For WIndows 10 Pro

Cortana Assistant အရေးပါတယ်ဆိုမယ့် ကျွန်တော်တို့ဆီမှာတော့ Support မလုပ်သေးပါဘူး။ အဲ့ဒီတော့ Cortana အစား Windows Search ကို ပြောင်းသုံးနိုင်ပြီး ပိတ်ချင်တယ်ဆိုရင် Windows + R တွဲနှိပ်ပါ။ Run Box ထဲမှာ gpedit.msc လိုရိုက်ပြီး ပေါ်လာတဲ့ Policy Editor ထဲမှာ Computer Configuration ဝင် Administrative Templates ထဲက Windows Component ဆက်သွား ပြီးသွားရင် Search ကိုရွေး ညာဖက်က Panel ထဲမှာ Allow Cortana ကို Disabled လုပ်လိုက်ရင် Icon လေးပျောက်သွားမှာဖြစ်ပါတယ်။

For Windows 10 Home Edition

Windows 10 Home Edition တွက်ဆိုရင်တော့ Registry Editor ထဲဝင်ရမှာဖြစ်ပြီး လုပ်ဆောင်ရမှာက WIndows + R နှိပ် ပေါ်လာတဲ့ Run Box မှာ regedit.msc လို့ရိုက်ရမှာပါ။ ဒုတိယအဆင့်အနေနဲ့ HKEY_LOCAL_MACHINE\SOFTWARE\Policies\Microsoft\Windows အထိသွားပြီး WIndows Search ဆိုတာကို ရှာကြည့်ပါ။

မတွေ့ရင် “Windows” ကို Right-click ထောက်ပြီး Select>New လုပ်၊ နာမည်ကို Windows Search လို့ရိုက်ပါ။

ဒီ Windows Search ကိုထောက်လိုက်ရင် ညာဖက် Panel မှာဖြစ်ပြီး Right-click ထပ်ထောက်ပါ။ Select New>DWORD (32-bit) Value ကိုထပ်ရွေးပါ။

ဒီကောင့်ကိုပဲ AllowCortana လို့ နာမည်ထပ်ပေးပြီး Value ကို 0 လို့ထားလိုက်ပါ။ ဒီအဆင့်ထိ ပြီးသွားရင် Computer ကို Restart ချလိုက်ပါ။ Cortana နေရာမှာ Search Icon လေး နေရာယူနေတာ တွေ့ပါလိမ့်မယ်။

Related

Windows 10 ရဲ့ အကောင်းဆုံးနဲ့ အသုံးဝင်ဆုံး Features ၈ မျိုး ပထမပိုင်း
Windows 10 ရဲ့ အကောင်းဆုံးနဲ့ အသုံးဝင်ဆုံး Features အမျိုး ၃၀ ဒုတိယပိုင်း
Windows 10 ရဲ့ အကောင်းဆုံးနဲ့ အသုံးဝင်ဆုံး Features အမျိုး ၃၀ တတိယပိုင်း