[ZawGyi]

အဆီျပန္လြန္းတဲ႔မ်က္ႏွာကို သိပ္သိပ္ေလးလွေနေစမယ္႔နည္းလမ္းမ်ား

အဆီျပန္တဲ႔အသားအေရပိုင္ရွင္ Oily Skin သမားေတြဟာ ေအးလြန္းတဲ႔ေဆာင္းရာသီကလြဲျပီး မ်က္ႏွာမွာမိတ္ကပ္လိမ္းရတာသိပ္အဆင္မေျပတတ္ၾကပါဘူး။ ပူတဲ႔ရာသီဆိုရင္ မိတ္ကပ္လည္းၾကာၾကာမခံဘဲ အဆီတဝင္းဝင္းနဲ႔ စိတ္ညစ္ၾကရပါတယ္။ ဒီလုိမ်က္ႏွာပိုင္ရွင္ေလးေတြစိတ္မညစ္ေစဖို႔ တကယ္ထိေရာက္တဲ႔နည္းေတြကိုရွာေဖြျပီးမွ်ေဝေပးခ်င္ပါတယ္။ အဆီျပန္ျခင္းကို စနစ္တက်ပံုမွန္ကုသေပးသြားမယ္ဆုိရင္ မ်က္ႏွာအသားအေရလည္းေကာင္းလာသလို မိတ္ကပ္လည္းတာရွည္ခံလာပါလိမ္႔မယ္။

Lifestyle ေျပာင္းလဲပါ


တာရွည္ခံတဲ႔ဘယ္လုိေျပာင္းလဲမႈမ်ိဳးမဆုိ Lifestyle ေျပာင္းလဲလုိက္မွရရွိတာအေသအခ်ာပါ။ တကယ္ပိန္ခ်င္ရင္စားေသာက္ေနတဲ႔ပံုစံမေျပာင္းလဲဘဲ ခဏေလး Gym ေျပးေဆာ႔ရံုနဲ႔ မရႏိုင္ပါဘူး။ ဒီလိုပါပဲ။ အသားအေရတကယ္ေျပာင္းလဲခ်င္တယ္ဆုိရင္ စားေသာက္ေနထုိင္မႈကို ေျပာင္းရမွာပါ။ အဆီျပန္တဲ႔မ်က္ႏွာပိုင္ရွင္ေတြအေနနဲ႔ အဆီမ်ားတဲ႔အစားအေသာက္ေတြ၊ ဆီေၾကာ္မုန္႔ေတြေရွာင္ပါ။ အင္တီေအာက္ဆီဒင္႔ ၾကြယ္ဝတဲ႔ အသီးအႏွံ အသီးအရြက္ေတြမ်ားမ်ားစားပါ။ ဘယ္ရီသီး၊ ပန္းသီး၊ ငရုတ္ပြသီး၊ ဟင္းႏုနယ္ေတြစားသင္႔ပါတယ္။ omega-3 fatty acids ၾကြယ္ဝတဲ႔ငါးေတြနဲ႔ အေစ႔အဆံေတြစားေပးပါ။ ေခ်ာကလက္ခါးခါးကို နည္းနည္းစားေပးႏိုင္ပါတယ္။ အဓိကက အသီးအႏွံ အသီးအရြက္မ်ားမ်ားစားရမွာပါေနာ္။ ေရမ်ားမ်ားေသာက္ျပီး အိပ္ေရးဝဝအိပ္ဖုိ႔လည္းလုိပါတယ္။

ခႏၶာကိုယ္နဲ႔စိတ္ကိုဂရုစိုက္ပါ

ခႏၶာကိုယ္ရဲ႕ လည္ပတ္ျဖစ္တည္ေနတဲ႔ပံုစံကိုေျပာင္းဖုိ႔ဆုိရင္ ကိုယ္လက္လႈပ္ရွားမႈလုပ္ရမွာပါ။ အဓိကက စိတ္ဖိစီးမႈေလ်ာ႔ေစတဲ႔ ေလ႔က်င္႔ခန္းမ်ိဳးေတြျဖစ္ဖုိ႔လုိပါတယ္။ ခႏၶာကိုယ္တြင္းမွာအဆီမ်ားေနတာ မ်က္ႏွာမွာအဆီခဲေလးေတြျဖစ္ေနတာမ်ိဳးက ေလ႔က်င္႔ခန္းမ်ားမ်ားလုပ္ရင္ထူးျခားသိသာလာျပီး အသားအေရကိုပါႏူးည႔ံေခ်ာေမြ႔လာေစပါတယ္။ စိတ္အေျခအေနကလည္း အသားအေရကိုအမ်ားၾကီးေျပာင္းလဲေစပါတယ္။ စိတ္ပ်ိဳကိုယ္ႏုလို႔ဆုိသလုိပဲ စိတ္ဖိစီးမႈမရွိရင္ စိတ္ၾကည္လင္ရင္ အသားအေရပါလွလာပါတယ္။ ဒါေၾကာင္႔ ခႏၺာကိုယ္ေလ႔က်င္႔ခန္းေရာ စိတ္ကိုေျဖေလ်ာ႔ျခင္းကိုပါ ပံုမွန္လုပ္ေဆာင္သြားရမွာပါ။

Skincare ေရြးတတ္ဖို႔လုိ

အဆီျပန္တဲ႔သူေတြအေနနဲ႔ အဆီထြက္ရွိျခင္းကိုသက္သာေစဖုိ႔ မ်က္ႏွာအသားအေရၾကည္လင္ဖုိ႔ Cleanser ၊ Moisturizer ေရြးတတ္ဖို႔လုိပါတယ္။ ဆပ္ျပာခဲေတြ၊ အာနိသင္ျပင္းလြန္းတဲ႔မ်က္ႏွာသစ္ေဆးေတြ မသံုးပါနဲ႔။ အဆီေတြကို ညင္ညင္သာသာဖယ္ရွားျပီး မ်က္ႏွာကို သန္႔စင္ေပးႏိုင္ဖုိ႔ benzoyl peroxide ဒါမွမဟုတ္ salicylic acid ပါတဲ႔ Cleanser မ်ိဳးကိုသံုးပါ။ အသားထဲစိမ္႔ဝင္လြယ္တဲ႔ oil free moisturizer ကိုသံုးေပးပါ။ အဆီျပန္တဲ႔သူေတြဟာ ေခၽြးေပါက္က်ယ္ေတြလည္းရွိတတ္စျမဲမို႔ toner အျမဲသံုးဖုိ႔ေတာ႔ မေမ႔ပါနဲ႔။
သံုးရက္ျခားတစ္ခါ mask ကပ္ပါ။ ရြ႕ံေစး mask ႏို႔ရည္ mask ေတြနဲ႔ သင္႔ေတာ္ပါတယ္။

မိတ္ကပ္ဘယ္လုိလိမ္းမလဲ

အဆီျပန္လုိ႔မ်က္ႏွာေျပာင္ေနတာနဲ႔ အသားအေရလွလို႔ glow ျဖစ္ေနတာက လံုးဝမတူပါဘူး။
အဆီျပန္တတ္တဲ႔မ်က္ႏွာကို မိတ္ကပ္လိမ္းမယ္ဆုိရင္ မ်က္ႏွာကိုေသေသခ်ာခ်ာသစ္ပါ။ Moisturizer ကို အသားထဲစိမ္႔ဝင္ေအာင္လိမ္းပါ။ Cream Foundation ေတြ ထူပ်စ္ပ်စ္ေတြ မလိမ္းရပါဘူး။ အသင္႔ေတာ္ဆံုးကေတာ႔ BB cream နဲ႔ liquid foundation ေတြျဖစ္ပါတယ္။ မိတ္ကပ္စြဲဖုိ႔အတြက္ Primer ေလးအရင္သံုးပါ။ ျပီးရင္ BB cream ကို နည္းနည္းနဲ႔ပါးပါးလိမ္းေပးပါ။ makeup setting spray သံုးႏိုင္ပါတယ္။ ပါးနီေတြ eye makeup ေတြမလိမ္းေသးဘဲ loose powder ေလးနဲ႔သိပ္သိပ္ေလးျဖစ္ေအာင္ထပ္လိမ္းေပးပါ။ loose powder ကအဆီေတြကို စုပ္ယူလိုက္ျပီး မ်က္ႏွာကိုသဘာဝက်က်လွေစပါတယ္။ eye makeup လိမ္းမယ္ဆုိရင္ primer သံုးႏိုင္ပါေသးတယ္။ shadow ေတြကို ေပါင္ဒါ type ၾကိဳက္တယ္ဆိုရင္ တကယ္အေရာင္ထြက္တဲ႔ အမ်ိဳးအစားေကာင္းကိုဝယ္ဖုိ႔လုိပါတယ္။ ေပါင္ဒါသားပြပြနဲ႔ ပ်က္လြယ္တဲ႔ အေရာင္မထြက္တဲ႔ အမ်ိဳးအစားကိုမေရြးမိပါေစနဲ႔။ မိတ္ကပ္လံုးဝလိမ္းျပီးသြားျပီဆုိရင္ rose water ဒါမွမဟုတ္ makeup setting spray ကိုျပန္ဖ်န္းေပးႏိုင္ပါတယ္ေနာ္။

မွတ္ခ်က္- facial water ၊ အဆီစုပ္စကၠဴနဲ႔ Two Way ကို အိတ္ထဲအျမဲေဆာင္ထားဖုိ႔မေမ႔ပါနဲ႔ေနာ္။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

အဆီပြန်လွန်းတဲ့မျက်နှာကို သိပ်သိပ်လေးလှနေစေမယ့်နည်းလမ်းများ

အဆီပြန်တဲ့အသားအရေပိုင်ရှင် Oily Skin သမားတွေဟာ အေးလွန်းတဲ့ဆောင်းရာသီကလွဲပြီး မျက်နှာမှာမိတ်ကပ်လိမ်းရတာသိပ်အဆင်မပြေတတ်ကြပါဘူး။ ပူတဲ့ရာသီဆိုရင် မိတ်ကပ်လည်းကြာကြာမခံဘဲ အဆီတဝင်းဝင်းနဲ့ စိတ်ညစ်ကြရပါတယ်။ ဒီလိုမျက်နှာပိုင်ရှင်လေးတွေစိတ်မညစ်စေဖို့ တကယ်ထိရောက်တဲ့နည်းတွေကိုရှာဖွေပြီးမျှဝေပေးချင်ပါတယ်။ အဆီပြန်ခြင်းကို စနစ်တကျပုံမှန်ကုသပေးသွားမယ်ဆိုရင် မျက်နှာအသားအရေလည်းကောင်းလာသလို မိတ်ကပ်လည်းတာရှည်ခံလာပါလိမ့်မယ်။

Lifestyle ပြောင်းလဲပါ


တာရှည်ခံတဲ့ဘယ်လိုပြောင်းလဲမှုမျိုးမဆို Lifestyle ပြောင်းလဲလိုက်မှရရှိတာအသေအချာပါ။ တကယ်ပိန်ချင်ရင်စားသောက်နေတဲ့ပုံစံမပြောင်းလဲဘဲ ခဏလေး Gym ပြေးဆော့ရုံနဲ့ မရနိုင်ပါဘူး။ ဒီလိုပါပဲ။ အသားအရေတကယ်ပြောင်းလဲချင်တယ်ဆိုရင် စားသောက်နေထိုင်မှုကို ပြောင်းရမှာပါ။ အဆီပြန်တဲ့မျက်နှာပိုင်ရှင်တွေအနေနဲ့ အဆီများတဲ့အစားအသောက်တွေ၊ ဆီကြော်မုန့်တွေရှောင်ပါ။ အင်တီအောက်ဆီဒင့် ကြွယ်ဝတဲ့ အသီးအနှံ အသီးအရွက်တွေများများစားပါ။ ဘယ်ရီသီး၊ ပန်းသီး၊ ငရုတ်ပွသီး၊ ဟင်းနုနယ်တွေစားသင့်ပါတယ်။ omega-3 fatty acids ကြွယ်ဝတဲ့ငါးတွေနဲ့ အစေ့အဆံတွေစားပေးပါ။ ချောကလက်ခါးခါးကို နည်းနည်းစားပေးနိုင်ပါတယ်။ အဓိကက အသီးအနှံ အသီးအရွက်များများစားရမှာပါနော်။ ရေများများသောက်ပြီး အိပ်ရေးဝဝအိပ်ဖို့လည်းလိုပါတယ်။

ခန္ဓာကိုယ်နဲ့စိတ်ကိုဂရုစိုက်ပါ

ခန္ဓာကိုယ်ရဲ့ လည်ပတ်ဖြစ်တည်နေတဲ့ပုံစံကိုပြောင်းဖို့ဆိုရင် ကိုယ်လက်လှုပ်ရှားမှုလုပ်ရမှာပါ။ အဓိကက စိတ်ဖိစီးမှုလျော့စေတဲ့ လေ့ကျင့်ခန်းမျိုးတွေဖြစ်ဖို့လိုပါတယ်။ ခန္ဓာကိုယ်တွင်းမှာအဆီများနေတာ မျက်နှာမှာအဆီခဲလေးတွေဖြစ်နေတာမျိုးက လေ့ကျင့်ခန်းများများလုပ်ရင်ထူးခြားသိသာလာပြီး အသားအရေကိုပါနူးညံ့ချောမွေ့လာစေပါတယ်။ စိတ်အခြေအနေကလည်း အသားအရေကိုအများကြီးပြောင်းလဲစေပါတယ်။ စိတ်ပျိုကိုယ်နုလို့ဆိုသလိုပဲ စိတ်ဖိစီးမှုမရှိရင် စိတ်ကြည်လင်ရင် အသားအရေပါလှလာပါတယ်။ ဒါကြောင့် ခန္ဗာကိုယ်လေ့ကျင့်ခန်းရော စိတ်ကိုဖြေလျော့ခြင်းကိုပါ ပုံမှန်လုပ်ဆောင်သွားရမှာပါ။

Skincare ရွေးတတ်ဖို့လို

အဆီပြန်တဲ့သူတွေအနေနဲ့ အဆီထွက်ရှိခြင်းကိုသက်သာစေဖို့ မျက်နှာအသားအရေကြည်လင်ဖို့ Cleanser ၊ Moisturizer ရွေးတတ်ဖို့လိုပါတယ်။ ဆပ်ပြာခဲတွေ၊ အာနိသင်ပြင်းလွန်းတဲ့မျက်နှာသစ်ဆေးတွေ မသုံးပါနဲ့။ အဆီတွေကို ညင်ညင်သာသာဖယ်ရှားပြီး မျက်နှာကို သန့်စင်ပေးနိုင်ဖို့ benzoyl peroxide ဒါမှမဟုတ် salicylic acid ပါတဲ့ Cleanser မျိုးကိုသုံးပါ။ အသားထဲစိမ့်ဝင်လွယ်တဲ့ oil free moisturizer ကိုသုံးပေးပါ။ အဆီပြန်တဲ့သူတွေဟာ ချွေးပေါက်ကျယ်တွေလည်းရှိတတ်စမြဲမို့ toner အမြဲသုံးဖို့တော့ မမေ့ပါနဲ့။
သုံးရက်ခြားတစ်ခါ mask ကပ်ပါ။ ရွံ့စေး mask နို့ရည် mask တွေနဲ့ သင့်တော်ပါတယ်။

မိတ်ကပ်ဘယ်လိုလိမ်းမလဲ

အဆီပြန်လို့မျက်နှာပြောင်နေတာနဲ့ အသားအရေလှလို့ glow ဖြစ်နေတာက လုံးဝမတူပါဘူး။
အဆီပြန်တတ်တဲ့မျက်နှာကို မိတ်ကပ်လိမ်းမယ်ဆိုရင် မျက်နှာကိုသေသေချာချာသစ်ပါ။ Moisturizer ကို အသားထဲစိမ့်ဝင်အောင်လိမ်းပါ။ Cream Foundation တွေ ထူပျစ်ပျစ်တွေ မလိမ်းရပါဘူး။ အသင့်တော်ဆုံးကတော့ BB cream နဲ့ liquid foundation တွေဖြစ်ပါတယ်။ မိတ်ကပ်စွဲဖို့အတွက် Primer လေးအရင်သုံးပါ။ ပြီးရင် BB cream ကို နည်းနည်းနဲ့ပါးပါးလိမ်းပေးပါ။ makeup setting spray သုံးနိုင်ပါတယ်။ ပါးနီတွေ eye makeup တွေမလိမ်းသေးဘဲ loose powder လေးနဲ့သိပ်သိပ်လေးဖြစ်အောင်ထပ်လိမ်းပေးပါ။ loose powder ကအဆီတွေကို စုပ်ယူလိုက်ပြီး မျက်နှာကိုသဘာဝကျကျလှစေပါတယ်။ eye makeup လိမ်းမယ်ဆိုရင် primer သုံးနိုင်ပါသေးတယ်။ shadow တွေကို ပေါင်ဒါ type ကြိုက်တယ်ဆိုရင် တကယ်အရောင်ထွက်တဲ့ အမျိုးအစားကောင်းကိုဝယ်ဖို့လိုပါတယ်။ ပေါင်ဒါသားပွပွနဲ့ ပျက်လွယ်တဲ့ အရောင်မထွက်တဲ့ အမျိုးအစားကိုမရွေးမိပါစေနဲ့။ မိတ်ကပ်လုံးဝလိမ်းပြီးသွားပြီဆိုရင် rose water ဒါမှမဟုတ် makeup setting spray ကိုပြန်ဖျန်းပေးနိုင်ပါတယ်နော်။

မှတ်ချက်- facial water ၊ အဆီစုပ်စက္ကူနဲ့ Two Way ကို အိတ်ထဲအမြဲဆောင်ထားဖို့မမေ့ပါနဲ့နော်။

ဂျူဂျူး(Akhayar)

www.akhayar.com