[Zawgyi]

ဆရာက်သူတို႔ရဲ႕ေရေသာက္နည္း

အလကားမရတဲ႔ေရကို ေသာက္ခ်င္သလိုေသာက္မလား အက်ိဳးရွိေအာင္ေသာက္မလား။ ေရေသာက္တာေတာင္မွ ဆရာက်သူေတြရဲ႕ ေရေသာက္နည္းက ဒီလိုပါတဲ႔ေနာ္။ တစ္ေန႔မွာ ေရႏွစ္လီတာကုန္ေအာင္ေသာက္ရမယ္ဆိုျပီး ေရဘူးၾကီးေထာင္ မအီမသာျဖစ္တဲ႔အထိ ေမာ႔ေသာက္ေနစရာမလိုေတာ႔ပါဘူး။ ဒီနည္းအတိုင္းေသာက္ၾကည္႔ပါလို႔။

မနက္ ၈ နာရီ – ၂ ခြက္

မနက္ ၈ နာရီအခ်ိန္မွာ ေရ ၂ ဖန္ခြက္ေသာက္သင္႔ပါတယ္။ ဒါမွတစ္ေနကုန္အတြက္ ေရဓာတ္ျပည္႔ေနေစမွာျဖစ္ပါတယ္။ က်န္းမာေရးကို ဂရုစိုက္သူတိုင္းက အိပ္ရာႏိုးႏိုးခ်င္းေရေသာက္ဖို႔နဲ႔ မနက္စာကိုျပည္႔ျပည္႔ဝဝစားဖို႔ မေမ႔ၾကပါဘူး။

မနက္ ၁၁ နာရီ – ၁ ခြက္

မနက္စာနဲ႔ေန႔လယ္စာၾကားမွာ ေရတစ္ခြက္ေသာက္သင္႔ပါတယ္။ ဒီနည္းက အစာေျခစနစ္ကိုအေထာက္အကူေပးပါတယ္။ အစာအိမ္ကိုသက္ေသာင္႔သက္သာျဖစ္ေစျပီး အစားမ်ားမ်ားမစားမိေစဖို႔လည္း ထိန္းျပီးသားျဖစ္ေစပါတယ္။

ေန႔ခင္း ၁ နာရီ – ၁ ခြက္

ထမင္းစားေနခ်ိန္မွာ ေရကိုနည္းနည္းနဲ႔ျဖည္းျဖည္းခ်င္း ေသာက္ေပးသင္႔ပါတယ္။ ထမင္းစားျပီးခ်ိန္မွတစ္ခြက္လံုးေမာ႔ေသာက္တာမ်ိဳး မလုပ္ပါနဲ႔။

ညေန ၄ နာရီ – တစ္လီတာရဲ႕ ၄ ပံု ၃ ပံု

ေန႔လယ္စာနဲ႔ ညစာၾကားမွာ အခ်ိန္ ၇ နာရီေလာက္ဟေနတတ္ပါတယ္။ ဒီအခ်ိန္မွာေရပမာဏ မ်ားမ်ားကို ျဖည္းျဖည္းခ်င္း ေသာက္ေပးလို႔ရပါတယ္။

ည ၈ နာရီ – ေရခ်ဥ္ခ်ဥ္ေလးတစ္ခြက္

ေရခ်ဥ္ခ်ဥ္ေလးဆိုလို႔ ေက်ာက္ခ်ဥ္ထည္႔ထားတဲ႔ေရကိုေျပာတာ မဟုတ္ပါဘူး။ ညစာမစားခင္မွာ သံပရာသီးစိတ္ေလးစိမ္ထားတဲ႔ ေရတစ္ခြက္ ေသာက္ေပးသင္႔ပါတယ္။ ညစာစားေနရင္းနဲ႔လည္း  ေရတစ္ဖန္ခြက္ကို ျဖည္းျဖည္းခ်င္းေသာက္ေပးသင္႔ပါတယ္ေနာ္။

ဂ်ဴဂ်ဴး (အခရာ)

www.akhayar.com

[Unicode]

ဆရာကျသူတို့ရဲ့ရေသောက်နည်း

အလကားမရတဲ့ရေကို သောက်ချင်သလိုသောက်မလား အကျိုးရှိအောင်သောက်မလား။ ရေသောက်တာတောင်မှ ဆရာကျသူတွေရဲ့ ရေသောက်နည်းက ဒီလိုပါတဲ့နော်။ တစ်နေ့မှာ ရေနှစ်လီတာကုန်အောင်သောက်ရမယ်ဆိုပြီး ရေဘူးကြီးထောင် မအီမသာဖြစ်တဲ့အထိ မော့သောက်နေစရာမလိုတော့ပါဘူး။ ဒီနည်းအတိုင်းသောက်ကြည့်ပါလို့။

မနက် ၈ နာရီ – ၂ ခွက်

မနက် ၈ နာရီအချိန်မှာ ရေ ၂ ဖန်ခွက်သောက်သင့်ပါတယ်။ ဒါမှတစ်နေကုန်အတွက် ရေဓာတ်ပြည့်နေစေမှာဖြစ်ပါတယ်။ ကျန်းမာရေးကို ဂရုစိုက်သူတိုင်းက အိပ်ရာနိုးနိုးချင်းရေသောက်ဖို့နဲ့ မနက်စာကိုပြည့်ပြည့်ဝဝစားဖို့ မမေ့ကြပါဘူး။

မနက် ၁၁ နာရီ – ၁ ခွက်

မနက်စာနဲ့နေ့လယ်စာကြားမှာ ရေတစ်ခွက်သောက်သင့်ပါတယ်။ ဒီနည်းက အစာခြေစနစ်ကိုအထောက်အကူပေးပါတယ်။ အစာအိမ်ကိုသက်သောင့်သက်သာဖြစ်စေပြီး အစားများများမစားမိစေဖို့လည်း ထိန်းပြီးသားဖြစ်စေပါတယ်။

နေ့ခင်း ၁ နာရီ – ၁ ခွက်

ထမင်းစားနေချိန်မှာ ရေကိုနည်းနည်းနဲ့ဖြည်းဖြည်းချင်း သောက်ပေးသင့်ပါတယ်။ ထမင်းစားပြီးချိန်မှတစ်ခွက်လုံးမော့သောက်တာမျိုး မလုပ်ပါနဲ့။

ညနေ ၄ နာရီ – တစ်လီတာရဲ့ ၄ ပုံ ၃ ပုံ

နေ့လယ်စာနဲ့ ညစာကြားမှာ အချိန် ၇ နာရီလောက်ဟနေတတ်ပါတယ်။ ဒီအချိန်မှာရေပမာဏ များများကို ဖြည်းဖြည်းချင်း သောက်ပေးလို့ရပါတယ်။

ည ၈ နာရီ – ရေချဉ်ချဉ်လေးတစ်ခွက်

ရေချဉ်ချဉ်လေးဆိုလို့ ကျောက်ချဉ်ထည့်ထားတဲ့ရေကိုပြောတာ မဟုတ်ပါဘူး။ ညစာမစားခင်မှာ သံပရာသီးစိတ်လေးစိမ်ထားတဲ့ ရေတစ်ခွက် သောက်ပေးသင့်ပါတယ်။ ညစာစားနေရင်းနဲ့လည်း  ရေတစ်ဖန်ခွက်ကို ဖြည်းဖြည်းချင်းသောက်ပေးသင့်ပါတယ်နော်။

ဂျူဂျူး (အခရာ)

www.akhayar.com