မနူးမနပ်ကောင်လေးတွေများ ပူပူနွေးနွေးရည်းစားလေးက ဖြတ်သွားလို့တဲ့၊ အသည်းကွဲကုန်တာ။ ဒီနယ်ပယ်မှာ ‘မောင်ကျော်’ က နာမည်တစ်လုံးနဲ့ နေမှန်း သိလေတော့ တချို့တွေက အကူညီလာတောင်းကြတယ်။ ယုံကြည်တဲ့သူတွေက ‘မောင်ကျော်’ ကို ဆည်းကပ်ကြတယ်ဆိုပါတော့ဗျာ။ တချို့ဆို ကွဲနေတဲ့ရည်းစားတွေနဲ့ အဆင်ပြေသွားပြီဆိုရင် ငှက်ပျော်ပွဲတွေနဲ့ လာကန်တော့ကြတာဗျ (အဲဒီငှက်ပျောသီးတွေ စားပြီး ခဏခဏ ရင်ကြပ်နေတာ)။ ကျွန်တော်ပေးတဲ့ အကြံဥာဏ်တွေကို လိုက်လုပ်ကြလို့ ထောင်ကျသွားတဲ့ အဲလေ . . အိမ်ထောင်ကျသွားတဲ့ သူတွေလည်း ဒုနဲ့ဒေး။ ‘ဆရာကျော်’ ရဲ့ အကြံဥာဏ်တွေကို ကြားချင်ပါတယ်ဆိုပြီး အသည်းကွဲလူငယ်တစ်စုက တောင်းဆိုလွန်းလို့ အခုဆောင်းပါးမှာ အပြည့်အစုံရေးပေးမယ်နော်။

(၁) မြှောက်ပင့်ပြောတာ သိပ်ကြိုက်တာ။

မိန်းကလေးအများစုက လက်ပစ်ဗုံးသာ မကြိုက်တာ၊ အမြှောက်တော့ ကြိုက်သဗျ။ ရုပ်က သေလောက်အောင် ဆိုးနေပါစေ သူတို့ကို မြှောက်လိုက်ရင် ပျော်နေရော။ “ချစ်က အရမ်းလှတာပဲ၊ လေတိုက်တိုင်း လှနေသလိုပဲ၊ အသက်ရှုလိုက်တိုင်း ပိုချောလာတယ်၊ တွေ့တုန်းခဏကို မျက်တောင်ခတ်ရမှာကို မောင် နှမြောမိတယ်” လို့ ‘ဟုတ်တာ မဟုတ်တာ နောက်ထား’ လျှောက်သာ ပြောလိုက်။ ကျေနပ်သွားရော။ “ချစ်က ဒီဘောင်းဘီဝတ်ရင် မလိုက်ဖူး၊ ဒီစကတ်နဲ့ မလိုက်ဖူး” ဆိုပြီး သွားမပြောလေနဲ့။

(၂) အချိန်မှန်သာ ဓမ္မတာ။

ကိုယ့်ချစ်ချစ်ကို ဖုန်းပြောမယ့် အချိန်ကို တိတိကျကျ သတ်မှတ်ထားဗျ။ ဥပမာ – ည (၁၁) နာရီ ဖုန်းပြောနေကျဆိုရင် ညတိုင်းသာ ဆက်။ သူ့အပေါ် အလိုက်သိပါလားဆိုပြီး အသိအမှတ်ပြုလာလိမ့်မယ်။ ကျန်တဲ့အချိန်တွေသာ ဘယ်နှယ်နေနေ။ ပြီးတော့ သူနဲ့ပတ်သက်တဲ့ အချိန်မှန်သမျှကို တစ်စက္ကန့်တောင် မလွဲစေနဲ့။

(၃) Surprise လုပ်တာ သိပ်ကြိုက်တာ။

အောင်းမလေး . . . စကီလေးတွေက Coca Cola သာ မကြိုက်တာ Surprise ဆိုရင် သိပ်ကြိုက်သဗျ။ “မောင်နဲ့ ချစ်နဲ့ ရည်းစားဖြစ်တာ နှစ်လပြည့်အထိမ်းအမှတ်နော် ရော့ အင့်” ဆိုပြီး မုန်လာဥလောက် ဝက်ဝံရုပ်လေး ဝယ်ပေးလိုက်။ (ဘယ်လောက်မှ ပေးရတာ မဟုတ်ဖူး။ အလွန်ဆုံး ငါးထောင်လောက်ပဲကုန်တာလေ)။ ကိုယ့်အတွက်လည်း အကုန်အကျမများဘူး၊ သူ့အတွက်လည်း စိတ်လှုပ်ရှားစရာ ကောင်းတယ်ဆိုရင် လုပ်သာလုပ်။

(၄) နုနုရွရွပြောပါလေ။

စကီလေးတွေက သူ့ရှေ့မှာ ကြမ်းကြမ်းတမ်းတမ်း ပြောတာ မကြိုက်ကြဘူးဗျ။ စိတ်ထဲက ဘယ်လိုပဲ ရိုက်ချင်နေပါစေ သူ့ရှေ့ရောက်ရင်တော့ နုရွပစ်လိုက်။ အထူးသဖြင့် လူ့ရှေ့သူ့ရှေ့ရောက်ပြီဆို ပိုဂရုစိုက်ပေးဗျာ။ ချွေးသုတ်ပေးတာပဲဖြစ်ဖြစ်၊ ဆံနွယ်လေးတွေကို မှုတ်ပေးတာပဲဖြစ်ဖြစ် တစ်ခုခုသာ လုပ်ပေးဗျာ။ သဘောခွေ့သွားစေရမယ် အဟိ။

(၅) အထိအတွေ့ ညင်ညာပါစေ။

ဒီကိစ္စနဲ့ ပတ်သက်လာရင် ‘ဆရာကျော်’ တို့က စာတွေ့၊ ဖိုတိုတွေ့၊ ရုပ်ရှင်တွေနဲ့ဆို သင်တန်းတောင် ပြန်ဖွင့်လို့ရတယ်ဗျ။ ဒါမျိုးကိစ္စတွေကျတော့ လက်မနှေးစေနဲ့။ “ဟင့်အင်း. . . ကိုကိုနော် . . . ၊ လက်သည်းကြီးနဲ့ ဒီမှာ အသက်ရှုလို့ မရတော့ဘူးနော် ဟင့်အင်း” ဆိုပြီး ပြောလာရင်တောင် နောက်မဆုတ်လိုက်နဲ့။ ရဲရဲသာ လုပ် ရဲဘော်။ စကီလေးတွေက အစတုန်းက “ဟင့်အင်း” ပဲ၊ နောက်ကျမှာ “အင်းဟင့် အင်းဟင့်” ဖြစ်လာတာ။

ကဲ . . . . “ဆရာကျော်” ရဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ရေးသားထားတဲ့ ဆောင်းပါးရှည်ကြီးကို ဖတ်ရှုလေ့လာပြီးတဲ့နောက်မှာ ကောင်လေးတွေလည်း ရည်းစားသနာကိစ္စမှာ အထာကျကျကိုင်တွယ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ထပ်ဖြည့်ချင်တဲ့ အကြောင်းအရာတွေကိုလည်း Comment မှာ ရေးပေးကြပါဦး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com