[Zawgyi]

ေရေမႊးေတြ အနံ႔မေျပာင္းဘဲ အထားခံေအာင္ ဒီလိုေလးသိမ္းၾကည့္ပါ

ေရေမႊးကို Crazy ျဖစ္လြန္းလို႔ အမ်ားႀကီးဝယ္ကာ မသံုးရက္မစဲြရက္ျဖစ္ၿပီး ႏွစ္အေတာ္ၾကာ သိမ္းဆည္းမိရာကေန အနံေတြ ေျပာင္းသြားကာ ပ်က္စီးသြားတာေတြ ၾကံဳဖူးၾကမွာပါ။ တန္ဖိုးႀကီး ေရေမႊးေတြကို ေစ်းႀကီးႀကီးေပးဝယ္ၿပီး အသိမ္းလြန္သြားလို႔ မဆြတ္လိုက္ရဘဲ လႊတ္ပစ္လုုိက္ရတာမ်ဳိးေလာက္ ႏွေျမာစရာေကာင္းတာ မရွိပါဘူး။ အဲဒီလုိမျဖစ္ေစဖို႔ ေရေမႊးကို ဘယ္ေလာက္ၾကာၾကာ သိမ္းသင္႔လည္း မသိမ္းသင့္ဘူးလည္းနဲ႔ အထားခံေအာင္ ဘယ္လိုသိမ္းဆည္းရမလဲဆိုတာ သိရွိုႏိုင္ေစဖို႔အတြက္ မွ်ေဝေပးလိုက္ပါတယ္။

ေရေမႊးအမ်ားစုဟာ ထုတ္လုပ္တဲ႔ေန႔ကစၿပီး သံုးႏွစ္မွ ငါးႏွစ္အတြင္း အမ်ားဆံုးသက္တမ္းရွိၾကၿပီး တခ်ဳိ႕ေရေမႊးေတြဟာ ဒီထက္ပိုၿပီး အထားခံတာကိုလည္း ေတြ႔ရပါတယ္။ ေရေမႊးေတြ ႏွစ္အၾကာႀကီး အထားခံဖို႔အတြက္ဆုိရင္ ေအးျမေျခာက္ေသြ႔ၿပီး ေနေရာင္နဲ႔တိုက္ရုိက္မထိေတြ႔ႏိုင္တဲ႔ ေနရာမ်ဳိးေတြမွာ သိမ္းဆည္းေပးဖို႔ အေရးႀကီးပါတယ္။

တန္ဖိုးျမင့္ Luxury ေရေမႊးေတြထဲမွာ ပါဝင္တဲ႔ အေမႊးနံံ႔ေတြကို အရည္အေသြးျမင့္ ပါဝင္ပစၥည္းေတြနဲ႔ ျပဳလုပ္ထားၾကၿပီး ဒီပါဝင္ပစၥည္းေတြဟာ အေမွာင္ထဲ (သို႔) အလင္းပိတ္တဲ႔ေနရာမ်ဴိးမွာ သိမ္းဆည္းမွသာ မူလအနံ႔ မေပ်ာက္ကြယ္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ အလင္းပိတ္တဲ႔ ဖန္ပုလင္းေတြနဲ႔ ထည္႔ၿပီး ေရာင္းခ်ၾကတာျဖစ္ပါတယ္။ တန္ဖိုးႀကီးျမင့္တဲ့ ဝိုင္ေတြကို သိမ္းဆည္းသလို ေရေမႊးေတြကိုလည္း သူတို႔ရဲ႕မူလအနံ႔ေတြ မေပ်ာက္ေစဖို႔ ေသခ်ာေလးသိမ္းဆည္းရပါတယ္။ အဲ့ဒီလုိသိမ္းတဲ႔အခါမွာ ဒီအခ်က္ေတြအတုိင္း သိမ္းဆည္းသင့္ပါတယ္။

-ေရေမႊးေတြကို သိမ္းဆည္းတဲ႔အခါမွာ အေပၚကေျပာခဲ႔သလိုမ်ဳိး ေအးျမၿပီး ေျခာက္ေသြ႔တဲ႔ေနရာ၊ ေနေရာင္နဲ႔ မထိေတြ႔ႏိုင္တဲ႔ ေနရာမ်ဳိး(သို႔) အပူနဲ႔ မထိေတြ႔ႏိုင္တဲ႔ ေနရာမ်ဳိးမွာ သိမ္းဆည္းသင့္ပါတယ္။ အဝတ္ဗီဒိုထဲက အံ့ဆဲြ(သို႔) ေမွာင္ေနတဲ႔ စတုိခန္းမွာ သိမ္းဆည္းတာက အေကာင္းဆံုးသိမ္းဆည္းတဲ႔ ေနရာျဖစ္ပါတယ္။

-သက္တမ္းပိုၾကာရွည္ခံဖို႔အတြက္ဆို ေရခဲေသတၱာထဲ ထည္႔သိမ္းသင့္ပါတယ္။ ေရခဲေသတၱာထဲ ထည့္သိမ္းတဲ႔အခါမွာ တစ္ခု သတိထားရမွာက ေထာပတ္ကဲ႔သို႔ေသာ အေမႊးနံကို စုပ္ယူနုိင္တဲ႔ အစားအစာမ်ဳိးေတြနဲ႔ လံုးဝ တဲြမသိမ္းသင့္ပါဘူး။

-လံုးဝမသိမ္းသင့္တဲ႔ ေနရာေနာက္တစ္ခုကေတာ့ ေရခ်ဳိးခန္းပဲ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေရခ်ဳိခန္းဟာ အပူခ်ိန္ အတက္အက်ျဖစ္လြယ္ၿပီး စိုထုိင္းဆျမင့္မားတဲ႔အတြက္ ေရေမႊးကို အလ်င္အျမန္ ပ်က္စီးေစႏိုင္တဲ႔ အတြက္ေၾကာင့္ျဖစ္ပါတယ္။

-ေနာက္ထပ္သတိထားသင့္တဲ႔ အခ်က္တစ္ခ်က္ကေတာ့ ေရေမႊးကို ဆြတ္ၿပီးတဲ႔အခါမ်ဳိးမွာပဲျဖစ္ျဖစ္၊ သိမ္းထားတဲ႔အခါမ်ဳိးမွာပဲျဖစ္ျဖစ္ အနံ႔ေျပာင္းတာမ်ဳိးေလာက္ထိ အေငြ႕မျပန္ေစဖို႔အတြက္ တင္းက်ပ္စြာ အဖံုးကုိ ပိတ္ဖို႔ သတိျပဳသင့္ပါတယ္။

ဒီအခ်က္ေတြအတုိင္း ေသေသခ်ာခ်ာေလး သိမ္းဆည္းအသံုးျပဳရင္ ေမွ်ာ္လင့္ထားတဲ႔ အခ်ိန္ထက္ အနံ႔ပိုၾကာရွည္ခံၿပီး စဲြတာကို ေတြ႔ရပါလိမ့္မယ္။ ဘယ္လိုအထားခံေအာင္သိမ္းဆည္းရမလဲ ဆိုတာ သိၿပီးဆိုရင္ေတာ့ အသံုးျပဳေနတဲ့ ေရေမႊးက ဆက္ၿပီးအသံုးျပဳလို႔ရေသးလား ပ်က္စီးေနၿပီးလား သိဖုိ႔လည္း လုိပါေသးတယ္။

တခ်ဳိ႕ေရေမႊးေတြရဲ႕ အနံ႔ဟာ ဝယ္စတုန္းက အနံ႔အရမ္းစဲြသေလာက္ အခ်ိန္ၾကာလာတာနဲ႔အမွ် ပုံမွန္စဲြေနၾကေလာက္ မစဲြေတာ့တာမ်ဳိး၊ ဝယ္စက အေရာင္နဲ႔မတူဘဲ အေရာင္ပိုေတာက္လာတာမ်ဳိး၊ အေရာင္ေျပာင္းလာတာမ်ဳိး၊ ဆဲြေဆာင္မႈမရွိတဲ႔ အနံ႔မ်ဳိးျဖစ္လာၿပီဆိုရင္ ဒီေရေမႊးကို ဆက္မသံုးသင့္ေတာ့ပါဘူး။

ဒီေလာက္ဆုိရင္ေတာ့ အထားခံေအာင္သိမ္းဆည္းပံု သိမ္းဆည္းနည္းနဲ႔တကြ ဆက္သံုးလို႔ရတဲ႔ ေရေမႊးမ်ဳိး ဟုတ္မဟုတ္ ဘယ္လိုခဲြျခားရမလဲဆိုတာ သိသြားေလာက္ၿပီးလို႔ ထင္ပါတယ္။ ပရိသတ္ႀကီးလုပ္ေလ့ရွိတဲ့ သိမ္းဆည္းပံု၊ သိမ္းဆည္းနည္းနဲ႔ ေဝဖန္ဆန္းစစ္ပံုေတြရွိရင္လည္း ျပန္လည္မွ်ေဝေပးခဲ႔ပါဦး။

H.H(Akhayar)

www.akhayar.com

[Unicode]

ရေမွှေးတွေ အနံ့မပြောင်းဘဲ အထားခံအောင် ဒီလိုလေးသိမ်းကြည့်ပါ

ရေမွှေးကို Crazy ဖြစ်လွန်းလို့ အများကြီးဝယ်ကာ မသုံးရက်မစွဲရက်ဖြစ်ပြီး နှစ်အတော်ကြာ သိမ်းဆည်းမိရာကနေ အနံတွေ ပြောင်းသွားကာ ပျက်စီးသွားတာတွေ ကြုံဖူးကြမှာပါ။ တန်ဖိုးကြီး ရေမွှေးတွေကို ဈေးကြီးကြီးပေးဝယ်ပြီး အသိမ်းလွန်သွားလို့ မဆွတ်လိုက်ရဘဲ လွှတ်ပစ်လိုက်ရတာမျိုးလောက် နှမြောစရာကောင်းတာ မရှိပါဘူး။ အဲဒီလိုမဖြစ်စေဖို့ ရေမွှေးကို ဘယ်လောက်ကြာကြာ သိမ်းသင့်လည်း မသိမ်းသင့်ဘူးလည်းနဲ့ အထားခံအောင် ဘယ်လိုသိမ်းဆည်းရမလဲဆိုတာ သိရှိုနိုင်စေဖို့အတွက် မျှဝေပေးလိုက်ပါတယ်။

ရေမွှေးအများစုဟာ ထုတ်လုပ်တဲ့နေ့ကစပြီး သုံးနှစ်မှ ငါးနှစ်အတွင်း အများဆုံးသက်တမ်းရှိကြပြီး တချို့ရေမွှေးတွေဟာ ဒီထက်ပိုပြီး အထားခံတာကိုလည်း တွေ့ရပါတယ်။ ရေမွှေးတွေ နှစ်အကြာကြီး အထားခံဖို့အတွက်ဆိုရင် အေးမြခြောက်သွေ့ပြီး နေရောင်နဲ့တိုက်ရိုက်မထိတွေ့နိုင်တဲ့ နေရာမျိုးတွေမှာ သိမ်းဆည်းပေးဖို့ အရေးကြီးပါတယ်။

တန်ဖိုးမြင့် Luxury ရေမွှေးတွေထဲမှာ ပါဝင်တဲ့ အမွှေးနံံ့တွေကို အရည်အသွေးမြင့် ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားကြပြီး ဒီပါဝင်ပစ္စည်းတွေဟာ အမှောင်ထဲ (သို့) အလင်းပိတ်တဲ့နေရာမျိူးမှာ သိမ်းဆည်းမှသာ မူလအနံ့ မပျောက်ကွယ်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အလင်းပိတ်တဲ့ ဖန်ပုလင်းတွေနဲ့ ထည့်ပြီး ရောင်းချကြတာဖြစ်ပါတယ်။ တန်ဖိုးကြီးမြင့်တဲ့ ဝိုင်တွေကို သိမ်းဆည်းသလို ရေမွှေးတွေကိုလည်း သူတို့ရဲ့မူလအနံ့တွေ မပျောက်စေဖို့ သေချာလေးသိမ်းဆည်းရပါတယ်။ အဲ့ဒီလိုသိမ်းတဲ့အခါမှာ ဒီအချက်တွေအတိုင်း သိမ်းဆည်းသင့်ပါတယ်။

-ရေမွှေးတွေကို သိမ်းဆည်းတဲ့အခါမှာ အပေါ်ကပြောခဲ့သလိုမျိုး အေးမြပြီး ခြောက်သွေ့တဲ့နေရာ၊ နေရောင်နဲ့ မထိတွေ့နိုင်တဲ့ နေရာမျိုး(သို့) အပူနဲ့ မထိတွေ့နိုင်တဲ့ နေရာမျိုးမှာ သိမ်းဆည်းသင့်ပါတယ်။ အဝတ်ဗီဒိုထဲက အံ့ဆွဲ(သို့) မှောင်နေတဲ့ စတိုခန်းမှာ သိမ်းဆည်းတာက အကောင်းဆုံးသိမ်းဆည်းတဲ့ နေရာဖြစ်ပါတယ်။

-သက်တမ်းပိုကြာရှည်ခံဖို့အတွက်ဆို ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်ပါတယ်။ ရေခဲသေတ္တာထဲ ထည့်သိမ်းတဲ့အခါမှာ တစ်ခု သတိထားရမှာက ထောပတ်ကဲ့သို့သော အမွှေးနံကို စုပ်ယူနိုင်တဲ့ အစားအစာမျိုးတွေနဲ့ လုံးဝ တွဲမသိမ်းသင့်ပါဘူး။

-လုံးဝမသိမ်းသင့်တဲ့ နေရာနောက်တစ်ခုကတော့ ရေချိုးခန်းပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေချိုခန်းဟာ အပူချိန် အတက်အကျဖြစ်လွယ်ပြီး စိုထိုင်းဆမြင့်မားတဲ့အတွက် ရေမွှေးကို အလျင်အမြန် ပျက်စီးစေနိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

-နောက်ထပ်သတိထားသင့်တဲ့ အချက်တစ်ချက်ကတော့ ရေမွှေးကို ဆွတ်ပြီးတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ သိမ်းထားတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် အနံ့ပြောင်းတာမျိုးလောက်ထိ အငွေ့မပြန်စေဖို့အတွက် တင်းကျပ်စွာ အဖုံးကို ပိတ်ဖို့ သတိပြုသင့်ပါတယ်။

ဒီအချက်တွေအတိုင်း သေသေချာချာလေး သိမ်းဆည်းအသုံးပြုရင် မျှော်လင့်ထားတဲ့ အချိန်ထက် အနံ့ပိုကြာရှည်ခံပြီး စွဲတာကို တွေ့ရပါလိမ့်မယ်။ ဘယ်လိုအထားခံအောင်သိမ်းဆည်းရမလဲ ဆိုတာ သိပြီးဆိုရင်တော့ အသုံးပြုနေတဲ့ ရေမွှေးက ဆက်ပြီးအသုံးပြုလို့ရသေးလား ပျက်စီးနေပြီးလား သိဖို့လည်း လိုပါသေးတယ်။

တချို့ရေမွှေးတွေရဲ့ အနံ့ဟာ ဝယ်စတုန်းက အနံ့အရမ်းစွဲသလောက် အချိန်ကြာလာတာနဲ့အမျှ ပုံမှန်စွဲနေကြလောက် မစွဲတော့တာမျိုး၊ ဝယ်စက အရောင်နဲ့မတူဘဲ အရောင်ပိုတောက်လာတာမျိုး၊ အရောင်ပြောင်းလာတာမျိုး၊ ဆွဲဆောင်မှုမရှိတဲ့ အနံ့မျိုးဖြစ်လာပြီဆိုရင် ဒီရေမွှေးကို ဆက်မသုံးသင့်တော့ပါဘူး။

ဒီလောက်ဆိုရင်တော့ အထားခံအောင်သိမ်းဆည်းပုံ သိမ်းဆည်းနည်းနဲ့တကွ ဆက်သုံးလို့ရတဲ့ ရေမွှေးမျိုး ဟုတ်မဟုတ် ဘယ်လိုခွဲခြားရမလဲဆိုတာ သိသွားလောက်ပြီးလို့ ထင်ပါတယ်။ ပရိသတ်ကြီးလုပ်လေ့ရှိတဲ့ သိမ်းဆည်းပုံ၊ သိမ်းဆည်းနည်းနဲ့ ဝေဖန်ဆန်းစစ်ပုံတွေရှိရင်လည်း ပြန်လည်မျှဝေပေးခဲ့ပါဦး။

H.H(Akhayar)

www.akhayar.com