦးနော်။

ဂျူဂျူး(အခရာ)

heineken

www.akhayar.com